တစ်ခါတုန်းက မြောက်ကိုရီးယားအရောက် ပြုံယမ်းနိုင်ငံတကာကုန်စည်ပြပွဲသို့ သွားရောက် လေ့လာခဲ့ဖူးသည်။ သွားရောက်လေ့လာသည်ဆိုသည်ထက် ခရီးစဉ်တွင် စီစဉ်ထားသဖြင့် သွားရောက်ရခြင်း ဖြစ်သည်။ ဖွင့်ပွဲမတိုင်ခင် VIP များနှင့် တွေ့ဆုံပွဲလုပ်ပြီး မြောက်ကိုရီးယားမှ ဒုတိယအဓိပတိနှင့် ၀န်ကြီးအဖွဲ့မှ ကျွန်တော်နှင့်အတူ ကုန်စည်ပြပွဲ လာရောက်သူ ဂျာမနီမှ တစ်ဦး၊ အီတလီမှတစ်ဦးနှင့် ဗြိတိန်မှ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်နေသူတစ်ဦးကို တွေ့ဆုံခဲ့သည်။
.
နိုင်ငံတကာကုန်စည်ပြပွဲဆို ရာတွင်လည်း တရုတ်ကုမ္ပဏီများ သာ လာရောက်ပြသကြပြီး မည် သည့်နိုင်ငံမှ မပါဝင်သဖြင့် ရှိသည့်နိုင်ငံခြားသားအနည်းငယ်ကို ခေါ် ထားပုံရသည်။ ကုန်စည်ပြပွဲဖွင့်ပွဲ ကို ကျွန်တော်တို့မှ ဦးဆောင်ဖွင့် ပေးရမည့်အကြောင်းလည်း ပြော သည်။ ထိုအချိန်က တတိယအ ကြိမ် အဏုမြူဗုံးဖောက်ခွဲစမ်း သပ်ထားချိန်ဖြစ်သဖြင့် မြောက်ကို ရီးယားနှင့် နိုင်ငံတကာဆက်ဆံ ရေးတင်းမာနေချိန်လည်း ဖြစ် သည်။
.
တွေ့ဆုံပွဲတွင် ဒုတိယအဓိပ တိမှ ကိုရီးယားနိုင်ငံအနေနှင့် အာ ကာသစီမံကိန်းများ၊ အဏုမြူစီမံ ကိန်းများအတွက် ငွေကြေးများစွာသုံးစွဲခဲ့ကြောင်း၊ ထိုငွေကြေးများ ကို အခြားနေရာများတွင် အသုံး ချနိုင်ပါက တိုင်းပြည်ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း၊ သို့သော် ရန်လိုသည့် အမေရိကန်၏ ရန်ကို ကာကွယ်ရန် ထပ်မံပြီး ထိုကဲ့သို့ သော စီမံကိန်းများကို မဖြစ်မနေ အကောင်အထည်ဖော်ရမည်ဖြစ် ကြောင်း ပြောကြားသည်။ လာ ရောက်သည့် မည်သူမျှစောဒက မတက်ကြပေ။ ဆွေးနွေးပွဲအပြီး ကုန်စည်ပြပွဲဖွင့်ပွဲလုပ် ဆိုင်ခန်းများ လိုက်ကြည့်ရင်းအတွေးနယ် ချဲ့မိသည်။
.
အိမ်ကြက်ချင်း ၀ါဒအိုးမဲသုတ်ခံရ သူများ
----------------------------------
ဒုတိယကမ္ဘာစစ်အပြီးတွင် ဖက်စစ်စနစ်အရေးနိမ့်ခဲ့ပြီးနောက် ထိုအချိန်က မဟာမိတ်အဖြစ် ပူး ပေါင်းခဲ့သော ဆိုဗီယက်ဦးဆောင် သော ကွန်မြူနစ်စနစ်နှင့် အမေ ရိကန်ဦးဆောင်သော အရင်းရှင် စနစ်တို့ အနိုင်ရရှိခဲ့သည်။ ၀ါဒ မတူသည့် စနစ်နှစ်ခုကြောင့် ဆိုဗီ ယက်နှင့် အမေရိကန်တို့ ပူးပေါင်း ကာ သိမ်းမိခဲ့သော နိုင်ငံများနှစ် ခြမ်းကွဲခဲ့ကြသည်။ ထိုနှစ်ခြမ်းကွဲ ခဲ့သည့် နိုင်ငံများတွင် ဂျာမနီ၊ ဗီယက်နမ်နှင့် ကိုရီးယားနိုင်ငံတို့ ပါဝင်ခဲ့ကြသည်။
.
