Sunday, 28 June 2015
နိုင်ငံတကာခွေး နဲ့ မြန်မာပြည်က ခွေးဝဲစား
နိုင်ငံတကာမှာ
ခွေးဆိုတာ
ချစ်စရာ အိမ်မွေး
ကောင်းကောင်းကျွေး၍
လူနဲ့အတူထား 
အတူစားပြီး
ထိပါးလာသူ
မည်သူမဆို
အိမ်ရိပ်တောင်ပေးမနင်း
ဒါ Alsatian။
မြန်မာပြည်မှာ
လမ်းကြိုလမ်းကြား
တွေ့ရာနေ တွေ့ရာစား
မြင်သူကို ရန်ပြုမယ့်
ဒါခွေးဝဲစား။
Sunday, 21 June 2015
မိသားစု
မိသားစုဆိုတာ
အေးရင်​အတူ
ပူရင်​မျှတ
အတူတကွ
လောကမှာ ခရီးနှင်
ဘယ်​​သောင်​ပြင်​ ဘယ်​ကမ်း
ဘယ်​လမ်းဘဲ ​ရောက်​​ရောက်​။
(၂၁ ဇွန်လ ၂၀၁၅)
ဒီနေ့ဟာ အဖေများနေ့လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ရှိပြီးသား ကိုယ့်ရဲ့ အဖေကို သတိတရ ရှိနေဖို့လိုသလို ယောက်ျးလေးတိုင်းဟာ အဖေတစ်ယောက်တော့ မလွဲမသွေ တစ်နေ့ ဖြစ်လာကြမှာဖြစ်ပြီး မိသားစု အတွက် မားမားမတ်မတ် ရပ်တည်နိုင်တဲ့ အဖေများဖြစ်ကြပါစေလို့။
Saturday, 20 June 2015
တရားခံ ဘယ်​သူလဲ (၁)
မြန်​မာနိုင်ငံ​မှ (ရင်​၀ကို စီးကန်​ရန်​) လှိုက်လှဲစွာ ကြိုဆိုပါ၏။
နိုင်​ငံခြား ပထမဆုံး ခရီးအဖြစ်​ စင်​ကာပူကို ၁၉၉၇ တွင်​ ​ရောက်ရှိခဲ့ပြီး ၂နှစ်​အကြာတွင်​ ပထမဦးဆုံးအကြိမ်​အဖြစ်​ မြန်​မာပြည်​ကို ၁၉၉၉ တွင် ပြန်​​ရောက်​ဖြစ်​သည်​။ ​လေယာဉ်​​ပေါ်မှအဆင်း ပထမဦးဆုံး စတင်​​တွေ့မြင်​လိုက်​ရတာက​တော့ "မြန်​မာနိုင်​ငံမှ လှိုက်​လှဲစွာ ကြိုဆိုပါ၏" ဆို​သော ဆိုင်းပုဒ်​တစ်​ခုဖြစ်​သည်​။ ​နောက်​မှ သိလိုက်​ရသည်​မှာ "လှိုက်​လှဲစွာ" ဆိုသည့် တခြားအဓိပ္ပါယ်​တစ်​ခုမှာ "ရင်​၀ကို စီးကန်​ရန်​" ဟု ဆိုလိုခြင်းဖြစ်​​ကြာင်း။
၁၉၉၉ တွင်​ ရန်​ကုန်​ နိုင်​ငံတကာလေဆိပ်​သည်​ ဘုန်းကြီး​ကျောင်းပုံ ထိုးထိုး​ထောင်​​ထောင်​​တွေနှင့်​ ယခုလက်​ရှိ ပြည်​တွင်း​လေဆိပ်​ အသုံးပြုရာ​နေရာတွင်​ ရှိသည်​။ နိုင်​ငံရပ်​ခြားတွင်​ ​နေထိုင်​သူများ မြန်​မာပြည်​ပြန်​လျှင်​ သက်​ဆိုင်​ရာနိုင်​ငံသံရုံးတွင်​ အခွန်​ကင်းလွတ်​​ကြောင်း