လမ်းမပေါ်အတက်
လမ်းဘေးနှစ်ဘက်မှာ
စတွေ့ပါပြီ
အသွေးအသားကိုရင်း
ဈေးခင်းထားတဲ့
ကလေးမ တစ်သိုက်
ခဏတာပျော်ပိုက်
ခေါ်သူနောက်လိုက်ဖို့
သူတို့လေးတွေကျော်ရင်
ကြယ်ငါးပွင့်ဟိုတယ် အောက်က
အနောက်တိုင်း တေးဂီတအမြူးတွေနဲ့
အရူးအမူးကရင်း
ကာမဘုံကိုဆင်းမလား
ဒီထက် တဆင့်တက်
အပျိုစင် ဈေးကွက်ဆိုတာလည်းရှိသေး
ကြေးကြီးကြီးနဲ့
သရုပ်ဆောင်တွေထဲက
သဘောကျရင်လည်းရတယ်။
.
သူတို့လေးတွေကို
အပြစ်မြင်လေမလား
ကိုယ့်ခန္ဓာသွေးသား
ကိုယ်ရောင်းစားတာ
တောတောင်ပြောင်အောင်
ဖြောင်သွားတဲ့ထဲမှာ
သူတို့မပါ
သာသနာအဆောက်ဦး
သိုက်တူးသွားသူတွေလိုလဲ
မယုတ်မာ
နိုင်ငံရဲ့ သယံဇာတ
အောက်ဈေးနဲ့
ရောင်းချသွားတာ လည်းမဟုတ်
သူတို့အလုပ်က
ဆင်းရဲတွင်းရဲ့ ပြယုဂ်
ပညာရေးရဲ့ အနှတ်လက္ခဏာ
အလုပ်အကိုင် အခွင့်အလမ်းများရဲ့
မဖြည့်ဆည်းနိုင်တဲ့ သံသရာ
ငါ ... ဘာလုပ်ပေးနိုင်မလဲ
သွားမတွေးနဲ့
ဒီမြို့ထဲမှာ
ဒါဟာသဘာဝ
သဘောကျကျ မကျကျ။ ။
24 Aug 2019
Sunday, 3 May 2020
ကျွန်တော်နဲ့ သိပ်မတည့်တဲ့ မြို့ (၁)
ဝင်ဝင်လာချင်း
တစ်ချို့ကတော့ တန်းစီ
တစ်ချို့ကတော့ လာခေါ်တဲ့သူနဲ့ ကျော်တက်
ဒီထက်ပိုင်ရင် VIP အပေါက်ကနေ
လူမသိသူမသိထွက်
လူတန်းစားခွဲခြားမှုတွေ စအခြေတည်တဲ့
ဒီမြို့ဆီကို
ရောက်လာရပြန်ပြီပေါ့။
.
ကိုယ့်အိတ်ကို ကိုယ်ကိုင်စရာမလို
ဆရာ ခဏသွားထိုင်
Luggage Tags တွေကို ကိုင်ပြီး
သယ်ပေးမယ့် တပည့်တွေ၊
သူတို့လေးတွေလည်း မုန့်ဖိုးရ
ကိုယ်လည်း VIP လို
မြောက်ကြွမြောက်ကြွနဲ့
ကဲ စလာပါပြီ
အရေးပါလူသားရောဂါ
ဒီမြို့ထဲ တောင်မဝင်ရသေး
ငါဆိုတဲ့အတွေးတွေနဲ့
အတ္တမြို့ရဲ့ ယစ်မူးဆေးကြီး တစ်ခွက်။
.
ဆရာဘာတွေပါသေးလည်း
ညှိပေးရမလား
ပိုက်ဆံနဲ့ အာဏာရှိရင်
ဘာပစ္စည်းမဆို
မင်းကြီးတာကထွက် အောင်လုပ်နိုင်တဲ့
စွမ်းအားတွေ
ဒါတွေကိုယစ်မူး
တခါတခါ အခန့် မသင့်လို့
ခံရဖူးတဲ့ကောင်တွေလည်းရှိရဲ့။
.
အပေါက်ဝရောက်တော့
အငှားယာဉ်မဝင်ရတဲ့ နေရာမှာ
အငှားယာဉ်မောင်းသမားတွေ ဈေးခေါ်
အော်ငေါက်နေတဲ့ လုံခြုံရေး
ထောင်တန်လေးတွေ့တော့
ယာဉ်မရပ်ရတဲ့နေရာမှာ
နေရာဦးပေးထားရှာတယ်
ဒီမြို့မှာ
ပိုက်ဆံနဲ့ အာဏာကလွဲရင်
ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရား ဆိုတာ
ပြဒါးတစ်လမ်း သံတစ်လမ်း
ရောင်းတန်းမဝင်ခဲ့။
.
ကားထွက်ထွက်ခြင်း
သက်ပြင်းလေးချပြီး
အော် . . . ဟိုနေရာမှာပဲ
အမယ်အိုတစ်ယောက်
ခင်ပွန်းသည်ပျောက်သွားတယ်
သမီးတစ်ယောက်
အဖေပျောက်သွားတယ်
မြေးတစ်ယောက်
အဖိုးပျောက်သွားတယ်
နိုင်ငံအတွက်
မျှော်လင့်ချက်တွေပျောက်သွားတယ်
ဒါပေမဲ့
ငါ့ ဆီက ပျောက်သွားတဲ့
အရှုံးနဲ့ အမြတ်
ဈေးကွက်ကိုတွက်ရင်း
ငါဝင်လာပါပြီ
ငါနဲ့ မတည့်တဲ့
မြို့ထဲဆီကို။ ။
22 Aug 2019
တစ်ချို့ကတော့ တန်းစီ
တစ်ချို့ကတော့ လာခေါ်တဲ့သူနဲ့ ကျော်တက်
ဒီထက်ပိုင်ရင် VIP အပေါက်ကနေ
လူမသိသူမသိထွက်
လူတန်းစားခွဲခြားမှုတွေ စအခြေတည်တဲ့
ဒီမြို့ဆီကို
ရောက်လာရပြန်ပြီပေါ့။
.
ကိုယ့်အိတ်ကို ကိုယ်ကိုင်စရာမလို
ဆရာ ခဏသွားထိုင်
Luggage Tags တွေကို ကိုင်ပြီး
သယ်ပေးမယ့် တပည့်တွေ၊
သူတို့လေးတွေလည်း မုန့်ဖိုးရ
ကိုယ်လည်း VIP လို
မြောက်ကြွမြောက်ကြွနဲ့
ကဲ စလာပါပြီ
အရေးပါလူသားရောဂါ
ဒီမြို့ထဲ တောင်မဝင်ရသေး
ငါဆိုတဲ့အတွေးတွေနဲ့
အတ္တမြို့ရဲ့ ယစ်မူးဆေးကြီး တစ်ခွက်။
.
ဆရာဘာတွေပါသေးလည်း
ညှိပေးရမလား
ပိုက်ဆံနဲ့ အာဏာရှိရင်
ဘာပစ္စည်းမဆို
မင်းကြီးတာကထွက် အောင်လုပ်နိုင်တဲ့
စွမ်းအားတွေ
ဒါတွေကိုယစ်မူး
တခါတခါ အခန့် မသင့်လို့
ခံရဖူးတဲ့ကောင်တွေလည်းရှိရဲ့။
.
အပေါက်ဝရောက်တော့
အငှားယာဉ်မဝင်ရတဲ့ နေရာမှာ
အငှားယာဉ်မောင်းသမားတွေ ဈေးခေါ်
အော်ငေါက်နေတဲ့ လုံခြုံရေး
ထောင်တန်လေးတွေ့တော့
ယာဉ်မရပ်ရတဲ့နေရာမှာ
နေရာဦးပေးထားရှာတယ်
ဒီမြို့မှာ
ပိုက်ဆံနဲ့ အာဏာကလွဲရင်
ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရား ဆိုတာ
ပြဒါးတစ်လမ်း သံတစ်လမ်း
ရောင်းတန်းမဝင်ခဲ့။
.
