Thursday, 8 January 2015

Entrepreneur များဟာ သိပ္ပံ ပညာရှင်​များ မဟုတ်

မြန်​မာပြည်​ကို Entrepreneur ဆိုတဲ့ စကားလုံး စပြီး မိတ်​ဆက်​​ပေးသူ တစ်​​ယောက်​က​တော့ နိုင်​ငံရပ်​ခြားမှ Entrepreneurship အထူးဘာသာရပ်​ အဖြစ်​ ဘွဲ့ယူလာ​သော စီးပွား​ရေး တက္ကသိုလ်​ မှ ဆရာတစ်​ဦး ဖြစ်​ပြီး MCC တွင်​ Entrepreneurship သင်​တန်းများ စ​ပေးဖူးသည်​။

ပညာရှင်​များ နှင့်​ တကယ့်​စီးပွား​ရေး လုပ်​ငန်းရှင်​များ၏ အဓိက ကွာခြားချက်​မှာ ပညာရှင်​များက စီးပွား​ရေး မလုပ်​တက်​ကြဘဲ စီးပွား​ရေသမားများ လုပ်​ပြီးသမျှကို ဘာ​ကြောင့်​ ဒီလိုဖြစ်​သည်​၊ ဘာ​ကြောင့်​ ဟိုလိုဖြစ်​သည်​ ဆိုသည့်​ သီအိုရီများကို ထုတ်​တက်​ကြသူများသာ ဖြစ်​ကြသည်​။

Entrepreneurship ကို မြန်​မာမှုပြု​သော အခါ "စွန့်​ဦးတီထွင်​" ဆိုပြီး ပြန်​ဆိုလိုက်​ပြီး ယခုတိုင်​ လူအများ လက်​ခံ အသုံးပြု​နေကြသည်​။

ငယ်​ငယ်​က Entrepreneur ဆိုတဲ့ အသုံးအနှုံး ကို​တွေ့တိုင်း သိပ္ပံ ပညာရှင်​ တစ်​ဦးဦးကို ​ပြေး​ပြေးမြင်​သည်​။ ကာတွန်း​သစ်​ထွန်း ၏ ​မောင်​တီထွင်​ လိုလူမျိုးဟု ထင်​မိသည်​။

Entrepreneurship ဆိုသည့်​ စကားလုံးမှာ ပြင်​သစ်​ ဘာသာစကားကို ​မွေးယူ သုံးဆွဲထားခြင်းဟု ဆိုသည်​။ သူ့၏ အဓိပ္ပါယ်​ ဖွင့်​ဆိုချက်​အများအပြားရှိသည့်အနက်​ မှ "သမားရိုးကျ လုပ်​ကိုင်​​သော လုပ်​ငန်းများမှ ​သွေဖီ၍ လုပ်​ငန်း​အောင်​မြင်​ရန်​ အခွင့်​အလမ်း များကို အသုံးချနိုင်​သူ ဟု ဖွင့်​ဆိုထားသည်​ကို ဖတ်​ဖူးသည်​။ ထို​အောင်​မြင်​မှု အတွက်​ အများမမြင်​နိုင်​​သော အခွင့်​အလမ်း များကို စွန့်​စွန့်​စားစား လုပ်​ကိုင်​သည့်​ ပုဂ္ဂိုလ်​ ဒါမှမဟုတ်​ လုပ်​ငန်းများကို ဆိုလိုသည်​။" ထိုဖွင့်​ဆိုချက်​များတွင်​ သိပ္ပံ ပညာရှင်​တစ်​ဦးလို တီထွင်​မှု တစ်​ခုမှ မပါရှိ ပါ။ Steve Job လို Bill Gates လို ကွန်​ပျူတာ ​ခေတ်​က ဦး​ဆောင်​ခဲ့သူများကို Entrepreneurs ဟုသတ်​မှတ်​ ခဲ့​သော်​လဲ Entrrpreneurတိုင်း သည်​ တီထွင်​သူများ မဟုတ်​ကြပါ။

