ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်း စင်ကာပူသို့ လာရောက်လည်ပတ်ချိန်တွင် ဂယက်ထအသွားဆုံး ကိစ္စမှာ မြန်မာနိုင်ငံသည် စင်ကာပူကို အ နှစ် ၂၀ အတွင်း ကျော်ဖြတ်သွား မည်ဟု ကြေညာလိုက်ခြင်းဖြစ် သည်။ ထိုစကားကို နိုဝင်ဘာ ၃၀ ရက်နေ့က စင်ကာပူစီးပွားရေး သမားများအတွက် ကျင်းပပေး သော IE Singapore's Global Conversations Business Dialogue တွင် ပြောလိုက်ခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၁ ရက်နေ့ စင်ကာပူရောက် မြန်မာမိသားစု များနှင့် တွေ့ဆုံပွဲတွင် တက် ရောက်လာသူတစ်ယောက်က မေးသော ‘အနှစ် ၂၀ အတွင်း စင် ကာပူကို မည်သို့အမီလိုက်မည် နည်း’ဟူသော မေးခွန်းကို ပြန် လည်ဖြေကြားရာတွင် ဒေါ်အောင် ဆန်းစုကြည်က စင်ကာပူကို အ နှစ် ၂၀ အတွင်း အမီလိုက်မည်ဟု ပြောခဲ့ခြင်းမဟုတ်ဘဲ အနှစ် ၂၀ အတွင်း စင်ကာပူကို ကျော်တက် မည်ဟု ပြောခဲ့ခြင်းဖြစ်ကြောင်း ထပ်မံအသိပေးခဲ့သည်။ ထိုစကား ၏ မြစ်ဖျားခံစတင်ရာသည် မလေးရှားထံမှ စင်ကာပူ စတင်ခွဲထွက်ခဲ့ ချိန်က စင်ကာပူနိုင်ငံ၏ ဖခင်ကြီး ဟု အသိအမှတ်ပြုထားကြသော လီယွမ်ယု မြန်မာပြည်ကို လာ ရောက်လေ့လာခဲ့စဉ် လွန်ခဲ့သော အနှစ် ၅၀ ကျော်က ပြောခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှ၌ အတိုးတက်ဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ ပြီး နိုင်ငံတကာလေဆိပ်ပိုင်ဆိုင် သော တစ်ခုတည်းသော နိုင်ငံဖြစ် ခဲ့သည်။ လီကွမ်ယုက ထိုအချိန်က စင်ကာပူသည် နှစ် ၂၀ အတွင်း မြန်မာပြည်ကို အမီလိုက်မည်ဟု သမိုင်းဝင်စကားတစ်ခု ပြောကြားခဲ့သည်။ စင်ကာပူဝန်ကြီးချုပ် လီကွမ်ယု ကျောင်းလျှောက်သော အခါတွင် ရန်ကုန်တက္ကသိုလ်ကို လျှောက်ထားခဲ့ပြီး ဝင်ခွင့်မရခဲ့ သောကြောင့် အောက်စဖို့ဒ်တက္က သိုလ်ကို ရွေးလိုက်ရသည်ဟု ယုံ တမ်းစကားများလည်းရှိခဲ့သည်။
.
ဒေါ်အောင်ဆန်းစုကြည် ထို စကားပြောပြီးနောက်ပိုင်း စင်ကာ ပူနှင့် မြန်မာအသိုင်းအဝိုင်းတွင် ဂယက်တစ်ခုထသွားခဲ့သည်။ ဒီ လောက်အဘက်ဘက်က ယိုယွင်းနေသော မြန်မာပြည်သည် မည် သို့မည်ပုံ စင်ကာပူကိုကျော်တက် ဖို့ နေနေသာသာ အမီလိုက်မည် နည်းဆိုပြီး ထောက်ခံသည့်သူများ နှင့် ဝေဖန်သူများ ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို အငြင်းပွားကြ တော့သည်။
.
