တချို့က မပြည့်စုံလို့ လာရတယ်။
တချို့က ပြည့်စုံလွန်းလို့ လာကြတယ်။
.
ဒီအရက်ခွက်တွေအောက်မှာ
ပျောက်သွားတဲ့ စာရိတ္တတွေ
ပျက်စီးသွားတဲ့ မိသားစုတွေ
မရေမတွက်နိုင်အောင်
များပြား
သင်္ခါရ တရား။
.
စီးကရက်ငွေ့တွေကြား
လောင်မြိုက်သွားတဲ့
နှလုံးသားတွေ
အရှက်တွေ
သိက္ခာတွေ
အနာဂတ်တွေ
မျှော်လင့်ချက်တွေ
ရက်လတွေများလာတော့
ဒါဟာ
သဘာဝတရားတစ်ခုပေါ့။
.
ဒီဘဝထဲက ရုန်းထွက်ဖို့
အတူတူအားတင်း
ပြည့်စုံခြင်း မပြည့်စုံခြင်း ဆိုတာ
တကယ်တော့
ဒင်္ဂါးတစ်ခုရဲ့
ခေါင်းနဲ့ပန်း
ဘဝရဲ့လောင်းကစားခန်းထဲမှာ
အရှုံးအနိုင်ဆိုတာ
ဘာနဲ့တိုင်းတာမလဲ
နောက်ဆုံးတော့လည်း
အရှုံးပေးနှုတ်ဆက် ခွဲခွာရင်း
သီချင်းတစ်ပုဒ်ဆို
အားလုံး အတူတူငိုကြတယ်။ ။
.
(၈.၁၁.၁၇)
တချို့က ပြည့်စုံလွန်းလို့ လာကြတယ်။
.
ဒီအရက်ခွက်တွေအောက်မှာ
ပျောက်သွားတဲ့ စာရိတ္တတွေ
ပျက်စီးသွားတဲ့ မိသားစုတွေ
မရေမတွက်နိုင်အောင်
များပြား
သင်္ခါရ တရား။
.
စီးကရက်ငွေ့တွေကြား
လောင်မြိုက်သွားတဲ့
နှလုံးသားတွေ
အရှက်တွေ
သိက္ခာတွေ
အနာဂတ်တွေ
မျှော်လင့်ချက်တွေ
ရက်လတွေများလာတော့
ဒါဟာ
သဘာဝတရားတစ်ခုပေါ့။
.
ဒီဘဝထဲက ရုန်းထွက်ဖို့
အတူတူအားတင်း
ပြည့်စုံခြင်း မပြည့်စုံခြင်း ဆိုတာ
တကယ်တော့
ဒင်္ဂါးတစ်ခုရဲ့
ခေါင်းနဲ့ပန်း
ဘဝရဲ့လောင်းကစားခန်းထဲမှာ
အရှုံးအနိုင်ဆိုတာ
ဘာနဲ့တိုင်းတာမလဲ
နောက်ဆုံးတော့လည်း
အရှုံးပေးနှုတ်ဆက် ခွဲခွာရင်း
သီချင်းတစ်ပုဒ်ဆို
အားလုံး အတူတူငိုကြတယ်။ ။
.
(၈.၁၁.၁၇)
No comments:
Post a Comment