Tuesday, 24 April 2018

ခြိမ်းခြောက်မှုများမှသည် အခွင့်အလမ်းများဆီသို့

အစ္စရေးနိုင်ငံတွင် ‘အကြံဉာဏ်မှ လုပ်ငန်းစတင်ခြင်း’ ဆိုသည့် ခေါင်းစဉ်နှင့်ပတ်သက်သော ရက် တိုသင်တန်းတစ်ခုကို MASHAV Israel's Agency for Interna-tional Development Cooperation ၏ ဖိတ်ကြားရွေးချယ်ခံရ သဖြင့် တက်ရောက်ခွင့်ရခဲ့သည်။ ဖွံ့ဖြိုးမှုနည်းပါးသော နိုင်ငံများမှ လူငယ်လုပ်ငန်းရှင်များနှင့် လူမှု ရေးလုပ်ငန်းများမှ ဦးဆောင်သူ များကို အဓိကထား ဖိတ်ကြားပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံမှ တက် ရောက်သူ ၃၀ ဦး ပါဝင်သည်။ သင်တန်းခန်းမရှိရာတွင် နေထိုင်စရာ အခန်းများ စီစဉ်ပေးထားပြီး အစ္စ ရေးနိုင်ငံမှ လုပ်ငန်းရှင်များနှင့် ပညာရှင်များကို လာရောက်သင် ကြားပို့ချစေသည်။ အစ္စရေးနိုင်ငံ ရှိ လုပ်ငန်းများကိုလည်း သွား ရောက်လေ့လာစေကာ အောင်မြင်နေသော လုပ်ငန်းရှင်များ၊ လူမှု ရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစေပြီး နောက်ဆုံးတွင် တက်ရောက်လာသူများကို အုပ်စုများဖွဲ့ပေးကာ အကြံဉာဏ်တစ်ခု ကို စဉ်းစားရွေးထုတ်ခိုင်းပြီး လုပ်ငန်းစတင်နိုင်သည်အထိ စီမံကိန်းတစ်ခုကို ရေးဆွဲတင်ပြစေသည်။ ထို့အပြင် သက်ဆိုင်ရာနိုင်ငံအ လိုက် မိမိတို့နိုင်ငံအကြောင်းနှင့် လုပ်ကိုင်နေသော အလုပ်အကိုင် များအကြောင်းကို ဆွေးနွေးဖလှယ်စေကာ တစ်ဦးနှင့်တစ်ဦး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြောင်းကို ရင်းနှီးကျွမ်းဝင်စေသည်။
.
လုပ်ငန်းများနှင့်ပတ်သက် သော သင်တန်းများသာမက အစ္စ ရေးနိုင်ငံဖြစ်ပေါ်လာပုံ၊ ဂျူးလူမျိုး သမိုင်းကြောင်းနှင့် အဘယ် ကြောင့် နိုင်ငံတကာတွင် ဂျူးလူ မျိုးများနှင့် အစ္စရေးနိုင်ငံသည် သိက္ခာရှိရှိ ရပ်တည်နေနိုင်သည့် အကြောင်းများကိုပါ သင်ကြား ပေးသည်။ အစ္စရေးနိုင်ငံသည် သူ့ ကိုယ်သူ Start-up Nation တက်သစ်စ နိုင်ငံတစ်ခုအနေနှင့် ခိုင်းနှိုင်းပြောဆိုသည်ကို သတိ ထားမိသည်။ နှစ်ပေါင်း ၂,၀၀၀ ကျော်မျှ နိုင်ငံမဲ့ဘဝဖြင့် နိုင်ငံ တကာတွင် ကျင်လည်ကျက်စားခဲ့ ရသည့် ဂျူးလူမျိုးများအနေနှင့် နိုင်ငံတိုင်းတွင် စီးပွားရေးနှင့် နည်းပညာရပ်များတွင် ထူးချွန်သူများ ဖြစ်ခဲ့ကြသော်လည်း နိုင်ငံအ တော်များများတွင် ဖိနှိပ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုဖိနှိပ်ခံရမှု များတွင် အဆိုးဆုံးဖြစ်ရပ်တစ်ခု မှာ ဒုတိယကမ္ဘာစစ်အတွင်း ဟစ် တလာဦးဆောင်သော နာဇီဂျာ မနီမှ ဂျူးလူမျိုးသုံးပုံနှစ်ပုံဖြစ် သော လူခြောက်သန်းကျော်အထိ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထို့ ထက်ပို၍ နာကြည်းဖွယ်ရာအဖြစ် မှာ ထိုသို့ ဂျူးလူမျိုးများ အစုလိုက်၊ အပြုံလိုက် မျိုးတုံးသတ်ဖြတ်ခြင်း ခံနေရချိန်တွင် မည်သည့်ဂျူးကမှ ထိထိရောက်ရောက် ပုန်ကန် တော်လှန်ခဲ့ခြင်းမရှိခဲ့ပေ။
.
