Tuesday, 10 February 2015

Seoul Tower မှ

အချစ်​က
အရာရာကို ​ဆောင်​ကျဉ်း
ဒီမြို့ (Seoul, Korea) ရဲ့
အမြင့်​ဆုံး တစ်​​နေရာမှာ
ကမ္ဗည်းကို ထွင်း။

(၂၄ ​အောက်​တိုဘာ ၂၀၁၁ N Seoul Tower ​ပေါ်အ​ရောက် အမှတ်တရေ​ရးဖြစ်​ခဲ့တဲ့ ကဗျာ တစ်​ပုဒ်​ပါ။)




ကားပေါ် "ခဏ" ရောက်သွားတဲ့သူ

ငယ်​ငယ်​က ဖတ်​ခဲ့ဖူးတဲ့ "သာဓုလူပါးဝတယ်​" စာအုပ်​ ထဲက "ကား​ပေါ်​ရောက်​ သွားတဲ့သူ" ဆိုတဲ့ စာတစ်​ပုဒ်​ ကိုပြန်​သတိရမိတယ်​။ အဲ့ဒီအထဲမှာ ကားစီးနိုင်​တဲ့သူ​တွေကို အမြဲ​ဝေဖန်​တတ်​တဲ့ လူတစ်​​ယောက်​ အ​ကြောင်း​ရေးထားတယ်​။ တစ်​​နေ့ သာဓုနဲ့ အဲ့ဒီလူတို့ အတူတူ သာဓုကားနဲ့ သွား​နေတုန်း ​လှည်း ​မောင်းတဲ့သူက ကုန်းဆင်းမှာ အရှိန်​မထိန်းနိုင်​ဘဲ လိမ့်​ကျလာလို့ သာဓုရဲ့ကားကို ၀င်​တိုက်​တယ်​။ အဲ့ဒီ့အချိန်​မှာ ကား​ပေါ်မှာပါလာတဲ့ ကားစီးတဲ့သူ​တွေကို အမြဲ ကဲ့ရဲ့တဲ့သူက ဆင်းပြီး ဆဲပါ​လေ​ရော။ သာဓုက ဒါကိုမြင်​တဲ့အခါမှာ သူလဲကား​ပေါ်​ရောက်​သွားပြီ​ကော ဆိုပြီး မှတ်​ချက်​ချခဲ့ဖူးတယ်​။

နှစ်​​ပေါင်းများစွာ တိုင်းပြည်​ကို မတရားအုပ်​ချုပ်​ခဲ့တဲ့ သူ​တွေကို တအားမုန်းပါသည်​။ အထူးသဖြင့်​ ​နေရာတကာ အခွင့်​အ​ရေး​ပေါင်းစုံယူကြပြီး တိုင်းပြည်​၏ ပညာ​ရေး နှင့်​ စီးပွား​ရေး ကို စနစ်​တကျ ဖျက်​စီးပြီး လူငယ်​များ၏ အနာဂတ်​ များကို ပျက်​သုန်း​အောင်​လုပ်​ခဲ့ တဲ့ အစိုးရနှင့်​ ထိပ်​ပိုင်းကအစ ​လဒ်​​ပေးလဒ်​ယူ လုပ်​​သော ​အောက်​​ခြေ၀န်​ထမ်းများ အထိ အားလုံးကို မုန်းပါသည်​။