ကျွန်တော့်အနေနှင့် မြန်မာ နိုင်ငံရေးနှင့် စီးပွားရေးအခြေအ နေတို့ကို အစဉ်တစိုက် လေ့လာ စောင့်ကြည့်မှု လုပ်ခဲ့သော်လည်း နိုင်ငံအုပ်ချုပ်ရေးနှင့်ပတ်သက်၍ လက်လှမ်း မမီသောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ပြော ကြားချက်ကို ဝေဖန်ဆန်းစစ်နိုင် စွမ်းမရှိပေ။ သို့သော် တိုက်တိုက် ဆိုင်ဆိုင် ၂၀၁၇ ဇူလိုင်လတွင် ကျွန်တော် စင်ကာပူသို့ ရောက်ရှိ နေထိုင် အခြေချခဲ့သည်မှာ အနှစ် ၂၀ တင်းတင်းပြည့်တော့မည်ဖြစ် သည်။ လွန်ခဲ့သော အနှစ် ၂၀ ခန့် က စင်ကာပူသို့ လက်ဆွဲအိတ် ကလေးတစ်လုံးနှင့် မျှော်လင့်ချက်များစွာဖြင့်သာ လာရောက်ခဲ့ပြီး ဖြတ်သန်းခဲ့ရသော အခက်အခဲ များကို ပြန်တွေးမိရင်း စင်ကာပူ ကို တကယ်တမ်း အနှစ် ၂၀ အ တွင်းမှာ ကျော်ဖြတ်နိုင်ကြောင်း ကို အတွေ့ကြုံများပေါ်မူတည်၍ သုံးသပ်ကြည့်မိပါသည်။
.
နည်းပညာကြားဖြတ်ရယူခြင်း
--------------------------------
.
၁၉၉၇ ဇူလိုင်လတွင် စင် ကာပူကို စတင်ရောက်ရှိခဲ့သည်။ ထိုအချိန်က လက်ကိုင်ဖုန်းများ စတင်ခေတ်စားနေပြီဖြစ်သော် လည်း ဖုန်းတန်ဖိုးနှင့် ခေါ်ဆိုခ ဈေးကြီးသောကြောင့် ဝယ်မကိုင် နိုင်ပေ။ ဒေါ်လာ ၅၀ လောက်သာ ပေးရသော ပေဂျာ (Pager)ဟု ခေါ်သော တစ်ယောက်ယောက် က ကိုယ့်ကို ဆက်သွယ်လိုလျှင် နီးစပ်ရာဖုန်းဖြင့် အချက်ပေးသော ကိရိယာလေးသာ ဝယ်ကိုင်နိုင် သည်။ ထိုအချိန်က လူတိုင်း လက်ကိုင်ဖုန်းမကိုင်နိုင်သဖြင့် စင်ကာ ပူတစ်မြို့လုံးတွင် ပိုက်ဆံအကြွေ နှင့် ဖုန်းကတ်များထည့်၍ ဆက် နိုင်သော လမ်းဘေးအများသုံး တယ်လီဖုန်းများ တစ်မြို့လုံးအနှံ့ တွင် ထားပေးထားသည်။ တစ် ယောက်ယောက်က ဆက်သွယ် လိုလျှင် ထိုဖုန်းများနှင့် ပေဂျာကို လှမ်းနံပါတ်ပေးရသည်။ ကိုယ်က ပြန်ခေါ်လိုလျှင် နီးစပ်ရာဖုန်းဖြင့် ပေါ်လာသော နံပါတ်ကို ပြန်ခေါ် ရသည်။ ထို့နောက် လက်ကိုင်ဖုန်း များ တွင်ကျယ်လာသည်။ တဖြည်းဖြည်းဖြင့် ပေဂျာများ ပျောက်ကွယ်သွားသည်။ နောက် ပိုင်း 3G/4G ကွန်ရက်များကြောင့် လမ်းသွားရင်း ဖုန်းဖြင့် အင်တာ နက်ထဲဝင်ကာ တစ်ဦးနှင့်တစ်ဦး အလွယ်တကူဆက်သွယ်လာနိုင် ကြသည်။ နိုင်ငံတွင်းသာမက နိုင်ငံတကာဖြင့်ပါ ဈေးသက်သက်သာ သာဖြင့် ဆက်သွယ်လာနိုင်သည်။ ထိုမှတစ်ဆင့် လူမှုကွန်ရက်များ ဖြင့် တစ်ကမ္ဘာလုံး ဘာဖြစ်ဖြစ် စက္ကန့်ပိုင်းအတွင်း လူတိုင်းကို အသိပေးနိုင်လာသည်။
.
