တစ်ရက်နိုင်ငံအတော်များများတွင် ရုံးခွဲများဖွင့်လှစ်ထားသော ဥရောပအခြေစိုက်ကုမ္ပဏီတစ်ခုမှ အမှုဆောင်အရာရှိချုပ် တစ်ယောက်နှင့် စင်ကာပူတွင် ညစာစားဖြစ်လေသည်။ ညစာစားရင်း မြန်မာပြည်သည် နောင်တွင်သူတို့ ကုမ္ပဏီအတွက် အရေးပါသော ဈေးကွက်ဖြစ်လာမည်ဖြစ်သောကြောင့် စိတ်ဝင်စားကြောင်း ပြောကြားသည်။ မကြာခင် သူမြန်မာပြည်သို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ ၀န်ကြီးအဆင့်အစိုးရအရာရှိများနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပြောပြီး ကျွန်တော့်အား စီစဉ်ခိုင်းသည်။ ထိုအချိန်က သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်။ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရန် စီစဉ်ဖို့ အခက်အခဲမရှိသော်လည်း အစိုးရအရာရှိများဖြင့် တွေ့ဆုံရာတွင်မူ စရိတ်စကများရှိသည်။ သမ္မတကိုယ်တိုင် ကျပ်ငွေသုံးသိန်းအောက် လက်ဆောင်များကို တရားဝင်လက်ခံခွင့်ပေးထားသည့်အချိန် ဖြစ်သည်။ အမှုဆောင်အရာရှိချုပ်အား ထိုကိစ္စကို ရှင်းပြရာ သူတို့ကုမ္ပဏီသည် ဥရောပတွင် လာဘ်ပေးလာဘ်ယူကင်းစင်ရေးအတွက် ရှေ့ဆောင်ပါဝင်ထားသော ကုမ္ပဏီဖြစ်သဖြင့် အစိုးရဌာနများသို့ လက်ဆောင်များပေး၍ မရကြောင်းပြောသည်။ သို့သော် နိုင်ငံတစ်နိုင်ငံချင်းစီ၏ အလေ့အထများကို သူတို့ကုမ္ပဏီက အလေးထားကြောင်းလည်း ပြောသည်။ သို့ဖြင့် သူ့အား ကျွန်တော့်ကို ပေးရမည့် အတိုင်ပင်ခံအကြံပေးခကို ထပ်တိုးဖို့တော့ လိုလိမ့်မည်ဖြစ်ကြောင်း ပြောလိုက်ရာ သူက ဘာမှထပ်မပြောဘဲ သဘောတူကြောင်း ပြောသည်။ ရောမရောက်လျှင် ရောမလိုကျင့်ရတာပေါ့ဟု ပြောလိုက်ပြီး ရယ်ရင်းမောရင်းဖြင့် ညစာစားပွဲကို အဆုံးသတ်လိုက်ကြသည်။ ထို့နောက် လိုအပ်သော အစီအစဉ်များကို စီစဉ်ပေးလိုက်သည်။ ထိုကုမ္ပဏီအနေဖြင့်လည်း စီးပွားရေးအကြံပေး အခကြေးငွေအဖြစ် စာရင်းသွင်းကာ ပြေလည်သွားသည်။
နဂါးကြီး၏ ခြေဆန့်မှု
ဥရောပနှင့် အမေရိကရှိ နိုင်ငံများမှ ကုမ္ပဏီများသည် စီးပွား ရေးလုပ်ရာတွင် လူ့အခွင့်အရေး၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်း ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူးအလေး ထားကာ ဂရုစိုက်ကြသည်။ သူတို့ နိုင်ငံများမှ အစိုးရများသည်လည်း ထိုအချက်အလက်များကို ချိုး ဖောက်သော ကုမ္ပဏီများကို ပြင်း ပြင်းထန်ထန်အရေးယူဆောင် ရွက်လေ့ရှိသည်။ ထိုအချိန်တွင် နဂါးကြီးဟု တင်စားထားသော တရုတ်ပြည်၏ စီးပွားရေးတစ်မု ဟုတ်ချင်းတိုးတက်လာသည်။ စီး ပွားရေးတိုးတက်လာသည်နှင့်အ မျှ တရုတ်ကုမ္ပဏီများသည် သူတို့ ၏ စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာသို့ ချဲ့ထွင်လာကြသည်။ ဥရောပနှင့် အမေရိကရှိ ကုမ္ပဏီ များနှင့် ကွာခြားသည်မှာ တရုတ် ကုမ္ပဏီများသည် အကျိုးအမြတ် တစ်ခုတည်းကိုသာ ကြည့်ရှုသည်။လူ့အခွင့်အရေး၊ လာဘ်ပေး လာဘ်ယူမှုနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးကို လုံးဝဂရု စိုက်ခြင်းမရှိပေ။ တရုတ်ပြည် အစိုးရအနေဖြင့် သူ့ပြည်တွင်းမှာ သာ လာဘ်ပေးလာဘ်ယူကိစ္စများ ကို ပြင်းပြင်းထန်ထန်အရေးယူ သော်လည်း ပြည်ပတွင် မည်သို့ မည်ပုံလုပ်ကိုင်နေသည်ကိုမူ လျစ်လျူရှုထားသည်။ ထို့ကြောင့် တရုတ်ကုမ္ပဏီများသည် သူတို့၏ စီးပွားရေးအင်ပါယာကို လျင်မြန် စွာချဲ့ထွင်လာနိုင်ပြီး ဥရောပနှင့် အမေရိကရှိ ကုမ္ပဏီများ၏ ဈေး ကွက်ကို အချိန်တိုအတွင်း ခြိမ်း ခြောက်လုယူလာနိုင်ခဲ့သည်။မြန်မာနိုင်ငံသည်သိသာ ထင်ရှားသော သာဓကဖြစ်သည်။ နိုင်ငံတကာမှ စီးပွားရေးနှင့် ဘဏ္ဍာရေးပိတ်ဆို့မှုများကို အခွင့်ကောင်းယူကာ တရုတ်ကုမ္ပဏီများ အလုံး အရင်းဖြင့် ၀င်ရောက်လာကာ သယံဇာတတူးဖော်ရေး၊ တရား မ၀င်သစ်ခုတ်ခြင်း၊ သဘာဝပတ် ၀န်းကျင်ထိခိုက်စေမည့် ရေကာ တာဆောက်လုပ်ခြင်းနှင့် အခြား အကျိုးအမြတ်ရှိမည့် လုပ်ငန်းများကို အာဏာပိုင်အဆင့်ဆင့်သို့ လာဘ်ထိုးကာ လုပ်ပိုင်ခွင့်များရ ယူခဲ့ကြသည်။ ထိုအချိန်တွင် ဥရောပနှင့် အမေရိကရှိ ကုမ္ပဏီ များသည် မြန်မာနိုင်ငံနှင့် အလုပ် လုပ်ကိုင်ရန် ရှောင်ရှားခဲ့ကြသည်။ ၈၈ အရေးအခင်းနောက်ပိုင်း မြန် မာနိုင်ငံသို့ အစောဆုံးဝင်ရောက် ခဲ့သည့် Pepsi ၊ Heineken နှင့် Carlsberg ကုမ္ပဏီများသည် နိုင်ငံရေးဖိအားများကြောင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ ကြသည်။
ဦးသိန်းစိန်အစိုးရတက်ပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲမှုများ ကို တွေ့မြင်လာသောအခါ ဥရောပနှင့် အမေရိကမှ ကုမ္ပဏီများ မြန်မာပြည်ကို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြန်လည်စိတ်ဝင်စား လာကြသည်။ သို့သော် ထိုအချိန် က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းထားချိန် မဟုတ်သောကြောင့် ထိုကုမ္ပဏီ များ သတိကြီးစွာထားကြရသည်။
နိုင်ငံဒေသတစ်ခုချင်း၏ အလေ့ အထများ
နိုင်ငံတကာကုမ္ပဏီများ သည် နိုင်ငံတစ်ခုတွင် ရင်းနှီးမြှုပ် နှံမှုပြုလုပ်ရာတွင် နိုင်ငံဒေသတစ် ခုချင်း၏ အလေ့အထများကို အထူးဂရုပြုအာရုံစိုက်ကြသည်။ ကုမ္ပဏီများ၏ အဓိကရည်ရွယ်ချက်သည် သူတို့၏ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများကို နိုင်ငံတကာသို့ ဖြန့်ချိရေး ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် အ မြတ်ငွေအများဆုံးရရှိရေး (Profit Maximization) နှင့် နိုင်ငံတကာ သို့ ပျံ့နှံ့ရောက်ရှိစေရေး (Inter-nationalization) မှစပြီး နောက် ဆုံးအစုရှယ်ယာရှင်များ၏ တန်ဖိုး တိုးမြှင့်ရေးကို အဓိကဦးတည်ကြ သည်။ ထို့ကြောင့် အကျိုးအမြတ် ရနိုင်သည့် နိုင်ငံတိုင်းတွင် ရင်းနှီး မြှုပ်နှံမှုများပြုလုပ်လိုကြသည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းပါးသေး သော မြန်မာနိုင်ငံလို နိုင်ငံများကို အပျိုစင်နိုင်ငံများအဖြစ် ပိုမိုစိတ် ၀င်စားကြသည်။ သို့သော် ထိုသို့ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ထိုကုမ္ပဏီ များ၏ ပင်မလုပ်ငန်းများနှင့် သူ့ နိုင်ငံအစိုးရများ၏ ဒဏ်ခတ်မှုများ ကိုလည်း အထူးဂရုပြုကြရလေ သည်။၂၀၁၂ ခုနှစ်တွင် ဗြိတိသျှ အခြေစိုက် HSBC Bank သည် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ ဒဏ်ခတ်ထားသော အခြားနိုင် ငံများကို ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုများပေးခြင်းကြောင့် အမေရိကန်အစိုးရမှ ဒေါ်လာသန်းတစ်ထောင့်ကိုးရာကျော်ဒဏ်ခတ် ခြင်းကို ခံခဲ့ရသည်။
ထို့ကြောင့် ဥရောပနှင့် အမေရိကတိုက်မှ ကုမ္ပဏီများသည် နိုင် ငံတကာကို ထိုးဖောက်ဝင်ရောက်ရန်အတွက် နိုင်ငံတကာဥပဒေ များကို နားလည်ရုံမျှမက ဒေသ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ၊ အလေ့အထများနား လည်သူများကို အကြံပေးအဖြစ် ခန့်အပ်ကာ ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ကြသည်။
ကျွန်တော်သည် စင်ကာပူ တွင် ၁၀ နှစ်တာမျှ ပညာသင် အလုပ်လုပ်ပြီးနောက် ကိုယ်ပိုင် စီးပွားရေးအကြံပေးလုပ်ငန်းတစ် ခုတည်ထောင်ကာ ၂၀၀၇ တွင် မြန်မာပြည်ပြန်လာပြီး လုပ်ငန်းခွဲတစ် ခုတည်ထောင်ခဲ့သည်။ စင်ကာပူ တွင် ဆယ်စုနှစ်တစ်ခုနေခဲ့ပြီး မြန် မာပြည်ပြန်ကာ လုပ်ငန်းတည် ထောင်ရာတွင် ပြဿနာပေါင်းစုံ ဖြင့် စတင်ကြုံတွေ့ရတော့သည်။ မီးမမှန်သဖြင့် မီးစက်များဝယ်ယူ ရခြင်း၊ အကြိမ်ကြိမ်လာရောက် အလှူခံသော ရပ်ကွက်မှ အဖွဲ့ အစည်းပေါင်းစုံနှင့် ဖုန်းလိုင်းများ ပြတ်တောက်ခြင်းမရှိဘဲ ပုံမှန်လိုင်းကောင်းနေစေရန် စက်ဘီးတစ်စီး နှင့် လှေကားကိုင်ထားသော သူများကို လစဉ်ကြေးများပေးရခြင်းမှစ ပြီး စိတ်ထင်တိုင်းပြောင်းနေသော ဥပဒေများကို ရင်ဆိုင်ရတော့ သည်။ စင်ကာပူတွင် နေခဲ့ရစဉ်က ထိုအဖြစ်အပျက်များ မကြုံတွေ့ခဲ့ ရသဖြင့် စစချင်းတွင် သူ့အရပ်နှင့်သူ့ဇာတ်အတိုင်း မလုပ်ဘဲ တင်းခံခဲ့သည်။ သို့သော် အလုပ်ထိခိုက် လောက်အောင် အခက်အခဲများ ပေါ်လာသောအခါမှ ဒေသအခြေ အနေအပေါ်မူတည်ပြီး အလေ့အ ထများအတိုင်းလုပ်မှသာ အောင် မြင်နိုင်မည်ဆိုသည်ကို သဘော ပေါက်မိသည်။
