ကြီးမြတ်သောခေါင်းဆောင်ကြီး (၁)
မြောက်ကိုရီးယား နိုင်ငံသည် ကမ္ဘာတွင် နောက်ဆုံး အနည်းငယ်မျှ ကျန်ရှိ့ ခဲ့သည့် ကွန်မြူနစ်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ ကွန်မြူနစ်နိုင်ငံတို့၏ မြစ်ဖြားခံရာ ရှရု (ဆိုဗီယက်) နှင့် တရုတ် နိုင်ငံများပင် ကွန်မြူနစ် စံနစ်ကို စွန့်လွတ်၍ သူတို့စွဲမြဲစွာ တိုက်ခိုက် ခဲ့သော အရင်းရှင် စံနစ်ကို ကူးပြောင်းသွားကြပြီ ဖြစ်သည်။ သို့သော် မြောက်ကိုရီယား နိုင်ငံသည် ကွန်မြူနစ် စံနစ်ကို အောင်မြင်စွာ လက်ကိုင်ထားဆဲဖြစ်သည်။
ကွန်မြူနစ် စံနစ်တွင် ဘာသာတရား ကိုလက်မခံသည့်အတိုင်း မြောက်ကိုရီးယား တွင် မည်သည့်ဘာသာကိုမှ ကိုးကွယ်ခွင့်မပြု။ လူတိုင်းကိုးကွယ်ရမည့် ဘာသာတစ်ခုပဲရှိ့သည်။ "ချုချီ" (Juche) ခေါ် ကိုယ့်အားကိုယ်ကိုး စံနစ်ဖြစ်သည်။ ထိုစံနစ်ကို ဖော်ဆောင်ပေး ခဲ့သူမှာ "ကြီးမြတ်သော ခေါင်းဆောင်ကြီး" ကင်ယူဆွန်း ဖြစ်သည်။
မြောက်ကိုရီးယား ပြက္ခဒိန် သည် ခရစ်နှစ်ကို လက်မခံ။ မြောက်ကိုရီးယား နိုင်ငံ၏ နှစ် အစသည် ခေါင်းဆောင်ကြီး ကင်ယူဆွန်း မွေးနေ့ဖြစ်သည်။
ဤသို့ဖြင့် ကင်ယူဆွန်း မွေးဖွားခဲ့သော ၁၉၁၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ကို မြောက်ကိုရီးယား နိုင်ငံ စတင်ခဲ့သော "ချုချီ" ပထမနှစ်အဖြစ် သတ်မှတ်လိုက်တော့သည်။
×××××
အမေရိကန် နှင့် မြောက်ကိုရီယား စတင်ဖြစ်ပွားခဲ့ သောစစ်ပွဲသည် ဒုတိယ ကမ္ဘာစစ် အပြီး ၁၉၅၀ ကိုရီးယားစစ်ပွဲ တင် စတင်ခဲ့ခြင်း မဟုတ်ပေ။ ၁၈၆၆ တွင် အမေရိကန် သင်္ဘော တစ်စီး ပြုံယန်းမြို့ကို စတင်ဝင်ရောက်ဖို့ ကြိုးစားခြင်းဖြင့် ကိုရီးယား အမေရိကန် ဆက်ဆံရေး စတင်ခဲ့သည်။
အမေရိကန်ပိုင် "ဗိုလ်ချုပ် ရှာမန်" (General Sherman) သင်္ဘော သည် အမေရိကန်ပြည်တွင်းစစ် အတွင်း သုံးခဲ့သော စစ်သင်္ဘော တစ်စီးဖြစ်သည်။ နောက်ပိုင်းတွင် ကုန်တင်သင်္ဘော တစ်ခုအဖြစ် ပြောင်းလဲ အသုံးပြုပြီး အာရှတွင် ကုန်သွယ်ရန် ကြိုးပမ်းခဲ့သည် ဟုဆိုသည်။ ထိုအချက်ကို မြောက်ကိုရီယား မှ အသိအမှတ် မပြုပေ။ အမေရိကန် တို့ ထိုစဉ်ကထဲကပင် ကိုရီးယားကို နယ်ချယ်ရန် ကြံစည်ခဲ့သည်ဟု ဆိုသည်။
အမေရိကန် သင်္ဘော သည် တရုတ်ပြည်မှ တဆင့် ကိုရီးယား ကမ်းခြေကို Aug 16 ရက်နေ့ ၁၈၆၆ တွင် ဆိုက်ရောက်ခဲ့သည်။ ကိုရီးယားတို့က ကုန်သွယ်မှုကို စိတ်မ၀င်စားကြောင်း သို့သော်လဲ သင်္ဘော ပေါ်သို့ အစားအစာ ရေနှင့် လိုအပ်သည်များကို ပံ့ပိုး ပေးမည်ဟု အကြောင်းပြန်ခဲ့သည်။ သင်္ဘော ကပိတိန် ကို စောင့်စားရန် အကြောင်းပြန် ခဲ့သော်လဲ နားမထောင်ပဲ ပြုံယန်းမြို့ အရောက် ဆက်ထွက် ခဲ့သည်။ နောက်ဆုံး လက်နက်အပြည့်အစုံ တပ်ဆင်လာသော အမေရိကန် သင်္ဘော ကို ကိုရီးယားမျိုးချစ်များက မီးရှိ့ဖြတ်ဆီး ပြစ်လိုက်နိုင်ခဲ့သည်။
