Thursday, 30 April 2020

အချစ်ကပ်ဆိုး

ငါတို့ရဲ့အပြုံးတွေကြားမှာ
မျက်နှာဖုံးတစ်ခုကာထားပါ။

လက်ချင်းဆွဲကာ နုပ်ဆက်ချင်ပေမယ့်
ငါအနားကခွာ ထွက်သွား‌ပေးပါ။

လွတ်လပ်စွာ သွားခဲ့တဲ့နေရာတွေ
ကမ္ဘာမြေမှာ မရှိတော့တဲ့ အခါ။

နှလုံးသားတွေကို ပိတ်လှောင်
ဒီ အမှောင်ကမ္ဘာထဲကလွတ်ဖို့
မင်းနဲ့ငါ
ခပ်ခွာခွာ နေကြစို့ နော်။

30/04/2020