Friday, 27 March 2015

အ​တောင်​မဲ့

အ​တောင်​ရှိ့ရဲ့
မပျံနိုင်​ခဲ့ လျင်။

ခြေလှမ်းရှိ့ရဲ့
ပန်းတိုင်​မဲ့ လျင်​။

နှလုံးသားရှိ့ရဲ့
အချစ်​မဲ့လျင်​။

ရှိ့မှု မရှိ့မှု
ဖြစ်​တည်​မှုမှာ
ချစ်​သူရှိ့ရာ
တည့်​တည့်​လာမည်
ပန်းတိုင်​ဆီသို့
ဦးတည်​လို့။



Monday, 2 March 2015

အတ္တကုသိုလ်

တခါတုန်းက ဧရာဝတီတိုင်း လူသူအ​ရောက်​ အ​ပေါက်​နဲတဲ့ ရွာ​တွေကို နာဂစ်​မုန်​တိုင်း အပြီးလူမှု​ရေး အကူအညီ​ပေးဖို့ ရုပ်​ရှင်​ဒါရိုက်​တာ ဦးမြင့်​စိုး (၀သ) ဦး​ဆောင်​မှုနဲ့ လိုက်​ပါသွားဖူးတယ်​။ ရုပ်​ရှင်​မင်းသမီး​တွေ လည်းပါ​တော့ ပိုပြီး တက်​တက်​ကြွကြွ​ပေါ့။ အပျက်​အစီး​တွေကြားက နကိုကထဲက ခ​နော်​နီခ​နော်​နက်​ ​ကျောင်းက​လေး​တွေ ပျက်​စီး​နေတာ​တွေ့​တော့ လူငယ်​​တွေ ပညာမသင်​ရရင်​ လမ်းလွဲသွားမှာစိုးလို့ ပျက်​စီး​နေတဲ့​ကျောင်း​တွေ ပြန်​​ဆောက်​​ပေးဖို့ ကြိုးပမ်းခဲ့တယ်​။ မှတ်​မိတဲ့ စကားပုံထဲမှာလဲ "လူတစ်​​ယောက်​ကို ငါးတစ်​​ကောင်​ ​ပေးလိုက်​ပါ။ သူတစ်​နပ်​ပဲ ဗိုက်​၀မယ်​။ ငါးဖမ်းနည်းသင်​​ပေး လိုက်​ရင်​ တစ်​သက်​လုံး မငတ်​​တော့ဘူး ဆိုတာ။"

ဒါနဲ့ ရန်​ပုံ​ငွေရှာ၊ ပွဲ​တွေလုပ်​၊ အလှူခံ နဲ့ တကယ်​တမ်းကျ လွယ်တဲ့ အလုပ်​တစ်​ခု မဟုတ်​ဘူး။ ကိုယ့်​အလုပ်​လဲ ကိုယ်​လုပ်ရ၊ နိုင်​ငံတကာက အလှူ ​ငွေ​တွေလဲ NGO ​တွေလိုမ​တောင်းတတ်​၊ ပရဟိတကိုလဲ အချိန်​ပြည့်​ မလုပ်​နိုင်​​တော့ ထင်​သ​လောက်​ခရီး မ​ပေါက်​ခဲ့ဘူး။ ​နေက်​ဆုံး မဖြစ်​မ​နေ ရ​အောင်​လုပ်​မယ်​ဆိုပြီး အဲ့ဒီ့တုန်းက လက်​ထဲရှိတဲ့ ပိုက်​ဆံ​တွေ အကုန်​သုံးပြီး ​လူသူ အ​ရောက်​အ​ပေါက် နဲတဲ့ ​တော်​​တော်​​ဝေးတဲ့ ​ရွာ​လေးတစ်​ခုမှာ ​ကျောင်းတစ်​​ကျောင်းဖြစ်​​အောင်​ ​ဆောက်​​ပေးခဲ့တယ်​။ ​ဧရာဝတီတိုင်းက အင်းမရွာ​လေး ဆိုတဲ့ ရွာမှာပါ။ ကားတတန်​ ​လှေတတန်​ ဆိုင်​ကယ်​တတန်​ သွားရ​တော့ ​တော်​​တော်​​ခေါင်​ပြီး လှူတဲ့သူ​တွေ သွားမလှူချင်​တဲ့ ​နေရာ​တွေပါ။ အစစအရာရာ ဦးမြင့်​စိုး(၀သ) ကဘဲ ဦးစီးပြီး ​ဆောက်​လုပ်​​ပေးခဲ့ပါတယ်​။ စိတ်​မ​ကောင်းဖွယ်​ရာ တစ်​ခုက​တော့ ​ကျောင်း​ဆောက်​လုပ်​အပြီး ဖွင့်​ပွဲမတိုင်​ခင်​ ဦးမြင့်​စိုး(၀သ) ဆုံးပါးသွားတာပါ။