သို့သော် သမိုင်းကြောင်းမှ ဆိုးရွားလှသော အဖြစ်အပျက်များကို ပူဆွေးသောကရောက်နေ ဖို့ ဂျူးလူမျိုးများတွင် အချိန်မရှိ။ လူ မျိုးသုံးပုံနှစ်ပုံခန့် မျိုးတုံးသုတ် သင်ခံရခြင်း၏ အဓိကပြဿနာ သည် အခြေပြုအားထားစရာနိုင်ငံတစ်ခုမရှိခဲ့ခြင်းကြောင့်ဖြစ် သည်ကို ဂျူးလူမျိုးများ ကောင်း ကောင်းသဘောပေါက်ခဲ့သည်။ ထို့ကြောင့် အစ္စရေးနိုင်ငံဖြစ်တည် လာရန် အခွင့်အရေးရခဲ့သောအ ခါ ထိုအခွင့်အရေးကို လက် မလွတ်စတမ်း ဆုပ်ကိုင်၍ နိုင်ငံ တစ်ခုရရန် ခြေကုပ်ယူခဲ့ကြသည်။
.
ဗြိတိသျှ အစီအမံ
--------------
ဒုတိယကမ္ဘာစစ်နောက်ပိုင်း တွင် ဗြိတိသျှအင်ပါယာ ပြိုကွဲ သွားခဲ့ပြီး နယ်ချဲ့ပြီး သိမ်းယူထား သော တစ်ကမ္ဘာလုံးရှိ နိုင်ငံများကို လွတ်လပ်ရေးပေးဖို့ အကြောင်း ဖန်လာသည်။ မဖြစ်သာ၍သာ လွတ်လပ်ရေးပေးလိုက်ရသော် လည်း နောင်တစ်ချိန် အခွင့်သာ လျှင် ပြန်လည်သိမ်းယူရန် ကြံ စည်ခဲ့ပုံရသည်။ လွတ်လပ်ရေး ပေးသည့်အချိန်တွင် နိုင်ငံများကို ဘာသာရေးနှင့် လူမျိုးရေးအပေါ် တွင် ပဋိပက္ခများ ရေရှည်ဖြစ်ပွား စေရန် စီမံသွားခဲ့သည်။ ဟိန္ဒူလူ မျိုး အများစုနေထိုင်သော အိန္ဒိယ နိုင်ငံကို လွတ်လပ်ရေးပေးရာတွင် အနောက်ပါကစ္စတန်နှင့် အရှေ့ ပါကစ္စတန် (နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ဖြစ်လာ) ဟုခေါ် သော မွတ်စလင်နိုင်ငံနှစ်ခုကို ကြားညပ်စေပြီး တည်ထောင်ပေး ခဲ့သည်။ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် ယခုထက်တိုင် လူ မျိုးရေးနှင့် စစ်ရေးအရ ပြေလည် မှုမရခဲ့ပေ။ မြန်မာနိုင်ငံကို လွတ် လပ်ရေးပေးစဉ်တွင်လည်း တောင်တန်းနှင့် မြေပြန့်ဟူ၍ ခွဲခြားထား ခဲ့ကာ ထိုအချိန်က ဗြိတိသျှတို့ မွှေးပေးခဲ့သော ပြည်တွင်းစစ်မီး များသည် နှစ်ပေါင်းဆယ်စုနှစ် များစွာ ကြာခဲ့ပြီး တိုင်းပြည်ကို စစ် အာဏာရှင်စနစ်သို့ ကျရောက် စေခဲ့ကာ တစ်ချိန်က အာရှတိုက် ၏ အချမ်းသာဆုံးမြန်မာနိုင်ငံ သည် အဆင်းရဲဆုံးနိုင်ငံတစ်ခုအ ဖြစ် ကျရောက်ခဲ့ရသည်။ ထို့အ ပြင် ပြည်တွင်းငြိမ်းချမ်းရေးလည်း ယခုထက်တိုင် မရရှိနိုင်သေးပေ။
.
အရှေ့အလယ်ပိုင်းဒေသကို လွတ်လပ်ရေးပေးဖို့ ပြင်ဆင်ချိန် တွင်လည်း ထိုကဲ့သို့ စီမံချက်များ ချမှတ်ခဲ့သည်။ မွတ်စလင်ဘာ သာဝင်အများစုရှိသည့် အရှေ့အ လယ်ပိုင်းဒေသရှိ မွတ်စလင်ဘာ သာဝင် ပါလက်စတိုင်းလူမျိုး အ များဆုံးနေထိုင်ရာတွင် ဂျူးများကို အခြေချခွင့်ပေးကာ အစ္စရေးနိုင်ငံ အဖြစ် တည်ထောင်ပေးခဲ့သည်။ အစ္စရေးနိုင်ငံကို တည်ထောင်ခွင့် ပေးရာတွင်လည်း နယ်မြေများ များစားစားမပေးခဲ့ဘဲ ပါလက် စတိုင်းနှင့် အစ္စရေးများကို ကြား ညပ်၍ တည်ထောင်ပေးခဲ့ရာတွင် စတင်တည်ထောင်ချိန်မှစ၍ အစ္စ ရေးနိုင်ငံအဖို့ ဘေးပတ်လည်တွင် အင်အားကြီး မွတ်စလင်နိုင်ငံများ ဝန်းရံခံခဲ့ရပြီး စစ်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သည်။ ထိုအခြေအနေ သည် ခြိမ်းခြောက်မှုများစွာရှိနေ ခဲ့သော်လည်း ရရှိလာသည့် အခွင့်အလမ်းတစ်ခုကို မလွတ်တမ်း ဆုပ်ကိုင်ပြီး ဂျူးလူမျိုးများ အခြေ ချရန်အတွက် အစ္စရေးနိုင်ငံကို မဖြစ်မနေထူထောင်ရန် ထိုအချိန် က ဂျူးလူမျိုးခေါင်းဆောင်များက ရွေးချယ်ခဲ့ကြသည်။
.