၁၉၇၆ တွင် ဗီယက်နမ်စစ်ပွဲ အပြီး အမေရိကန်အထောက်အပံ့ ပေးထားသော တောင်ဗီယက်နမ် စစ်ရှုံးကာ တောင်နှင့် မြောက်နှစ် နိုင်ငံပေါင်းစည်းမိပြီး ဗီယက်နမ် နိုင်ငံသည် ကွန်မြူနစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ ဂျာမနီနိုင်ငံတွင် အရှေ့နှင့် အနောက်ခွဲခြားထား သည့် ဘာလင်တံတိုင်းဖြိုဖျက်ချ ခဲ့သည့် ၁၉၈၉ နိုဝင်ဘာ နောက် ပိုင်းတွင် ဂျာမနီနှစ်နိုင်ငံပေါင်း စည်းမိခဲ့ပြီး အရင်းရှင်နိုင်ငံတစ်ခု အဖြစ် အမေရိကန်နှင့် ပူးပေါင်းခဲ့ သည်။ သို့သော် ဒုတိယကမ္ဘာစစ် အပြီး နှစ်ခြမ်းကွဲသွားခဲ့သော ကိုရီးယားနိုင်ငံသည် ယခုထက်တိုင် ပေါင်းစည်းမရခဲ့ပေ။
.
ကိုရီးယားစစ်ပွဲ
-------------
ဒုတိယကမ္ဘာစစ်အပြီးတွင် ဆိုဗီယက်ပြည်ထောင်စုမှ ကိုရီး ယားမြောက်ပိုင်းနှင့် အမေရိကန် နိုင်ငံမှ ကိုရီးယားတောင်ပိုင်းကို ဂျပန်လက်မှ သိမ်းယူနိုင်ခဲ့ကြ သည်။ ထို့နောက် မြောက်ကိုရီး ယားသည် ကွန်မြူနစ်စနစ်ဖြင့် နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး တောင်ကို ရီးယားသည် အရင်းရှင်စနစ်ကို လိုက်နာကျင့်သုံးခဲ့သည်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းတွင် အရင်း ရှင်စနစ်နှင့် ကွန်မြူနစ်စနစ်တို့ အားပြိုင်မှုမြင့်မားခဲ့ပြီး ဆိုဗီယက် နှင့် အမေရိကန်နိုင်ငံတို့သည် ထိပ်တိုက်စစ်ဖြစ်မည်ကို ရှောင်ရှားပြီး လက်နက်အားပြိုင်ခြင်းနှင့် သူတို့ ၏ သြဇာညောင်းသော နိုင်ငံများ ကို သွေးထိုးပေးခြင်းတို့ကိုသာ ပြု လုပ်ခဲ့ကြပြီး အားပြိုင်ခဲ့ကြသည်။ ထိုသို့အားပြိုင်မှုကို စစ်အေးတိုက် ပွဲ (Cold War) ဟုတင်စားခေါ်ဝေါ်ခဲ့ကြသည်။ ထိုစစ်အေးတိုက်ပွဲ၏ ပထမမြေစာပင်မှာ ကိုရီးယားနိုင် ငံဖြစ်ခဲ့သည်။
.
ဒုတိယကမ္ဘာစစ်အပြီး ငါးနှစ်အကြာ ၁၉၅၀ ဇွန်လ ၁၅ ရက်တွင်ကိုရီးယားစစ်ပွဲစတင်ဖြစ်ပွားခဲ့ သည်။ တောင်နှင့် မြောက်နှစ်ဖက် စလုံးက စစ်ပွဲစတင်မှုကို တစ်ဖက်နှင့် တစ်ဖက်စွပ်စွဲပြောဆိုခဲ့သော် လည်း ထိုစစ်ပွဲအတွက် မြောက် ကိုရီးယားမှ အသေအချာပြင်ဆင် ထားခဲ့ပုံရသည်။ စစ်ပွဲဖြစ်ပြီး ငါး ရက်အတွင်း တောင်ကိုရီးယားစစ် သည် လေးပုံသုံးပုံခန့်ကျဆုံးသွား ပြီး သုံးလအတွင်း ကိုရီးယား တောင်ပိုင်းတစ်ခုလုံး နီးပါးကို မြောက်ပိုင်းမှ သိမ်းယူနိုင်ခဲ့သည်။
.