ကျောင်းဖွင့်​ပွဲအတွက်​ ထူးထူးခြားခြား ဖြစ်​​အောင်​ စာ​ပေ​ဟော​ပြောပွဲ​လေး တစ်​ခုပါ စီစဉ်​လိုက်​ပါတယ်​။ ပြီး​တော့ လူနိုင်​​တွေဖြစ်​တဲ့ ဆရာချစ်​ဦးညို၊ ဆရာ​မောင်​စိန်​၀င်း နဲ့ ကာတွန်း​အော်​ပီကျယ်​ တို့ကို ​ဟော​ပြောဖို့ ​ခေါ်သွားခဲ့တယ်​။ လျှပ်​စစ်​မီး​တောင်​ မရှိ့တဲ့ရွာက​လေးမှာ စာ​ပေ​ဟော​ပြောပွဲဆိုတာ ပထမဆုံး အကြိမ်​နဲ့ ကြုံ​တောင့်​ကြုံခဲပါပဲ။ ဒါ​ပေမယ့်​ လွဲသွားတဲ့ အချက်​တစ်​ခုက စာ​ပေ​ဟော​ပြောပွဲကို ​ကျောင်းဖွင့်​ပွဲနဲ့ အတူတူ ​နေ့ခင်းမှာ မလုပ်​ပဲ ​အေး​အေး​ဆေး​ဆေးဖြစ်​​အောင်​ ညကြမှစီစဉ်​လိုက်​လို့ပါ။ တစ်​​နေကုန်​ ပင်​ပင်​ပန်းပန်း အလုပ်​လုပ်​ထားတဲ့ ရွာသား​တွေ မြို့ကလူ​တွေလို ​အေး​အေးလူလူ ညဘက်​မှာ ဘယ်​လာပြီး ​ဟော​ပြောပွဲ နား​ထောင်​နိုင်​ပါ့မလဲ။ (ဒါ​ပေမယ့်​ ​ကျောင်းထိုင်​ဘုန်းကြီးက လာရမယ်​​ပြောလို့ လူ​တော်​​တော်​များများ လာကြပြီး ​အောင်​မြင်​တဲ့ ​ဟော​ပြောပွဲ တစ်​ခုဖြစ်​လိုက်​ပါတယ်​။)

လှူထားတဲ့ အုပ်​နဲ့​ဆောက်​ ထားတဲ့မူလတန်း ​ကျောင်းက​လေးဟာ တဲပုတ်​​တွေသာရှိ့တဲ့ ရွာက​လေးမှာ ​တော်​​တော်သားသားနားနား ရှိ့လို့ ပီတိဖြစ်​မိပါတယ်​။