မြန်မာနိုင်ငံသို့ နည်းပညာ များ ရောက်လာသောအခါ စလုံး ရေးစအဆင့်ဖြင့် ဝင်ရောက်လာ ခြင်းမဟုတ်ပေ။ မြန်မာလူမျိုးများ ပေဂျာ (Pager) ဆိုသည်မှာ ဘာ မှန်းမသိဘိုက်ဘဲ လက်ကိုင်ဖုန်း ကို 2G/3G အင်တာနက်ကွန်ရက် များဖြင့် ချက်ချင်းစတင်သုံးစွဲနိုင် ခဲ့သည်။ လူမှုကွန်ရက်များကို လည်း အခြားနိုင်ငံများနည်းတူ စတင်သုံးစွဲခွင့်ရခဲ့သည်။
.
စင်ကာပူကို အနှစ် ၂၀ အ တွင်း ကျော်တက်ရန် အများထင် နေသလို စင်ကာပူ၏ လွန်ခဲ့သည့် အနှစ် ၅၀ က အခြေအနေမျိုးမှ စတင်ရန်မလိုအပ်ဘဲ လက်ရှိအ ခြေအနေပေါ်တွင် အမီလိုက်နိုင် အောင် ကမ္ဘာကြီးက ပြောင်းလဲ နေပြီဖြစ်သည်။
.
ပညာရေးကို အမီလိုက်ခြင်း
-----------------------------
.
နိုင်ငံတစ်ခု တိုးတက်ရေးအ တွက် ပညာရေးသည် မရှိမဖြစ် အရေးပါသော လိုအပ်ချက်တစ်ခု ဖြစ်သည်။ မြန်မာပြည်၏ ပညာ ရေးသည် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရ၏ လျစ်လျူရှုမှုနှင့် ရည် ရွယ်ချက်ရှိရှိ ဖိနှိပ်မှုတို့ကြောင့် အတော်နိမ့်ကျလျက်ရှိသည်။ ထို ပညာရေးစနစ်ဖြင့် အထက်တန်း အောင်လာသော ကျွန်တော်ကိုယ် တိုင် စင်ကာပူကို ပညာသင်ကြား ရန် လာရောက်သောအခါ အခက် အခဲပေါင်းစုံနှင့် ကြုံခဲ့ရသည်။ အင်္ဂလိပ်စာအားနည်းခြင်းကြောင့်ဆရာများသင်ပြမှုကို နားမလည် ခြင်း၊ စာဖတ်ရာတွင် အခက်အခဲ များနှင့် ကြုံရခြင်းတို့ကို လအနည်းငယ်ခံခဲ့ရသည်။ သို့သော် ပညာ ရေးညံ့ဖျင်းမှုသည် စနစ်ကြောင့် သာဖြစ်ပြီး လူတိုင်းကိုတော့ ညံ့ ဖျင်းအောင် လုပ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် စင်ကာပူ၏ ဖခင်ကြီး လီကွမ်ယုကတောင် မြန်မာပြည် က ညံ့လာတဲ့ကျောင်းသားတွေ စင်ကာပူရောက်တာနှင့် မိုးပျံ အောင်တော်ပြီး စင်ကာပူလူမျိုး တွေထက် သာသွားကြောင်း ဝန် ခံပြောကြားခဲ့ဖူးသည်။ သူက သူ့ တိုင်းပြည် ပညာရေးကို အမွှမ်း တင်လိုစိတ်နှင့် ပြောလိုက်သော် လည်း ထိုအဖြစ်အပျက်ကို နိုင်ငံ တကာတွင် ပညာထူးချွန်စွာသင် ကြားနေသော မြန်မာကျောင်း သားများက သက်သေတည်ပါ သည်။
.
