၂၀၁၅ မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် အပြုသဘောဆောင်သည့် အပြောင်းအလဲ တော်တော်များများ ဖြစ်လာနိုင်ချေရှိနေသည်။ ရှိသည်ဟု အတပ်ပြောမရသော်လည်း ကောင်းသည့်ဘက်သို့ ပြောင်းလဲလာနိုင်ချေများကို ဥာဏ်မှီသလောက် သုံးသပ်ကြည့်မိရာ ...
ဒီမိုကရေစီ ဖော်ဆာင်ရခြင်း အကြောင်းအရင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော စစ်အစိုးရအနေဖြင့် တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နေနိုင်သော်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ဆွဲတင်ခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှလွှတ်ကာ နိုင်ငံရေး အကျဉ်းသားများကိုပါ လွှတ်ပေးခြင်းဖြင့် ပြု ပြင်ပြောင်းလဲရေးများကို စတင်လုပ်ဆောင်ပြီး ကမ္ဘာကို အံ့အားသင့်စေခဲ့သည်။
ဘာကြောင့် ဒီမိုကရေစီကို မလိုအပ်ပဲ ပေးခဲ့သည်ဆိုသည့်အချက်သည် မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အလွန်အရေးပါသည်။
မြန်မာပြည်၏ အာဏာရှင်များသမိုင်းကိုကြည့်လျှင် ဘယ်အာဏာရှင်မှ ဇာတ်သိမ်း မလှခဲ့ပေ။ မြန်မာပြည်၏ အာဏာရှင်စနစ်ကို ထူထောင်ခဲ့သူ ဗိုလ်ချုပ်နေ၀င်းမှအစ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်ခင်ညွန့်အဆုံး ဇာတ်သိမ်းများမှာ အတူတူပင်ဖြစ်သည်။ ကိုယ်တိုင်မွေးခဲ့သော တပည့်လက်သားများ လက်ချက်ဖြင့် ဒုက္ခရောက်ခဲ့ရသူများ ဖြစ်ကြသည်။ ထိုအချက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကောင်းကောင်းသိနေခဲ့သည်။ အာဏာရှင်စနစ် သက်ဆိုးရှည်၍ နောက်အာဏာရှင်တစ်ဦး ပေါ်ပေါက်လာပါက သူ့ ဘ၀ဇာတ်သိမ်း နှင့် မိသားစုရှေ့ ရေးမှာ အလွန်အန္တရာယ်ကြီးလေသည်။ အာဏာရှင်စနစ်ကို ပယ်ဖျက်ရန် အကောင်းဆုံးနည်းလမ်းသည် တိုင်းပြည်ကို ဒီမိုကရေစီပေးပစ်ရန်ဖြစ်သည်။ ထိုအချိန်တွင် နောင်တက်လာမည့် သူ့ကို အန္တရာယ်ကောင်းကောင်းပေးနိုင်မည့် စစ်ခေါင်းဆောင်တစ်ဦးဦးသည် အတိုက်အခံများကို (အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို) အရေးစိုက်နေရသဖြင့် သူနှင့်သူ့မိသားစုကို အာရုံစိုက်နိုင်တော့မည် မဟုတ်ပေ။