မြန်မာနိုင်ငံတွင် အကြီးအ ကျယ် ရင်းနှီးမြှုပ်နှံမှုလုပ်နေသည့် စင်ကာပူဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ မြန်မာနိုင်ငံ၏ အထွေထွေမန်နေဂျာတစ်ယောက်နှင့် ဆွေး နွေးပွဲတစ်ခုတွင် ကြုံကြိုက်ခဲ့ရာမှ သူ့အတွေ့အကြုံကို ပြန်လည် ပြောပြခဲ့သည်။ အချိန်နဲ့အမျှ ချက်ချင်းပြောင်းလဲသွားတတ်သော၊ ခု တစ်မျိုးတော်ကြာတစ်မျိုးဖြစ်သွားတတ်သော မြန်မာပြည်ရှိ ဥပဒေ များနှင့် ပတ်သက်ပြီး ပထမပိုင်း တွင် စင်ကာပူမှ အုပ်ချုပ်ရေးအဖွဲ့ က သူ့ကို ဘာကြောင့် ဒီလိုဖြစ်ရ သည်ကို အမြဲဖြေရှင်းချက်တောင်း ကြောင်း၊ နောင်ကြာလာသောအ ခါ သြော်..ဒီလိုတော့ဖြစ်တတ်တာပဲ ဆိုပြီး ပြောင်းလဲတတ်သော ဥပဒေများကို မြန်မာပြည်တွင်း ရင်းနှီး မြှုပ်နှံမှုအတွက် ဖြစ်လာနိုင်သော ဆုံးရှုံးနိုင်မှုများအဖြစ် သတ်မှတ် ကာ အထူးတလည်အံ့သြမှုမပြကြ တော့ကြောင်း ရှင်းပြသည်။
နိုင်ငံခြားပြန်ရောဂါ
မြန်မာပြည်၏ တိုးတက် ပြောင်းလဲလာသော အခြေအနေ များကြောင့် နိုင်ငံရပ်ခြားတွင် နှစ် ပေါင်းများစွာ အလုပ်လုပ်၊ စီးပွား ရေးလုပ်နေကြသော မြန်မာများ မြန်မာပြည်ကို ပြန်လာကြပြီး လုပ်ငန်းများထူထောင်လာကြသည် ကို ပိုမိုတွေ့လာရသည်။ ထိုသို့ ပြန်လာကြသူများတွင် နိုင်ငံတကာ တွင်ရယူခဲ့သော အတွေ့အကြုံ များကို မြန်မာပြည်အခြေအနေ များဖြင့် ပေါင်းစပ်ပြီးလုပ်ငန်းများ ကို အောင်မြင်စွာလုပ်ကိုင်နိုင်သူ များရှိသကဲ့သို့ မြန်မာပြည်အခြေ အနေများကို ကောင်းကောင်းမ သုံးသပ်မိဘဲ နေထိုင်ခဲ့သည့် နိုင်ငံ ရပ်ခြားမှ အခြေအနေများအတိုင်း လုပ်ငန်းများလုပ်ကိုင်ကြည့်ရင်း အဆင်မပြေဖြစ်နေသူများကိုလည်း တွေ့ရသည်။ ထိုသူများသည် မြန်မာပြည်တွင် ဖြစ်ပေါ်နေသည့် အ ကြောင်းအရာအားလုံးကို သူတို့ ကျင်လည်ခဲ့သည့် နိုင်ငံခြားတိုင်း ပြည်များနှင့် စံထိုးကာ ပြစ်တင်ဝေ ဖန်နေကြသည်ကို တွေ့ရသည်။အတွင်းနှင့် အပြင်
စီးပွားရေးလုပ်ငန်းများလုပ် ဆောင်ရာတွင် အဓိကအလေး ထားရမည့် အတွင်း နှစ်ချက်နှင့် အပြင် နှစ်ချက်ရှိသည်။ အတွင်း နှစ်ချက်ဆိုသည်မှာ ကိုယ့်လုပ်ငန်း၏ အားသာချက်များနှင့် အားနည်းချက်များ ဖြစ်သည်။ ကိုယ်ရောင်း ချမည့် ပစ္စည်းနှင့် ၀န်ဆောင်မှု များက ပြိုင်ဘက်များထက် ဈေး သက်သာခြင်း၊ အရည်အသွေး ကောင်းခြင်း၊ ၀န်ထမ်းများအရည် အချင်းပြည့်ဝခြင်းစသည့်အချက် များသည် အားသာချက်များ ဖြစ် သည်။ လုံလောက်သည့် အရင်း အနှီးမရှိခြင်း၊ ကိုယ့်လုပ်ငန်းကို လူသိနည်းခြင်းစသည့် အချက်များသည် အားနည်းချက်များ ဖြစ်သည်။လုပ်ငန်းအောင်မြင်စေရန် အား နည်းချက်များကို ပြုပြင်၍ အား သာချက်များကို