စင်ကာပူကို ကျော်ဖြတ်ရန် အတွက် လက်ရှိစနစ်ဆိုးဖြင့် ပညာသင်ကြားခဲ့ရသော မြန်မာ လူတန်းစားတစ်ရပ်လုံးကို သူငယ် တန်းမှ စတင်စရာမလိုပေ။ အဓိ ကအနေဖြင့် ပညာသင်ကြားနိုင် ရေးအတွက် အခွင့်အလမ်း ကောင်းများကို အစိုးရအနေဖြင့် ဖော်ဆောင်ပေးနိုင်လျှင် နှစ်အ နည်းငယ်အတွင်း နိုင်ငံအတွက် လိုအပ်သော အရည်အချင်းပြည့် မီသည့် ကာယဉာဏဝန်ထမ်းများ ပေါ်ထွက်လာမည်ဖြစ်သည်။
.
စမ်းသစ်တီထွင်မှုနှင့်ဉာဏ်ရည်
-----------------------------------
.
စင်ကာပူနိုင်ငံမှ ကျောင်း သားများသည် သင်္ချာနှင့် သိပ္ပံ ပညာတွင် ကမ္ဘာ့ထိပ်ဆုံးအဖြစ် သတ်မှတ်ခြင်းခံရသည်။ ထိုအ ချက်သည် မြန်မာနိုင်ငံအနေဖြင့် အနှစ် ၂၀ အတွင်း စင်ကာပူကို ကျော်ဖြတ်သွားနိုင်သည့် အဓိက အချက်လည်းဖြစ်သည်။
.
စင်ကာပူပညာရေးစနစ် သည် ဆန်းသစ်တီထွင်မှုကို ဦးစားမပေးဘဲ ဉာဏ်ရည်ဉာဏ် သွေးကို အဓိကဦးစားပေးသည်။ အကျိုးဆက်အနေဖြင့် စွန့်စားတီ ထွင်လုပ်ကိုင်နိုင်သည့် အလုပ်အ ကိုင်များကို နိုင်ငံသားအများစု ရွေးချယ်မှုမရှိတော့ဘဲ ဝင်ငွေ ကောင်းရာ အလုပ်အကိုင်များကို သာ ရွေးချယ်လာကြသည်။ ထို့ ကြောင့် စင်ကာပူမှ နိုင်ငံတကာ သို့ ထိုးဖောက်နေရာယူထားသည့် ကုန်စည်အမှတ်တံဆိပ်များ မရှိ သလောက်ရှားပါးသည်။ စင်ကာ ပူထက် နှစ် ၃၀ ခန့် နောက်ကျပြီး လိုက်ခဲ့သော တရုတ်နိုင်ငံသည် ယခုအခါ နိုင်ငံတကာသို့ အလီ ဘာဘာ (Alibaba)၊ လီနိုဘို (Lenovo) နှင့် အခြားနာမည်ကြီး ကုန်စည်အမှတ်တံဆိပ်များဖြင့် တစ်ကမ္ဘာလုံးကို ထိုးဖောက်ကာ စင်ကာပူကို ကျော်တက်သွားခဲ့ သည်။
.
မြန်မာပြည်တွင်လည်း စင် ကာပူကို နှစ် ၂၀ အတွင်း ကျော် ဖြတ်နိုင်ရန် ပညာရေးစနစ်များကို စမ်းသစ်တီထွင်မှုပေါ်တွင် ပိုမို အခြေခံလာစေရန်နှင့် သမားရိုးကျ အလုပ်အကိုင်များထက် စွန့်စား လုပ်ကိုင်ခွင့်နှင့် နိုင်ငံတကာအထိ ထိုးဖောက်နိုင်ခွင့်အတွက် အစိုးရ က အထောက်အပံ့များ ပံ့ပိုးမှုများ လုပ်ပေးရန် လိုအပ်ပေသည်။
.
လွယ်လင့်တကူရနိုင်သည့်နိုင်ငံတကာမှ ဦးနှောက်များ
------------------------------------------------------------
.