သို့ပါသော်လည်း အခြေအနေမဟန်၍ ဒီမိုကရေစီဘက်တော်သားများ အာဏာရသွားလျှင်လည်း ပို၍ အန္တရာယ်ကြီးနိုင်သည်။ ထို့ကြောင့် စစ်တပ်၊ ကြံ့ခိုင်ရေး နှင့် NLD တို့ကို ချိန်ခွင်လျှာ ညှိထားနိုင်မည့် စနစ်တစ်ခုကို အကောင်အထည်ဖော်ခဲ့သည်။ စစ်တပ်နှင့် ကြံ့ခိုင်ရေးတွင်လည်း သဘောထားပျော့ပျောင်းပြီး ရည်မှန်းချက်မကြီးမားသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဦးသိန်းစိန်လိုသူများကို နေရာပေးခဲ့သည်။
ထိုအချက်ကို လူအများစုက သတိမပြုမိကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ သဘောပေါက်လိုက်သဖြင့် ထိုအခြေအနေကို ကောင်းကောင်း အသုံးချရန် ကြံစည်ခဲ့ပုံရသည်။
ပြောင်းလဲသွားသော အတိုက်အခံတို့၏ နည်းဗျူဟာ
ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ကျောင်းသားများ အချုပ်အနှောင်မှ ထွက်ထွက်လာခြင်း အရင်ကအဖြစ်အပျက်များအတွက် ကလဲ့စားချေမည်မဟုတ်ကြောင်း၊ မေ့ပျောက်လို့မရပေမဲ့ ခွင့်လွှတ်ကြောင်း "Will forgive but will not forget" ဆိုပြီး သဘောထားကို ကြေညာခဲ့သည်။ အတိုက်အခံများ နှစ်ပေါင်း ၂၀ ကျော်ကျင့်သုံးလာသော ထိပ်တိုက်ရင်ဆိုင်ရေး "confrontation" မှ နိုင်ငံအတွက် ပြန်လည်သင့်မြတ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဖြင့် "မတူတာတွေဖယ်ပြီး တူတာတွေဖြင့် ပူးပေါင်းဆောင်ရွက်ကြရအောင်" ဆိုသော ဆောင်ပုဒ်ဖြင့် နောင်တက်လာသော အာဏာရှင်များထက် ဒီမိုကရေစီ အင်အားစုများက အန္တရာယ်ပိုကင်းကြောင်း ပြသနိုင်ခဲ့သည်။
ထိုအချက်ကို အားဖြည့်ရန် NLD မှ ကိုယ်စားလှယ်လောင်းများ ကြေညာသည့်အချိန်တွင် သဘောထား တင်းမာလာနိုင်သည်ဟု ယူဆရသော ၈၈များနှင့် NLD ၀ါရင့်များကို ချန်လှပ်၍ လူငယ်ပညာတတ်များ၊ အောင်မြင်၍ အစိုးရနှင့်ကင်းရှင်းသော စီးပွားရေးလုပ်ငန်းရှင်များ၊ ဆရာဝန်များနှင့် တက္ကသိုလ်မှ ပါမောက္ခများကို ဦးစားပေး ရွေးချယ်ခဲ့သည်။ ထိုအကြောင်းကို နားလည်နိုင်စွမ်းမရှိသော NLD ပါတီဝင်များကို ပြတ်ပြတ်သားသား အရေးယူခဲ့ပြီး ၈၈များကိုလည်း စည်းရုံးထားနိုင်ခဲ့သည်။
ထိုနည်းဗျူဟာများသည် ပုံသေနည်းတစ်ရပ်အဖြစ် အတိုက်အခံများကို အသုံးချရန် ကြိုးစားခဲ့သော အာဏာရှင် အသိုင်းအ၀ိုင်းတွင် သိသာထင်ရှားသော အကွဲအပြဲတစ်ခု ဖြစ်ပေါ်လာတော့သည်။
ဒီမိုများ၏စည်းလုံးမှု နှင့် အာဏာရှင်များ၏သင်းကွဲမှု
