လေလွင့်မျောပါ
ရော်ရွက်ဝါလို
မြေသို့သက်ဆင်း
လွတ်မြောက်ခြင်းဖြင့်။
အသိုက်အုံကင်း
ငှက်ရဲမင်းလို
လေကိုဆန်ရင်း
ရဲ့ရင့်ခြင်းဖြင့်။
ငှက်ရဲမင်းလို
လေကိုဆန်ရင်း
ရဲ့ရင့်ခြင်းဖြင့်။
မြင့်မြင့်မားမား
ကျောက်ဆောင်များလို
မြေပေါ်ရပ်ရင်း
ခိုင်မာခြင်းဖြင့်။
ကျောက်ဆောင်များလို
မြေပေါ်ရပ်ရင်း
ခိုင်မာခြင်းဖြင့်။
စိမ်းစိမ်းလန်းလန်း
သစ်တောတန်းလို
မြေမှာတည်ရင်း
အေးမြခြင်းဖြင့်။
သစ်တောတန်းလို
မြေမှာတည်ရင်း
အေးမြခြင်းဖြင့်။
(လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က မိဘရဲ့ ချုပ်ထိန်းမှုအောက်မှာ ဖောက်ထွက်ခြင်တဲ့ ဆန္ဒ တစ်ခုကို ကဗျာတစ်ပုဒ် ရေးမိခဲ့တာကို ပြန်သတိတရ အတော်စဉ်းစားပြီး ပြန်ရေးမိပါတယ်။ ဆန္ဒ ဆိုတာ ဘယ်အရွယ်ရောက်ရောက် တစ်ထပ်ထဲပါ။)
No comments:
Post a Comment