စင်ကာပူနိုင်ငံ စတင်တည် ထောင်ချိန်တွင် လိုအပ်နေသော ပညာရှင်များနှင့် အလုပ်သမား များကို ပြည်တွင်းတွင် မဖြည့် တင်းနိုင်၍ နိုင်ငံတကာမှ ရယူသုံး စွဲခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ မြန်မာနိုင်ငံမှ အင်ဂျင်နီယာ၊ ဗိသု ကာပညာရှင်မှအစ ဘူမိဗေဒ ပညာရှင်များပါမကျန် အောက် ခြေသိမ်း အလုပ်သမားများအပါ အဝင် အလုပ်သမားပေါင်း နှစ် သိန်းခန့်အထိ စင်ကာပူတွင် အ လုပ်လုပ်ကိုင်လျက်ရှိကြသည်။ ထိုသို့ တစ်နိုင်ငံမှ ပညာရှင်များ တိုးတက်ရာနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းကို ဦးနှောက် ယိုစီးခြင်းများဟု တင်စားခေါ်ဝေါ် ခဲ့ကြသည်။ ယခုအချိန်တွင် ဦးနှောက်ယိုစီးခြင်းများသည် နိုင်ငံများအတွက် အဓိကပြဿနာ မဟုတ်တော့ချေ။
.
ယခုခေတ်တွင် စီးပွားရေး လုပ်ငန်းများကို အစိုးရအနေနှင့်ချုပ်ကိုင်ထားမှုမရှိတော့ဘဲ ပုဂ္ဂလိ ကတွင်သာ လုပ်ကိုင်လည်ပတ် လျက်ရှိသည်။ အစိုးရအနေနှင့် လိုအပ်သည့် အခြေခံအဆောက် အအုံ၊ နည်းဥပဒေများဖြင့် ပံ့ပိုးမှု၊ အားပေးမှုများ လုပ်ခြင်းဖြင့် နိုင်ငံ စီးပွားရေးကို မတည်ပေးနိုင် သည်။ ထိုအခြေအနေတွင် နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံစီးပွားတိုးတက်ရေးအတွက် အဘက်ဘက်က အထောက်အ ကူပြုပေးနိုင်သည်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာသော အခါ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ သာမက အတတ်ပညာနှင့် အလွန်အရေးကြီးသော ဦးနှောက်များဟု ခေါ်သည့် နိုင်ငံတကာပညာတတ် များပါ ခေါ်လာကြသည်။
.
နှစ်ပေါင်းများစွာ အရှုံးခံပြီး ဈေးကြီးကြီးဖြင့် လိုင်းမကောင်း ဘဲ ပေးကိုင်ရသော လက်ကိုင်ဖုန်း များသည် ဈေးကွက်ကို လွတ်လပ် ခွင့်ပေးပြီး တယ်လီနောနှင့် အူရီး ဒူး ဝင်လာသောအခါ လူတိုင်း လက်ကိုင်ဖုန်း ကိုင်နိုင်သည့်အ ဆင့်ကိုသာမက ခေတ်မီ 3G အင် တာနက်များပါ ချက်ချင်းရပြီး အ သုံးပြုနိုင်လာသည်။ တယ်လီနော နှင့် အူရီးဒူးသည် အရင်းအနှီးနှင့် နည်းပညာသာမက နိုင်ငံတကာ ပညာရှင်များကိုပါ ခေါ်လာပြီး လုပ်ငန်းအောင်မြင်အောင် ယှဉ် ပြိုင်ရသည်။ မြန်မာဝန်ထမ်းများ လည်း နိုင်ငံတကာ ဝန်ထမ်းများ နှင့် အလုပ်အတူလုပ်ကိုင်ခွင့်ရရှိ ကာ နိုင်ငံတကာစီမံခန့်ခွဲမှု၊ နည်း ပညာ၊ ဈေးကွက်ရှာဖွေရေးနှင့် အခြားအတွေ့အကြုံများ ရရှိလာ ကြပြီး မကြာတော့သော အနာ ဂတ်တွင် နိုင်ငံတကာနှင့် ယှဉ်နိုင် သော မန်နေဂျာများ၊ အရာရှိများ ဖြစ်လာကြပေမည်။
.