၂၀၁၀ ရွေးကောက်ပွဲအရ သမ္မတအဖြစ်ထိုက်ဆုံး ပုဂ္ဂိုလ်သည် သူရရွှေမန်းဖြစ်သည်။ သို့သော် သူရရွှေမန်း သမ္မတဖြစ်မလာပဲ သဘောထားပျော့ပျောင်းသူ ဦးသိန်းစိန် သမ္မတ ဖြစ်လာသောအခါ အားလုံးမှ အံ့အားသင့်သွားခဲ့သည်။ သူရရွှေမန်း သမ္မတဖြစ်မလာသော အဓိကအကြောင်းအရင်းသည် သူသည်အာဏာရှင်တစ်ဦးဖြစ်လာနိုင်ပြီး ရှေ့ မှ အာဏာရှင်များကို ကောင်းကောင်း ဒုက္ခပေးနိုင်သောကြောင့်ဖြစ်သည်။ သို့သော် စစ်တပ်၏ ကြီးစဉ်ငယ်လိုက် အစီအစဉ်အရ သူ့ကိုနေရာတော့ပေးထားရသည်။
၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အရပ်သားအမည်ခံ အစိုးရအဖွဲ့တွင် သူရရွှေမန်းသည် သူ၏ရည်မှန်းချက်များကို အကောင်အထည်ဖော်ဖို့ ကြိုးစားတော့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိအလင်းပူးပေါင်းပြီး သမ္မတဖြစ်ရေးကို ဦးတည်ကြိုးစားလာသည်။ လူအများကို အသိမပေးနိုင်သော ညှိနှိုင်းမှုများဖြင့် အပေးအယူလုပ်လာသည်ကိုတွေ့ရသည်။
ထိုအချက်သည် လက်ရှိအာဏာရှင်တို့နှင့် လက်ဟောင်း အာဏာရှင်တို့အတွက် အလွန်အန္တရာယ်များသောကိစ္စတစ်ခုဖြစ်သည်။ သမ္မတကြီးဦးသိန်းစိန်အနေနှင့် ခပ်ပေါ့ပေါ့ သဘောထားပြီး နေခဲ့သော်လည်း သူ့နောက်မှ ညွှန်ကြားသူများအတွက် ပေါ့သေးသေးကိစ္စတစ်ခုအနေဖြင့် ထားလို့မရတော့ပေ။ ဦးသိန်းစိန်က နေရာဖယ်ပေးရန်ပင် စီစဉ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ခြင်းမပြုတော့ကြောင်းပင် ကြေညာခဲ့သည်။ သို့သော် ဖြစ်ပေါ်လာနိုင်သော အခြေနေများကို မူတည်၍ ပါတီတွင်း အာဏာသိမ်းကာ သူရရွှေမန်းနှင့် အဖွဲ့ကို ဖယ်ထုတ်လိုက်ပြီး ရွေးကောက်ပွဲ ၀င်ရောက်ခြင်းမရှိသော ဦးသိန်းစိန်ကို သမ္မတနေရာ ပြန်ထားရန် စီစဉ်ကြတော့သည်။
ထိုအဖြစ်အပျက်သည် မူလစီစဉ်ထားသလို စစ်တပ်၊ ကြံ့ခိုင်ရေး နှင့် NLD ကိုချိန်ခွင်လျှာညှိရန် အစီအစဉ်ကို ပြောင်းပြန်ဖြစ်စေပြီး NLD နှင့် အတိုက်အခံများကို အားသာချက်ပေးလိုက်သလိုရှိသည်။ ကြံ့ခိုင်ရေးအဖွဲ့  ၂ ဖွဲ့ ကွဲသွားသဖြင့် အတိုက်အခံ NLD ကိုယှဉ်ပြိုင်ရာတွင် အားပျော့ သွားသကဲသို့ စစ်တပ်အပေါ် သြဇာညောင်းမှုကိုလည်း ထိခိုက်စေခဲ့သည်။