ကားထွက်ထွက်ခြင်း
သက်ပြင်းလေးချပြီး
အော် . . . ဟိုနေရာမှာပဲ
အမယ်အိုတစ်ယောက်
ခင်ပွန်းသည်ပျောက်သွားတယ်
သမီးတစ်ယောက်
အဖေပျောက်သွားတယ်
မြေးတစ်ယောက်
အဖိုးပျောက်သွားတယ်
နိုင်ငံအတွက်
မျှော်လင့်ချက်တွေပျောက်သွားတယ်
ဒါပေမဲ့
ငါ့ ဆီက ပျောက်သွားတဲ့
အရှုံးနဲ့ အမြတ်
ဈေးကွက်ကိုတွက်ရင်း
ငါဝင်လာပါပြီ
ငါနဲ့ မတည့်တဲ့
မြို့ထဲဆီကို။ ။
22 Aug 2019
လမ်းဘေးမှ စီးပွားရေးအတွေးများ (၂)
(၂)
စီးပွားရေး စတင်ရန် စိတ်ကိုအရင်ပြောင်းလဲပါ။
=======================================
စီးပွားရေး အကြံပေးလုပ်ငန်းတစ်ခု ထူထောင်ဖို့ စိတ်ကူသည် စင်ကာပူစရောက်ခဲ့ချိန် ၁၉၉၇ ကျောင်းတက်ခါစမှာ စဖြစ်ပေါ်ခဲ့သည်။ စာရင်းအင်းကို အထူးပြုသည့် ဘာသာများလေ့လာရ သော်လည်း တခြားစီမံခန့်ခွဲမှု ဘာသာရပ် တော်တော်များများ ပါသင်ရသည်။ စာမေးပွဲများသည် မြန်မာပြည်မှ ကျောင်းများနှင့် ဆန့်ကျင်ဖက် ဖြစ်သည်။ အတန်းကြီးလာသည် နှင့်အမျှ ဖတ်စာအုပ်ထဲမှာ စာကို သိပ်မမေးတော့ပဲ အပြင်တွင်လက်ရှိ့ဖြစ်ပေါ်နေသော အကြောင်းအရာများကို ပိုပြီးဦးစားပေးမေးသည်။ အဖြေပုံသေ မရှိ့ပဲ ကိုယ်ဖြေချင်သလိုဖြေနိုင်ပြီး ဘာကြောင့် ထိုသို့ အဖြေရသည်ကို ရှင်းပြရန်သာလိုသည်။ မြန်မာပြည်တွင် ၁၀တန်းအထိ ရက်ကန်ရက်ကန် ဖြစ်ခဲ့ရသလောက် အလွတ်ကျက်ဖြေခဲ့ ရသည်ကို စိတ်ကုန်ခဲ့မိသလောက် စင်ကာပူတွင် စာသင်ရသည်ကို ပျော်ပိုက်လာသည်။ အထောက်အပံ့ပေးခဲသော အကို အကြီးဆုံး ဆုံးပါးသွားသည့်နောက်ပိုင်း အလုပ်ကို တစ်နေကုန်လုပ်ပြီး ကျောင်းကို ညဘက်ပြောင်တက်သည်။ ကျောင်းပြီးတော့ ည၁၀နာရီ။ တခါတခါ ကားမမှီ အငှားကားလဲ မစီနိုင်လို့ ၂ နာရီ ၃နာရီ ခရီးကို ခြေချင်လျှောက်ပြန်ရသည်။ ဒီကြားထဲ ဘာသာရပ်အချို့ ပြန်ဖြေရသည်မှအပ ပုံမှန်စာမေးပွဲအောင်သည်။
၂၀၀၁ စာမေးပွဲပြီးတော့ ရှေ့ဆက်တက်ဖို့ စာရင်းကိုင်လုပ်ငန်းသေးလေး တစ်ခုတွင်အလုပ်ဝင်လိုက်သည်။ ထိုစာရင်းကိုင်လုပ်ငန်းသည် လူသိပ်မရှိ့သောကြောင့် ရှိ့သမျှဝန်ထမ်းများကို အကုန်ဖြစ်ညှစ်ခိုင်းတော့သည်။ ကွန်ပျူတာ ကုမဏီတွင်လုပ်ဖူးသည်ဟု သိသွားသောအခါ ရုံးတွင် ကွန်ပျူတာ ပျက်လျှင် ဆိုင်မပို့တော့ပဲ ပျင်ခိုင်းသည်။ တခြားအလုပ်တွေခိုင်းလို့ ကိုယ့်အလုပ်မပြီးလျှင် အချိန်ပို ဆင်းခိုင်းပြီး စနေ တနင်္ဂနွေပါ ပိတ်ရက်မပေး။ စင်ကာပူလူမျိုး ၀င်ထမ်းတော်တော်များများ လပိုင်းနှင့် အလုပ်ထွက်ကုန်ကြသည်။ ကျန်ခဲ့သည်မှာ နိုင်ငံခြားသား ၀န်ထမ်းများ။ ထိုအချိန်က အတော် မကြေမနပ်ဖြစ်မိသော်လည်း ယခုအချိန် ပြန်စဉ်းစား မိတိုင်း အဲ့ဒီ့ သူဌေးကို ကျေးဇူးတင်မိသည်။ လုပ်ငန်းပေါင်းစုံခိုင်းသောကြောင့် အားလုံးကို ခြုံငုံသိခဲ့ ရပြီး ကိုယ်ပိုင်လုပ်ငန်း စချိန်တွင် အများကြီး အထောက် အကူရခဲ့သည်။ ဒီထက်ပို အရေးကြီးသည့် အတွေ့အကြုံမှာ ၀န်ထမ်းစီမံခန့်ခွဲရေးဖြစ်သည်။ သူဧ ၀န်ထမ်းတိုင်းဆီရ ရသလောက် ညှစ်ထုပ်ယူမည်ဆိုသည့် စိတ်ဓါတ်သည် ၀န်ထမ်းများဆီက သူညှစ်သလောက် မရခဲ့ပဲ သူ့လုပ်ငန်းတိုးတက်အောင် ဦးဆောင်ဖို့ ၀န်ထမ်းကောင်း တော်တော်များများကို ဆုံးရှုံးခဲ့သည်။ ထိုလုပ်ငန်းမှ ထွက်ပြီး ၁၀ နှစ်အကြာ သူကို ပြန်တွေ့သောအခါ သူဧ စာရင်းကိုင်လုပ်ငန်းသည် အရင်ကထက်ပိုမို သေးငယ်သွားပြီး ၀န်ထမ်းမမြဲသည့် ဒါဏ်ကို အခုထိ ခံနေရကြောင်းတွေ့ခဲ့ ရသည်။
၂၀၀၃ တွင် အရင်ကျောင်းတက်တုန်းက အလုပ်လုပ်ခဲ့သော ကွန်ပျူတာ ဆိုင်မှ သူဌေးက ပြန်ဆက်သွယ်သည်။ သူ့လုပ်ငန်းများ ကြီးထွားလာသဖြင့် အသစ်စမည့် ကြိုးမယ့် ကွန်ယက် (Wireless Technology) ကုမဏီတွင် ဦးစီးလုပ်ပေးရန်။ သူအကြံဥာဏ်များကို ပြောပြသည်။ စိတ်ဝင်စားဖို့ ကောင်းသည်။ အလားအလာလည်းရှိ့သည်။ ဧသိုဖြင့် မရေရာသော လုပ်ငန်းတစ်ခုကို ဘဏ်ဏာရေး အမှုဆောင်ချုပ် (Chief Financial Officer) တာဝန်ကိုယူပြီး ၀န်ထမ်းတယောက်မှ မရှိ့ပဲ စတည်ထောင်သည်။ စကာစက ရုံးခန်းပင်မရှိ့။ သူ့ကွန်ပျူတာ ဆိုင်ခန်းထဲမှ လွတ်နေသော ထိုင်ခုံတစ်ခုတွင် ထိုင်အလုပ်လုပ်ရသည်။ ၂ နှစ်အတွင်း ၀န်ထမ်းပေါင်းများစွာဖြင့် စင်ကာပူတွင် ကြိုးမယ့် ကွန်ယက် လုပ်ငန်းများတွင် နံပတ် ၁ နေရာ ရောက်သွားသည်။ ကိုယ်ပိုင်လုပ်ငန်းစဖို့ အလုပ်ထွက်လိုက်ချိန်တွင် ထိုလုပ်ငန်းကို စင်ကာပူအစိုးရနှင့် ပတ်သတ်သော ကုမဏီ တစ်ခုမှ ဒေါ်လာ သန်းပေါင်းများစွာ ပေးဝယ်လိုက်သည်ဟုသိရသည်။
အလုပ်အကိုင် အတွေ့အကြုံ တော်တော်များများ ရှိ့ပြီ ဆိုသည့် ထင်တလုံးနှင့် ၀င်ငွေပုံမှန်ရနေသော အလုပ်ကို ထွက်လိုက်ပြီး စီးပွားရေး အကြံပေး လုပ်ငန်းတစ်ခုကို၂၀၀၅ တွင် စတည်ထောင်ဖြစ်သည်။ လက်တွေ့ စရမည်ဆိုတော့ သိပ်မ၀န့်ရဲ။ ဒါကြောင့် အသိမိတ်ဆွေများနှင့် တိုင်ပင်ကြည့်မိသည်။
အလွမ်း
မြူတွေဆိုင်းလို့
မှိုင်းမှောင်နေဆဲ
ရင်ထဲမှာတော့
အလွမ်းမိုးတွေ
ရွာနေပြီ။
မြူတွေဆိုင်းလို့
မှိုင်းမှောင်နေဆဲ
ရင်ထဲမှာတော့
အလွမ်းပွင့်တွေ
ဝေနေပြီ။
မြူတွေဆိုင်းလို့
မှိုင်းမှောင်နေဆဲ
ရင်ထဲမှာတော့
အလွမ်းရာသီ
အစတည်။ ။
(24 Nov 2019, Hakone, Japan)
မှိုင်းမှောင်နေဆဲ
ရင်ထဲမှာတော့
အလွမ်းမိုးတွေ
ရွာနေပြီ။
မြူတွေဆိုင်းလို့
မှိုင်းမှောင်နေဆဲ
ရင်ထဲမှာတော့
အလွမ်းပွင့်တွေ
ဝေနေပြီ။
မြူတွေဆိုင်းလို့
မှိုင်းမှောင်နေဆဲ
ရင်ထဲမှာတော့
အလွမ်းရာသီ
အစတည်။ ။
(24 Nov 2019, Hakone, Japan)
ကျားဖြစ်သွားသော အနီစက်
စငကာပူနိုင်ငံကို ‘အနီစက်ကလေး တစ်စက် (Little Red Dot)’ အဖြစ် တင်စားခေါ်ဝေါ်လေ့ ရှိသည်။ ထိုသို့ စတင်ရည်ညွှန်းသူ မှာ အင်ဒိုနီးရှားသမ္မတဘီဂျေဟာ ဘီဘီဖြစ်သည်။ ၁၉၉၈ ခုနှစ် သြဂုတ်လထုတ် Asia Wall Street Journal မှ ဆောင်းပါးတစ် ပုဒ်တွင် လူဦးရေ ၂၂၁ သန်းရှိ သော ကျယ်ဝန်းလှသည့် အင်ဒိုနီး ရှားနိုင်ငံ အနေအထားနှင့်နှိုင်းယှဉ် ကာ လူဦးရေသုံးသန်းမျှသာရှိ သော ကျွန်းနိုင်ငံငယ်ကလေး စင်ကာပူကို အနီစက်ကလေး တစ် စက်အဖြစ် နှိမ့်ချခေါ်ဝေါ်လိုက် ခြင်းဖြစ်သည်။ ထိုအချိန်က အာရှ စီးပွားပျက်ကပ် ကြုံတွေ့နေရပြီး အင်ဒိုနီးရှားနိုင်ငံသည် အဆိုးရွား ဆုံးခံခဲ့ရသည်။