ထို့ကြောင့် ပြည်တွင်းကျွမ်း ကျင်ဝန်ထမ်းများ မရှိခြင်းသည် နိုင်ငံ့စီးပွားရေး ဖော်ဆောင်ရာ တွင် အလွန်စိုးရိမ်ဖွယ်ရာ အချက် တစ်ခုမဟုတ်တော့ပေ။ နိုင်ငံ တကာရင်းနှီးမြှုပ်နှံခြင်းများကို စနစ်ကျစွာဖွင့်ပေးလိုက်ခြင်းအား ဖြင့် နိုင်ငံတကာမှ ဦးနှောက် ကောင်းများ အလိုလို နိုင်ငံတွင်း သို့ ယိုစီးလာကြမည်ဖြစ်သည်။
.
မြန်မာနိုင်ငံ၏ အချက်အချာကျမှု ကို မမေ့သင့်
---------------------------------------------------
.
စင်ကာပူနိုင်ငံ၏ တိုးတက်မှု ကို တွန်းအားပေးသော၊ အရေးပါ သော အချက်တစ်ချက်သည် အာ ရှတိုက်အစွန်းရှိ ကျွန်းနိုင်ငံတစ်ခု ဖြစ်ပြီး ခေတ်အမီဆုံး နိုင်ငံတကာ ဆိပ်ကမ်းတစ်ခုတည်ရှိခြင်းဖြစ် သည်။ စင်ကာပူဆိပ်ကမ်းမှတစ် ဆင့် တစ်ကမ္ဘာလုံးသို့ တင်ပို့မည့် ကုန်ပစ္စည်းများကို အခွန်လုံးဝ ကောက်ခံခြင်းမပြုသောကြောင့် စင်ကာပူနိုင်ငံသည် နိုင်ငံတကာ ၏ ကုန်သွယ်မှု ဗဟိုဌာနတစ်ခု ဖြစ်လာခဲ့သည်။
.
မြန်မာနိုင်ငံသည် ကမ္ဘာတွင် လူဦးရေအများဆုံး နိုင်ငံတစ်ခုဖြစ် သည့် တရုတ်၊ အိန္ဒိယနှင့် စီးပွား ရေးဖွံ့ဖြိုးမှုအတွက် အရေးပါ သော အရှေ့တောင်အာရှကို ဆက်စပ်ပေးထားသော တစ်ခု တည်းသော နိုင်ငံဖြစ်သည်။ အာ ရှ အဝေးပြေးလမ်းမကြီးသည် မြန်မာနိုင်ငံကိုဖြတ်၍ အရှေ့ တောင်အာရှကို ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံနှစ်ခု၏ ဈေးကွက် ကို ဆက်သွယ်ပေးထားသည်။ ထို ပထဝီအနေအထား အချက်အချာ ကျမှုသည် စင်ကာပူနိုင်ငံ ဆိပ် ကမ်းအရေးပါမှုကဲ့သို့ ပြောင်းလဲ နိုင်ပါက မြန်မာနိုင်ငံသည် အနာ ဂတ်တွင် အာရှ၏ ကုန်သွယ်မှု ဗဟိုဌာနအဖြစ် ရပ်တည်လာနိုင် မည်ဖြစ်သည်။ သီလဝါ၊ ကျောက် ဖြူနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း များကလည်း နောင်တစ်ချိန်တွင် မြန်မာပြည်၏ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးကဏ္ဍအတွက် အ ထောက်အကူပြုလာကြလိမ့်မည် ဖြစ်သည်။
.
ခေါင်းဆောင်ကောင်း
------------------------
.
နောက်ဆုံးအနေနှင့် မဟုတ် သော်လည်း အရေးအပါဆုံးအ ချက်သည် နိုင်ငံတွင် ခေါင်း ဆောင်ကောင်းတစ်ယောက် ဦးဆောင်အုပ်ချုပ်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြု လက်ခံထားသော အရည်အသွေး ပြည့်ဝသည့် နိုင်ငံ့ခေါင်းဆောင်၊ ပြည်သူ့ခေါင်းဆောင်တစ်ဦးဖြစ် သည်။ ၂၀ ရာစု၌ အရှေ့တောင် အာရှတွင်သာမက နိုင်ငံတကာ မှပင် ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံနှင့် လူမျိုးအတွက် စွန့်လွှတ်ခဲ့သည့်ပုဂ္ဂိုလ် ပေါ်ပေါက်လာခဲ့ ခြင်းမရှိသေးပေ။
.