ခြောက်ရက်စစ်ပွဲ
--------------
၁၉၄၈ ခုနှစ်တွင် တည် ထောင်ခွင့်ရခဲ့သော အစ္စရေးနိုင်ငံ သည် တည်ထောင်သည့်နှစ်မှစပြီး အိမ်နီးချင်း မွတ်စလင်အာရပ် နိုင်ငံများနှင့် စစ်ပွဲများစွာ ရင်ဆိုင် ခဲ့ရသည်။ နာဇီဂျာမနီလက်ထက် တွင် ဟစ်တလာနှိပ်စက်သတ် ဖြတ်ခဲ့သမျှ လက်တုံ့ပြန်မှု ထိထိ ရောက်ရောက် မလုပ်နိုင်ခဲ့သော ဂျူးများအနေနှင့် စစ်ရေးအရ အင်အားတောင့်တင်းရန် လွန်စွာမှ အရေးကြီးကြောင်း သိရှိလာကြ ပြီး ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ သည်။ ၁၉၄၈ နှစ်ကုန်ပိုင်းတွင် အိမ်နီးချင်းအာရပ် မွတ်စလင် နိုင်ငံများ အစ္စရေးကို စတင်ကျူး ကျော်တိုက်ခိုက်ခဲ့သည်။ သို့သော် ကြိုတင်ပြင်ဆင်ထားသော အစ္စ ရေးနိုင်ငံအနေနှင့် ကျူးကျော်သူ များကို တိုက်ထုတ်နိုင်ရုံသာမက အစ္စရေးနိုင်ငံအတွင်း နေထိုင် သော မွတ်စလင်လူမျိုး ပါလက် စတိုင်း ခုနစ်သိန်းခွဲကို အစ္စရေး နိုင်ငံအတွင်းမှ မောင်းထုတ်နိုင်ခဲ့ သည်။ ထိုပါလက်စတိုင်းများ ဒုက္ခသည်အဖြစ် အိမ်နီးချင်းမွတ် စလင် အာရပ်နိုင်ငံများသို့ ထိုအ ချိန်မှစ၍ စွန့်ခွာသွားခဲ့ရပြီး ယခု တိုင် အစ္စရေးနိုင်ငံအတွင်း ပြန် လည်အခြေချခွင့်မရခဲ့ကြပေ။
.
၁၉၄၈ စစ်ပွဲအပြီးတွင် မွတ် စလင်အာရပ်နိုင်ငံများအနေနှင့် အရှက်ကြီးစွာရခဲ့ပြီး အစ္စရေးနိုင်ငံ အတွက်မူ အချိန်မရွေး နောက် ထပ်စစ်ပွဲများ ဖြစ်ပွားလာနိုင် ကြောင်းနှင့် စစ်ရှုံးမှုတစ်ခုသည် အစ္စရေးနိုင်ငံတစ်ခုလုံး ကမ္ဘာ့မြေ ပုံပေါ်မှ ပျောက်ကွယ်သွားနိုင် ကြောင်း ကောင်းကောင်းသဘော ပေါက်ခဲ့သည်။ ထိုအချိန်က အာ ရပ်နိုင်ငံများသည် ရေနံကြောင့် စီးပွားရေးတောင့်တင်းကာ နိုင်ငံ တကာမှ ထောက်ခံမှုများစွာ ရရှိ ခဲ့သည်။
.
အစ္စရေးနိုင်ငံ တည်ထောင် အပြီးတွင် နိုင်ငံတကာမှ ဂျူးများ ကို ပြန်လာခွင့် (Law of Return) ကို အစ္စရေးပါလီမန်တွင် ၁၉၅၀ တွင် အတည်ပြုပေးခဲ့ပြီး မည်သည့် နိုင်ငံရပ်ခြားရှိ ဂျူးကိုမဆို အစ္စ ရေးနိုင်ငံသို့ ပြန်လာခွင့်နှင့် နိုင်ငံ သားဖြစ်ခွင့်ပေးကာ ယောက်ျား၊ မိန်းမမရွေး စစ်မှုမထမ်းမနေရ ဥပဒေဖြင့် နိုင်ငံသားတိုင်းကို စစ် ပညာသင်ပေးကာ အစ္စရေး၏ စစ် အင်အားကို ဖြည့်တင်းပေးနိုင်ခဲ့ သည်။ ၁၉၆၇ တွင် အစ္စရေးနိုင်ငံ အနေနှင့် နျူကလီးယားဗုံးကို ပိုင် ဆိုင်နိုင်ခဲ့သည်ဟု ကမ္ဘာက ယုံ ကြည်ခဲ့သော်လည်း ယခုထက် တိုင် ငြင်းဆန်ခြင်း၊ အတည်ပြု ခြင်းမလုပ်ခဲ့ပေ။
.