ဟော​ပြောပွဲ ​နေရာနဲ့ ဆရာ​တွေ တည်းဖို့ကို ဘုန်းကြီး​ကျောင်း တစ်​ခုမှာ စီစဉ်​ထား​ပေးတယ်​။ ဘုန်းကြီး​ကျောင်း ​ရောက်​သွား​တော့မှ ဒီလိုဆင်းဆင်းရဲရဲရွာ​လေးတစ်​ရွာမှာ ဗုဒ္ဓဘာသာကို အ​တော်​ကြည်​ညိုပြီး လှူဒါန်း ထားကြတာကို ​တွေ့လိုက်​ရတယ်​။ ​ကျောင်းဝန်း အကျယ်​ကြီးထဲမှာ အုပ်​ရိုးအခိုင်​အခန့်​နဲ့ ၂ထပ်​ ​ကျောင်း​ဆောင်​ကြီးကြီး တစ်​ခုမှာ လူတစ်​ရာ ​လောက်​ဆန့်​တဲ့ ​ခန်းမကြီး အပါအ၀င်​ ​ဆောက်​လုပ်​ထားတယ်​။

နောက်​တစ်​​နေ့ မနက်​​ရောက်​​တော့ ​ကျောင်းထိုင်​ ဆရာ​တော်​​က ​ကျောင်းဝန်းထဲ လိုက်​ပြတယ်​။ "ဒီမယ်​ ဒကာ။ မင်းတို့ နိုင်​ငံခြားက လာတဲ့သူ​တွေက စာသင်​​ကျောင်း​တွေဘဲ ၀ိုင်းလှူ ​နေကြတယ်​။ ​နောင်​သံသရာ အဆက်​ဆက်​ ကိုယ့်​ရဲ့ကုသိုလ်​ ပါသွားဖို့ မြင့်​မြတ်​တဲ့ ​နေရာ​တွေ ပုဂ္ဂိုလ်​​တွေကို လူဒါန်းမှပိုပြီး ကုသိုလ်​ ရမှာ​ပေါ့ကွ" ဆိုပြီး ဘုန်းကြီး​ကျောင်း မှာ လိုအပ်​​နေတဲ့ အ​ဆောက်​အဦး စာရင်း​တွေကို ​ပေးတယ်​။ ဒါနဲ့ "တတ်​နိုင်​သမျှ ​နေက်တခါလာရင်​ လှူပါမယ့်​ ဘုရား ဆိုပြီး" ဦးချပြီးပြန်​ခဲ့တယ်​။

အပြန်​လမ်းမှာ မြန်​မာလူမျိုး​တွေ နဲ့ အလှူအတမ်း အ​ကြောင်းကို ​တွေးမိတယ်​။

မြန်​မာလူမျိုး ​တော်​​​တော်​များများက အလှူ​ပေးခြင်း ဆိုတာ ​ကောင်းမှုကုသိုလ်​ လုပ်​ခြင်းလို့ ခံယူကြတယ်​။ ကိုယ်​ပြုလုပ်​လိုက်​တဲ့ ကုသိုလ်​ကံဟာ ဒီဘ၀မှာတင်​မက ​နောက်​ဘ၀ထိ​အောင်​ အကျိုးခံစားရမယ်​ ဆိုပြီး ယုံကြည်​ကြတယ်​။ မြင့်​မြတ်​တဲ့ ပုဂ္ဂိုလ်​​တွေ နဲ့ မြင့်​မြတ်​တဲ့ ​နေရာ​တွေမှာ အလှူ​ပေးခြင်းသည်​ အလျှင်​မြန်​ဆုံး နဲ့ အထိ​ရောက်​ဆုံး အကျိုး​ကျေးဇူးများ ပြန်​လည်​ခံစားရရှိနိုင်​​ပြီး ကိုယ်​လှူလိုက်​ သည့်​​နေရာ ပုဂ္ဂိုလ်​​တွေမှ မည်​သို့အသုံးချ သည်​ကို သိရှိရန်​ မလို၊ အလှူရှင်​မှ စိတ်​ထားတတ်​လျှင်​ မြတ်​သည်​ဟု ခံယူကြသည်​။ ထို အလှူအများစုတွင်​ အများအတွက်​ အ​ခြေခံပြီး အလှူအတန်း ​ပေးထားခြင်းထက်​ ကိုယ့်​အတွက်​ ဒီဘ၀မှာတင်​မက ​နောက်​ဘ၀ထိ ​ကောင်းကျိုးများခံစားရရန်​ ​လောဘတကြီး အလှူ​ပေးထားကြသည်​။ ကိုယ်​အကျိုး ကိုယ်​ကြည့်​သူကို အတ္တကြီးသူများဟု သတ်​မှတ်​လျင်​ ကိယု့်​အကျိုးအတွက်​ အလှူ​ပေးသူများကို "အတ္တကုသိုလ်​" ရှင်​များဟု သတ်​မှတ်​နိုင်​မည်​ ထင်​သည်​။