အင်ဒိုနီးရှားငွေကြေး ရူပီး ယားမှာ အမေရိကန် ဒေါ်လာနှင့် ယှဉ်လျှင် တန်ဖိုးငါးဆမျှကျဆင်း သွားပြီး လူမျိုးရေး အရေးအခင်း များဖြစ်ပွားကာ နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်လာခဲ့သော ဆူ ဟာတိုအစိုးရ ပြုတ်ကျသွားပြီး ဘီဂျေဟာဘီဘီသမ္မတ ဖြစ်လာ ချိန်ဖြစ်သည်။ ထိုသို့နှိမ့်ချခေါ်ဝေါ် မှု ခံလိုက်ရသော်လည်း စင်ကာပူ နိုင်ငံမှ ခေါင်းဆောင်များက အ ပြုသဘောဆောင်သော သတိပေးမှုတစ်ခုအနေနှင့် တုံ့ပြန်ခဲ့သည်။ ထိုအချိန်က ဒုဝန်ကြီးချုပ် (ယခုလက်ရှိဝန်ကြီးချုပ်) လီရှန်လွန်းက ‘‘အင်ဒိုနီးရှားသမ္မတ၏ စင်ကာပူနိုင်ငံအား အနီစက်ကလေး တစ်စက်အဖြစ် နှိုင်းယှဉ်မှုသည် တကယ့် လက်ရှိအခြေအနေဖြစ် သော စင်ကာပူနိုင်ငံ၏လက်တွေ့ အခြေအနေကို မီးမောင်းထိုးပြ လိုက်၍ ဟာဘီဘီကို အမြဲကျေးဇူး တင်ရှိနေမည်’’ဟုတုံ့ပြန်ခဲ့သည်။ ထိုအချိန်က စင်ကာပူဝန်ကြီးချုပ် ဂိုချောက်တောင်ကလည်း ၁၉၉၈ အမျိုးသားနေ့မိန့်ခွန်းတွင် ဟာဘီ ဘီ၏ နှိမ့်ချမှုကို ‘‘စင်ကာပူနိုင်ငံ သည် ကမ္ဘာ့မြေပုံပေါ်မှ အနီစက် ကလေးတစ်စက်သာ ဖြစ်သော် လည်းအင်ဒိုနီးရှားနိုင်ငံ၏ အကျပ် အတည်းကို တတ်နိုင်သည့်ဘက်မှ အကူအညီပေးမည် ဖြစ်သည်’’ ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ ထို နောက်ပိုင်းတွင် စင်ကာပူကို အနီ စက်ကလေးအဖြစ် တင်စားကာ သေးငယ်သော နိုင်ငံတစ်ခုဖြစ် သော်လည်း ကမ္ဘာ့အလယ်တွင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ဂုဏ်ယူစွာသုံးစွဲကြသည်။
စင်ကာပူနိုင်ငံ တည်ထောင်ခြင်း
စင်ကာပူနိုင်ငံသည် ကိုယ် ပိုင်အုပ်ချုပ်ရေး ရရှိသွားသော် လည်း စိန်ခေါ်မှုပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်က နိုင်ငံတကာတွင် ကွန်မြူနစ်စနစ် စတင်ပြန့်ပွားလာချိန်ဖြစ်ပြီး PAP ပါတီခေါင်းဆောင်ပိုင်းတွင်လည်း ကွန်မြူနစ်ဝါဒကို လက်ခံသူများ အများအပြားရှိခဲ့သည်။ လီကွမ် ယုသည် အလယ်အလတ်လမ်းစဉ် လိုက်သူ တစ်ဦးဖြစ်ပြီး ကွန်မြူနစ် စနစ်လက်ခံသူ ခေါင်းဆောင်များ PAP အတွင်းကြီးထွားလာသော အခါ ပါတီအတွင်းမှ ဖယ်ထုတ်ခဲ့ ရုံသာမက နှစ်ရှည်ထောင်ချခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း စသည့် နည်းလမ်းများဖြင့် အတိုက်အခံ များကို ဖြိုခွင်းခဲ့သည်။
စင်ကာပူသည် ကျွန်းနိုင်ငံ ငယ်လေး တစ်ခုသာဖြစ်ပြီး သဘာဝ သယံဇာတလုံးဝမရှိပေ။ သောက်သုံးရေကိုပင် မလေးရှား မှ တစ်ဆင့်ဝယ်ယူရသော အခြေ အနေဖြစ်သည်။ ထို့ကြောင့် ထိုအ ချိန်က မလေးရှားဝန်ကြီးချုပ်မှ စင်ကာပူအပါအဝင် မလေးရှား ပြည်ထောင်စုဖွဲ့စည်းရန် တောင်း ဆိုလာသောအခါ လီကွမ်ယုက သဘောတူပြီး လူထုသဘောထား ကောက်ယူကာ ၁၉၆၃ ခုနှစ်တွင် စင်ကာပူသည် မလေးရှားနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်လာသည်။ သို့သော် အစ္စလာမ်ဘာသာကိုး ကွယ်သော မလေးလူမျိုး အများစု နေထိုင်ရာ မလေးရှားနှင့်တရုတ် လူမျိုးအများစုနေထိုင်ရာ စင်ကာ ပူသည် နောက်ပိုင်းတွင်လူမျိုးရေး ပဋိပက္ခများ စတင်ဖြစ်ပေါ်လာ တော့သည်။ ၁၉၆၄ တွင်စင်ကာပူ တွင် မလေး-တရုတ်အဓိကရုဏ်း ဖြစ်ကာ လူ ၂၃ ဦး အသက်ဆုံး ရှုံးခဲ့ရပြီး ရာပေါင်းများစွာ ဒဏ်ရာ ရခဲ့သည်။ ထို့နောက်ပိုင်းတွင် မလေးနှင့် တရုတ်လူမျိုးတို့၏ ပဋိ ပက္ခ ပိုမိုကြီးထွားလာပြီး စင်ကာ ပူသည် မလေးရှားနိုင်ငံ၏ ပြည် နယ်တစ်ခုအဖြစ် တည်ရှိနေသည် ကို မလိုလားသည့် မလေးရှား လွှတ်တော်က ၁၉၆၅ တွင် မဲခွဲ ဆုံးဖြတ်ကာစင်ကာပူကို မလေး ရှားပြည်ထောင်စုအတွင်းမှ ဖယ် ထုတ်ခဲ့သည်။ စင်ကာပူလွှတ် တော်မှလည်း မလေးရှား၏ကြေ ညာချက်ထွက်ပြီး နာရီပိုင်းအကြာ တွင် စင်ကာပူနိုင်ငံ လွတ်လပ်ရေး အက်ဥပဒေ ပြဋ္ဌာန်းပြီး ၁၉၆၅ သြဂုတ်လ ၉ ရက်နေ့တွင် အချုပ် အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ် လာခဲ့သည်။ မလေးရှားနှင့် ပူး ပေါင်းရေးကို အစဉ်ကြိုးပမ်းခဲ့ သော ဝန်ကြီးချုပ်လီကွမ်ယုက တိုင်းပြည်ကို လွတ်လပ်ရေးမိန့် ခွန်းပြောကြားရာတွင် ဝမ်းနည်း ခြင်းကြောင့် မျက်ရည်များပင်ကျ ခဲ့သည်။
စိန်ခေါ်မှုများ
နယ်မြေအငြင်းပွားမှုမှ စ တင်ခဲ့သော မလေးရှားနှင့် အင်ဒို နီးရှားတို့၏ ပဋိပက္ခသည်စင်ကာပူ နိုင်ငံကိုပါ ရိုက်ခတ်လာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းတွင် စစ်ရေး အရ အင်အားကြီးမားလာပြီး မလေးရှားပြည်ထောင်စု တည် ထောင်ခြင်းကို သဘောမတူခဲ့ပေ။ ၁၉၆၅ တွင် စင်ကာပူရှိ မက်ဒေါ် နယ်စားသောက်ဆိုင်ကို အင်ဒိုနီး ရှား ကွန်မန်ဒိုများဖြင့် ဗုံးလာခွဲခဲ့ ရာလူသုံးဦး အသက်ဆုံးရှုံးခဲ့ သည်။ ထိုအချိန်က စင်ကာပူ သည် ဗြိတိသျှစစ်တပ်ကို အားကိုး နေရချိန်ဖြစ်ကာ နိုင်ငံတော်စစ် တပ်အနေနှင့် မရှိသေးပေ။ ဗြိတိ သျှစစ်တပ်သည်လည်း ၁၉၇၁ တွင် စင်ကာပူမှ အပြီးအပိုင်ရုပ် သိမ်းသွားခဲ့သည်။ စစ်ရေးအရ အင်အားမရှိလျှင် အစ္စလာမ်အင် အားကြီး နှစ်နိုင်ငံ (အင်ဒိုနီးရှားနှင့် မလေးရှား) ကြားတွင် ရောက်ရှိ နေသော ကျွန်းနိုင်ငံလေးအနေနှင့် အချိန်မရွေး အချုပ်အခြာအာဏာ ကို ထိပါးနှောင့်ယှက်ခံရနိုင်သည် ကို ဝန်ကြီးချုပ်လီကွမ်ယုအနေနှင့် ကောင်းကောင်း သဘောပေါက်ခဲ့ သည်။ ၁၉၉၆ တွင် အစ္စရေး၏အ ကူအညီကိုရယူကာ စင်ကာပူတပ် မတော်ကို လျင်မြန်စွာထူထောင်ခဲ့ သည်။ စစ်မှုမထမ်းမနေရဥပဒေ ကိုု ပြဋ္ဌာန်းခဲ့ပြီး အရွယ်ရောက် သော စင်ကာပူနိုင်ငံသား အမျိုး သားတိုင်း ၂ နှစ်တာ စစ်ပညာသင် ယူစေပြီး စစ်မှုထမ်းကြရသည်။ စစ်မှုထမ်းရန် ပျက်ကွက်သူများကို ထောင်ဒဏ်သုံးနှစ်အထိ အပြစ် ပေးကာ စစ်မှုမထမ်းမနေရဥပဒေ ကို တင်းကျပ်ခဲ့သည်။ ဤသိုု့ဖြင့် အမြဲတမ်းစစ်သည် ခုနစ်သောင်း ကျော်နှင့် အရန်စစ်သည် သန်းနှင့် ချီသော စစ်တပ်အင်အားကို တည်ဆောက်နိုင်ခဲ့သည်။ ၂၀၁၉ နိုင်ငံတကာ စစ်ရေးတိုင်းတာချက် အရ စင်ကာပူနိုင်ငံ၏ စစ်ရေးအင် အားသည် (နိုင်ငံပေါင်း ၁၃၇ နိုင်ငံတိုင်းတာချက်အရ) အဆင့် (၅၉) တွင် တည်ရှိပြီး အာရှတွင် စစ်ရေးလက်နက် အပြည့်စုံဆုံး နိုင်ငံတစ်ခုတွင် အပါအဝင်ဖြစ် လာသည်။