အထူးသဖြင့်​ ဘယ်​အချိန်​မှာ အမုန်းဆုံးလဲ ဆိုရင်​ VIP ဆိုပြီး လမ်းမှာ ​မော်​​တော်​ပီကယ်​ ကားများ တစ်​၀ီဝီ နှင့်​ သွားလာ​နေကြ​သော ပုဂ္ဂိုလ်​များကို လမ်း​ဘေး ကားရပ်​ရပ်​​ပေး ရတိုင်း ဆဲမိပါသည်​။
ဒီလိုနှင့်​ စင်​ကာပူ​ရောက်​ပြီး ၁၀ နှစ်​အကြာမှာ စီးပွား​ရေး အကြံ​ပေး လုပ်​ငန်းတစ်​ခုကို စတင်​ခဲ့ပြီး မြန်​မာပြည်​ ပြန်​​ရောက်​ ဖြစ်​တဲ့ အချိန်​က အဖြစ်​အပျက်​ က​လေးတစ်​ခုပါ။ အဲ့ဒီ့အချိန်​မှာ မြန်​မာပြည်​ကရှိတဲ့ လုပ်​ငန်း​တော်​​တော်​ များများကို နိုင်​ငံတကာ ဘဏ်​​တွေက ​ငွေစာရင်းများပိတ်​ပစ်​ချိန်​။ အဲ့ဒီ့အချိန်​မှာ အ​ရေးကြီးလို့ ဆိုပြီး လုပ်​ငန်းရှင်​ကြီး တစ်​ဦးက ​တွေ့ချင်​တယ်​ ဆိုပြီး ကားလွတ်​လိုက်​​တယ်​ ပြောလို့ ​စောင့်​​နေမိတယ်​။

အဲ့ဒီ့​ ​ခေတ်​က ကား​ဈေးအလွန်​ကြီးပြီး ကားရှားတဲ့ အချိန်​။ လာကြိုတဲ့ ကား​ကို​တွေ့လိုက်​​တော့ အ​တော်​ အံ့အားသင့်​ သွားမိတယ်​။ ကာကီ​ရောင်​ ပရာဒို။ ကားနံပတ်​မှာ ကြယ်​ တံဆိပ်​ နဲ့။

လမ်းမှာ ယာဉ်​​မောင်းက ​မောင်း​နေကြ အတိုင်း မီးကြီးထိုးပြီး ​မောင်းတယ်​။ ​တွေ့တဲ့ ကား​တွေက ​ဘေးထိုးရပ်​ကြတယ်​။ မီးပိုင့်​ မီးနီလဲ မရပ်​ဘူး။ ယာဉ်​ထိန်းရဲက ကမန်းကတန်း ကား​တွေကို တား​ပေးရတယ်​။

ကားထဲမှာ အငြိမ့်​သား ထိုင်​လိုက်​ လာရင်း "ငါ ​တော်​​တော်​ အ​ရေးပါတဲ့ သူတစ်​​ယောက်​ပါလား လို့ မြင်​လာတယ်​။ တိုင်းပြည်​ရဲ့ စီးပွား​ရေး လဲ ငါကယ်​တင်​မှ ဖြစ်​​တော့မယ်​ ဆိုတဲ့ အ​တွေး​တွေ ၀င်​လာတယ်​။ " ကိုယ့်​အ​တွေးနဲ့ကိုယ်​ ပီတိဖြစ်​​နေတုန်း ကားက၀ုန်းဆို ဘရိတ်​အုပ်​ ပြီးထိုးရပ်​လိုက်​​တော့ ကမန်းကတန်း ​ရှေ့ခုံကို ဆွဲကိုင်​လိုက်​ရတယ်​။

Taxi အငှါးယာဉ်​ တစ်​စီး က ရဲတားထားတာကို မမြင်​ဘဲ မီးပွိုင့်​ မှာ မီးစိမ်းလို့ အထွက်​မှာ ကျွန်​​တော်​စီးလာတဲ့ ကားနဲ့ တိုက်​မိမလို ဖြစ်​သွားတယ်​။ ရဲက အငှါးကားကို ဖမ်းတားလိုက်​တယ်​။

ကျွန်​​တော်​လဲ့ ​ဒေါသ​ထောင်း ကနဲဖြစ်​သွားပြီး "ဘယ်​လို​မောင်း​နေတာလဲကွ" ဆိုပြီး လှမ်း​အော်​လိုက်​မိတယ်​။ ယာဉ်​ထိန်းရဲ တစ်​​ယောက်​က ကားနားကို ​အ​ပြေး​ရောက်​လာပြီး "အဘ၊ Taxi သမားကို ဘာလုပ်​လိုက်​ ရမလဲ။" ဆိုပြီး ​ကြောက်​လန့်​တကြား လှမ်း​မေးတယ်​။