ထိုအချိန်တွင် ခေတ်စားလာ သော ကွန်မြူနစ်စနစ်ကို အမေရိ ကန်ဦးဆောင်သော အရင်းရှင်နိုင် ငံများမှ ကာကွယ်တားဆီးနေကြ ချိန် ဖြစ်သည်။ ကိုရီးယားကျွန်း ဆွယ်တစ်ခုလုံး ကွန်မြူနစ်လက် အောက်ကျရောက်သွားခြင်း သည် စစ်ရေးထက် စိတ်ဓာတ်ရေး ရာကျဆင်းမှုအဖြစ် အမေရိကန်မှ မှတ်ယူခဲ့သည်။ ထို့ကြောင့် ကုလ သမဂ္ဂကို ဖိအားပေးပြီး မြောက်ကို ရီးယား၏ ကျူးကျော်မှုကို အမေ ရိကန်မှ ဦးဆောင်ကာ တောင်ကို ရီးယားဘက်မှ ၀င်ရောက်ကာ စစ်ကူတိုက်ပေးခဲ့သည်။ အမေရိကန် စစ်ကူများဝင်ရောက်ပြီး သုံးလအ တွင်း မြောက်ကိုရီးယားတပ်များ ကို တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့ပြီး ၁၉၅၀ နိုဝင်ဘာလတွင် အမေရိ ကန်စစ်တပ်မှ ကိုရီးယားမြောက် ပိုင်းအထိ သိမ်းယူနိုင်ခဲ့ကာ တရုတ်ပြည်နယ်စပ်အထိ ရောက် ရှိခဲ့သည်။
.
ကိုရီးယားမြောက်ပိုင်းသည် တရုတ်ပြည်နှင့် ထိုအချိန်က ဆိုဗီ ယက်ပြည်ထောင်စု (ယခုရုရှား နိုင်ငံ)နှင့် နယ်နိမိတ်ချင်းထိစပ် လျက်ရှိပြီး ပထ၀ီအနေအထား အရ အလွန်အရေးပါသည်။ ကိုရီး ယားမြောက်ပိုင်း အမေရိကန် လက်အောက်ကျရောက်သွား ခြင်းသည် ကွန်မြူနစ်နှစ်နိုင်ငံဖြစ် သော တရုတ်ပြည်နှင့် ဆိုဗီယက် ပြည်ထောင်စုတို့အတွက် ရန်သူ အိမ်ခြံစည်းရိုးနားရောက်လာသ ကဲ့သို့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ခဲ့ သည်။ ထို့ကြောင့် ၁၉၅၀ နှစ်ကုန် ပိုင်းတွင် တရုတ်နိုင်ငံနှင့် ဆိုဗီ ယက်နိုင်ငံတို့မှ အတိအလင်းစစ်ပွဲ အတွင်း ၀င်ရောက်ကာ မြောက် ကိုရီးယားဘက်မှ ကူညီပြီး အမေ ရိကန်ကို တန်ပြန်တိုက်စစ်ဆင်ခဲ့ သည်။ စစ်ပွဲသည် သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီး လူသန်းပေါင်းများ စွာ သေဆုံးကာ မည်သူမှ မည်သူ ကို အနိုင်မတိုက်နိုင်ဘဲ ၁၉၅၃ ဇူလိုင်လ ၁၇ ရက်တွင် စစ်ရပ်စဲ ရေးစာချုပ်ဖြင့် စစ်ပွဲများကို ရပ်စဲ ခဲ့သည်။ ဤသို့ဖြင့် တောင်နှင့် မြောက်နှစ်နိုင်ငံပေါင်းစည်းဖို့ရန် အလှမ်းဝေးကွာခဲ့ရသည်။
.
