ကလေး
စပြီး မွေးတဲ့အချိန်မှာ
သမီးဟာ
ဗုဒ္ဓဘာသာ မဟုတ်
ခရစ်ယာန် မဟုတ်
အစ္စလမ် မဟုတ်
လူတစ်ယောက်အဖြစ်
အသက်ရှူခြင်းသည်သာ
ပထမ အရေးအကြီးဆုံး အချိန်အခါ။
စပြီး မွေးတဲ့အချိန်မှာ
သမီးဟာ
ဗုဒ္ဓဘာသာ မဟုတ်
ခရစ်ယာန် မဟုတ်
အစ္စလမ် မဟုတ်
လူတစ်ယောက်အဖြစ်
အသက်ရှူခြင်းသည်သာ
ပထမ အရေးအကြီးဆုံး အချိန်အခါ။
ကလေး
အမေက နို့ချိုတိုက်ကြွေးတဲ့ အခါ
သမီးဟာ
တရုတ်ဆိုတာ အရေးမပါ
ကုလားဆိုတာ အရေးမပါ
အဖြူ အမဲ ပဋ္ဌိပက္ခ တွေဟာ
ဟိုးအဝေးကြီးမှာ။
အမေက နို့ချိုတိုက်ကြွေးတဲ့ အခါ
သမီးဟာ
တရုတ်ဆိုတာ အရေးမပါ
ကုလားဆိုတာ အရေးမပါ
အဖြူ အမဲ ပဋ္ဌိပက္ခ တွေဟာ
ဟိုးအဝေးကြီးမှာ။
ကလေး
မက်တက်ရပ်ရင်း စစချင်းမှာ
သမီးဟာ
ဆင်းရဲတာ မသိ
ချမ်းသာတာ မသိ
အဓိကက
မတ်မတ်ရပ်ရင်း ရှေ့ကိုနင်းဖို့။
မက်တက်ရပ်ရင်း စစချင်းမှာ
သမီးဟာ
ဆင်းရဲတာ မသိ
ချမ်းသာတာ မသိ
အဓိကက
မတ်မတ်ရပ်ရင်း ရှေ့ကိုနင်းဖို့။
ကလေး
မဝေးတော့တဲ့ တစ်နေ့မှာ
သမီးဟာ
အသိဥာဏ်တိုးပွား
လူလားမြောက်ပြီး
လူတွေကြားမှာ
ကုလားလဲပါမယ်
တရုတ်လဲပါမယ်
အဖြူအမဲ
ဆင်းရဲ ချမ်းသာ
အဲဒီ့အခါ
လူဖြစ်ရတဲ့ တန်ဖိုးကို
အမြဲသတိတရနဲ့
လူ(ပီသတဲ့သူ) တစ်ယောက်အဖြစ်
အစဉ် ရပ်တည်နိုင်ပါစေ။
မဝေးတော့တဲ့ တစ်နေ့မှာ
သမီးဟာ
အသိဥာဏ်တိုးပွား
လူလားမြောက်ပြီး
လူတွေကြားမှာ
ကုလားလဲပါမယ်
တရုတ်လဲပါမယ်
အဖြူအမဲ
ဆင်းရဲ ချမ်းသာ
အဲဒီ့အခါ
လူဖြစ်ရတဲ့ တန်ဖိုးကို
အမြဲသတိတရနဲ့
လူ(ပီသတဲ့သူ) တစ်ယောက်အဖြစ်
အစဉ် ရပ်တည်နိုင်ပါစေ။
No comments:
Post a Comment