တကယ်တမ်း စင်ကာပူနှင့် မြန်မာနိုင်ငံရင်ဆိုင်ရသော အခက်အခဲများသည် တစ်နိုင်ငံနှင့် တစ် နိုင်ငံ မတူညီကြပေ။ စင်ကာပူ သည် မွတ်စလင်နိုင်ငံနှစ်ခု ဝိုင်းရံ ခြင်းခံထားရသော ကျွန်းနိုင်ငံငယ် ကလေးတစ်ခုဖြစ်သည်။ မြေပေါ် မြေအောက် သယံဇာတဟူ၍ တစ်ခုမှမရှိဘဲ ရေကိုပင် တစ်ချိန်က လက်အောက်ခံဖြစ်ခဲ့ရသည့် မလေးရှားနိုင်ငံကို မှီခိုနေရသည်။ စင်ကာပူအတွက် ဘာသာရေးနှင့် လူမျိုးရေး သဟဇာတဖြစ်ရေး သည် တိုင်းပြည်ရပ်တည်ရေးအ တွက် အလွန်အရေးပါသည်။ စင် ကာပူနိုင်ငံသည် အင်္ဂလိပ်စာကို အထူးပြုအသုံးချပြောဆို ဆက်ဆံ သော်လည်း မလေးဘာသာကို စင်ကာပူ၏ နိုင်ငံတော်ဘာသာ စကားအဖြစ် သတ်မှတ်ပေးထား သည်။ နိုင်ငံတော်သီချင်းကအစ စစ်တပ်တွင် အမိန့်ပေးသော ဘာ သာစကားကို မလေးဘာသာ စကားဖြင့်သာ အသုံးပြုသည်။
.
မြန်မာနိုင်ငံတွင် ယခုရင် ဆိုင်နေရသော ပြဿနာများသည် စင်ကာပူနိုင်ငံရင်ဆိုင်ခဲ့ရသော ပြဿနာများထက် ပိုမိုနက်နဲ သည်။ မြန်မာပြည်တွင် လွတ်လပ် ရေးမရခင်က စခဲ့သည့် ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင် ပုန် ကန်မှုကို ယခုထိတိုင် ရင်ဆိုင်နေ ရဆဲဖြစ်သည်။ ရခိုင်ဒေသတွင် အခြေပြုဖြစ်ပွားခဲ့သော ဘာသာ ရေး ပြဿနာများကလည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရ ကို စိန်ခေါ်လျက်ရှိသည်။
.
စင်ကာပူနိုင်ငံသည် လီကွမ် ယုလို ခေါင်းဆောင်ကောင်း၏ ဦးဆောင်မှုဖြင့် ကျွန်းနိုင်ငံငယ် ကလေးကနေ နိုင်ငံတကာစီးပွား ရေးအင်အားကြီးနိုင်ငံတစ်ခုအ ဖြစ် အနှစ် ၂၀ အတွင်း ရောက် နိုင်ခဲ့လျှင်..
.
ထို့အတူ ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် နှစ်ပေါင်းဆယ်စု နှစ်များစွာ အဖိနှိပ်ခံ၊ အကျဉ်းကျ ခံပြီး စွန့်လွှတ်မှုများစွာဖြင့် နောက်ဆုံးမြန်မာနိုင်ငံ၏ အကြီးဆုံးလက် နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် တပ်မတော်ကိုပင် တိုင်းပြည်အ တွက် အတူလက်တွဲအလုပ်လုပ် ဖို့ ရင်ကြားစေ့နိုင်ခဲ့လျှင်..
.
အနာဂတ်တွင် မြန်မာပြည် ၏ တိုးတက်မှုအလင်းရောင်ကို ကမ္ဘာက တွေ့ရှိလာပြီး စင်ကာပူ ကို ကျော်တက်ရန်မှာ ခက်ခဲမည် မဟုတ်ဟု ယုံကြည်မိသည်။
(7 Day Daily, 12 Dec 2016)
No comments:
Post a Comment