အစ္စရေးတွင် မွေးဖွားလာ သော မျိုးဆက်သစ်လူငယ်များအ နေနှင့် ဂျူးလူမျိုးများ ခံစားခဲ့ရ သော အတိတ်ကဖြစ်ရပ်ဆိုးများ (အထူးသဖြင့် နာဇီဂျာမနီလက် ထက်က လူမျိုးတုံးသတ်ဖြတ်ခံရ မှုများ)ကို ထပ်မံမဖြစ်ပွားရန်အ တွက် သူတို့ကို ခြိမ်းခြောက်မှုများ ကို အကောင်းဆုံးဖြေရှင်းနိုင်ရန် နှင့် ပိုမိုအရေးကြီးသည်မှာ လက် ဦးမှုရယူရန်အတွက် အမြဲကြိုးစား ကြံစည်ခဲ့သည်။၁၉၆၇ တွင် အစ္စရေးနိုင်ငံ တွင် စစ်မှုမထမ်းမနေရဥပဒေဖြင့် စစ်သည်နှစ်သိန်းခြောက်သောင်း ကျော်၊ တင့်ကားပေါင်း ၈၀၀ နှင့် တိုက်လေယာဉ် ၃၀၀ ကျော်ကို အင်အားဖြည့်ထားနိုင်ခဲ့သည်။ သို့ သော် ထိုအချိန်တွင် အိမ်နီးချင်း အာရပ်နိုင်ငံများတွင် စစ်သည် သုံး သိန်းလေးသောင်းကျော်၊ တင့်ကား ၁,၈၀၀ နှင့် တိုက်လေယာဉ် ၆၀၀ ကျော်ရှိနေခဲ့သည်။ စစ်ရေး အရကြည့်လျှင် အာရပ်နိုင်ငံများ သည် စစ်သည်နှင့် လက်နက်အင် အား နှစ်ဆခန့်သာလွန်နေသည်။ အစ္စရေးထောက်လှမ်းရေးက အာ ရပ်နိုင်ငံများမှ အလုံးအရင်းနှင့် တိုက်ခိုက်လာနိုင်သည့် အခြေအ နေကို ကြိုတင်သတင်းရယူနိုင်ခဲ့ သော်လည်း လက်ဦးမှုရယူရန် ထို အချိန်က နိုင်ငံတကာတွင် အင် အားကြီးမားလာခဲ့သော အမေရိ ကန်၏ ထောက်ခံမှု အရေးကြီး ကြောင်း ယခင်စစ်ပွဲများ၏ အ တွေ့အကြုံအရ သိရှိခဲ့ပြီး ပြင် ဆင်မှုများ အဆောတလျင် ပြုလုပ် ခဲ့ရသည်။ ၁၉၅၆ ခုနှစ်တွင် ဗြိတိ သျှနှင့် ပြင်သစ်၏ အားပေးမှုဖြင့် အီဂျစ်ကို တိုက်ခဲ့သော စစ်ပွဲတွင် အမေရိကန်နိုင်ငံက အစ္စရေးကို အစွန်းရောက် စစ်သွေးကြွများအ ဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြော ကြားခဲ့ဖူးသည့်အတွက် အစ္စရေး နိုင်ငံအနေနှင့် ထိုသို့သော အခြေ အနေမျိုးကို ရှောင်ရှားရန် အထူး ဂရုထားခဲ့သည်။
.
ထို့နောက်ပိုင်းတွင် အစ္စရေး နိုင်ငံအနေနှင့် နောက်ပိုင်းမွတ် စလင်အာရပ်နိုင်ငံများနှင့် စစ်ပွဲ များတွင် အင်အားကြီးမားလာ သော အမေရိကန်နိုင်ငံ၏ ထောက်ခံမှုကိုရရန် ကြိုးပမ်းလာခဲ့သည်။ ၁၉၆၇ တွင် အိမ်နီးချင်း အာရပ် နိုင်ငံများ၏ ကျူးကျော်ရန်စလာ နိုင်သည့် အခြေအနေကို အမေရိ ကန်နိုင်ငံသို့ တင်ပြနားလည်မှုယူ ပြီး အာရပ်နိုင်ငံများကို လက်ဦးမှု ရယူရန် အခွင့်အရေးတောင်းဆို နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံအ နေဖြင့်လည်း အစ္စရေးနိုင်ငံသည် မွတ်စလင်များ ကြီးစိုးနိုင်သည့် အရှေ့အလယ်ပိုင်းဒေသတွင် သူ့ စိတ်ကြိုက်ခြယ်လှယ်ခွင့်ရရန် အ ကောင်းဆုံးအရံအတားတစ်ခုအ ဖြစ် အစ္စရေး၏ စစ်ရေးအရ လက် ဦးမှုရယူရန် ကြံစည်မှုကို ခွင့်ပြု ပေးခဲ့သည်။ အမေရိကန်နိုင်ငံ၏ ခွင့်ပြုချက်ဖြင့် အစ္စရေးနိုင်ငံမှ ဇွန်လ ၅ ရက် ၁၉၆၇ တွင် အာ ရပ်နိုင်ငံများရှိ စစ်လေယာဉ်များ နှင့် လေယာဉ်ကွင်းများကို ဗုံးကြဲ ကာ ရန်သူ၏ လေတပ်အင်အား တစ်ခုလုံးကို တစ်ရက်အတွင်း ဖျက်ဆီးနိုင်ခဲ့သည်။ ငါးရက် မြောက်နေ့တွင် အစ္စရေးစစ်တပ် မှ အီဂျစ်ပိုင်သော ဆီနိုင်သဲကန္တာ ရ၊ ဆီးရီးယားပိုင်သော ဂိုလန် တောင်ကုန်းနှင့် ဂျော်ဒန်ပိုင်သော အရှေ့ကမ်းခြေနှင့် ဂျူးနှင့် ခရစ် ယာန်များ ဘာသာရေးအရ အထွတ်အမြတ်ထားရာ အနောက် ဘက် ဂျေရုဆလင်တစ်ခုလုံးကို ဂျော်ဒန်နိုင်ငံက သိမ်းပိုက်ရရှိခဲ့ သည်။ ခြောက်ရက်မြောက်နေ့ တွင် စစ်ပွဲပြီးမြောက်ခဲ့ပြီး အစ္စရေးနိုင်ငံက အနိုင်ရရှိခဲ့သည်။
.
ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန်
-----------------------------
အစ္စရေးနိုင်ငံရှိ မူကြိုနှင့် မူလတန်းကျောင်းတစ်ခုသို့ လေ့ လာရေးပို့ပေးသဖြင့် ရောက်ဖြစ် သည်။ မူကြိုကလေးများအတွက် ဆော့စရာများသည် အရုပ်များ အစား မီးဖိုချောင်သုံးပစ္စည်းများ နှင့် အိမ်သုံးပစ္စည်းများ ထားပေး ထားသည်ကို တအံ့တဩတွေ့ မြင်ခဲ့ရသည်။ ကျောင်းဆရာတစ် ဦးက ရှင်းပြသည်။ ဂျူးများသည် နှစ်ပေါင်းထောင်နှင့်ချီပြီး နိုင်ငံမဲ့ ဘဝဖြင့် အဖိအနှိပ်ခံခဲ့ရသည်။ အစ္စရေးနိုင်ငံ စတင်တည်ထောင် ချိန်မှစပြီး အိမ်နီးချင်းအာရပ်နိုင်ငံ များ၏ စစ်ရေးအရ ရန်ပြုမှုနှင့် ပြည်တွင်းရှိ မွတ်စလင်ဘာသာ ဝင် ပါလက်စတိုင်းများ၏ အန္တ ရာယ် ပြုမှုကို အစဉ်တွေ့ကြုံနေရ သည်။ ထို့ကြောင့် အစ္စရေးလူမျိုး များကို ငယ်စဉ်မူကြိုကစတင်ပြီး ဘဝတွင် ခြိမ်းခြောက်မှုများရှိ ကြောင်း မြင်တွေ့စေပြီး ရင်ဆိုင် နိုင်စွမ်းရှိရန် လေ့ကျင့်ပေးထား သည်ဟု ရှင်းပြသည်။ အစ္စရေးတွင် အသက် (၁၈)နှစ်ပြည့်ပြီးသူ ယောက်ျား၊ မိန်းမမရွေး (အာရပ်၊ ပါလက်စတိုင်းနှင့် အခြားဘာသာ ရေးအရ ခွင့်ပြုသူများမှလွဲ၍) စစ် မှုထမ်းရသည်။ စစ်မှုထမ်းပြီးသူ တိုင်းကို မောင်းပြန်သေနတ်ပေး ထားပြီး အချိန်တိုင်းစစ်ရေးအရ အသင့်ဖြစ်ရန် ပြင်ဆင်ထားသည်။
.
ခြိမ်းခြောက်မှုများကိုအခွင့်အလမ်းများအဖြစ်သို့
---------------------------------------
အစ္စရေးတွင် သင်ကြားခဲ့ရ သော သင်ခန်းစာများတွင် ခြိမ်း ခြောက်မှုများကို အခွင့်အလမ်း များအဖြစ်သို့ ပြောင်းလဲခြင်းနည်း လမ်းများကို လက်တွေ့အခြေအ နေများပေါ် မူတည်ပြီး လေ့လာ ကာ ဆွေးနွေးစေသည်။ ထိုနည်း လမ်းများသည် စီးပွားရေး၊ နိုင်ငံ ရေး၊ စစ်ရေးနှင့် အခြားမည်သည့် အရေးကိစ္စတွင်မဆို လက်တွေ့ အသုံးဝင်သည်။ ခြိမ်းခြောက်မှု တိုင်းကို အမှန်အတိုင်းသိမြင်မှု၊ ပြန်လည်တုံ့ပြန်နိုင်ရန် ပြင်ဆင် နိုင်မှု၊ ကူညီနိုင်မည့်အင်အားနှင့် မဟာမိတ်ဖွဲ့နိုင်မှု၊ အများအမြင် ကို လျစ်လျူရှုနိုင်စွမ်းနှင့် အခြေ အနေအပေါ် မူတည်ပြီး လက်ဦးမှု ရယူနိုင်စွမ်းသည် လွန်စွာမှ အ ရေးကြီးသည်။
.