နယ်မြေအငြင်းပွားမှုမှ စ တင်ခဲ့သော မလေးရှားနှင့် အင်ဒို နီးရှားတို့၏ ပဋိပက္ခသည်စင်ကာပူ နိုင်ငံကိုပါ ရိုက်ခတ်လာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းတွင် စစ်ရေး အရ အင်အားကြီးမားလာပြီး မလေးရှားပြည်ထောင်စု တည် ထောင်ခြင်းကို သဘောမတူခဲ့ပေ။ ၁၉၆၅ တွင် စင်ကာပူရှိ မက်ဒေါ် နယ်စားသောက်ဆိုင်ကို အင်ဒိုနီး ရှား ကွန်မန်ဒိုများဖြင့် ဗုံးလာခွဲခဲ့ ရာလူသုံးဦး အသက်ဆုံးရှုံးခဲ့ သည်။ ထိုအချိန်က စင်ကာပူ သည် ဗြိတိသျှစစ်တပ်ကို အားကိုး နေရချိန်ဖြစ်ကာ နိုင်ငံတော်စစ် တပ်အနေနှင့် မရှိသေးပေ။ ဗြိတိ သျှစစ်တပ်သည်လည်း ၁၉၇၁ တွင် စင်ကာပူမှ အပြီးအပိုင်ရုပ် သိမ်းသွားခဲ့သည်။ စစ်ရေးအရ အင်အားမရှိလျှင် အစ္စလာမ်အင် အားကြီး နှစ်နိုင်ငံ (အင်ဒိုနီးရှားနှင့် မလေးရှား) ကြားတွင် ရောက်ရှိ နေသော ကျွန်းနိုင်ငံလေးအနေနှင့် အချိန်မရွေး အချုပ်အခြာအာဏာ ကို ထိပါးနှောင့်ယှက်ခံရနိုင်သည် ကို ဝန်ကြီးချုပ်လီကွမ်ယုအနေနှင့် ကောင်းကောင်း သဘောပေါက်ခဲ့ သည်။ ၁၉၉၆ တွင် အစ္စရေး၏အ ကူအညီကိုရယူကာ စင်ကာပူတပ် မတော်ကို လျင်မြန်စွာထူထောင်ခဲ့ သည်။ စစ်မှုမထမ်းမနေရဥပဒေ ကိုု ပြဋ္ဌာန်းခဲ့ပြီး အရွယ်ရောက် သော စင်ကာပူနိုင်ငံသား အမျိုး သားတိုင်း ၂ နှစ်တာ စစ်ပညာသင် ယူစေပြီး စစ်မှုထမ်းကြရသည်။ စစ်မှုထမ်းရန် ပျက်ကွက်သူများကို ထောင်ဒဏ်သုံးနှစ်အထိ အပြစ် ပေးကာ စစ်မှုမထမ်းမနေရဥပဒေ ကို တင်းကျပ်ခဲ့သည်။ ဤသိုု့ဖြင့် အမြဲတမ်းစစ်သည် ခုနစ်သောင်း ကျော်နှင့် အရန်စစ်သည် သန်းနှင့် ချီသော စစ်တပ်အင်အားကို တည်ဆောက်နိုင်ခဲ့သည်။ ၂၀၁၉ နိုင်ငံတကာ စစ်ရေးတိုင်းတာချက် အရ စင်ကာပူနိုင်ငံ၏ စစ်ရေးအင် အားသည် (နိုင်ငံပေါင်း ၁၃၇ နိုင်ငံတိုင်းတာချက်အရ) အဆင့် (၅၉) တွင် တည်ရှိပြီး အာရှတွင် စစ်ရေးလက်နက် အပြည့်စုံဆုံး နိုင်ငံတစ်ခုတွင် အပါအဝင်ဖြစ် လာသည်။
ဒုတိယကမ္ဘာစစ်ပြီးစ အချိန် က စင်ကာပူတွင်စစ်အတွင်း ကျောင်းမနေခဲ့ရသော လူငယ်အ များအပြားရှိခဲ့သည်။ ထိုလူငယ် များကို ပုံမှန်ပညာရေးစနစ်ဖြင့် သင်ကြားပေးရန် လက်တွေ့မကျ သောကြောင့် အသက်မွေးဝမ်း ကျောင်းပညာရပ်များကို အဓိက သင်ကြားပေးသော (Survival-Driven Education) စနစ်ကို အကောင်အထည်ဖော်ခဲ့သည်။ ထိုပညာရေးစနစ်ဖြင့် နိုင်ငံထူ ထောင်ရာတွင် လိုအပ်သောစက် မှုလက်မှု လုပ်ငန်းများအတွက် လုပ်သားထုကို မွေးထုတ်ပေးနိုင် ခြင်းဖြင့် လူသားအရင်းအမြစ် ဖော်ဆောင်ခြင်းနှင့် အလုပ်လက် မဲ့များ လျှော့ချခြင်းကို ထိရောက် စွာဖြေရှင်းပေးနိုင်ခဲ့သည်။ ၁၉၈၀ နောက်ပိုင်းတွင် စင်ကာပူစီးပွား ရေး တိုးတက်လာသည်နှင့်အမျှ ပညာရေးစနစ်ကို အရေအတွက် မှ အရည်အချင်းသို့ ဆိုသည့်မူဖြင့် ပြောင်းလဲကျင့်သုံးခဲ့သည်။ အင်္ဂ လိပ်စာကို ပညာရေးအတွက် အ ဓိကဘာသာအဖြစ် ပြဋ္ဌာန်းပြီး မိခင်ဘာသာ (တရုတ်၊ မလေး နှင့် တမီလ်) တစ်ခုခုကို မယူမနေ ရစနစ် ပြဋ္ဌာန်းခဲ့သည်။ သဘာဝ အရင်းအမြစ် လုံးဝမရှိသော နိုင်ငံတွင် တစ်ခုတည်းသောအ ရင်းအမြစ်သည် လူသားအရင်းအ မြစ်ဖြစ်ကြောင်း နားလည်လာ သော ခေါင်းဆောင်များသည် စင် ကာပူနိုင်ငံ၏ ပညာရေးတိုးတက် မှုအတွက် အစွမ်းကုန် အားထုတ် ခဲ့ကြသည်။ ပညာရေးအတွက် နှစ်စဉ် ဒေါ်လာသန်းသောင်းချီ အကုန်အကျခံကာ သုံးစွဲခဲ့သည်။ ဤသို့ဖြင့် စင်ကာပူသည် ပညာ ရေးစနစ် အကောင်းဆုံးနိုင်ငံတစ် ခုဖြစ်လာခဲ့သည်။ စင်ကာပူ၏ တက္ကသိုလ်များဖြစ်သည့် စင်ကာ ပူ အမျိုးသားတက္ကသိုလ် (National University of Singapore) နှင့် နန်ယန်းစက်မှုတက္က သိုုလ် (Nanyang Technological University) တို့သည် ကမ္ဘာ့ အကောင်းဆုံးတက္ကသိုလ်များ တွင် အဆင့် (၁၁) နှင့် (၁၂) ချိတ် သည်အထိ ပညာရေးတိုးတက် အောင် စွမ်းဆောင်နိုင်ခဲ့သည်။
မလေးရှားပြည်ထောင်စုမှ ခွဲထွက်ပြီးနောက်ပိုင်းတွင် ဗြိတိ သျှတို့ အမွေပေးခဲ့သည့် အချက် အချာကျသော ပင်လယ်ဆိပ်ကမ်း အခွင့်အလမ်းကို ဆက်လက်ထိန်း သိမ်းနိုင်ရန် အခက်အခဲပေါင်း များစွာဖြင့်ရင်ဆိုင်ခဲ့ရသည်။ ကုန် ကြမ်းနှင့် သယံဇာတမရှိသော စင် ကာပူနိုင်ငံတွင် စက်မှုလုပ်ငန်း များ တိုးတက်စေရန် တန်ဖိုးမြင့် ထုတ်ကုန်လုပ်ငန်းများကို တိုး တက်စေရန် ကြိုးပမ်းခဲ့ရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပေး ထားသော အခွင့်အရေးများကိုအ ရယူကာ ကမ္ဘာ့ကုန်သွယ်ရေး အ စည်းအရုံး (World Trade Organization) အကူအညီဖြင့် နိုင်ငံ တော်တော်များများနှင့် လွတ်လပ် စွာကုန်သွယ်မှု အခွင့်အရေးများ ရယူနိုင်ခဲ့သည်။ ဤသို့ဖြင့် နိုင်ငံ တကာမှ ကုန်ကြမ်းများတင်သွင်း ပြီး တန်ဖိုးမြင့်ထုတ်ကုန်များကို နိုင်ငံတကာသို့ ပြန်ပို့နိုင်ခြင်းဖြင့် ကုန်သွယ်မှုကို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၉၀ နောက်ပိုင်းတွင် စင်ကာပူနိုင်ငံ ဆိပ်ကမ်းသည် ကမ္ဘာ့ရေကြောင်း တွင် ကုန်တန်ချိန်ပေါင်းအများဆုံး စီမံခန့်ခွဲပေးရသည့် ဆိပ်ကမ်း တစ်ခုဖြစ်လာခဲ့သည်။ တိုးတက် ထွန်းကားလာသော လေကြောင်း နည်းပညာများကြောင့် ကမ္ဘာ့ခရီး သွား ကုန်သွယ်မှုလုပ်ငန်းများ ပြောင်းလဲလာခဲ့သည်။ စင်ကာပူ အနေနှင့် ကုန်သွယ်မှုဗဟိုအဆင့် အတန်းကို ဆက်လက်ထိန်းသိမ်း ရန် လေကြောင်းအခြေခံအ ဆောက်အအုံများ စီမံကိန်းများချ ကာ ရင်းနှီးမြှုပ်နှံခဲ့သည်။ ၁၉၈၁ တွင် ပင်လယ်အတွင်း မြေဖို့ရယူ ထားသောနေရာတွင် ချန်ဂီနိုင်ငံ တကာလေဆိပ်ကို စတင်ဖွင့်လှစ် ခဲ့သည်။ ၁၉၈၈ တွင် ချန်ဂီနိုင်ငံ တကာလေဆိပ်သည် ကမ္ဘာ့အ ကောင်းဆုံးလေဆိပ်အဖြစ် အ သိအမှတ်ပြုခံခဲ့ရသည်။
အစ္စလာမ်ဘာသာကိုးကွယ် သော မလေးလူမျိုး၊ ဟိန္ဒူဘာသာ ကိုးကွယ်သော အိန္ဒိယတမီလ်လူ မျိုးနှင့် ဗုဒ္ဓဘာသာဝင် တရုတ်လူ မျိုးများ စုပေါင်းနေထိုင်သော စင် ကာပူတွင် လူမျိုးပေါင်းစုံ သဟ ဇာတဖြစ်ဖို့ရန် အထူးလိုအပ် သည်။ ၁၉၆၄ ဇူလိုင် ၂၁ ရက် တွင် စတင်ဖြစ်ပွားခဲ့သော မလေး -တရုတ် အဓိကရုဏ်းတွင် လူ ပေါင်းများစွာ ထိခိုက်သေကျေခဲ့ ကြပြီး လူမျိုးစုများအကြား သံသ ယများနှင့် ရန်စောင်မှုများ တိုး ပွားလာခဲ့သည်။ ထို့ကြောင့် စင် ကာပူနိုင်ငံတွင် လူမျိုးရေး၊ ဘာ သာရေးနှင့်ပတ်သက်ပြီး တင်း ကျပ်စွာ ကိုင်တွယ်လေ့ရှိသည်။ လူနေရပ်ကွက်များတွင် အိမ်ဝယ် ယူခွင့်ကို လူမျိုးအလိုက်ရာခိုင်နှုန်း များခွဲကာ သတ်မှတ်ချက်အလိုက် သာ ဝယ်ယူခွင့်ပြုသည်။ ထို့ ကြောင့် ရပ်ကွက်တိုင်းတွင် တရုတ်၊ မလေးနှင့် တမီလ်လူမျိုး များ အချိုးကျစွာ နေထိုင်စေခြင်း ဖြင့် တရုတ်ရပ်ကွက်၊ မလေးရပ် ကွက်နှင့် တမီလ်ရပ်ကွက်များ ဖြစ်ပေါ်မလာစေရန် တားဆီးထား သည်။ လူမျိုးရေးအဓိကရုဏ်း စတင်ဖြစ်ပွားခဲ့သည့် ဇူလိုင် ၂၁ ရက်ကို ‘လူမျိုးပေါင်းစုံ သဟဇာ တနေ့ (Racial Harmony Day)’ အဖြစ် ၁၉၉၇ ခုနှစ်တွင် စတင်ပြီး အတိတ်ကဖြစ်ရပ်များကို သင် ခန်းစာယူရန် သတ်မှတ်ပေးခဲ့ သည်။ နှစ်စဉ် ထိုနေ့ရောက်တိုင်း ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအားလုံး မိမိတို့ သက်ဆိုင်ရာ အမျိုးသားဝတ်စုံကို ဝတ်ဆင်စေသည်။ ထို့နောက် လူ မျိုးပေါင်းစုံ သဟဇာတဖြစ်စေ ခြင်းနှင့်ပတ်သက်သော လှုပ်ရှားမှု များ ပူးပေါင်းလုပ်ဆောင်စေခြင်း ဖြင့် အားလုံးအတူတကွ သဟဇာ တဖြစ်ရေးကို ငယ်စဉ်အတန်း ကျောင်းများမှစတင်ကာ သင် ကြားပျိုးထောင်ပေးသည်။