သဘောထားပျော့ပျောင်းလာသော အစိုးရ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သူ၏ရှေ့ ရေးလုံခြုံမှုအတွက် သဘောထားပျော့ပျောင်း၍ ရည်မှန်းချက်နည်းသော သူနှစ်ဦးကို ကာကွယ်ရေးဦးစီးချုပ်နေရာနှင့် သမ္မတနေရာကို ပေးထားခဲ့သည်။ သူတို့နှစ်ဦး၏ ပျော့ပျောင်းမှုသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် အန္တရာယ်ကင်းခဲ့သော်လည်း တစ်ချိန်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အတိုက်အခံအုပ်စုကို ထိရောက်စွာ ဟန့်တားနိုင်စွမ်း မရှိတော့ပေ။ တဖြည်းဖြည်းဖြင့် လက်ရှိအစိုးရနှင့် စစ်တပ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို၊ ဗိုလ်ချုပ်ခင်ညွန့်လို၊ ဗိုလ်ချုပ်မောင်အေးလို၊ သူရရွှေမန်းလို ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင်ရန် ခေါင်းဆောင်များ မရှိတော့ဘဲ အတိုက်အခံအင်အားသည် အစိုးရနှင့်စစ်တပ်ထက် သာလွန်လာသည်ကိုတွေ့ရသည်။
၂၀၁၅တွင် အတိုက်အခံများ၏ရပ်တည်ချက်သည် ပြောင်းလဲလာသည်။ စစ်တပ်ကို ထိပ်တိုက်ရင်မဆိုင်တော့ဘဲ အာဏာလက်ကိုင်ထားပြီး ကိုယ်ကျိုးရှာသောသူများကို ပြည်သူများအား ဖော်ထုတ်ပြသ၍ စနစ်တစ်ခု ဆန့်ကျင်ရေးကို ဖော်ဆောင်ပြနိုင်ခဲ့သည်။ ထိုအချိန်တွင် အစိုးရအနေနှင့် တန်ပြန်၍ အမျိုး၊ဘာသာ၊သာသနာကို စောင့်ထိန်းမည်ဟု ဘာသာရေးကို အကြောင်းပြပြီး စည်းရုံးဖို့ ကြိုးစားသော်လည်း အများမြင်သာခဲ့သည့် လယ်တီသိမ်ကိစ္စ၊ တရုတ်သစ်ခိုးထုတ်သူများကို ပြန်လွှတ်ပေးခဲ့ရမှု နှင့် ဘာသာရေး အစွန်းရောက်ဘုန်းကြီးများကို နိုင်ငံရေးအတွက် အသုံးချခဲ့မှုများကြောင့် ထင်သလောက် အောင်မြင်မှု မရရှိခဲ့ပေ။
လူမှုကွန်ယက်များသည် စက္ကန့်ပိုင်းအတွင်း အဖြစ်အပျက်များကို တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးရောက်အောင် စွမ်းဆောင်နိုင်စွမ်းရှိသဖြင့် အစိုးရအနေနှင့် ဖိနှိပ်ချင်တိုင်း ဖိနှိပ်၍မရနိုင်သော အခြေအနေတွင် ရှိနေသည်။
ဒုတိယဖြစ်နိုင်ခြေမှာ မဲစာရင်းလိမ်ပြီး ကြံ့ခိုင်ရေးအစိုးရ ပြန်လည်အာဏာရလာခြင်းဖြစ်သည်။ ထိုအခြေအနေကို နိုင်ငံတကာနှင့် အတိုက်အခံများမှ ဆန့်ကျင်ပြီး အထွေထွေသပိတ်များ၊ နိုင်ငံတကာမှ ပိတ်ဆို့မှုများ တပတ်ပြန်လည်လာပြီး ၁၉၉၀ နှစ်လွန်ခေတ်များဆီသို့ ပြန်လည်ဦးတည်သွားမည်ဖြစ်သည်။ ထိုအခြေအနေကို စစ်တပ်၊ လက်ဟောင်း အာဏာရှင်အချို့ နှင့် ခရိုနီများမှ လိုလားမှု လုံးဝမရှိခြင်းသည် မြန်မာပြည်၏ အပြုသဘောဆောင်သော အပြောင်းအလဲကို ဦးတည်နေပြီဟု...