မြန်မာနိုင်ငံတွင် လက်ရှိဖြစ် ပွားနေသော နိုင်ငံရေး၊ စီးပွားရေး နှင့် စစ်ရေးခြိမ်းခြောက်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်း လဲနိုင်ရန် နိုင်ငံ့ခေါင်းဆောင်များ အပေါ်တွင် အများကြီးမူတည် လျက်ရှိသည်။ နှစ်ပေါင်း ဆယ်စု နှစ်များစွာ စစ်အာဏာရှင်အောက် တွင် အကြောက်တရားများနှင့် ရှင်သန်ခဲ့ရသော နိုင်ငံအနေနှင့် ကိုယ်ကျိုးမဖက်သော စစ်တပ်၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ညီညွတ် မှု၊ နိုင်ငံတကာအဆင့်မီပညာရေး စနစ်နှင့် ပြည်သူတိုင်း ရရှိသင့် သည့် အခွင့်အရေးများရရှိကြပြီး လူတိုင်း တိုင်းပြည်အတွက် ကြိုး စားချင်စိတ်များရှိလာခဲ့လျှင် မဝေးတော့သည့် အနာဂတ်တွင် မြန်မာနိုင်ငံအတွက် ခြိမ်းခြောက်မှုများ ကို အခွင့်အလမ်းများအဖြစ်သို့ ပြောင်းလဲလာခွင့် ရလာနိုင် ကြောင်း။။
(7 Day Daily, 7 Nov 2017)

Wednesday, 18 April 2018

ခွင်ပျောက်သွားသည့် နိုင်ငံ

တစ်ရက်က လူမှုကွန်ရက်တွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သော စာပိုဒ်တိုလေးတစ်ခု တင်လိုက်မိသည်။ ‘‘မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေ ကျဆင်းသွားခြင်းမဟုတ်ဘဲ ခွင်(ခေါ်) လူတစ်စုအတွက် အခွင့်ထူးများ ရရှိခြင်းမရှိတော့သည့် စီးပွားရေး မလုပ်တတ်တော့ဘဲ ရပ်တန့်သွား ခြင်းဖြစ်သည်’’ ဆိုသည့် အဓိပ္ပာယ် ပါသော စာတစ်ကြောင်းဖြစ်သည်။ မိမိ၏လူမှုကွန်ရက်ထဲတွင် သူငယ် ချင်းလူရာဂဏန်းသာရှိပြီး တင် လိုက်သော Post ကို ပုံမှန်အားဖြင့် ဆယ်ဂဏန်းသာ အားပေးမှုရရှိ သော်လည်း ထိုစာပိုဒ်တင်လိုက်ပြီး ရက်ပိုင်းအတွင်း လူထောင်ချီထပ် ဆင့် Share လုပ်သည်ကို တအံ့ တသြသတိထားမိလိုက်သည်။ အ များစုက ထိုစာပိုဒ်ကို ထောက်ခံ ကြသော်လည်း တချို့သူများက NLD အစိုးရ၏အုပ်ချုပ်ပုံညံ့ဖျင်းမှု ကြောင့် စီးပွားရေးကျဆင်းသည် ဟု ဝေဖန်သူများလည်းရှိသည်။
.
တကယ်တမ်း မြန်မာပြည်ရှိ လက်ရှိ စီးပွားရေးလုပ်ငန်းများ၏ အစသည် ၁၉၈၈ အရေးအခင်း နောက်ပိုင်း စစ်တပ်မှ အာဏာ သိမ်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(ခေါ်)နဝတအစိုးရလက်ထက်တွင် ဆို ရှယ်လစ်စီးပွားရေးစနစ်ကို ဖျက် သိမ်းပြီး ဈေးကွက်စီးပွားရေးကို စတင်ဖော်ဆောင်ခဲ့စဉ်က စတင်ခဲ့ သည်ဟု ဆိုနိုင်သည်။ ဈေးကွက်စီး ပွားရေးနှင့်အတူ အာဏာရှိ အသိုင်းအဝိုင်းနှင့် ခင်မင်မှု၊ ပတ်သက် ရာပတ်သက်ကြောင်းဖြင့် မည်သူ မှ မရနိုင်သည့် စီးပွားရေးလုပ်ကွက် များကိုရရှိလာသည့် ခရိုနီ (ယခုအ ခေါ် တိုင်ကွန်း)လူတန်းစားတစ်ရပ် ပေါ်လာခဲ့သည်။ ထိုအချိန်က နဝတအစိုးရ၏အဓိကဦးတည် ချက်သည် တစ်နိုင်ငံလုံးနီးပါး၏ ပုန်ကန်ထကြွမှုများကို ဖြစ်သည့် နည်းဖြင့် ဖိနှိပ်နှိမ်နင်းနေရချိန်ဖြစ် သဖြင့် ရှိသည့် အာဏာစက်ကို အစွမ်းကုန်သုံးကာ အကြောက် တရားများဖြင့် ထိန်းချုပ်နေရချိန် တွင် ထိုအာဏာရှိသူများနှင့် ပေါင်း သင်းခွင်ရိုက် (အခွင့်ထူးရယူ)ကာ နေ့ချင်းညချင်း ကျိကျိတက်ချမ်း သာသွားသူများ အများအပြား ပေါ်လာတော့သည်။ အာဏာများများ ရှိသူနှင့် များများရင်းနှီးသူသည်၊ ခွင်များများရပြီး အာဏာအသင့် အတင့်ရှိသူနှင့် ရင်းနှီးသူသည် ခွင် အသင့်အသင့် စသည်ဖြင့် အာဏာစက်နှင့် ရင်းနှီးမှုအတိုင်းအတာ ပေါ်မူတည်ပြီး စီးပွားရေးလုပ်ငန်း ရှင်အကြီး၊ အလတ်၊ အသေးများ ပေါ်လာကြသည်။ နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ၊ ရုံးနေရာ၊ ပန်းခြံ၊ ကလေးကစားကွင်းကအစ လယ်မြေအ ဆုံး သင်္ချိုင်းမြေပါမကျန် သိမ်းယူ ပြီး ကိုယ်ကျိုးအတွက် ရုံးခန်းများ၊ လူနေအိမ်များ၊ ဈေးဆိုင်ကြီးများ တည်ဆောက်ကာ အမြတ်အစွန်း ကြီးမားစွာရရှိခဲ့သည်။
.