ပိတ်ဆို့မှုများ နောက်ကွယ်
----------------------
ထိုအချိန်က ကုလသမဂ္ဂ သည် အမေရိကန်နှင့် အပေါင်း ပါနိုင်ငံများ၏ ကြီးစိုးမှုအောက် တွင် ရှိနေခဲ့သည်။ ကိုရီးယားစစ် ပွဲတွင် နိုင်အောင်မတိုက်နိုင်သော အခါ မြောက်ကိုရီးယားကို ကုလ သမဂ္ဂအကူအညီဖြင့် ပိတ်ဆို့မှု ပေါင်းများစွာလုပ်ခဲ့ပြီး နိုင်ငံအင် အားချည့်နဲ့သွားအောင် ကြိုးစားခဲ့ သည်။ နိုင်ငံအင်အားချည့်နဲ့ပြီး ပြည်သူများချို့တဲ့လာပါက အုပ်ချုပ်သူအစိုးရကို ပြန်လည်တွန်းလှန်လာမည်ဟု အမေရိကန်မှ တွေးထင်ထားခဲ့သည်။ ထိုအချိန်တွင် တော်လှန်ရေးတစ်ရပ်ဖြစ်ပေါ်လာပါက ထိုအခြေအနေကို အခွင့်ကောင်းယူပြီး မြောက်ကိုရီးယားကို တောင်ပိုင်းနှင့် ပေါင်း၍ သြဇာခံနိုင်ငံတစ်ခုဖြစ်လာစေရန် ကြံရွယ်ထားပုံရသည်။
.
သို့သော် မြောက်ကိုရီးယား ပြည်သူအများစု၏ ခံယူချက်ကို အမေရိကန်နိုင်ငံမှ လျစ်လျူရှုထားခဲ့မိ၏။ မြောက်ကိုရီးယားပြည်သူ များသည် သူတို့၏ ခေါင်းဆောင် ကင်အီဆွန်းအားကိုရီးယားနိုင်ငံကို ဖက်စစ်ဂျပန်လက်အောက်မှ လွတ်လပ်ရေးအရယူပေးနိုင်ခဲ့ရုံ မျှမက ကျူးကျော်လာသော အမေရိကန်လက်အောက်မှ ကာကွယ် ပေးခဲ့သည်ဟု ယုံကြည်ထားကြ သည်။ ကိုရီးယားစစ်ပွဲတွင် မြောက်ပိုင်းကနိုင်ခဲ့ပြီး ကိုရီးယား တောင်ပိုင်းသည် အမေရိကန်၏ ကိုလိုနီတစ်ခုအဖြစ် ကျန်ခဲ့ကာ လွတ်လပ်ရေးအတွက် ဆက် လက်တိုက်ပွဲဝင်ရန် လိုအပ်သည် ဟု ငယ်ငယ်ကတည်းက ၀ါဒဖြန့် ခြင်းခံခဲ့ရသည်။ မြောက်ကိုရီး ယားပြည်သူများအတွက် အသိ ပညာနှင့် ပတ်သက်၍ ပိုမိုအထိနာ စေခဲ့သည်မှာ နိုင်ငံတကာ၏ ပိတ် ဆို့မှုခံထားရခြင်း ဖြစ်သည်။ ပြည် သူအများစုသည် နိုင်ငံတကာနှင့် အဆက်အသွယ်ပြတ်ကာ အစိုးရ ၏ ၀ါဒဖြန့်မှုတစ်ခုတည်းဖြင့် ရပ်တည်နေခဲ့ကြရသည်။ ဆင်းရဲငတ်ပြတ်မှုများ ကြုံတွေ့ရသော်လည်း တရားခံသည် နယ်ချဲ့အမေရိကန် များဟုသာ မှတ်ထင်ထားကြပြီး သူတို့၏ ခေါင်းဆောင် ကင်အီဆွန်းအနေနှင့် မင်းဆက်တစ်ခု တည်ထောင်နိုင်ခဲ့သည့်တိုင် အောင် သြဇာအာဏာကြီးမား သွားခဲ့သည်။ သူ့အနေနှင့် နိုင်ငံ တော်အာဏာကို မြေးအထိဆက် ခံနိုင်အောင် အာဏာလွှဲပေးနိုင်ခဲ့ ခြင်းသည် နိုင်ငံတကာပိတ်ဆို့မှု များကြောင့် မြောက်ကိုရီးယား ပြည်သူများ အသိဉာဏ်နိမ့်ပါး သွားခဲ့ရခြင်းကြောင့် ဖြစ်သည်။
.
