Thursday, 25 August 2016

အမျိုးသားရေး နဲ့ အမှန်တရား

online မှာ သတင်းတွေဖတ်ရင်း အတွေးတစ်ခုပေါ်လာတယ်။ သတင်းကလဲ တိုက်တိုက်ဆိုင်ဆိုင် စင်ကာပူရောက်မြန်မာတွေနဲ့ ပတ်သတ်နေတဲ့ သတင်းနှစ်ပုဒ်။ သတင်းကတော့ သိပြီးသားဖြစ်ပေမယ့် Facebook မှာ သတင်းအပေါ် တုန့်ပြန်ပုံကို ဖတ်ကြည့်ရင်း အတွေးတစ်ခု ဝင်လာမိတယ်။
-
-
ပထမ သတင်းက မြန်မာ အင်ဂျင်နီယာ တစ်ယောက် ရထားပေါ်မှာ စင်ကာပူ အမျိုးသမီးတစ်ဦးနဲ့ ရင်သားကို ထိမိလို့ ထောင်ကျတဲ့အကြောင်း။ သူ့ရဲ့ခုခံမှုက အိပ်ငိုက်ပြီး မတော်တဆ ထိမိတာဖြစ်ကြောင်း ပြောပေမယ့် တရားသူကြီးက အယုံအကြည် မရှိ့လို့ ထောင်ချလိုက်တယ်။

ကျွန်တော်ကိုယ်တိုင် လည်း ဒီလူကို မသိဘူး။ အဲ့ဒီ့အချိန်မှာလည်း ရထားပေါ်မှာ ရှိ့မနေတဲ့အတွက် ရည်ရွယ်ချက် နဲ့လုပ်ခဲ့တာလား အိပ်ငိုက်ပြီး မတော်တဆ ထိမိတာလား မသိဘူး။



ဒါပေမယ့် စင်ကာပူမှာရှိ့တဲ့ မြန်မာ အသိုင်း အဝိုင်းက Facebook ပေါ်ကနေ သူ့ကို ဝိုင်းထောက်ခံပေးကြတယ်။ စလုံးမကပဲ အကဲပိုရောင်ရောင် တရားသူကြီးကပဲ ဘက်လိုက်ပြီး မတရား စီရင်ချက် ချပုံမျိုး ဝိုင်းရေးကြတယ်။


ဒုတိယသတင်းကတော့ မြန်မာအမျိုးသမီး အိမ်ဖေါ်တစ်ဦးကို စင်ကာပူလူမျိုး သားအမိက အနိုင်ကျင့်ရင်း သတ်ဖြတ်မိတယ် ဆိုတဲ့ သတင်း။




ဒီသတင်းအောက်မှာတော့ စင်ကာပူလူမျိုးတွေက မြန်မာအိမ်ဖေါ်ကလေးကို ဘယ်လိုသနားမိကြောင်းနဲ့ သူ့လူမျိုး အချင်းချင်း ပြန်ပြီး ဝေဖန် ရှုံ့ချထားတာကို သတိထားမိလိုက်တယ်။


ဒီနေရာမှာ လူမျိုး နှစ်မျိုးရဲ့ တွေးခေါ်ပုံ ဘာကြောင့် ကွာသွားလဲဆိုတာ ဆက်တွေးဖြစ်တယ်။

စင်ကာပူရောက် မြန်မာတွေဟာ ဧည့်သည်တွေဖြစ်တယ်။ ဒါကြောင့် အိမ်ရှင်စိတ်ညိုညင် အထင်သေးမှာ စိုရွှံ့ပြီး စင်ကာပူရောက် မြန်မာများအကြောင်း အထူးသဖြင့် မကောင်းကြောင်းပါလာရင် ဘာဖြစ်ဖြစ်ခုခံ ကာကွယ်ကြတယ်။
စင်ကာပူလူမျိုး တွေအနေနဲ့ကတော့ သူ့တို့ကိုယ်သူတို့ အာရှမှာ အဆင့်အတန်း တစ်ခုအနေနဲ့ ရပ်တည်နေနိုင်တယ် လို့ ခံယူထားတဲ့အတွက် ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး မပုတ်သွားနိုင်ဘူး ဆိုတာ သိတယ်။ ဒါကြောင့် သူ့လူမျိုး မဟုတ်တာလုပ်တဲ့ သတင်းတစ်ခုခုပါလာရင် လူမျိုးကို အရင်မကြည့်ပဲ မှန်တဲ့ဘက်က ရပ်တည်ပေးကြတယ်။
-
-
လူမျိုးရေးနဲ့ အမှန်တရား ကြားမှာ လူအများစုက အမှန်တရားဘက်က ရပ်တည်မပေးနိုင်မခြင်း တိုင်းပြည်နဲ့ လူမျိုးတိုးတတ်ဖို့ဆိုတာ...

(ပုံများနှင့် comments များကို Straits Time Facebook မှရယူပါသည်။)