နိုင်ငံတကာ၏ ထောက်ခံမှု
ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်မှလွတ်လွတ်ချင်း နိုင်ငံတကာသို့ ခြေဆန့်ကာ သူမ၏ခေါင်းဆောင်မှုအရည်အသွေးကို ပြခဲ့ရုံမျှ သာမက နိုင်ငံတကာ၏ ထောက်ခံမှုကိုပါ ရယူနိုင်ခဲ့သည်။ စစ်အစိုးရနှင့် အမြဲပေါင်းဖက်ခဲ့သော တရုတ်နိုင်ငံသမ္မတကိုယ်တိုင် အထူးဖိတ်ကြားပြီး ညှိနှိုင်းစေ့စပ်ရသည့် အခြေအနေတစ်ရပ်ကို ဖေါ်ဆောင်နိုင်ခဲ့သည်။ပြောင်းလဲလာသောနိုင်ငံရေး
၁၉၈၈ အရေးအခင်းသည် ဘာကိုမှန်းမသိခဲ့သော တော်လှန်ရေးတစ်ခုဖြစ်ခဲ့သည်။ ဦးနေ၀င်းကို တော်လှန်သည်လား၊ မဆလကို ဆန့်ကျင်သည်လား၊ စစ်တပ်ကိုတိုက်ခိုက်ခြင်းလား မကွဲပြားခဲ့ပေ။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD အပြတ်အသတ်အနိုင်ရခဲ့သော်လည်း မရေရာသော ရည်မှန်းချက်ဖြင့် စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်မိသည့်အတွက် စစ်တပ်၏တန်ပြန်ထိုးစစ်ကို အလူးအလဲခံခဲ့ရသည်။ ထိုအချိန်က NLD ၏ ရပ်တည်မှုမှာ စစ်ဖိနပ်အောက်မှ လွတ်မြောက်ရေးဖြစ်သည်။ ထိုရပ်တည်မှုသည် စစ်တပ်ကို ဘေးတစ်ဖက်သို့ ပို့ လိုက်ပြီး NLD သည် လုံးဝအင်အားချင်းမမျှသော လက်နက်ကိုင်အဖွဲ့ အစည်းကြီးတစ်ခုနှင့် ပြိုင်ဆိုင်ခဲ့မိလေသည်။ ထိုအချိန်က စစ်တပ်၏ဆောင်ပုဒ်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုဖြစ်ပြီး ထိုအချက်ကိုဆွဲကိုင်ကာ အတိုက်အခံအင်အားစုများကို အောင်မြင်စွာဖိနှိပ်ထားနိုင်ခဲ့သည်။၂၀၁၅တွင် အတိုက်အခံများ၏ရပ်တည်ချက်သည် ပြောင်းလဲလာသည်။ စစ်တပ်ကို ထိပ်တိုက်ရင်မဆိုင်တော့ဘဲ အာဏာလက်ကိုင်ထားပြီး ကိုယ်ကျိုးရှာသောသူများကို ပြည်သူများအား ဖော်ထုတ်ပြသ၍ စနစ်တစ်ခု ဆန့်ကျင်ရေးကို ဖော်ဆောင်ပြနိုင်ခဲ့သည်။ ထိုအချိန်တွင် အစိုးရအနေနှင့် တန်ပြန်၍ အမျိုး၊ဘာသာ၊သာသနာကို စောင့်ထိန်းမည်ဟု ဘာသာရေးကို အကြောင်းပြပြီး စည်းရုံးဖို့ ကြိုးစားသော်လည်း အများမြင်သာခဲ့သည့် လယ်တီသိမ်ကိစ္စ၊ တရုတ်သစ်ခိုးထုတ်သူများကို ပြန်လွှတ်ပေးခဲ့ရမှု နှင့် ဘာသာရေး အစွန်းရောက်ဘုန်းကြီးများကို နိုင်ငံရေးအတွက် အသုံးချခဲ့မှုများကြောင့် ထင်သလောက် အောင်မြင်မှု မရရှိခဲ့ပေ။
ထောင်ချောက်အတွင်း မ၀င်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံများ
ဦးသိန်းစိန်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ချောက်ချရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ လက်ပံတောင်းတောင်ကိစ္စတွင် ဒေါ်စုချောက်ချခံခဲ့ရသည်။ ထို့နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်အစိုးရနှင့် ဆက်ဆံရာတွင် အတော်သတိထားဆက်ဆံလာခဲ့သည်။ ရခိုင်အရေးအခင်းတွင် ရိုဟင်ဂျာ ကိစ္စနှင့်ပတ်သက်၍ ဒေါ်စုအနေနှင့် နိုင်ငံတကာဖိအားကြောင့် လူနည်းစု