နိုင်ငံတကာမီဒီယာများမှ လည်း တံခါးပိတ်စနစ်ကို ကျင့်သုံးသော မြောက်ကိုရီးယားနိုင်ငံကို အတည်ပြုချက်မရသည့် သတင်း ပေါင်းများစွာဖြင့် နိုင်ငံ၏ ပုံရိပ်ကျ ဆင်းအောင် ထိုးနှက်ခဲ့ကြသည်။
.
အမေရိကန်၏ စစ်ရေးဗျူဟာ
------------------------
ဒုတိယကမ္ဘာစစ်အပြီး စစ် ဒဏ်ကို လုံးဝနီးပါးမခံခဲ့ရသော (ပုလဲဆိပ်ကမ်းဗုံးကြဲခံရသည်မှ လွဲ၍) အမေရိကန်နိုင်ငံသည် စစ် ပြီးခေတ်နောက်ပိုင်းတွင် အင်အား ကြီးနိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ သူ့နိုင်ငံသြဇာလွှမ်းမိုးနိုင်ရေးနှင့် ပြိုင်ဘက်ဆိုဗီယက်ပြည်ထောင်စု ကို အနိုင်ရရှိရေးအတွက် နိုင်ငံ တကာတွင် စစ်ရေး၊ နိုင်ငံရေးများ ဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း တွင် ၀င်ရောက်စွက်ဖက်မှုများစွာ ပြုလုပ်ခဲ့သည်။ ကိုရီးယားစစ်ပွဲ သည် အမေရိကန်၏ ဒုတိယကမ္ဘာ စစ်အပြီး ၀င်ရောက်ခဲ့သော ပထမဆုံးစစ်ပွဲဖြစ်သည်။ နောက်ပိုင်း တွင် နိုင်ငံတကာ၏ စစ်ပွဲပေါင်း များစွာ အမေရိကန်မှ ပါဝင်ပတ် သက်ခဲ့သည်။
.
အမေရိကန်၏ စစ်ပွဲများကို အဓိကသုံးသပ်ကြည့်လျှင် နိုင်ငံ ရေးနှင့် စီးပွားရေးအရ အရေးပါ မှု နှစ်ခုပေါ်တွင် အခြေခံသည်။ မွတ်စလင်ဘာသာရေးအစွန်း ရောက်များ၏ နိုင်းအလဲဗင်း (9/11) ခေါ် အမေရိကန်ရှိ နိုင်ငံ တကာ ကုန်သွယ်မှုဗဟိုဌာနကို ခရီးသည်တင်လေယာဉ်များဖြင့် ၂၀၀၁ စက်တင်ဘာလ ၁၁ ရက် တွင် အတိုက်အခိုက်ခံရပြီးနောက် ပိုင်းတွင် ပြည်တွင်းလုံခြုံရေးအ တွက် စစ်ရေးအရအာရုံစိုက်မှုပို များလာခဲ့သော်လည်း အခြေခံမူ ဖြစ်သည့် နိုင်ငံရေးနှင့် စီးပွားရေး စံနှုန်းများဖြင့် တွက်ချက်ပြီးမှသာ စစ်ပွဲများကို ဖန်တီးပါဝင်လေ့ရှိ သည်။
.
၂၀၀၁ ခုနှစ်တွင် အာဖဂန် နစ္စတန်ကို အမေရိကန်မှ ၀င် ရောက်တိုက်ခိုက်မှုသည် နိုင်းအ လဲဗင်းအတွက် လက်စားချေရန် ဖြစ်ခဲ့သော်လည်း ၂၀၀၃ ခုနှစ်တွင် အီရတ်နိုင်ငံကို ကျူးကျော်တိုက် ခိုက်မှုသည် စီးပွားရေးတွက်ကိန်း အဖြစ် ရေနံတွင်းများ လုပ်ကိုင်ခွင့် ရရှိရေးကို ပိုမိုဦးတည်ခဲ့သည်ဟု နိုင်ငံရေးသုံးသပ်သူများက ဖွင့်ဆို ခဲ့ကြသည်။ ထိုအချိန်က အမေရိ ကန်စွပ်စွဲသကဲ့သို့ လူအစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက်များ အီရတ်တွင်ရှိမနေခဲ့ပေ။ သို့သော် လူအစုလိုက် အပြုံလိုက် သေစေနိုင်သည့် အဏုမြူဗုံးပိုင် ဆိုင်ထားသော မြောက်ကိုရီးယား နိုင်ငံကို ခြိမ်းခြောက်ရုံမှလွဲ၍ အမေရိကန်သမ္မတအဆက်ဆက် စစ်ရေးအရအရေးယူရန် လက် ရှောင်ခဲ့ကြသည်။
.