အစိုးရတစ်ရပ်၏ စရိတ်
လီကွမ်ယုု ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူချိန်တွင် လွှတ် တော်ကိုု သူကိုယ်တိုင်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအ တွက် လုုပ်ခလစာများကို နိုင်ငံ တကာမှ ကုမ္ပဏီကြီးများ၏လစာ များထက် ကျော်လွန်ပြီးပေးရန် တောင်းခံခဲ့သည်။ သူ၏ရည်ရွယ် ချက်မှာ စင်ကာပူရှိ အရည်အချင်း ပြည့်ဝသူများအစိုးရသိုု့ ပူးပေါင်း ပါဝင်လာရန်နှင့် လစာများ လောက်ငစွာပေးခြင်းဖြင့် အဂတိ လိုုက်စားမှု ကင်းရှင်းပြီးတိုုင်းပြည် တိုးတက်လာအောင် ပိုမိုဆောင် ရွက်နိုင်မည်ဟု ယုံကြည်ခြင်း ကြောင့်ဖြစ်သည်။ ဤသို့ဖြင့် နိုင်ငံအတွင်းရှိ အတော်ဆုံးနှင့် အရည်အချင်း ပြည့်ဝသူများကို အစိုးရသို့ ပူးပေါင်းရန်ဆွဲဆောင် နိုင်ခဲ့ပြီး အဂတိကင်းကင်းဖြင့် တိုင်းပြည်ကို အုပ်ချုပ်သွားနိုင်ခဲ့ သည်။ သို့သော် ထိုသို့အစိုးရအဖွဲ့ ကို လစာများ များပြားစွာပေးထား ခြင်းကို နိုင်ငံတကာ နိုင်ငံရေးဝေ ဖန်သူများနှင့် ပြည်တွင်းရှိအတိုက် အခံများက အစဉ်အမြဲ ဝိုင်းဝန်း ထိုးနှက်လေ့ရှိသည်။ လီကွမ်ယု၏ မိန့်ခွန်းတစ်ရပ်တွင် ထိုလစာကိစ္စ ကို ထိုအချိန်ကစစ်အစိုုးရအုပ်ချုပ် သော မြန်မာနိုုင်ငံနှင့်ယှဉ်ပြီး မိန့် ကြားသွားခဲ့ဖူးသည်။ သူ၏မိန့် ကြားချက်တွင် စင်ကာပူအစိုုးရ၏ လစာများကို ပြင်ပရှိကုမ္ပဏီကြီး များနှင့်ယှဉ်၍ ပေးထားခြင်း ကြောင့် နိုင်ငံအတွင်းရှိ အရည်အ ချင်းပြည့်ဝသူများ အစိုးရအလုပ် တွင် ဝင်ရောက်လုပ်ကိုင်ခြင်းနှင့် အဂတိတရား ကင်းရှင်းခြင်း ကြောင့် စင်ကာပူနိုင်ငံသည် နိုင်ငံ တကာတွင် ဖွံ့ဖြိုးသောနိုင်ငံတစ်ခု အဖြစ် ရပ်တည်လာနိုင်ပြီး နိုင်ငံ သားတိုုင်းတိုးတက်မှု၏ အကျိုး ဆက်ကို ခံစားရကြောင်း၊ စစ်အ စိုးရအုပ်ချုပ်သော မြန်မာပြည်လို နိုင်ငံမျိုးတွင် ဝန်ကြီးများနှင့် ခေါင်းဆောင်များ၏ လစာသည် ကမ္ဘာတွင် အနည်းဆုံးဖြစ်သော် လည်း အစိုုးရအတွင်း အရည်အ ချင်းမပြည့်မီသူများနှင့် အဂတိ လိုုက်စားပြီး ခြစားခြင်းများ ကြောင့် တစ်နိုင်ငံလုံး ဒုက္ခရောက် နေကြောင်း၊ ထိုု့ကြောင့် အစိုုးရ တစ်ရပ်၏ စရိတ်သည်ဝန်ကြီးချုပ် နှင့် ဝန်ကြီးများ၏လစာတစ်ခု တည်း ထည့်တွက်၍မရဘဲ တိုင်း ပြည်တစ်ခုလုံး၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုနှင့် ထည့်တွက်ရမည် ဖြစ်ကြောင်း ခုခံပြောကြားသွားခဲ့ သည်။
လီကွမ်ယုု ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူချိန်တွင် လွှတ် တော်ကိုု သူကိုယ်တိုင်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအ တွက် လုုပ်ခလစာများကို နိုင်ငံ တကာမှ ကုမ္ပဏီကြီးများ၏လစာ များထက် ကျော်လွန်ပြီးပေးရန် တောင်းခံခဲ့သည်။ သူ၏ရည်ရွယ် ချက်မှာ စင်ကာပူရှိ အရည်အချင်း ပြည့်ဝသူများအစိုးရသိုု့ ပူးပေါင်း ပါဝင်လာရန်နှင့် လစာများ လောက်ငစွာပေးခြင်းဖြင့် အဂတိ လိုုက်စားမှု ကင်းရှင်းပြီးတိုုင်းပြည် တိုးတက်လာအောင် ပိုမိုဆောင် ရွက်နိုင်မည်ဟု ယုံကြည်ခြင်း ကြောင့်ဖြစ်သည်။ ဤသို့ဖြင့် နိုင်ငံအတွင်းရှိ အတော်ဆုံးနှင့် အရည်အချင်း ပြည့်ဝသူများကို အစိုးရသို့ ပူးပေါင်းရန်ဆွဲဆောင် နိုင်ခဲ့ပြီး အဂတိကင်းကင်းဖြင့် တိုင်းပြည်ကို အုပ်ချုပ်သွားနိုင်ခဲ့ သည်။ သို့သော် ထိုသို့အစိုးရအဖွဲ့ ကို လစာများ များပြားစွာပေးထား ခြင်းကို နိုင်ငံတကာ နိုင်ငံရေးဝေ ဖန်သူများနှင့် ပြည်တွင်းရှိအတိုက် အခံများက အစဉ်အမြဲ ဝိုင်းဝန်း ထိုးနှက်လေ့ရှိသည်။ လီကွမ်ယု၏ မိန့်ခွန်းတစ်ရပ်တွင် ထိုလစာကိစ္စ ကို ထိုအချိန်ကစစ်အစိုုးရအုပ်ချုပ် သော မြန်မာနိုုင်ငံနှင့်ယှဉ်ပြီး မိန့် ကြားသွားခဲ့ဖူးသည်။ သူ၏မိန့် ကြားချက်တွင် စင်ကာပူအစိုုးရ၏ လစာများကို ပြင်ပရှိကုမ္ပဏီကြီး များနှင့်ယှဉ်၍ ပေးထားခြင်း ကြောင့် နိုင်ငံအတွင်းရှိ အရည်အ ချင်းပြည့်ဝသူများ အစိုးရအလုပ် တွင် ဝင်ရောက်လုပ်ကိုင်ခြင်းနှင့် အဂတိတရား ကင်းရှင်းခြင်း ကြောင့် စင်ကာပူနိုင်ငံသည် နိုင်ငံ တကာတွင် ဖွံ့ဖြိုးသောနိုင်ငံတစ်ခု အဖြစ် ရပ်တည်လာနိုင်ပြီး နိုင်ငံ သားတိုုင်းတိုးတက်မှု၏ အကျိုး ဆက်ကို ခံစားရကြောင်း၊ စစ်အ စိုးရအုပ်ချုပ်သော မြန်မာပြည်လို နိုင်ငံမျိုးတွင် ဝန်ကြီးများနှင့် ခေါင်းဆောင်များ၏ လစာသည် ကမ္ဘာတွင် အနည်းဆုံးဖြစ်သော် လည်း အစိုုးရအတွင်း အရည်အ ချင်းမပြည့်မီသူများနှင့် အဂတိ လိုုက်စားပြီး ခြစားခြင်းများ ကြောင့် တစ်နိုင်ငံလုံး ဒုက္ခရောက် နေကြောင်း၊ ထိုု့ကြောင့် အစိုုးရ တစ်ရပ်၏ စရိတ်သည်ဝန်ကြီးချုပ် နှင့် ဝန်ကြီးများ၏လစာတစ်ခု တည်း ထည့်တွက်၍မရဘဲ တိုင်း ပြည်တစ်ခုလုံး၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုနှင့် ထည့်တွက်ရမည် ဖြစ်ကြောင်း ခုခံပြောကြားသွားခဲ့ သည်။
ကျားဖြစ်သွားသော အနီစက်