ဒီ​နေရာမှာ တကယ့်​ "အဘ" ​တွေဆို ဘာလုပ်​မယ်​မသိ။ ကျွန်​​တော်​က​တော့ ​ဒေါသ အလွန်​ထွက်​​နေပြီ။ ဒီလိုအ​ရေးတကြီး သွားလာ​နေတဲ့သူကို လမ်း​ပေးရမယ်​ဆိုတာ နားမလယ်​ကြဘူးလား ဆိုပြီး။ ဒီလိုကားမျိုးကို လမ်းမ​ပေး​တဲ့ ​ကောင်​​တော့ ငါလုပ်​လိုက်​ရ ဆိုပြီး ကြုံးဝါး​နေမိသည်​။

သိပ်​မကြာပါဘူး ဒီလိုကားမျိုး​တွေကို ​တွေ့တိုင်း ငါကိုယ်​တိုင်​ ဆဲမိ​နေကြဆိုတာ ပြန်​ပြီး သတိလယ်​လာမိတယ်​။ တကယ်​ဆို Taxi အမှားမဟုတ်​။ မီးနီကို အတင်း ​မောင်းထွက်​တဲ့ ကားရဲ့ အမှား ဖြစ်​သည်​။
တစ်​ချိန်​ထဲမှာ ဒီလိုကားမျိုး​ပေါ်မှာ ခနတာ ထိုင်​ခွင့်​ရလိုက်​ချိန်​တွင်​ ​ပြောင်းလဲသွား​သော စိတ်​ကို ​ကြောက်​လန့်​တကြား ဖြစ်​မိလိုက်​သည်​။ ငါလို ခနသာ ထိုင်​ခွင့်​ရလိုက်​ချိန်​မှာ ဒီ​လောက်​ အ​ရေးပါလိုစိတ်​၊ အနိုင်​ယူလိုစိတ်​ ​တွေဖြစ်​မိရင်​ အကြာကြီး ထိုင်​ခွင့်​ရသူ​တွေ ဆိုဘယ်​လို လုပ်​မလဲ။ ဒီလို ဇိမ်​ကျကျ လုပ်​ချင်​ရာလုပ်​လို့ ရတဲ့ ဘ၀ကို အမြဲလိုလို ရနိုင်​ဖို့ တရား​သောနည်းဖြစ်​ဖြစ်​ မတရား​သောနည်းဖြစ်​ဖြစ်​ ရနိုင်​သမျှ ကြိုးစား​တော့​ပေမည်​။

ဒီအချိန်​မှာ ​ကြောက်​​ကြောက်​နဲ့ ကြည့်​ပြီး အမိန့်​ကို ​စောင့်​​နေ​သော ယာဉ်​ထိန်းရဲကို လှမ်း​ပြောလိုက်​တယ်​။ Taxi ကိုသွားခိုင်းလိုက်​ပါ လို့။ ယာဉ်​ထိန်းရဲ လဲခပ်​​ကြောင်​​ကြောင်​မျက်​နှာဖြင့်​ ထွက်​သွား တယ်​။

ပြီး​တော့ ယာဉ်​​မောင်းကို ဆက်​​မောင်းဖို့ ​ပြောလိုက်​တယ်​။ ဒီအချိန်​မှာ ​နောက်​ကြည့်​မှန်​ထဲက သူ့ရဲ့ မျက်​လုံး​တွေကို ​တွေ့လိုက်​ရတယ်​။ အဓိပ္ပါယ်​က "မင်းလို လူမျိုး​တွေ ရိုး​နေပါပြီ။" လို့။


(စိတ်​ကူးယာဉ်​ ဇာတ်​လမ်း တစ်​ခုဖြစ်​ပြီး တကယ့်​ အဖြစ်​အပျက်​ မဟုတ်​ပါ။)