မြောက်ကိုရီးယား၏ မဟာဗျူဟာကျနေရာဒေသ
----------------------------------------
မြောက်ကိုရီးယားသည် တရုတ်နှင့် ဆိုဗီယက်ပြည်ထောင် စု (ယခုရုရှားနိုင်ငံ)အတွက် စစ် ရေးအရ အလွန်အရေးပါသော မဟာဗျူဟာနေရာတစ်ခုစစ်အေး ကာလက ဖြစ်ခဲ့သည်။ မြောက်ကို ရီးယားသည် တရုတ်၊ ဆိုဗီယက် ပြည်ထောင်စုတို့နှင့် နယ်ချင်း ဆက်စပ်နေသဖြင့် အမေရိကန် သာ သိမ်းပိုက်သွားပါက တရုတ် နှင့် ဆိုဗီယက်အတွက် ရန်သူသည် ကိုယ့်အိမ်တံခါးဝသို့ ရောက်လာ သကဲ့သို့ အန္တရာယ်အလွန်များ သော အခြေအနေတွင်ရှိသည်။ ထိုအချိန်က ဆိုဗီယက်ပြည် ထောင်စုမှ မြောက်ကိုရီးယား၏ အဏုမြူလက်နက်အကောင်အ ထည်ဖော်ရေး တောင်းဆိုချက်ကို လူသိရှင်ကြားငြင်းဆိုခဲ့သော် လည်း ငြိမ်းချမ်းစွာအသုံးပြုရေး ခေါင်းစဉ်အောက်တွင် မြောက်ကို ရီးယားအတွက် အဏုမြူဓာတ် ပေါင်းဖိုများ တည်ဆောက်ပေး ခြင်းနှင့် မြောက်ကိုရီးယားသိပ္ပံ ပညာရှင်များကို သင်တန်းပေး ခြင်းများပြုလုပ်ခဲ့သည်။ တရုတ် နိုင်ငံမှလည်း ဆိုဗီယက်ပြည်ထောင်စုနည်းတူ မြောက်ကိုရီးယား၏ အဏုမြူလက်နက်အကောင်အ ထည်ဖော်ရေး စီမံချက်ကို ကန့် ကွက်ခဲ့သည်။
.
သို့သော် ၂၀၀၆ တွင် မြောက်ကိုရီးယားနိုင်ငံမှ ပထမဆုံးအဏု မြူဗုံးကို ဖောက်ခွဲစမ်းသပ်ခဲ့ပြီး ကမ္ဘာကို အဏုမြူဗုံးပိုင်ဆိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း အသိပေး ခဲ့သည်။
.
ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲ
--------------------------
၁၉၉၁ တွင် ဆိုဗီယက်ယူနီ ယံပြိုကွဲပြီးလာချိန်နှင့် တစ်ပြိုင် တည်းလိုလိုအချိန်တွင် တရုတ်နိုင်ငံ၏ ၁၉၇၈ မှစတင်ခဲ့သော ဈေး ကွက်ကို အခြေခံသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အရှိန်ရလာခဲ့ ပြီး ကွန်မြူနစ်စနစ်တစ်ခုလုံး ကမ္ဘာတွင် ကျရှုံးသွားခဲ့သည်။ စစ် အေးတိုက်ပွဲလည်း အလိုလိုပြီးဆုံးသွားပြီး ယခင်က ရန်သူဖြစ်ခဲ့ သော တရုတ်၊ ရုရှားနှင့် အမေရိ ကန်တို့ စစ်ရေးပြိုင်ဆိုင်ရေးထက် စီးပွားရေးပူးပေါင်းဆောင်ရွက် ရေးကို ပိုမိုအလေးထားလာကြ သည်။
.