အထူးခြားဆုံး အဖြစ်အပျက်မှာ ထိုသင်္ဘောကို မီးရျို့ဖြတ်ဆီး ခဲ့သော မျိုးချစ် ခေါင်းဆောင်သည် ကြီးမြတ်သော ခေါင်းဆောင်ကြီး ကင်ယူဆွန်း ၏ အဘေး (အဖိုး၏ အဖေ) "ကင်အန်ယူ" Kim Ung U ဖြစ်နေခြင်း ဖြစ်သည်။ ထို အကြောင်းအရာကို ၁၉၆၀ ကြမှ မြောက်ကိုရီးယား သမိုင်း ပညာရှင်များ ရှာဖွေ တွေ့ရှိ့ ဖော်ထုပ် နိုင်ခဲ့ ကြသည်။
××××
နိုင်ငံတကာ ကုန်စည်ပြပွဲ အသွား လမ်းတွင် ရင်(မ်) က သူတို့၏ ကြီးမြတ်လှစွာသော ခေါင်းဆောင်ကြီး အကြောင်းကို ပြောပြ နေသည်။
မြောက်ကိုရီယား မလာခင် သူတို့နိုင်ငံနှင် ပတ်သတ်သော အကြောင်းအရာ များကို လေ့လာထားမိသည်။ အနောက်နိုင်ငံ နှင့် တောင်ကိုရီယား တွင် ကင်ယူဆွန်း သည် စစ်သွေးကြွ သောင်းကျန်သူတစ်ဦး၊ လူပေါင်း သန်းနဲ့ချီပြီး သေဆုံးခဲ့သော ကိုရီးယား စစ်ပွဲကို စတင်ခဲ့သူ တစ်ဦး အနေဖြင့် ချယ်မှုန်း ခဲ့ကြသည်။
မြောက်ကိုရီယား တွင် ကင်ယူဆွန်း သည် တိုင်းပြည်ကို ဂျပန်လက်မှ ကယ်တင်ခဲ့သော သူရဲကောင်းတစ်ဦး ဖြစ်သည်။ တောင် နဲ့ မြောက် နှစ်နိုင်ငံ ပေါင်းစည်းဖို့ ရန် ကြိုးစားခဲ့စဉ် နယ်ချဲ့ အမေရိကန်တို့ ၏ လက်ချက်ဖြင့် ကိုရီးယား တောင်ပိုင်း ကို အမေရိကန်တို့ သိမ်းယူ ကျွန်ပြု ထားသည်ဟု နိုင်ငံသား အများစုက တွေးမြင်နေကြသည်။ ရှိ့သမျှ စာအုပ်စာတမ်းများ ကလည်း ထိုသို့ ရေးထားကြသည်။ ကျောင်းတွင် ဤအတိုင်း သင်ကြားခဲ့ရပြီး ရှိ့သမျှ သတင်းစာများတွင် နယ်ချဲ့ အမေရိကန် မကောင်းကြောင်း နှင့် နယ်ချဲ့လက်ပါးစေ တောင်ကိုရီယား ကို ဘယ်သို့ ကယ်တင်မည် ဆိုသည်ကို ၀ါဒဖြန့်ထားသည်။
နိုင်ငံတကာမှ ပိတ်ဆို့ထားသော ကိုယ့်ဘာသာကိုယ် လည်း ပိတ်ဆို့ထားပြီး အင်တာနက် မရှိ့၊ နိုင်ငံတကာကို စာရေးဆက်သွယ်ခွင့် ဖုန်းဆက်ခွင့် မရှိ့၊ နိုင်ငံတကာ စာအုပ်စာတမ်းတွေ ကို ဖတ်ရှု ခွင့် မရကြသော နိုင်ငံသားများ သည် သူတို့ အစိုးရ၏ ယုံကြည်စေရာကို ယုံကြည်ကြခြင်းသည် သဘာဝကျသည်။ သဘာဝမကျ သည်မှာ ကျွန်တော်။ ရင်(မ်) ကို ဒီလို ဘ၀ထဲမှ ကယ်ထုပ်သွားလိုသည်။ ဤသို့ဖြင့် အန္တရာယ် အလွန်များသော ကိစ္စတစ်ခုကို စတင်လိုက်မိသည်။
(လူပေါင်းများစွာ အသုံးပြုပြီး ပြသသော Arirang Show မှ ခေါင်းဆောင် ၂ ဦးကို ဂုဏ်ပြုစဉ်)
(ပြုံယန်း ဘူတာရုံ ။ အစိုးရ အဆောက်အအုံ တိုင်းတွင် ခေါင်းဆောင် ၂ ဦးပုံ ချိတ်ဆွဲထားရ၏။)
(Mansudae ရှိ့ ခေါင်းဆောင် ၂ ဦး၏ ရုပ်ထု။)
(အဆောက်အဦး များအတွင်းတွင် ခေါင်းဆောင် ၂ ဦး၏ ပန်းချီကား တစ်ချပ် အနည်းဆုံး ရှိ့သည်။)
(ရုံးခန်းတိုင်းတွင် ခေါင်းဆောင် ၂ ဦး၏ ဓာတ်ပုံ ချိတ်ဆွဲ ထားသည်။)
(လမ်းတိုင်းတွင် ဤသို့ ဂုဏ်ပြုထား၏။)
No comments:
Post a Comment