ဝေးလန်​​ခေါင်​ပါး​သော ​နေရာတစ်​ခုတွင်​ စာသင်​​ကျောင်းတစ်​ခု ​ဆောက်​လုပ်​လှူဒါန်း ခြင်း၏ အဓိက ရည်​ရွယ်​ချက်​မှာ လူငယ်​များ ပညာသင်​ကြားခွင့်​ ရရှိလာပြီး အသိပညာတိုး​စေရန်​ နှင့်​ ပညာတတ်​လူငယ်​များ အရွယ်​​ရောက်​လာပြီး ကိုယ့်​ရပ်​ရွာတွင်​ ဦး​ဆောင်​ဦးရွက်​ပြုနိုင်​ကာ ​ဒေသအလိုက်​ တိုးတက်​လာ​စေရန်​ ရည်​ရွယ်​ချက်​ဖြင့်​ ဖြစ်​သည်​။ စာသင်​​ကျောင်း ​ဆောက်​လုပ်​လှူဒါန်းမှု တစ်​ခုထဲဖြင့်​ မပြီးဘဲ စဉ်​ဆက်​မပျက်​ လို့အပ်​မှု​တွေ၊ သင်​ကြားမှု အ​ထောက်​အပံ့​တွေ ပံ့ပိုးကူညီ ​ပေးမှ မ​ဝေး​တော့သည့်​ အနာဂတ်​တွင်​ ပညာတတ်​များ ​ပေါ်ထွန်းလာမည်​ဟု ယုံကြည်​မိသည်​။

ကျောင်းဖွင့်​ပွဲမှအပြန်​ မိဘအိမ်​​အ​ရောက်​ အ​မေကလှမ်း​ပြောလိုက်​သည်​။ "ငါသား၊ အလုပ်​အကိုင်​​တွေ ​ငွေ​ရေး​ကြေး​ရေး​တွေ အဆင်​မ​ပြေဘူး ကြားလို့ ​ဗေဒင်​​မေးထားတယ်​။ အလှူအတန်း လုပ်​ရမယ်​တဲ့။" ဒါနဲ့ အ​မေ့ကိုပြန်​​ပြောလိုက်​တယ်​။ "အ​မေ​ရေ အ​ကြွေးတင်​ခံပြီး စာသင်​​ကျောင်းတစ်​ခု​တောင်​ လှူထားပြီးပြီ ဘာထပ်​လှူရမှာလဲ" ​မေး​တော့ "​ရွှေတိဂုံ ဘုရားမှာ ကန်​​တော့ပွဲ ​ပေးရမယ်​။ ဒါမှဂျိုလ်​ဆိုး​တွေက လွတ်​​အောင်​။" တဲ့။ အ​မေကို ဘာမှပန်​မ​ပြောခဲ့​ပေမယ့်​ ကိုယ်​လက်​သင့်​မခံတဲ့ ကိစ္စတစ်​ခုဆို​တော့ မလုပ်​ဖြစ်​ခဲ့ဘူး။ ဒါ​ကြောင့်​လည်း ထင်​ပါ့ ဒီဂျိုလ်​ဆိုးက​နေ တစ်​နှစ်​​လောက်​ကြာမှ ​ကျော်​လွားနိုင်​ခဲ့တယ်​။

(ကိုယ့်​စိတ်​ကူးနဲ့ကို ​ရေးထားခြင်းဖြစ်​၍ လွတ်​လပ်​စွား သ​ဘောကွဲလွဲ နိုင်​ပါသည်​။)

(photo: Google)