မူစလင်များဘက်က ရပ်တည်လျှင် တစ်နိုင်ငံလုံးမှ မြန်မာဗုဒ္ဓဘာသာများနှင့် ပြဿ နာတတ်နိုင်သည်ဟုယူဆပြီး ကုလားဗမာ အရေးအခင်းကို ဖန်တီးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတကာ ဖိအားနှင့် ပြည်တွင်းမှ ထိလွယ်ရှလွယ်ကိစ္စများကို လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ ထို့နောက်ပိုင်းတွင် ဖြစ်ပွားလာသော ကျောင်းသား၊ အလုပ်သမား အရေးအခင်းများကို ခပ်ခွာခွာနေခဲ့ပြီး ပြည်သူတစ်ရပ်လုံးကို အဓိကနှင့် သာမညကိစ္စများ ကွဲပြားအောင် စည်းရုံးနိုင်ခဲ့သည်။ပြောင်းလဲလာသောခေတ်
၁၉၈၈၊ ၁၉၉၀ နှင့် ၂၀၁၅ တွင် နည်းပညာများ လုံးဝကွာခြားသွားသည်။ ၁၉၈၈ တွင် ၈လေးလုံး အရေးတော်ပုံအတွက် BBC နှင့် VOA ကိုသာ အဓိက အားကိုးခဲ့ရသည်။ ထိုအချိန်က မြန်မာတစ်နိုင်ငံလုံး ဆက်သွယ်ရေးကို ချုပ်ကိုင်ထားသော အစိုးရသည် ဖြစ်ပေါ်နေသော အခြေနေအားလုံးကို သုံးသပ်ပြီး တုန့်ပြန်နိုင်စွမ်းရှိခဲ့သည်။ ၂၀၁၅ တွင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းများဖြင့် လူမှုကွန်ယက်ကို အသုံးချပြီး အချိန်နဲ့ တပြေးညီ သတင်းအချက်အလက်များကို ဖလှယ်လာနိုင်ပြီဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် ဂျပန်လူမျိုးသတင်းထောက်သမားတစ်ယောက် သေနတ်နှင့် အပစ်ခံရပုံကို နာရီပိုင်းအတွင်း လူမှုကွန်ယက်မှတဆင့် တစ်ကမ္ဘာလုံး ပျံနှံ့သွားခဲ့သည်။ ထိုအရေးအခင်းပေါ်မူတည်ပြီး "Burma VJ" ခေါ်သော ကမ္ဘာကျော် သတင်းဇာတ်လမ်းတစ်ခုသည် နိုင်ငံတကာ အကယ်ဒမီ အရွေးခံရသည်အထိ ပေါ်ထွက်လာခဲ့သည်။လူမှုကွန်ယက်များသည် စက္ကန့်ပိုင်းအတွင်း အဖြစ်အပျက်များကို တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးရောက်အောင် စွမ်းဆောင်နိုင်စွမ်းရှိသဖြင့် အစိုးရအနေနှင့် ဖိနှိပ်ချင်တိုင်း ဖိနှိပ်၍မရနိုင်သော အခြေအနေတွင် ရှိနေသည်။
၂၀၁၅ အလွန်
၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဖြစ်ပေါ်လာနိုင်သော အခြေအနေ နှစ်ခုသာရှိသည်။ NLD အနိုင်ရရှိပြီး စစ်တပ်နှင့်ပေါင်းကာ နိုင်ငံတော်ပြန်လည်ထူထောင်ရေးဖြစ်သည်။ ထိုအခြေအနေသည် အားလုံးလိုလား တောင့်တနေကြသော အခြေအနေတစ်ခုဖြစ်သည်။ဒုတိယဖြစ်နိုင်ခြေမှာ မဲစာရင်းလိမ်ပြီး ကြံ့ခိုင်ရေးအစိုးရ ပြန်လည်အာဏာရလာခြင်းဖြစ်သည်။ ထိုအခြေအနေကို နိုင်ငံတကာနှင့် အတိုက်အခံများမှ ဆန့်ကျင်ပြီး အထွေထွေသပိတ်များ၊ နိုင်ငံတကာမှ ပိတ်ဆို့မှုများ တပတ်ပြန်လည်လာပြီး ၁၉၉၀ နှစ်လွန်ခေတ်များဆီသို့ ပြန်လည်ဦးတည်သွားမည်ဖြစ်သည်။ ထိုအခြေအနေကို စစ်တပ်၊ လက်ဟောင်း အာဏာရှင်အချို့ နှင့် ခရိုနီများမှ လိုလားမှု လုံးဝမရှိခြင်းသည် မြန်မာပြည်၏ အပြုသဘောဆောင်သော အပြောင်းအလဲကို ဦးတည်နေပြီဟု...