ပိုမိုကောင်းမွန် လာအောင် ကြိုးစားရသည်။ထို့အတူ အပြင်နှစ်ချက်ဖြစ် သော အခွင့်အလမ်းများနှင့် အ ခက်အခဲများသည်လည်း လုပ်ငန်းများအောင်မြင်မှုအတွက် အရေး ပါသည်။ မြန်မာပြည်၏ တိုးတက် ပြောင်းလဲလာသော အခြေအနေ များ၊ လူဦးရေ ၅၅ သန်းရှိသော ဈေးကွက်ယှဉ်ပြိုင်စရာ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများ များများစား စားမရှိသေးခြင်း စသည့်အချက် များသည် အခွင့်အလမ်းများဖြစ် ကြပြီး အသားမသေသေးသော အစိုးရသစ်၊ မတည်ငြိမ်သော မူဝါဒများနှင့် အခြေခံအဆောက် အအုံမပြည့်စုံမှုတို့သည် ကြုံတွေ့ ရနိုင်သည့် အခက်အခဲများဖြစ်ကြ သည်။
အတွင်း နှစ်ချက်သည် ကိုယ့်လုပ်ငန်းနှင့် သက်ဆိုင်ပြီး ကိုယ် တိုင်ပြုပြင်ပြောင်းလဲမှုဖြင့် ပိုမို ကောင်းမွန်လာအောင် စွမ်းဆောင်နိုင်သော်လည်း အပြင် နှစ်ချက် သည် ထိန်းချုပ်၍မဖြစ်နိုင်ပေ။ လေ့လာဆန်းစစ်ပြီး အခွင့်အလမ်း များကို အသုံးချကာ အခက်အခဲ များကို ကျော်လွှားနိုင်ရန် စီမံချက် များရေးဆွဲရသည်။ ထိုအချက်များ ကို မှန်မှန်ကန်ကန်မသုံးသပ်နိုင် လျှင် မည်မျှကောင်းမွန်နေသည့် လုပ်ငန်း၊ ၀န်ဆောင်မှုနှင့် ကုန် ပစ္စည်းဖြစ်ပါစေ ဈေးကွက်အ တွင်းမှ ကျရှုံးပျောက်ကွယ်သွား မည် ဖြစ်သည်။
ရောမရောက်လျှင်
ယခုခေတ်သည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူး ဆက်ဆံလျက်ရှိသည်။ ရောမ ရောက်လျှင် ရောမလိုကျင့်ရမည် ဆိုသည့်စကားသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံဓလေ့ထုံးတမ်းယဉ်ကျေးမှုများကို အလေးထားခြင်း ဖြစ် သည်။ ထိုဓလေ့ထုံးတမ်းယဉ် ကျေးမှုများနှင့် ပတ်သက်ပြီး ခရီး သွားလမ်းညွှန်မှစ၍ စီးပွားရေး ဆိုင်ရာ လမ်းညွှန်စာအုပ်များကို နိုင်ငံအလိုက်ထုတ်ပြန်ထားခြင်း များရှိသည်။ အထူးသဖြင့် စီးပွား ရေးလုပ်ငန်းများအနေဖြင့် နိုင်ငံ တစ်နိုင်ငံသို့ လုပ်ငန်းချဲ့ထွင်ရာ တွင် ထိုနိုင်ငံ၏ ဓလေ့ထုံးစံနှင့် အလေ့အထများကို အထူးဂရုပြု ဖို့ လိုအပ်သည်။ နိုင်ငံတကာတွင် နှစ်ပေါင်းများစွာ နေထိုင်လုပ်ကိုင် ခဲ့ကြသည့် မြန်မာလူမျိုးများ ပြည် တော်ပြန်ရာတွင် ထိုအချက်ကို အထူးဂရုပြုမိဖို့ လိုပါသည်။ နိုင်ငံ တကာတွင် နေထိုင်ခဲ့ကြသည့်သူ များဖြစ်သည့်အားလျော်စွာ ကိုယ့် မြေကိုယ့်ရေပြန်လာရာတွင် နိုင်ငံ တကာစံများနှင့် တိုင်းတာအလုပ် လုပ်ကိုင်မိ၍ ရောမရောက်ပြီး ရောမလိုမကျင့်မိသဖြင့် အရင်းအ နှီးများပြုတ်ကာ ကိုယ်ကျင်လည် ခဲ့ရာ နိုင်ငံများသို့ ပြန်ပြီး အလုပ် ခွင်ဝင်နေကြရသော ပြည်တော် ပြန်များကိုလည်း အများအပြား တွေ့မြင်နေရပေတော့သည်။
(7 Day Daily, 6 Feb 2017)
No comments:
Post a Comment