Thursday, 8 January 2015

အကြံ​ပေးများ ထံမှ သမ္မတကြီး မရခဲ့သည့်​ အကြံဉာဏ်​များ။

ဗိုလ်​ချုပ်​သိန်းစိန် အစိုးရ လက်​ထက်​မှ မဲမသမာမှုများစွာနှင့်​ ဦးသိန်​စိန်​ အစိုးရ အဖြစ်​အ​ပြောင်းအလဲ သမ္မတကြီး ဦးသိန်း စိန်​ အဖြစ်​ အဓိက ပြုပြင်​​ပြောင်းလဲမှု အ​နေဖြင့်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ နဲ့ ​တွေ့ဆုံခဲ့တယ်​။ ပြီး​နောက်​ နိုင်​ငံ​ရေးအကျဉ်း သား​တွေကို လွှတ်​​ပေး၊ ၈လုံးကြီးကို ကန်​ထုတ်၊ မြစ်​ဆုံ​ရေကာတာစီမံကိန်းကိုရပ်​၊ နဲ့ ပြုပြင်​​ပြောင်းလဲ​ရေးသမား​ တစ်​​ယောက်​အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခဲ့ ကြတယ်။

စီးပွာ​ရေး ပညာရှင်​ ဦးမြင့်​ကို သမ္မတ အကြံ​ပေးအဖြစ်​ ခန့်​အပ်​ခဲ့ပြီး ပြုပြင်​​ပြောင်းလဲမှု များစွာကို စတင်​အ​ကောင်​အထည်​​ဖော်​ဖို့ ကြိုးစားခဲ့သည်​။ ပြီး​နောက်​ အကြံ​ပေး​ပေါင်းများစွာကို ထပ်​ပြီး အကြံ​ပေး​သော အကြံ​ပေးများဖြင့်​ အကြံ​ပေါင်း များစွာဖြင့်​ တိုင်းပြည်​ကို တိုးတက်​လာ​အောင်​ ကြိုးပမ်း​တော့သည်​။

သမ္မတ ၅နှစ်​တာသက်​တမ်းအတွင်း ရန်​ကုန်​တစ်​မြို့လုံး ကားလမ်းများပိတ်​သွားခြင်း၊ အိမ်​​ခြံ​မြေ​ဈေးများ မိုး​ကောင်းကင်​သို့ ​ထောင်​တက်​သွားခြင်း၊ လက်ကိုင်​ဖုံးများ သူ​တောင်းစား​တောင်​ ကိုင်​ခွင့်​ရခြင်း မှလွဲ၍ သိသိသာသာ တိုးတက်​မှုများ မ​တွေ့ခဲ့ရ​ပေ။ ထို့​ကြောင့်​ သမ္မတ ၏ တရားဝင်​ အကြံ​ပေး မဟုတ်​​သော်​ညား အကြံ​ပေးများ မ​ပေးခဲ့​သော အကြံဥာဏ်​များကို ကိုယ်​မှီသ​လောက်​ ဥာဏ်​ဖြင့်​ ​ပေးကြည့်​လိုပါသည်​။

အကြံဥာဏ်အမှတ်​ ၁။ သမ္မတသည်​ တစ်​နိုင်​ငံလုံး၏ အကြီးအကဲတစ်​ဦး ဖြစ်​သဖြင့်​ တိုင်းပြည်​ကို ဘယ်​လိုတိုးတက်​​အောင်​ လုပ်​​ဆောင်​ရမည်​ကို ​ယေဘုယျ သိသင့်​သည်​။ ထိုတိုးတက်​မည့်​လမ်းစဉ်​များကို ဘယ်​လို အ​ကောင်​အထည်​ ​ဖော်​ရမည်​ဆိုသည်​ကိုလည်း သိသင့်​သည်​။ ထိုလမ်းစဉ်​များကိုလည်း ရဲရဲဝင့်​ဝင့်​ ​ဖော်​​ဆောင်​ရဲရမည်​။ အ​ကောင်​အထည်​ ​ဖော်​​ဆောင်​ဖို့ အရည်​အချင်း ရှိ​သော အသိပညာရှင်​ အတပ်​ပညာရှင်​များ ​ရွေးချယ်​ခန့်​ထား နိုင်​ရမည်​။

ထို့အတွက်​ အကြံ​ပေး၏ အကြံ​ပေးများစွာမလိုပါ။ အကြံ​ပေးများစွာ၏ တစ်​​ယောက်​တစ်​​ပေါက်​ အကြံ​ပေါင်းများစွာကို ​မြေစမ်းခရမ်းပျိုး လိုက်​လုပ်​ခြင်းက တိုင်းပြည်​ကို ဒုက္ခ ​ရောက်​​စေသည်​။

အကြံဥာဏ်အမှတ်၂။ တိုင်းပြည်​ကို ၅နှစ်​အတွင်း တိုးတက်​​အောင်​လုပ်​၍မရပါ။ အထူးသဖြင့်​ နာတာရှည်​​ရောကာ စွဲကပ်​​နေ​သော မြန်​မာပြည်​အတွက်​ ပိုမိုခက်​ခဲပါသည်​။ နာတာရှည်​​ရောဂါသည်​ကို ​ဆေးအရင်​မကုဘဲ မာရသွန်​ ​ပြေးခိုင်းပြီး ပထမဆု ရမည်​ဆိုသည့်​ ​မျှော်​လင့်​ချက်​ကို သမ္မတကြီး အရင်​ စွန့်​လွှတ်​ရမည်​ဖြစ်​သည်​။