စီးပွား​ရေး ​ခေတ်​များကို ​လေ့လာလျှင်​ ​မြေပိုင်​ရှင်​ ​ခေတ်​မှ စ၍ စက်​မှု​တော်​လှန်​​ရေး ​နှောက်​ပိုင်း စက်​ရုံလုပ်​ငန်း ပိုင်​ရှင်​များ ထိုမှတဆင့်​ ​ကူးသန်းသွားလာ​ရေး၊ ​ငွေ​ကြေး ဘဏ်​လုပ်​ငန်း ​ခေတ်​ များ မှ တဖြည်းဖြည်း တိုးတက်​လာခဲ့ပြီး လက်​ရှိ ​ခေတ်​မှာ ကွန်​ပျူတာ ​ခေတ်​လွန်​ ဆက်​သွယ်​ချိတ်​ဆက်​မှု ​ခေတ်​ထဲ ၀င်​​ရောက်​ လာပြီ ဖြစ်​သည်။ လူအများစု လက်​ထဲတွင်​ ဆက်​သွယ်​မှုဆိုင်​ရာ ကိရိယာ တစ်​ခုခုရှိ​နေပြီး တစ်​ကမ္ဘာလုံးနှင့်​ ချက်​ချင်းလက်​ငင်း အချက်​ အလက်​များ ဖလှယ်​နိုင်​ကြပြီ ဖြစ်​သည်​။

ဒီဘက်​​ခေတ်​မှာ နည်းပညာအထူးပြု Entrepreneurs များပိုမို များပြားလာ​သော်​လဲ Entrepreneurship ဆိုသည်​မှာ နည်း ပညာ အထူးပြု လုပ်​ငန်းများကို ရည်​ညွှန်းခြင်း မဟုတ်​​ပေ။ အဓိက ဆိုလိုသည်​မှာ သမားရိုးကျ လုပ်​ငန်းများ လုပ်​ကိုင်​မှုများမှ ​ဖောက်​ထွက်​ ပြီး လုပ်​​ဆောင်​မှုများကို ဆိုလို သည်​။

Mark Zuckerberg က Facebook ကို မစခင်​ မှာ Friendster ဆိုတဲ့ လူမှုကွန်​ယက်​ ရှိ​နေပြီဖြစ်​သည်​။ Mark သည်​ လူမှုကွန်​ယက်​ကို တည်​ထွင်​ခဲ့သူ မဟုတ်​ပါ။ သမားရိုးကျ နည်းလမ်းများကို ​ဖောက်​ထွက်​ပြီး သူများမမြင်​နိုင်​သည့်​ အခွင့်​ အလမ်းများဖြင့်​ လူမှုကွန်​ယက်​တွင်​ နံပတ်​တစ်​ ​နေရာ ရယူနိုင်​ခဲ့ခြင်း ဖြစ်​သည်​။

Whatsapp နှင့်​ Viber တို့မှာလဲ ထို့ အတူပင်​။ သမားရိုးကျ လက်​ကိုင်​ဖုန်းဖြင့်​ စာပို့မှုကို အင်​တာနက်​ နှင့်​ ချိတ်​ဆက်​၍ အကုန်​အကျ သက်​သာ​စေရန်​ ကြိုးစားခြင်းဖြင့်​ မည်​သည့်​ ၀င်​​ငွေမှ မရှိဘဲ ​ဒေါ်လာ ဘီလံ​​ပေါင်းများစွာ ဖြင့်​ Facebook မှ Whatsapp ကိုဝယ်​ခဲ့သည်​။