ထိုအခြေအနေတွင် မြောက် ကိုရီးယား၏ တရုတ်နှင့် ရုရှားအ ပေါ် ပထ၀ီအနေအထားအရ အ ရေးပါမှုသည် လုံးဝအားနည်းသွား ခဲ့သည်။ နောက်ပိုင်းပြုလုပ်ခဲ့ သော အဏုမြူနှင့် တိုက်ချင်းပစ် ဒုံးပျံစမ်းသပ်မှုများကို မဟာမိတ် ဖြစ်ခဲ့သော တရုတ်နှင့် ရုရှားတို့က ပါ တရားဝင်ကန့်ကွက်လာကြပြီး ကုလသမဂ္ဂ၏ ညွှန်ကြားမှုကို လိုက်နာကာ ထိုနိုင်ငံများကပါ စီးပွားရေးအရ ပါဝင်ပိတ်ဆို့လာ ကြတော့သည်။
.
ထိုအချိန်တွင် အဏုမြူလက်နက်ပိုင်ဆိုင်မှုတစ်ခုတည်းသည်သာ မြောက်ကိုရီးယား၏ လက်ရှိအာဏာရ ကင်မျိုးဆက်အတွက် အကာအကွယ်အဖြစ် ကျန်ရစ်ခဲ့ တော့သည်။
.
ငြိမ်းချမ်းရေး၏ လမ်းစ
------------------
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် မည်သူမှ ထင် မှတ်မထားသည့် စီးပွားရေးလုပ် ငန်းရှင် ဒေါ်နယ်ထရန့်သမ္မတအ ဖြစ် ရွေးကောက်ခံခဲ့ရသည်။ ဒေါ်နယ်ထရန့်သည် နိုင်ငံရေး သမားလုံးဝမဟုတ်ဘဲ စီးပွားရေး သမားတစ်ဦး ဖြစ်ပြီး နိုင်ငံအုပ်ချုပ်ရာတွင် နိုင်ငံရေးအရ မအုပ်ချုပ် ဘဲ စီးပွားရေးလုပ်ငန်းသဖွယ် အုပ်ချုပ်ခြင်းကြောင့် နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများ စွာခံနေရသည်။ ထိုအချိန်တွင် ရုရှား၏ အမေရိကန်ရွေးကောက် ပွဲအပေါ် လူမှုကွန်ရက်ကို အသုံးပြုပြီး ဒေါ်နယ်ထရန့်အနိုင်ရရှိရန် ကြိုးပမ်းမှုစွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပြီး အစိုးရမှ စုံစမ်းစစ်ဆေး မှုများ စတင်လုပ်ဆောင်လာ သည်။ ထို့အပြင် Playboy တွင် ၀တ်လစ်စားလစ်သရုပ်ဆောင်သော အမျိုးသမီးတစ်ဦးကို ဒေါ်နယ်ထရန့်၏ ရှေ့နေမှ ဒေါ်လာသိန်းနှင့် ချီပြီးပေးကာ နှုတ်ပိတ်မှု သတင်းများလည်း ထွက်ပေါ်လာသည်။ ထိုအခြေအနေမျိုးတွင် နိုင်ငံရေး အရ အောင်မြင်မှုတစ်ခုခုနှင့် ထိုကိစ္စများကို လွှမ်းမိုးရန် အရေးတကြီးလိုအပ်လာချိန် ဖြစ်သည်။ အမေရိကန်၏ ခေတ်အဆက်ဆက် သမ္မတများအာဏာရှင်အဖြစ် သတ်မှတ်ခဲ့ကာ ဆက်ဆံမှုမပြုခဲ့သည့် မြောက်ကိုရီးယားရှိ ကင်မျိုးဆက်နှင့် အဏုမြူလက် နက်များဖြင့် ကမ္ဘာပေါ်ခြိမ်းခြောက်မှုများသည် ပြည်တွင်းတွင် ပေါ် ပေါက်နေသော အခက်အခဲများ အတွက် ထွက်ပေါက်အခွင့်အ လမ်းများအဖြစ် ဒေါ်နယ်ထရန့် ရှုမြင်ခဲ့သည်။
.