စင်ကာပူနိုင်ငံသည် အနီ စက်ကလေး တစ်စက်အဖြစ် အ နှိမ်ခံခဲ့ရသော နိုင်ငံတစ်ခုဖြစ် သည်။ အင်အားကြီးမားသော အစ္စလာမ်နိုင်ငံ နှစ်ခုကြားတွင် တည်ရှိသော ကျွန်းနိုင်ငံငယ်လေး တစ်ခုအတွက် တည်ထောင်ချိန် ကစ၍ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသည်။ သယံဇာတ လုံးဝမထွက်ရှိဘဲ သောက်သုံးရေ အတွက်ပင် မလေးရှားနိုင်ငံကို မှီခိုနေရသည်။ စင်ကာပူနိုင်ငံ လွတ်လပ်ရေးရခါစ ဝန်ကြီးချုပ် လီကွမ်ယု မြန်မာပြည်ကိုလေ့လာ ရေးလာပြီး ‘‘နှစ်၂၀ လောက်ကြာ ရင်တော့ မြန်မာပြည်ကို မှီနိုင် ကောင်းပါရဲ့’’ဟု သမိုုင်းဝင်စကား တစ်ခွန်းပြောခဲ့ဖူးသည်။ ခေါင်း ဆောင်ကောင်း တစ်ယောက်၏ အမြော်အမြင်၊ ပညာရေးကိုဦးစား ပေးမှုနှင့် တိုင်းပြည်ချစ်စိတ်များ ဖြင့် စင်ကာပူနိုင်ငံကို အနီစက်က လေးတစ်စက်မှ အာရှ၏ကျား တစ်ကောင်အဖြစ် ပြောင်းလဲပေး နိုင်ခဲ့သည်။ လီကွမ်ယု၏စကားကို ရည်ညွှန်းပြီး မြန်မာပြည်နိုင်ငံ တော်၏အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ်က စင်ကာပူအရောက်တွင် အနှစ်၂၀ အတွင်း စင်ကာပူကိုကျော်တက် နိုင်မည်ဟု သမိုင်းဝင်စကားတစ်ခု ပြောကြားခဲ့သည်။ စင်ကာပူ၏ လျှောက်လှမ်းခဲ့သော ခရီးကြမ်း ကိုုသင်ခန်းစာယူပြီး နိုုင်ငံတစ်ခု အတွက် မရှိမဖြစ်သည့် လူသား အရင်းအမြစ်များကို အခြေခံ တည်ဆောက်ပြီး မတူညီသည့် တိုင်းရင်းသား လူမျိုးစုများနှင့် ဘာသာပေါင်းစုံကို ညီညွတ်စွာ စု စည်းကာ အဂတိတရားကင်းကင်း ဖြင့် တိုင်းပြည်ကို ပြန်လည်တည် ဆောက်နိုင်လျှင် မကြာတော့ သည့် အနှစ် ၂၀ တွင် စင်ကာပူကို မကျော်တက်နိုင်လျှင်တောင် တိုး တက်တဲ့ လမ်းကြောင်းတစ်ခုကို မြင်ရကောင်းပါရဲ့။။
စင်ကာပူနိုင်ငံသည် အနီ စက်ကလေး တစ်စက်အဖြစ် အ နှိမ်ခံခဲ့ရသော နိုင်ငံတစ်ခုဖြစ် သည်။ အင်အားကြီးမားသော အစ္စလာမ်နိုင်ငံ နှစ်ခုကြားတွင် တည်ရှိသော ကျွန်းနိုင်ငံငယ်လေး တစ်ခုအတွက် တည်ထောင်ချိန် ကစ၍ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသည်။ သယံဇာတ လုံးဝမထွက်ရှိဘဲ သောက်သုံးရေ အတွက်ပင် မလေးရှားနိုင်ငံကို မှီခိုနေရသည်။ စင်ကာပူနိုင်ငံ လွတ်လပ်ရေးရခါစ ဝန်ကြီးချုပ် လီကွမ်ယု မြန်မာပြည်ကိုလေ့လာ ရေးလာပြီး ‘‘နှစ်၂၀ လောက်ကြာ ရင်တော့ မြန်မာပြည်ကို မှီနိုင် ကောင်းပါရဲ့’’ဟု သမိုုင်းဝင်စကား တစ်ခွန်းပြောခဲ့ဖူးသည်။ ခေါင်း ဆောင်ကောင်း တစ်ယောက်၏ အမြော်အမြင်၊ ပညာရေးကိုဦးစား ပေးမှုနှင့် တိုင်းပြည်ချစ်စိတ်များ ဖြင့် စင်ကာပူနိုင်ငံကို အနီစက်က လေးတစ်စက်မှ အာရှ၏ကျား တစ်ကောင်အဖြစ် ပြောင်းလဲပေး နိုင်ခဲ့သည်။ လီကွမ်ယု၏စကားကို ရည်ညွှန်းပြီး မြန်မာပြည်နိုင်ငံ တော်၏အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ်က စင်ကာပူအရောက်တွင် အနှစ်၂၀ အတွင်း စင်ကာပူကိုကျော်တက် နိုင်မည်ဟု သမိုင်းဝင်စကားတစ်ခု ပြောကြားခဲ့သည်။ စင်ကာပူ၏ လျှောက်လှမ်းခဲ့သော ခရီးကြမ်း ကိုုသင်ခန်းစာယူပြီး နိုုင်ငံတစ်ခု အတွက် မရှိမဖြစ်သည့် လူသား အရင်းအမြစ်များကို အခြေခံ တည်ဆောက်ပြီး မတူညီသည့် တိုင်းရင်းသား လူမျိုးစုများနှင့် ဘာသာပေါင်းစုံကို ညီညွတ်စွာ စု စည်းကာ အဂတိတရားကင်းကင်း ဖြင့် တိုင်းပြည်ကို ပြန်လည်တည် ဆောက်နိုင်လျှင် မကြာတော့ သည့် အနှစ် ၂၀ တွင် စင်ကာပူကို မကျော်တက်နိုင်လျှင်တောင် တိုး တက်တဲ့ လမ်းကြောင်းတစ်ခုကို မြင်ရကောင်းပါရဲ့။။
7 Day Daily, 23 Dec 2019
ပြာပုံပေါ်မှ အတောက်ပဆုံး ပြန်လည်ထွန်းပခဲ့သော
တစ်ခါတုန်းက ဂျပန်နိုင်ငံအရောက် သူငယ်ချင်းတစ်ယောက်၏ မိတ်ဆက်ပေးမှုဖြင့် ဂျာနယ် ကျော်မမလေး၏ ‘သွေး’ ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးခဲ့သည့် ဂျပန်လူမျိုး ဒါရိုက်တာကိုဂျီချီနိုနှင့် သိကျွမ်း ခွင့်ရခဲ့သည်။ သူရိုက်ကူးခဲ့သည့် ‘သွေး’ ရုပ်ရှင်ကို စင်ကာပူနိုင်ငံ တွင် ပြသခွင့်ရရန် ဆွေးနွေးကြရန် စကားတော်တော် ပြောဖြစ်ခဲ့ သည်။ သူက ဒီဇာတ်ကားရိုက်ကူး ရင်းငွေကုန်ကြေးကျ အတော်များ သွားသဖြင့် ရုံတင်ခွင့်ရရန် ထပ်မံ ကုန်ကျစရိတ်များ မတတ်နိုင် တော့သည့်အတွက် မြန်မာနိုင်ငံ၊ ဂျပန်နှင့်အခြားနိုင်ငံများတွင် ရုံ တင်ခွင့်မရသေးကြောင်း၊ ထုတ် လုပ်သူများမှလည်း ထပ်မံ၍ ငွေ ကြေးအကူအညီမပေးတော့သော ကြောင့် ရုပ်ရှင်ကိုပင် မြန်မာနိုင်ငံ တွင် နှစ်ခါခွဲရိုက်ခဲ့ရကြောင်း၊ ရုပ် ရှင်ရုံများမှ သုံးနာရီကျော်ကြာ သည့် သူ့ရုပ်ရှင်ကို ဇာတ်လမ်းပြ သချိန် လျှော့ခိုင်းခြင်းကြောင့် သ ဘောတူညီချက်မရဘဲ အခက်အ ခဲများရှိကြောင်း ပွင့်ပွင့်လင်းလင်း ပင်ရှင်းပြသည်။ လေးစားဖို့ ကောင်းသည့်အချက်မှာ ‘သွေး’ ဇာတ်ကား တရားဝင်ရုံမတင်နိုင်မ ချင်းရုပ်ရှင်ကားများ ထပ်မံရိုက် ကူးမှု လုံးဝမလုပ်တော့ခြင်းဖြစ် သည်။ နောက်ဆုံး ‘သွေး’ ရုပ်ရှင် တွင် ပါဝင်ခဲ့သော ဂျပန်မင်းသမီး မြန်မာပြည်တွင် အိမ်ထောင်ကျ ပြီး အခြေချသွားခြင်းတစ်ခုသာ အဖတ်တင်ခဲ့ပြီး ရုပ်ရှင်ကတော့ ယခုအချိန်အထိ ရုံတင်ပြသခွင့် မရရှိခဲ့သေးပေ။
ကိုဂျီချီနိုက သူနောက်ထပ် ရိုက်ချင်သည့်ရုပ်ရှင်သည် ဒုတိယ ကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်အောင် ဆန်းအပါအဝင် ရဲဘော်သုံးကျိပ် ကို ဂျပန်သို့ လျှို့ဝှက်စွာ ခေါ် ဆောင်ပြီး သင်တန်းပေးခဲ့သော ‘မီနာမီကီကန်’ စစ်ဆင်ရေးဖြစ် ကြောင်း ပြောပြသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အပြီး ပြာကျလု နီးပါးဖြစ်သွားသော စစ်ရှုံးနိုင်ငံ တစ်ခုအဖြစ်မှ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံအဖြစ် ပြောင်း လဲနိုင်ခဲ့ခြင်းတို့အကြောင်း တစ် စိတ်တစ်ပိုင်း သိခွင့်ရခဲ့သည်။ ဂျပန်လူမျိုးအများစုသည် အ တိတ်က အာရှပစိဖိတ်ဒေသတစ် ခုလုံးကို သိမ်းပိုက်အုပ်စိုးနိုင်ခဲ့ သည့် အကြောင်းများကို နောက် ကြောင်းပြန် ဂုဏ်ယူမနေတတ်သ လို ကမ္ဘာတွင် ပထမဦးဆုံးတစ် နိုင်ငံတည်း အဏုမြူဗုံးဒဏ်ခံခဲ့ ရ၍ ဂျပန်နိုင်ငံရှိ မြို့နှစ်မြို့ကို ငရဲ မီးလောင်တိုက်သွင်းခံခဲ့ရကာ စစ်ရှုံးနိုင်ငံတစ်ခု ဖြစ်ခဲ့ကြောင်းကို လည်း ဝမ်းနည်းပူဆွေးနေကြခြင်း မရှိပေ။ အတိတ်ကိုသင်ခန်းစာယူ ပြီး ပစ္စုပ္ပန်တွင် အကောင်းဆုံးကြိုး စားကာ တောက်ပသောအနာဂတ် များ ဖန်တီးရေးကိုသာ အဓိကအ ရေးထားကြကြောင်း သိခွင့်ရခဲ့ သည်။
စစ်အင်အားကြီးမားခဲ့သော သမိုင်း