မြန်​မာပြည်​မှာ ပထမဆုံး ကြုံ​တွေ့ခဲ့ရ​သော Entrepreneur မှာ လမ်း​ဘေး မုန့်​ဟင်းခါး သည်​ ဖြစ်​သည်​။ မုန့်​ဟင်းခါး သည်​ မြန်​မာတို့၏ အသဲစွဲ ဖြစ်​သည်​။ မနက်​စာ၊ ​နေလယ်​စာ၊ အသုဘစာ၊ အလှူစာ ဘယ်​​နေရာ မဆို မုန့်​ဟင်းခါး ပါသည်​။ ထိုသို့ လူကြိုက်​များ ​သောမုန့်​ဟင်းခါးကို ​နေရာတိုင်းတွင်​ ၀ယ်​ယူစားသုံး နိုင်​သည်​။ ရန်​ကုန်​မြို့ကို လမ်း​လျှောက်​ သွားလျှင်​ လမ်း ၅လမ်း မဆုံးခင်​ မုန့်​ဟင်းခါး ဆိုင်​ တစ်​ဆိုင်​ ​တွေ့နိုင်​မည်​ ထင်​သည်​။ (အထင်​ကို​ပြောခြင်း ဖြစ်​သည်​။ တိတိကျကျ သိချင်​ပါက သွားကြည့်​ကြပါ။)
ငယ်​ငယ်​က သံ​ဈေးမှာ စားခဲ့ဖူးသည့်​ မုန်​ဟင်းခါးဆိုင်​ တစ်​ခုအ​ကြောင်း ပြန်​​ပြောပြလို သည်​။ ဆိုင်​နံမည်​က တင်​တင်​​အေး။ တင်​တင်​​အေး ကို ဘယ်​သူမှန်း မသိ​ပေမယ့်​ အခုပြန်​ စဉ်းစားကြည့်​လိုက်​လျှင်​ ပထမဆုံး သိခဲ့​သော Entrepreneur ဖြစ်​သည်​။ မုန့်​ဟင်းခါး ကို တင်​တင်​​အေး တီထွင်​ခဲ့ခြင်း မဟုတ်​ပါ။ သူဦးစွာ​ရောင်းခဲ့ခြင်း လဲမဟုတ်​ပါ။ ဒါ​ပေမည့်​ လူများဆိုင်​​တွေနှင့်​ မတူ၊ လူဘယ်​​လောက်​ များများ ​နေရာရ​အောင်​ စီစဉ်​​ပေးသည်​။ မှန့်​ဟင်းခါး သည့်​ ​ရွေးချယ်​မှု များစွာဖြင့်​ စား၍ရ​သော အမျိုး ဖြစ်​သည်​။ ဘယ်​လို မှာမှာ မှန်​ကန်​​အောင်​ လာ​ပေးသည်​။ ပိုပြီး ထူးခြား သည်​မှာ လာစားသူများကို ​ဖော်​​ရွေမှု။ နာမည်​ကြီးလာ​သော အခါ ဆိုင်​ခွဲ​ပေါင်းများစွာ ဖြင့်​ ရန်​ကုန်​မြို့ ​နေရာ​တော်​​တော်​များများ တွင်​ စားသုံး နိုင်​​အောင်​ စီစဉ်​ ​ပေးနိုင်​ခဲ့သည်​။ အလှူ မင်္ဂလာပွဲ အသုဘ အတွက်​ လိုသ​လောက်​ မှာလိုရသည်​။ ​အောင်​မြင်​တဲ့ လုပ်​ငန်းတစ်​ခုကို အများနဲ့ မတူ ထူ​ထောင်​နိုင်​ခဲ့ ​သော Entrepreneurship တစ်​ခုဖြစ်​သည်​။

ထိုလုပ်​ငန်းကို ​လေ့လာပါက စွန့်​စားမှု၊ လက်​ဦးမှု၊ တီထွင်​မှု တစ်​ခုမှ မပါ​ပေ။ ဘာ​ကြောင့်​ Entrepreneurship က စွန့်​ ဦးတီထွင်​ ဖြစ်​သွား ရပါသလဲ ဆိုလျှင်​ စပြီး ဘာသာပြန်​ခဲ့ ​သော ဆရာ သည်​ US တွင်​ Entrepreneurship သင်​ခွင့်​ရခဲ့ပြီး ထိုနိုင်​ငံရှိ အဲ့ဒီ့​ခေတ်​ ကထင်​ရှားခဲ့​သော Bills Gates နှင့်​ Steve Jobs အ​ကြောင်းကို ​လေ့လာခဲ့ပြီး မြန်​မာပြည်​ ပြန်​အ​ရောက်​ တင်​တင်​​အေး မုန့်​ဟင်းခါးကို ​မေ့သွားခဲ့ခြင်း ​ကြောင့်​ဖြစ်​သည်​။ ထို့​ကြောင့်​ Entrepreneurship ကို လူငယ်​​တွေ အယူလွဲကာ နည်းပညာဆိုင်​ရာ လုပ်​ငန်းများတွင်​သာ စုပြုံတိုးကြခြင်းဖြင့်​ အများစုသည်​ ပြည်​ပကို ထိုး​ဖောက်​ဖို့​ နေ​နေသာသာ ပြည်​တွင်းမှာတင်​​ အောင်​မြင်​မှု မရရှိကြ​ပေ။ ထိုလူငယ်​များ မုန့်​ဟင်းခါးဆိုင်​ ဖွင့်​ခဲ့လျှင်​ နိုင်​ငံတကာတွင်​မုန့်​ဟင်း  ခါး ယာဉ်​​ကျေးမှုတစ်​ခု ထွန်းကား​နေ​လောက်​ပြီ ဖြစ်​သည်​။

ထို့​ကြောင့်​ Entrepreneurship ဆိုသည်​မှာ သိပ္ပံပညာနှင့်​ မဆိုင်​ပါ။ နည်းပညာ လုပ်​ငန်းများကိုလဲ မဆိုလိုပါ။ ဘာလုပ်​ငန်း လုပ်​လုပ်​သမားရိုးကျ နည်းလမ်းများကို ​ဖောက်​ထွက်​ပြီး အခွင့်​အလမ်း များကို ရယူနိုင်​လျင်​ ​အောင်​မြင်​​သော Entrepreneur တစ်​​ယောက်​ဖြစ်​လာမည်​ ဟု။



No comments:

Post a Comment