Thursday, 8 January 2015

iPad နှင့်​ မိန်းမ

ငယ်​ငယ်​တုန်းက အ​ဖေ ​ပြော​ပြော​နေတဲ့ စကားတစ်​ခွန်းရှိတယ်​။ Ricecooker သာ ​စော​စောစီးစီး​ပေါ်ခဲ့ရင်​ သူမိန်းမယူဖြစ်​မှာ မဟုတ်​ဘူးတဲ့။ အဲဒီ့တုန်းက အလိုအ​လျောက်​ ထမင်းချက်​ပြီး ​စောင့်​ပြီးတည်​စရာမလိုတဲ့ ​ခေတ်​​ပြောင်း တည်​ထွင်​မှု တရပ်​ပဲ။

ငါလည်း ipad သာ​စော​စော​ပေါ်ခဲ့ရင်​ အိမ်​​ထောင်​ပြုဖြစ်​မှာ မဟုတ်​ဘူး။ ipad က အိမ်​​ထောင်​ဖက်​​တွေထက်​ သာတဲ့ အချက်​​တွေ ​တော်​​တော်​များများ ရှိတယ်​။ ပျင်းရင်​ သီချင်းဆိုပြမယ်​၊ ရုပ်​ရှင်​ပြမယ်​။ ဗဟုသုတ ရဖို့ သတင်း​တွေ ​ပြောပြတယ်​၊ သတင်းစာ​တွေ ​ပေးဖတ်​တယ်​။ အလုပ်​လုပ်​ဖို့ အ​ထောက်​အကူ​ပေးတယ်​။ သူငယ်​ချင်း​တွေနဲ့ အဆက်​အသွယ်​ လုပ်​ခွင့်​​ပေးတယ်​။ ရည်းစား ဘယ်​နှစ်​​ယောက်​ထားထား အကူအညီ​ပေးတယ်​။ သွား​လေရာ ​ခေါ်သွားလို့ရတယ်​။ မ​ခေါ်ချင်​လို့ ထားခဲ့လည်း မညူဆူဘူး။ အ​ကောင်းဆုံး အချိန်​​လေး​တွေကို မှတ်​တမ်းတင်​​ပေးတယ်​။ မနက်​​စော​စောထစရာရှိရင်​ နိုးပေးတယ်​။

ပြီး​တော့ အ​ရေးအကြီးဆုံးက နားပူနားဆာလုပ်​လာရင်​ ခလုပ်​က​လေး ပိတ်​လိုက်​ရုံဘဲ။



No comments:

Post a Comment