မြောက်ကိုရီးယား၏ လက်ရှိခေါင်းဆောင် ကင်ဂျုံအန်အနေ နှင့် တိုင်းပြည်ခေါင်းဆောင်အဖြစ် တင်မြှောက်ခံရချိန် ၂၀၁၁ တွင် အသက် (၂၈) နှစ်သာရှိသေး သည်။ ဆွစ်ဇာလန်နိုင်ငံတွင် ပညာသင်ကြားခဲ့သူ ကင်ဂျုံအန်ကို လူငယ်တစ်ဦးအဖြစ် နိုင်ငံကို ပိုင်နိုင်စွာ အုပ်ချုပ်နိုင်မည်မဟုတ်ဟု နိုင်ငံရေးအကဲခတ်သူများက ရှု မြင်ခဲ့ကြသော်လည်း နောက်ပိုင်း တွင် သူ၏ အဘိုးနှင့် အဖေထက် နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူ ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြ သည်။ သူ၏ လက်ထက်တွင် အာ ကာသအတွင်းသို့ ဂြိုဟ်တုတစ် စင်းကို ၂၀၁၆ တွင် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီး အဏုမြူစမ်း သပ်မှုကို နှစ်ကြိမ်တိုင်တိုင်ပြုလုပ် ကာ ကမ္ဘာကို ခြိမ်းခြောက်ခဲ့သည်။ကင်အတွက် အဓိကလိုအပ်ချက် မှာ သူ့အား မြောက်ကိုရီးယား ခေါင်းဆောင်အဖြစ် ကမ္ဘာမှ တရားဝင်အသိအမှတ်ပြုရေးနှင့် နိုင်ငံတကာပိတ်ဆို့မှုများ ဖျက် သိမ်းပေးရေး ဖြစ်သည်။
.
ရန်သူတို့ လက်ဆွဲနှုတ်ဆက်ချိန်
---------------------------
ထိုအချိန်တွင် တစ်ကမ္ဘာလုံး ထင်မှတ်မထားသော သတင်း တစ်ပုဒ်ထွက်ပေါ်လာခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် တောင်နှင့် မြောက် နှစ်နိုင်ငံခြားထားသော စစ်မဲ့ဇုန်ကို ဧပြီလ ၂၇ ရက်တွင် ဖြတ်ကျော်ပြီး တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်နှင့် လာ ရောက်တွေ့ဆုံခဲ့သည်။ တောင် နှင့် မြောက်နယ်စပ်တွင် ကင်နှင့် မွန်တို့ လက်ဆွဲနှုတ်ဆက်ချိန်မှ အစပြု၍ ကိုရီးယားကျွန်းဆွယ် တစ်ခုလုံး ထာဝရငြိမ်းချမ်းရေးအ တွက် အလင်းရောင်သန်းပြီဖြစ် ကြောင်း မျှော်လင့်ခဲ့ကြသည်။ ထိုသို့တွေ့ဆုံအပြီး မကြာမီတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်း ဆောင်တို့ တွေ့ဆုံမည့် သတင်း ထွက်ပေါ်လာခဲ့သည်။
.
နောက်ဆုံးတွင် ထိုသတင်း သည် အမှန်တကယ်အကောင်အ ထည်ပေါ်လာခဲ့ပြီး ၂၀၁၈ ဇွန်လ ၁၂ ရက်တွင် အမေရိကန်သမ္မတ နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံးအကြိမ်အဖြစ် စင် ကာပူနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်။ထိုသို့ ကမ္ဘာ့ရန်များအဖြစ် အချင်းချင်းရက်ရက်စက်စက် သတ်ဖြတ်စစ်ပြုခဲ့ကြပြီး နှစ်ပေါင်းဆယ်စုနှစ်များစွာရန်လိုခဲ့ကြသူ များပင်လျှင် တစ်ယောက်နှင့် တစ်ယောက်ချစ်ခင်စွာ လက်ဆွဲနှုတ် ဆက်နိုင်ကြချိန်တွင် မြန်မာပြည်ရှိ လက်နက်ကိုင်အင်အားစုများ သည်လည်း မိမိတို့ ကိုယ်ကျိုးစီး ပွားများကို ဘေးဖယ်ကာ ထာဝရ ငြိမ်းချမ်းရေးအတွက် ရှေးရှုနိုင်ကြ ပါစေဟူ၍။။
.(7 Day Daily, 17 Jun 2018)