မူကိုမတည်၊ လူကိုတည်ခဲ့တဲ့ခေတ်
----------------------------------
၂၀၁၅ ရွေးကောက်ပွဲအပြီး တွင် အနိုင်ရရှိလာသည့် NLD အစိုးရမတိုင်ခင်ခေတ်အထိ စီးပွား ရေးစနစ်သည် မူဝါဒများခိုင်ခိုင်မာ မာမရှိဘဲ အာဏာပိုင်များနှင့် ပတ် သက်သူများ လုပ်ပိုင်ခွင့်များများ ရရှိရေးကို ဦးတည်ခဲ့သည်။ ဈေး ကွက်စီးပွားရေးဟု နာမည်တပ် ထားသော်လည်း လူတိုင်း လွတ် လပ်စွာ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်မရ ခဲ့ဘဲ လုပ်ငန်းအများစုကို ပုဂ္ဂိုလ် တစ်ဦးဦး၊ အဖွဲ့တစ်ဖွဲ့ဖွဲ့မှ လက် ဝါးကြီးအုပ်ထားကာ လူတိုင်းယှဉ် ပြိုင်ခွင့်မရအောင် ပိတ်ပင်ထားခဲ့ သည်။
.
ထိုပုဂ္ဂိုလ်တစ်ဦးဦး၊ အဖွဲ့ တစ်ဖွဲ့ဖွဲ့နှင့် အဆင်ပြေသော အာ ဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦး အာဏာ လက်လွှတ်လိုက်ရသော် ထိုပုဂ္ဂိုလ် ကို မှီ၍ အခွင့်ထူးခံခဲ့သော သူများ အားလုံးလည်း ထိုအာဏာပိုင်ကဲ့ သို့ စီးပွားရေးလုပ်ပိုင်ခွင့်များ လက် လွှတ်ဆုံးရှုံးရလေ့ရှိခဲ့သည်။
.
မိုးခါးရေဝိုင်းသောက်ရတဲ့ခေတ်
------------------------------
ထိုအချိန်က ရိုးရိုးသားသား စီးပွားရေးလုပ်ကိုင်လိုသူများပင် ခေတ်ရေစီးကြောင်းထဲတွင် လိုက် ပါခဲ့ရသည်။ နိုင်ငံခြားမှ ကုန်ပစ္စည်းတင်သွင်းဖြန့်ချိသူတစ်ဦးနှင့်တွေ့ ရာ တင်သွင်းလာသော ပစ္စည်းဈေးနှုန်းကို မှန်မှန်ကန်ကန်တင်ပြလို သော်လည်း အကောက်ခွန်နှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ ကြိုတင်ခွန် ၂ ရာခိုင်နှုန်းနှင့် ကုန် သွယ်ခွန် ၅ ရာခိုင်နှုန်းကောက်ခံ သဖြင့် အခြားမသမာသူ စီးပွားရေး သမားများမှ ဝန်ထမ်းများနှင့်ပူး ပေါင်းပြီး ပစ္စည်းတန်ဖိုးကို အဆမ တန်လျှော့ပြပြီး တင်သွင်းလာ သောအခါ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုမရှိတော့ဘဲ အများနည်းတူ လိုက်ပြီး ညှိနှိုင်းကာ စီးပွားမပျက် အောင် လုပ်ဆောင်နေရကြောင်း ပြောဖူးသည်။ ထိုအဂတိလိုက်စား မှုများကို ယခင်အစိုးရလက်ထက် က ဖိဖိစီးစီးအရေးယူမဆောင်ရွက် နိုင်သောအခါ မြန်မာပြည်၏စီးပွား ရေးလုပ်ငန်းများသည် မသမာမှုနှင့် အဂတိလိုက်စားမှုပေါ်တွင် မူတည် ပြီး ရပ်တည်လာရတော့သည်။
.
စီးပွားရေးလုပ်ငန်းရှင်အများ စုတို့သည် လုပ်ငန်းရပ်တည်ဖို့ ရန်နှင့် ပိုမိုတိုးတက်အောင်မြင်ရန် အတွက် အာဏာရှိ ပုဂ္ဂိုလ်များနှင့် ပေါင်းသင်းဖို့ရန် လိုအပ်လာ ကြောင်း သိရှိလာကြပြီး နီးစပ်ရာ အဆက်အသွယ်များ ရှာဖွေပေါင်း သင်းပြီး အများနည်းတူ အခွင့်အ ရေးများကို အရယူလာခဲ့ကြသည်။
.
ဤသို့ဖြင့် စီးပွားရေးလောကတစ် ခုလုံးနီးပါးသည် ယှဉ်ပြိုင်အနိုင်ယူ ရေးထက် အာဏာရှိသူနှင့်ပေါင်း သင်းပြီး အခွင့်အရေးပိုမိုရရှိရေးကို အလေးထားခဲ့သည်။
.
မမျှတတဲ့ ကွက်ကျားစီးပွားရေး
-----------------------------
နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး တိုးတက်မှုသည် လွတ်လပ်စွာ ယှဉ်ပြိုင်ပြီး အပြိုင်အဆိုင်ဝန် ဆောင်မှုနှင့် ကုန်စည်ထုတ်လုပ် ဖြန့်ချိမှုကို များစွာမှ အခြေခံသည်။ ထိုသို့ပြိုင်ဆိုင်ခြင်းဖြင့် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများဆန်းသစ်သော နည်းလမ်းများနှင့် စားသုံးသူများ ကို ဆွဲဆောင်ခြင်းဈေးကွက်ကို နိုင် ငံတကာရောက်အောင် ချဲ့ထွင်ကြခြင်းဖြင့် အောင်မြင်တိုးတက် အောင် စွမ်းဆောင်ကြရင်း အလုပ် အကိုင်၊ ဝင်ငွေနှင့် အခြားအခွင့် အလမ်းများ ပွင့်လင်းလာပြီး နိုင်ငံ ပါ တိုးတက်ဖွံ့ဖြိုးလာနိုင်သည်။ အရည်အချင်းရှိသော လုပ်ငန်းရှင် များနှင့် စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာပြီး နိုင်ငံတကာနှင့် ယှဉ်နိုင်သည့် အခြေအနေအထိ အောင်မြင်လာနိုင်မည်ဖြစ်သည်။
.