ဂျပန်နိုင်ငံသည် ဒေသခံစစ် ဘုရင်များ သူတစ်လူငါတစ်မင်း အုပ်ချုပ်ပြီး တံခါးလုံးဝပိတ်ထား သော ကျွန်းနိုင်ငံကလေးတစ်ခုအ ဖြစ်မှ ၁၉ ရာစုအလယ်ပိုင်း မေဂျီ ပြုပြင်ပြောင်းလဲရေး လုပ်ပြီး နောက်ပိုင်းတွင် သက်ဦးဆံပိုင်ဘု ရင်ဧကရာဇ်အုပ်ချုပ်သော ကိုလို နီနယ်ချဲ့နိုင်ငံတစ်ခုအဖြစ်အသွင် ပြောင်းခဲ့သည်။ မေဂျီပြုပြင် ပြောင်းလဲရေးမတိုင်ခင်က ဂျပန် နိုင်ငံသည် သူ့နိုင်ငံအတွင်း နိုင်ငံ ခြားသားများ ဝင်ရောက်ခွင့်နှင့် ဂျပန်နိုင်ငံသားများ အခြားနိုင်ငံ များသို့ သွားရောက်ခွင့်ကို သေ ဒဏ်ပြစ်ဒဏ်များ ချမှတ်သည်အ ထိ တင်းကျပ်ထားပြီး တံခါးပိတ် ဝါဒကို ကျင့်သုံးခဲ့သည်။ ၁၈၅၃ တွင် ဂျပန်သို့ ကုန်သွယ်ရေးစာချုပ် များ ချုပ်ဆိုရန် ရောက်ရှိလာသော အမေရိကန်ရေတပ်မှ စစ်သေနာ ပတိမက်သရူးပယ်ရီ (Commodore Matthew Perry) ၏ စစ် သင်္ဘောများကို တွေ့ရှိပြီး ဂျပန် နိုင်ငံ၏ နောက်ကျနေခဲ့သော နည်းပညာနှင့် စစ်အင်အားကိုသ ဘောပေါက်ခဲ့သည်။ ပြုပြင် ပြောင်းလဲရေးများကို အလျင်အ မြန် မစတင်နိုင်ပါက အခြားသော အာရှနိုင်ငံများနည်းတူ ဂျပန်နိုင်ငံ သည်လည်း အနောက်နိုင်ငံများ၏ ကိုလိုနီလက်အောက်ခံဘဝကို အ နှေးနှင့်အမြန် ရောက်ရှိသွားမည် ကို သိရှိနားလည်လာခဲ့သည်။ ၁၉ ရာစုအလယ်ပိုင်းအထိ ဂျပန်နိုင်ငံ တွင် စုစုစည်းစည်းတည်ထောင် ထားသော စစ်တပ်မရှိဘဲ ဒေသ အလိုက် စစ်ဘုရင်များဖွဲ့စည်း ထားသည့် တပ်ဖွဲ့လေးများသာရှိ သည်။ ဧကရာဇ်မေဂျီ၏ ပြုပြင် ပြောင်းလဲရေးအစတွင် အနောက် နိုင်ငံများမှ လာရောက်သောစစ် သံတမန်များ၏ အကူအညီကို ရ ယူကာ အနောက်နိုင်ငံများမှ စစ် ပညာများသင်ယူစေခြင်း၊ ခေတ် မီလက်နက်များဝယ်ယူပြီး ကိုယ် ပိုင်လက်နက်ထုတ်လုပ်နိုင်သည့် အခြေအနေရောက်အောင် ကြိုး ပမ်းခြင်းဖြင့် စစ်တပ်ကိုပြုပြင် ပြောင်းလဲခဲ့သည်။ ၁၈၇၃ တွင် အသက် (၂၁) နှစ်အရွယ်ရောက် သူအမျိုးသားတိုင်း စစ်မှုမထမ်းမ နေရဥပဒေကို ပြဋ္ဌာန်းပြီး စစ်အင် အားကိုတိုးချဲ့ကာ ဂျပန်ဧကရာဇ် တပ်မတော်ကို ထူထောင်နိုင်ခဲ့ သည်။ ဂျပန်နိုင်ငံသည် အာရှတွင် ထိုအချိန်က စက်မှုတော်လှန်ရေး စတင်နိုင်ခဲ့သော တစ်ခုတည်း သောနိုင်ငံဖြစ်ခဲ့ပြီး အနောက်နိုင်ငံ များ၏ နယ်ချဲ့အရင်းရှင်ဝါဒကိုအ တုယူကာ စစ်အင်အားတိုးချဲ့ပြီး အာရှတိုက်တစ်ခုလုံးကို သိမ်း ပိုက်လွှမ်းမိုးရန် ကြံစည်ခဲ့သည်။
စစ်အင်အားတောင့်တင်း လာသော ဂျပန်နိုင်ငံသည် ၁၈၉၄ တွင် တရုတ်နိုင်ငံနှင့် စတင်စစ်ဖြစ် ပွားပြီး ကိုရီးယားနိုင်ငံတစ်ခုလုံး ကို တရုတ်နိုင်ငံလက်အောက်မှ သိမ်းယူနိုင်ခဲ့သည်။ ထိုတရုတ်- ဂျပန်စစ်ပွဲသည် ဂျပန်နိုင်ငံအ တွက် ပထမဆုံးနိုင်ငံတကာနှင့် ဖြစ်ခဲ့သော စစ်ပွဲတစ်ခုဖြစ်သည်။ ထို့နောက် ထိုင်ဝမ်ကျွန်းကို ၁၈၉၅ တွင် သိမ်းပိုက်ကာ ၁၉၀၅ တွင် ရုရှားနိုင်ငံကို ရေတပ်စစ်ပွဲများဖြင့် အနိုင်ယူခဲ့သည်။ ရုရှားလိုအင် အားကြီးနိုင်ငံတစ်ခုကို စစ်ရေးအ ရ အနိုင်ယူနိုင်လိုက်ခြင်းဖြင့်ဂျပန် နိုင်ငံသည် အာရှ၏တစ်ခုတည်း သော စစ်အင်အားကြီးနိုင်ငံအဖြစ် ကမ္ဘာကိုပြသနိုင်ခဲ့သည်။ ထိုအ ချိန်က အာရှတိုက်မှ နိုင်ငံများအား လုံးနီးပါး အနောက်နိုင်ငံများ၏ ကိုလိုနီကျွန်ပြုမှုခံနေရချိန် ဖြစ် သည်။
ပထမကမ္ဘာစစ် (၁၉၁၄ မှ ၁၉၁၈ အထိ) တွင် ဂျပန်နိုင်ငံ သည် ဗြိတိသျှအင်ပါယာဖြင့် မဟာမိတ်ဖွဲ့ကာ ဂျာမနီကို ၁၉၁၄ တွင် စစ်ကြေညာခဲ့သည်။ ထို့နောက် ပစိဖိတ်သမုဒ္ဒရာအ တွင်းမှာ ဂျာမနီပိုင်ကျွန်းများကို သိမ်းပိုက်ခြင်း၊ ဂျာမနီရေတပ်ကို အနိုင်ယူတိုက်ခိုက်ပေးခြင်းဖြင့် ပထမကမ္ဘာစစ်တွင် မဟာမိတ်တို့ အနိုင်ရရှိရေးအတွက် တစ်ဖက် တစ်လမ်းမှ စစ်ရေးအရအကူအ ညီပေးခဲ့သည်။ သို့သော် စစ်ပြေ ငြိမ်းရေး (Treaty of Versailles) စာချုပ်ချုပ်ဆိုရာတွင် စစ်အောင် နိုင်ခဲ့သော နိုင်ငံချင်းအတူတူအ နောက်နိုင်ငံများမှ အာရှနိုင်ငံတစ် ခုဖြစ်သော ဂျပန်နိုင်ငံအပေါ် နှိမ့် ချဆက်ဆံမှုများရှိခဲ့သည်ဟု ဂျပန် ကခံယူခဲ့သည်။
ဒုတိယကမ္ဘာစစ် (၁၉၃၉ မှ ၁၉၄၅ အထိ) ဖြစ်ပွားချိန်တွင် ဂျပန်သည် ယခင်ကရန်သူဖြစ်ခဲ့ သော ဂျာမနီနှင့် ပေါင်းကာ အီတ လီအပါအဝင် ဝင်ရိုးတန်းနိုင်ငံများ အဖွဲ့ဖွဲ့ပြီး ယခင်မဟာမိတ်အ ဖွဲ့ကိုပြန်၍ စစ်မက်ပြုခဲ့သည်။ ထို့ နောက် အာရှသည် အာရှအတွက် ဖြစ်ရမည်ဆိုသည့် ကြွေးကြော်မှု ဖြင့် အနောက်နိုင်ငံများမှ ကိုလိုနီ ကျွန်ပြုထားသော အာရှပစိဖိတ်ရှိ နိုင်ငံများမှစ၍ တရုတ်နိုင်ငံအထိ ဝင်ရောက်သိမ်းပိုက်ပြီး ဂျပန်နိုင်ငံ ၏ ကိုလိုနီအဖြစ်သိမ်းသွင်းခြင်း များကို စတင်ပြုလုပ်တော့သည်။ ထိုအချိန်တွင် ဟစ်တလာ၏ နာဇီ ဂျာမနီသည် ဥရောပတိုက်တစ်ခု လုံးနီးပါးကို သိမ်းပိုက်ထားနိုင်ခဲ့ ပြီး ဝင်ရိုးတန်းနိုင်ငံများ၏ ဖက် ဆစ်ဝါဒကမ္ဘာကို လွှမ်းမိုးတော့ မည့်အချိန်ဖြစ်လာခဲ့သည်။
ဒုတိယကမ္ဘာစစ်အစတွင် ဂျပန်နှင့် ဂျာမနီတို့၏ စစ်အင်အား လွှမ်းမိုးထားနိုင်မှုများကြောင့်တစ် ဖက်မှ အင်အားကြီးနိုင်ငံများအ ဖြစ် ရုရှား၊ ဗြိတိသျှနှင့် အမေရိ ကန်နိုင်ငံတို့သာ ကျန်ရှိတော့ သည်။ ရုရှားနှင့်ဗြိတိသျှကိုဂျာမနီ မှအလုံးအရင်းနှင့် စစ်ဆင်နွှဲနေ ချိန်တွင် ဂျပန်နိုင်ငံသည် အမေရိ ကန်ကို အငိုက်ဖမ်း၍ လက်ဦးမှုရ ယူရန် ကြံစည်ကြိုးစားခဲ့သည်။ ၁၉၄၁ ဒီဇင်ဘာ ၇ ရက်တွင် ဂျပန်မှ အမေရိကန်နိုင်ငံကို စစ်မ ကြေညာဘဲ ပုလဲဆိပ်ကမ်းရှိအမေ ရိကန်ရေတပ်စခန်းကို လေယာဉ် တင်သင်္ဘောခြောက်စီး၊ လေယာဉ် ပေါင်း ၃၀၀ ကျော်ဖြင့် ဝင်ရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အမေရိ ကန်တို့ဘက်မှ စစ်သင်္ဘောရှစ်စီး အပါအဝင် သင်္ဘော ၂၁ စီး ပျက် စီးနစ်မြုပ်ခဲ့ပြီး လေယာဉ်အစီး ပေါင်း ၁၈၈ စီး ပျက်စီးဆုံးရှုံးခဲ့ ကာ လူပေါင်း ၂,၀၀၀ ကျော် ကျ ဆုံးပြီး အများအပြားထိခိုက်ဒဏ် ရာရခဲ့သည်။ ဂျပန်နိုင်ငံဘက်မှ တိုက်လေယာဉ် ၂၉ စီးနှင့် လူ ၆၄ ယောက်သာ ကျဆုံးခဲ့သည်။ ပုလဲ ဆိပ်ကမ်းအတိုက်ခိုက်မခံရခင် အချိန်အထိ အမေရိကန်နိုင်ငံအ တွက် ဒုတိယကမ္ဘာစစ်သည် ဥရောပနှင့် အာရှရှိအင်အားကြီး နိုင်ငံများ၏ ကိုလိုနီနယ်မြေလုစစ် ပွဲများအဖြစ်သာ မှတ်ယူထားခဲ့ သည်။ ဗြိတိသျှတို့နှင့် မဟာမိတ် အဖြစ် ဆက်ဆံပြီး စစ်လက်နက် ကိရိယာများ ထောက်ပံ့ပေးခဲ့ သော်လည်း ထိရောက်သည့် စစ် သည်နှင့်စစ်အင်အားကို ပံ့ပိုးပေး ခဲ့ခြင်းမရှိခဲ့ပေ။ ပုလဲဆိပ်ကမ်းအ တိုက်ခိုက်ခံရအပြီးတွင် အမေရိ ကန်နိုင်ငံ၏ ဒုတိယကမ္ဘာစစ်အ ပေါ် ထားရှိသော စိတ်ထားရုတ် ခြည်း ပြောင်းလဲသွားခဲ့သည်။ ဂျပန်တို့၏လုပ်ရပ်သည် ‘အိပ် ပျော်နေသော ဘီလူးကြီးအားနှိုးမိ လိုက်ခြင်း’ ဟု သမိုင်းပညာရှင် များက ရည်ညွှန်းခဲ့သည်။ ထိုအ ချိန်က ဂျာမနီ၏ စစ်ဒဏ်ကိုအ လူးအလဲခံနေရသော ဗြိတိသျှ နိုင်ငံ၏ ဝန်ကြီးချုပ်ဝင်စတန်ချာချီ မှ အမေရိကန်ပုလဲဆိပ်ကမ်းတိုက် ခိုက်ခံရကြောင်း သတင်းရရချင်း ‘ငါတို့တွေစစ်နိုင်ပြီ’ ဆိုတဲ့ အ တွေး ချက်ချင်းဝင်လိုက်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
မရှုမလှ ရှုံးနိမ့်ရခြင်း
ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရ ပြီးနောက်နေ့တွင် အမေရိကန် နိုင်ငံမှ ဂျပန်ကိုစစ်ကြေညာကာ ဒုတိယကမ္ဘာစစ်အတွင်း ဝင် ရောက်လာခဲ့တော့သည်။ ထို့ နောက် နာဇီဂျာမနီနှင့် ဖက်ဆစ် အီတလီတို့မှ အမေရိကန်ကိုဝင် ရိုးတန်းနိုင်ငံများအဖွဲ့အနေနှင့် စစ်ကြေညာခဲ့သည်။ အမေရိကန် နိုင်ငံသည် ပစိဖိတ်စစ်မျက်နှာ၊ အတ္တလန္တိတ်စစ်မျက်နှာနှင့် ဥရော ပစစ်မျက်နှာ သုံးခုစလုံးကိုဝင်ပြီး ဂျပန်၊ ဂျာမနီနှင့် အီတလီတို့ကို မဟာမိတ်များဘက်မှ ကူတိုက် ပေးခဲ့သည်။ အမေရိကန်စစ်ထဲ ဝင်ရောက်လာသောအခါ အရေး နိမ့်နေသော မဟာမိတ်နိုင်ငံများ စစ်ရေးအရ ပြန်လည်အသာရရှိ လာခဲ့သည်။ နောက်ဆုံးဂျာမနီနှင့် အီတလီအရေးနိမ့်ပြီး ၁၉၄၅ မေလ ၈ ရက်တွင် ဂျာမနီနိုင်ငံမှ မဟာမိတ်တို့ကို လက်နက်ချပြီး ဥရောပတွင် ဒုတိယကမ္ဘာစစ်ပြီး ဆုံးသွားခဲ့သည်။
ဥရောပတွင် စစ်ပွဲများအဆုံး သတ်သွားသော်လည်း အာရှပစိ ဖိတ်စစ်မျက်နှာတွင် ဂျပန်သည် အမေရိကန်နှင့် မဟာမိတ်တပ် များကို ကြံ့ကြံ့ခံလျက်ရှိနေသေး သည်။ ဂျပန်သိမ်းပိုက်ခဲ့သည့် အာရှပစိဖိတ်မှ နိုင်ငံများကို ပြန် လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း ဂျပန်နိုင်ငံကို ကျူးကျော်ဝင် ရောက်ရာတွင် အကျအဆုံး အ လွန်များမည်ကို အမေရိကန်တို့ သဘောပေါက်ခဲ့သည်။ ဂျာမနီ လက်နက်ချအပြီးတွင် ဂျပန်မှ ဒုတိယကမ္ဘာစစ်တွင် နိုင်ဖို့လမ်းမ မြင်ကြောင်း သိရှိခဲ့သော်လည်း နောက်ဆုံးဂျပန်လူမျိုး သန်းရာ ပေါင်းများစွာကို စတေးပြီး ရန်သူ တို့စစ်တိုက်လိုသည့် စိတ်ဓာတ်ကို ချိုးဖျက်ပစ်မည်ဆိုသည့် စိတ် ထားမျိုးဖြင့် ကာမိကာဇေခေါ် လေယာဉ်ဖြင့် အသေခံဗုံးကြဲခြင်း၊ တစ်ယောက်တည်းကျန်သည်အ ထိ အသေခံပြီး စစ်တိုက်ခြင်းများ ဖြင့် အမေရိကန်၏ တိုက်စစ်ကို ကြံ့ကြံ့ခံထားလျက်ရှိသည်။
ထိုအချိန်က အမေရိကန် နိုင်ငံတွင် သိပ္ပံပညာရှင်အဲလ်ဘတ် အိုင်းစတိုင်း အကြံပြုခဲ့သည့် အ ဏုမြူနည်းပညာကို စတင်လေ့ လာခဲ့သည့် မန်ဟက်တန်စီမံ ကိန်း (Manhattan Project) လည်း အကောင်အထည်ပေါ်လာ ခဲ့ပြီး အသုံးပြုနိုင်သည့် အဏုမြူ ဗုံးနှစ်လုံးကို တီထွင်နိုင်ခဲ့သည်။ ထိုအဏုမြူဗုံးနှစ်လုံးကို အသုံးမ ပြုခင် ၁၉၄၅ ဇူလိုင် ၂၆ရက်တွင် မဟာမိတ်တို့မှ ပို့စ်ဒန်ကြေညာ ချက် (Potsdam Declaration) ဖြင့် ဂျပန်နိုင်ငံကို အလုံးစုံလက် နက်ချရန် အသိပေးခဲ့သည်။ ဂျပန်ဘက်မှ ငြင်းဆန်သဖြင့် သြ ဂုတ် ၆ရက်နေ့တွင် ဟီရိုရှီးမားမြို့ နှင့် သြဂုတ် ၉ ရက်တွင် နာဂါ ဆာဂီမြို့တို့ကို အဏုမြူဗုံးကြဲချခဲ့ သည်။ ထို့နောက် သြဂုတ် ၁၅ ရက်တွင် ဂျပန်တို့လက်နက်ချခဲ့ရ တော့သည်။
အဏုမြူဗုံးဒဏ်ကြောင့် မြို့ ကြီးနှစ်မြို့ ပြာအတိကျခဲ့ပြီး ဂျပန် လူမျိုးအရပ်သား နှစ်သိန်းခန့် သေဆုံးခဲ့ကာ အဏုမြူဓာတ် ရောင်ခြည်သင့်ခြင်းကြောင့် လူ သိန်းပေါင်းများစွာ နှစ်ပေါင်းအ တော်ကြာသည်အထိ ရောဂါဘ ယများ ခံစားခဲ့ကြရသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ဘက်မှ စစ်သည်နှင့် အရပ်သား ပေါင်း ၁ ဒသမ ၈ သန်းနီးပါး သေဆုံးခဲ့ သည်။ စစ်ရှုံးသော နိုင်ငံတစ်ခုအ ဖြစ် အမေရိကန်လက်အောက်သို့ လုံးဝကျရောက်ခဲ့ပြီး ဂျပန်ဧက ရာဇ် တပ်မတော်ကို ဖျက်သိမ်း ပေးခဲ့ရကာ ထိုအချိန်ကဒေါ်လာ သန်းထောင်နှင့်ချီသော စစ်လျော် ကြေးများကို ပေးခဲ့ရသည်။
အတောက်ပဆုံးပြန်လည်ထွန်းပ ခဲ့သော
နိုင်ငံတစ်ခုလုံးနီးပါးပြာပုံအ တိကျသွားခဲ့သလို စစ်ရှုံးနိုင်ငံတစ် ခုအနေဖြင့် ပြန်လည်ထူထောင်ရာ တွင် ဂျပန်တို့၏ ရိုးရာလက်မှု ပညာတစ်ခုက တစ်စိတ်တစ်ပိုင်း အနေနှင့် အထောက်အကူပြုခဲ့ပုံရ သည်။ ကန်ဆူဂျီ (Kintsugi) ခေါ် ကျကွဲသွားသော ပန်းကန်ခွက် ယောက်များကိုရွှေဖြင့် ပြန်ကွပ် ပြီး အလှဆင်ခြင်း လက်မှုပညာ ရပ်သည် ၁၅ ရာစုနှစ်လောက်မှ စတင်ထွန်းကားလာသည်ဟု ဆို သည်။ ထိုအချိန်က စစ်ဘုရင်နယ် စားတစ်ပါးသူ၏ အထွတ်အမြတ် ထားရာ လက်ဖက်ရေပန်းကန်ကွဲ သွားသည်ကို လွှင့်မပစ်စေဘဲ ကွဲ ရာများကိုရွှေဖြင့်ကွပ်ပြီး ပြန်စပ် စေခဲ့သည်။ ဤသို့ဖြင့် တစ်မူထူး ခြားသော လက်ရာတစ်ခုကို ဖန် တီးကာ အဖိုးတန်ပစ္စည်းတစ်ခုကို ကျကွဲနေသော ပန်းကန်လုံးတစ်ခု မှ ဖန်တီးခဲ့နိုင်သည်။ ကွဲရာများကို ဖုံးကွယ်ထားခြင်းထက် ပိုမိုပေါ် လွင်အောင် ရွှေဖြင့်ကွပ်ကာ တန် ဖိုးတစ်ခုရအောင် ပြန်လည်စွမ်း ဆောင်နိုင်မှု စိတ်ဓာတ်များက တစ်ဦးချင်းအနေနှင့်သာမက ဂျပန်တစ်နိုင်ငံလုံးအတွက် အား တစ်ခုဖြစ်ခဲ့နိုင်သည်။ ယခင်က အာရှပစိဖိတ်တစ်ခုလုံးကို စိုးမိုး နိုင်ခဲ့သည့် စစ်အင်အားကြီးနိုင်ငံ အဖြစ်ကို ပြန်လည်တောင့်တမနေ တော့ဘဲ နိုင်ငံအတွက်ကိုယ်ပိုင် တပ်မတော် တစ်ခုမဖွဲ့နိုင်ခြင်းနှင့် အမေရိကန်၏ ဂျပန်နိုင်ငံအပေါ် စစ်ရေးအရအကာအကွယ်ပေးမှု ကို စစ်အသုံးစရိတ်လျှော့ချနိုင်မှု အခွင့်အလမ်းတစ်ခုအနေနှင့်အ သုံးချကာ စက်မှုစီးပွားတိုးတက် ရေးအပေါ်သာ အာရုံစိုက်ခဲ့ကြ သည်။ စစ်ရှုံးနိုင်ငံတစ်ခုအဖြစ်ကို လည်း ပူဆွေးသောကရောက်မ နေကြဘဲ နိုင်ငံပြန်လည်ထူထောင် ရာတွင် နိုင်ငံသားတိုင်းမခိုမကပ် ဘဲ ကျရာနေရာက ပါဝင်ခဲ့ကြ သည်။ ဂျပန်လူမျိုးများ အလုပ်အ လွန်အကျွံလုပ်ကြသဖြင့် နောက် ဆုံးအစိုးရမှ အချိန်ပိုလုပ်ခွင့်ကို တစ်လနာရီတစ်ရာထက်ပို အ လုပ်မလုပ်ရန် ကန့်သတ်ခြင်းဖြင့် ထိန်းချုပ်ခဲ့ရသည်။ ဤသို့ဖြင့် ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံ ပြီးလျှင် ဒုတိယစီးပွားရေးအင် အားကြီးနိုင်ငံအဖြစ် ပြန်လည်ရပ် တည်နိုင်ခဲ့သည်။
မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် ရောက်ဖူးပြီး မြန်မာလူမျိုးများ မြန်မာတို့၏ အကျင့်စရိုက်များနှင့် အလွန်ရင်းနှီးသော မစ္စတာကိုဂျီချီ နိုနှင့် မဆွေးနွေးဖြစ်ခဲ့သောစကား များလည်းရှိခဲ့သည်။ မြန်မာလူမျိုး များသည် အတိတ်က ရွှေထီး ဆောင်းခဲ့သော အကြောင်းအရာ များကို တွေ့တိုင်းပြောဆိုကာ ဂုဏ်ယူနေတတ်ကြသည်။ လက် ရှိဖြစ်ပေါ်နေသော ဒဏ်ရာများကို တော့ အများမမြင်အောင်ဖုံးကွယ် ကာ ကုစားဖို့ကြောက်ရွံ့လျက်ရှိ ကြသည်။ ပစ္စုပ္ပန်ကိုလျစ်လျူရှု ရင်း အနာဂတ်တွင် ထွန်းတောက် လာမည့် အခြေအနေများနှင့် လည်း အလှမ်းကွာဝေးလျက်ရှိနေ သေးကြောင်း။
7 Day Daily, 14 Feb 2020
Subscribe to:
Posts (Atom)