သမ္မတကြီးအ​နေဖြင့်​ ကင်​ဆာလို အမြစ်​တွယ်​​နေ​သော လက်​၀ါးကြီးအုပ်​ ၀ိသမ​လောဘသား စီးပွား​ရေးသမား​တွေကို ဘယ်​လိုနှိမ်​နင်းရမည်​ ဆိုသည့်​ကိစ္စကို အရင်​ကိုင်​တွယ်​သင့်​သည်​။

အပျင်း​ရောဂါ စွဲကပ်​​နေ​သော ၊ လဒ်​​ပေးမှ ရန်​မလို​သော၊ အစိုးရ၀န်ထမ်းများကို ဘယ်​လိုနည်းဖြင့်​ ကိုင်​တွယ်​ရမည်​ကို အရင်း စဉ်းစားသင့်​သည်​။ ​ငွေများတရားနိုင်​ ဖြစ်​​နေ​သော တရားစီရင်​​ရေးကို ဘယ်​လိုပြုပြင်​​ပြောင်းလဲမည်​ ဆိုသည်​ကို အရင်​စဉ်းစားသင့်သည်​။ ပြီးလျှင်​ ကြံခိုင်​​ရေးအတွက်​ အ​ခြေခံ​အ​ဆောက်​အအုံ​တွေ ခိုင်​မာဖို့၊ အနာဂတ်​ အတွက်​ ပညာတတ်​​တွေ ​မွေးဖွားဖို့ပညာ​ရေး၊ ​ခေါင်း​ဆောင်​​ကောင်း​တွေ ​မွေးဖွားဖို့ သင်​တန်း​တွေ ​လေ့ကျင့်​မှု​တွေ စလုပ်​​ပေးရမည်​။

ဒီအတိုင်း နာတာရှည်​​ရောဂါသည်​ကို ​ဆေးမှီးတိုများတိုက်​ပြီး ဆက်​​ပြေး​စေလျှင်​ ပထမ ရဖို့​နေ​နေသာသာ ပန်းတိုင်​​တောင်​ မ​ရောက်​ဘဲ လမ်းမှာတင်​ အသက်​ထွက်​ သွားနိုင်​သည်​။

အကြံဥာဏ်အမှတ်​ ၃။ သမ္မတကြီး အ​နေဖြင့်​ ပြသနာ များ​ဖြေရှင်းရာတွင်​ ဇာစ်​မြစ်​ကို ကြည့်​၍​ဖြေရှင်းရန်​ လိုအပ်​သည်​။

လမ်းပိတ်​ဆို့မှု ကို ဂုံးကျော်​တံတား​ဆောက်​၍ ​ဖြေရှင်း၍မရပါ။ ​ဆောက်​ထား​သော​နေရာတွင်​ လမ်း​ချောင်​ပြီး ​ရှေ့တွင်​ ထပ်​ပိတ်​ပါသည်​။ သမ္မတ ကြီးအ​နေနှင့်​ ဂုံးကျော်​တံတား ​ဆောက်​မည့်​အစား၊ မြိုပြစီမံကိန်းတစ်​ခု ​ရေးဆွဲရပါမည်​။ မြို့​နေလူဦး​ရေ၊ မြို့တွင်းခရီးသွားမှု၊ လမ်းအသုံးပြုမှု၊ ကားအ​ရေအတွက်​၊ ကိုယ်​ပိုင်​ယာဉ်​ အစားထိုး စီမံချက်​၊ အများပြည်​သူ သုံး သွားလာ​ရေးစနစ်​။ ထိုအချက်​အလက်​များကို အ​ခြေခံပြီး ယာဉ်​​ကြောပိတ်​ဆို့မှုကို ​ဖြေရှင်းသင့်​သည်​။

သမ္မတကြီး ယခု​ဖော်​​ဆောင်​​နေ​သော လုပ်​ရပ်​များသည်​ လက်​နာ၍ လက်​ကို​ဆေးမကုဘဲ လက်​ဖြတ်ပစ်လိုက်​သည့်​ ပုံစံများဖြစ်​​နေသည်​။

အကြံဥာဏ်အမှတ်​ ၄။ သမ္မတကြီးထံတွင်​ အကြံ​ပေးနှင့်​ အကြံ​ပေး ၏ အကြံ​ပေး​ပေါင်း များစွာရှိသဖြင်​ ကျွန်​​တော့်၏ အကြံ​ပေးချက်​ မျာများစားစားလိုမည်​ မထင်​ပါ။

နောက်​ဆုံး​ပေးလို​သော အကြံသည်​ သမ္မတကြီး​နေဖြင့်​ နိုင်​ငံတာဝန်​ကို ပင်​ပန်းကြီးစွာ ထမ်း​ဆောင်​​နေရပါသဖြင့်​ ၂၀၁၅ တွင်​ နားယူပြီး ပြည်​သူအများ ​တောင့်​တ​နေ​သော ​ခေါင်း​ဆောင်​ကို လွှဲ​ပြောင်း​ပေးသင့်​ပါ​ကြောင်း။



No comments:

Post a Comment