အာဏာပိုင်များအကူအညီ နှင့် ကြီးထွားလာသော လုပ်ငန်းရှင် များသည် နိုင်ငံအတွင်း အခွင့်ထူး များရရှိ၍ အောင်မြင်ခဲ့သော်လည်း တကယ်တမ်း နိုင်ငံတကာနှင့် ယှဉ်ကာ လုပ်ကိုင်နိုင်သည့် အရည်အ ချင်းမျိုး မရှိသလောက် နည်းပါး ကြသည်။
.
မြန်မာနိုင်ငံမှနေ၍ နိုင်ငံတ ကာသို့ ဘဏ်လုပ်ငန်းလုပ်ကိုင်နေ သော မြန်မာဘဏ်များတစ်ခုမှ မရှိခြင်း၊ နိုင်ငံတကာအိမ်ခြံမြေ လောကတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံသူတစ်ဦးမှ မရှိခြင်း၊ နိုင်ငံတ ကာတွင် ဈေးအရောင်းဆိုင်ကွန် ရက်များ မဖြန့်ကြက်နိုင်ခြင်း၊ နိုင်ငံ တကာသို့ ရောက်အောင် လေ ကြောင်းလိုင်းများ မပြေးဆွဲနိုင်ခြင်း များသည် ဤလုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်း အားနည်းမှုကို ပြသနေကြသည်။ နိုင်ငံတကာသို့ သွားရောက်ယှဉ်ပြိုင်ဖို့ နေနေသာ သာ နိုင်ငံတကာကုမ္ပဏီများကိုပင် ပြည်တွင်းတွင် လာရောက်ရင်းနှီး မြှုပ်နှံကာ ယှဉ်ပြိုင်မည်စိုးရိမ်ပြီး နည်းပေါင်းစုံဖြင့် အာဏာပိုင်များ ၏အကူအညီကို ရယူကာ ဥပဒေ အမျိုးမျိုးထုတ်ခိုင်းပြီး နှစ်ပေါင်း ဆယ်စုနှစ်များစွာ တားမြစ်ထားခဲ့ ကြသည်။
.
ခွင်ပျောက်သွားသည့်တိုင်းပြည်
------------------------------
၂၀၁၅ ရွေးကောက်ပွဲအပြီး NLD ဦးဆောင်သည့် အစိုးရတစ် ရပ်ပေါ်ထွန်းလာသောအခါ အဓိ ကရိုက်ခတ်မှုခံလိုက်ရသောသူ များသည် ခရိုနီစီးပွားရေးလုပ်ငန်း ရှင်များဖြစ်သည်။ အဂတိလိုက်စား မှုကို တိုက်ဖျက်မည်ဟု ကြွေးကြော်ထားသော အစိုးရသစ်လက် အောက်တွင် အဂတိများဖြင့် တည် ဆောက်ခဲ့သော လုပ်ငန်းများ မလုပ်ရဲ မကိုင်ရဲဖြင့် ရုတ်ခြည်း ရပ်တန့်သွားတော့သည်။ ဝန်ကြီး ဌာနအများစုသည်လည်း ယခင်က ခွင်လို့ခေါ်သည့် အမြတ်အစွန်းများ စွာကို ခွဲဝေရယူသည့် လုပ်ကွက် များ ချက်ချင်းဆိုသလို ရပ်တန့် သွားသဖြင့် ထိုအခွင့်အရေးများကို မှီပြီး လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းစုများလည်း ရပ်တန့်သွား ခဲ့ရသည်။ ထိုရပ်တန့်သွားမှုနှင့်အ တူ အလုပ်အကိုင် အခွင့်အလမ်း တချို့လည်း ရပ်တန့်သွားခဲ့ရပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စီး ပွားရေးကျဆင်းသွားတော့သည်။
.
တကယ်တော့ မြန်မာပြည် စီးပွားရေး ကျဆင်းသွားခြင်းမ ဟုတ်ဘဲ ခွင်ပျောက်သွားသဖြင့် စီးပွားရေးလုပ်ငန်းများ မလုပ် တတ်မကိုင်တတ်ဖြစ်ကာ ရပ်တန့် သွားကြခြင်းဖြစ်သည်ဟု ယူဆပါ သည်။ ထိုအချိန်တွင် လက်ရှိ NLD အစိုးရအနေနှင့် ရေတို၊ ရေရှည် စီမံကိန်းများချမှတ်ကာ ခွင်အစား အခြားမှန်ကန်သည့် အခွင့်အလမ်း များဖြင့် နိုင်ငံသားတိုင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်နှင့် အဂတိလိုက် စားမှုများကို အမှန်တကယ်တိုက် ဖျက်ပြီး တိုင်းပြည်၏စီးပွားရေး အမြန်ဦးမော့လာစေဖို့ အလေး ထားဆောင်ရွက်ရန် လိုအပ် ကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။ ။
(7 Day Daily, 11 April 2018)