သို့မဟုတ်​ အလုပ်​မလုပ်​​ကြောင်း ​ထောက်​ခံစာ ယူလာခဲ့ဖို့လိုသည်​။ ထိုအချိန်​က ​နိင်ငံခြားမှအပြန် ​​​လေဆိပ်​သို့ဝင်​ခြင်းသည်​ တကယ့်​ စွန့်​စာခန်းတစ်​ခုဖြစ်​သည်​။ immigration မှ အစ custom မကျန်​ အထမ်းသမားကအဆုံး ၀ိုင်းရစ်​ကြ ဖြဲ​ခြောက်​ကြ နှင့်​ နည်းမျိုးစုံ ဒုက္ခ ​ပေးကြသည်​။ များများ ဒုက္ခပေး​လေ များများ​ခြောက်​​လေ နိုင်​ငံခြားပြန်​များဆီမှ မျိုးမျိုးမြတ်​မြတ်​ရ​လေဖြစ်သည်​​။
အဲ့ဒီအချိန်​က ​ကျောင်းတက်​​နေဆဲ ဖြစ်​သည့်​အတွက်​ စင်​ကာပူရှိ မြန်​မာသံရုံးမှ အလုပ်​မလုပ်​​ကြောင်း ​ထောက်​ခံစာတစ်​​စောင်​ ယူလာခဲ့သည်​။ စင်​ကာပူ​လေယာဉ်​ကွင်းမှ ​အ​ဖေ စီးကရက်​သောက်​တတ်​သဖြင့်​ ငါးသုံးလုံး စီးကရက်​နှစ်​​တောင့်​ နှင့်​ Chivas အရက်​တစ်​လုံး ၀ယ်​လာခဲ့သည်​။
လေယာဉ်​တစ်​စီးလုံးအတွက်​ immigration ​ကောင်​တာ ၂ ခုခန့်​သာရှိပြီး ​တော်​​တော်​ တန်းစီ​စောင့်​ လိုက်​ရသည်​။ ​ကောင်​တာ​ရောက်​သောအခါ နိုင်​ငံကူးလက်​မှတ်​ နှင့်​ သံရုံးမှ အလုပ်​မလုပ်​​ကြောင်း ​ထောက်​ခံချက်​ ထုတ်ပေးလိုက်​သည်​။ ​ကောင်​တာမှာ ထိုင်​​သော လ၀က၀န်​ထမ်းက​နေပြီး ခွင့်ပြန်​လာလျင် ဖြည့်​သည့်​ စာရွက်​​ပေးရန်​​တောင်းသည်​။ ဘာစာရွက်​လဲ ​မေး​သောအခါ သူ့စားပွဲ​အောက်​တွင်​ ၀ှက်​ထား​သော အညို​ရောင်​ စာရွက်​တစ်​​စောင်ပေးပြီး ညီ​လေး ဟိုဘက်​မှာ သွားဖြည့်​ စီးကရက်​ ပါတယ်​ မဟုတ်​လား ​ပေးခဲ့ဆိုပြီး ခပ်​တင်းတင်း ​တောင်းသည်​။ သူ့ပုံစံက မ​ပေးရင်​ မြန်​မာပြည်​ထဲ ​ပေးဝင်​မည့်​ပုံ မ​ပေါ်သဖြင့်​ ပါလာသည့်​ စီးကရက်​တစ်​​တောင့်​ ထုတ်​ပေးခဲ့ရသည်​။ ​နောက်​တွင်​ ကပ်​ပါလာ​သော မိသားစုတွင်​ နို့စို့ အရွယ်​ က​လေးတစ်​​ယောက်​ပါသည်​။ က​လေးအ​ဖေသည်​ စင်​ကာပူတွင်​ အလုပ်​လုပ်​ပုံ ရသည်​။ မိန်းမအတွက် စင်ကာပူရှိ မြန်​မာသံရုံးမှ  အလုပ်​ မလုပ်​​ကြောင်း ​ထောက်​ခံချက်​ ပါလာပြီး ၁ နှစ်​အရွယ်​က​လေးအတွက်​ အလုပ်​မလုပ်​​ကြောင်း ​ထောက်​ခံချက်​ ပါမလာလို့ဆိုပြီး ရစ်​သည်​။ ထိုလူက ​ဒေါသထွက်​ထွက်​ဖြင့်​ ဒီ​မွေးကာစက​လေးက အလုပ်​လုပ်​မလား ဟုပြန်​​ပြောသည်​။ လ၀က၀န်​ထမ်းက တာဝန်​အရ စာရွက်စာတမ်း ပြည့်​စုံမှ ​ပေးဝင်​နိုင်​မည်​ဆိုပြီး ဆက်​ရစ်​သည်​။ ​နောက်​ဆုံး စီးကရက်​တစ်​​တောင့်ဖြင့် ဈေးတည့်​သွားသည်​။
အ​ကောက်​ခွန်​က အထွက်​တွင်​ တခြား​လေဆိပ်​များလို တွန်းလှည်းများ မရှိ​ပေ။ ပါလာ​သော အိတ်​၂ လုံးကို အသင့်​​စောင့်​​နေ​သော အထမ်းသမားများက အတင်းဝင်​ဆွဲ​တော့သည်​။ ​လေယာဉ်​ကွင်းအပြင်အ​ရောက်​တွင်​ အိတ်​များကိုချပြီး ဓားပြတိုက်​သလို ပိုက်​ဆံအတင်း​တောင်း​သည်​။ အ​မေက တစ်​​ထောင်​တန်​ တစ်​ရွက်​ထင်​သည်​ ​ပေးလိုက်​သည်​ မရ။ လူနှစ်​​ယောက်​ သယ်​လာခြင်းဖြစ်​၍ နှစ်​​​ယောက်​စာ ​ပေးရမည်​ ဆိုပြီး အတင်း​တောင်း သွားသည်​။
လေယာဉ်​ကွင်းမှ အထွက်​ ပြည်​လမ်းထောင့်​တွင်​ "မြန်​မာနိုင်​ငံမှ လှိုက်​လှဲစွာ ကြိုဆိုပါ၏။" ဆိုသည့်​ ဆိုင်းပုဒ်​တစ်​ခုကို ထပ်​ပြီး ​တွေ့လိုက်​ရသည်​။ စိတ်​ထဲမှာ​တော့ ရင်​၀ကို စီးကြို ပြီး အကန်​ခံလိုက်​ရသလို ခံစားလိုက်​ရသည်​။
ထိုအချိန်​က ဤကဲ့သို့ ပြု မူခဲ့​သော ​လေဆိပ်​၀န်​ထမ်းများကို အင်​မတန်​မုန်းတီးမိသည်​။ သ​င်္ဘောသားမဟုတ်​ နိုင်​ငံခြားတွင်​ အလုပ်​လုပ်​​နေသူမဟုတ်​ဘဲ ​၀င်​​ငွေလုံးဝမရှိ​သော ​ကျောင်းသားတစ်​​ယောက်​ဆီမှ မိဘ အတွက်​ ရှိစုမဲ့စုထဲမှ ၀ယ်​လာ​သောပစ္စည်းများကို ယူရက်​​လေခြင်းဟု။
နောက်ပိုင်း မြန်မာပြည်ကို မကြာခဏ ပြန်ရောက်ဖြစ်ရာ တဖြည်းဖြည်း အခြေအနေ တိုးတက်လာသော်လည်း ရစ်လို့ရမည့်သူဆို ရစ်မြဲညစ်မြဲ ဖြစ်သည်။ အထူးသဖြင့် သဘောင်္သားများကို ပိုမိုရစ်သည်ကို တွေ့ရသည်။ ထို့အတွက်လားမသိ သဘောင်္သားများကို immigration တွင် သီးသန့် တန်းဆီခိုင်းသည်။
အပေါ်ယံကြည့်လျှင်တော့ ဒီလိုမတရား အနိုင်ကျင့်သော ၀န်ထမ်းများသည် လွန်စွာမှ စက်ဆုပ်ရွံရှာဖွယ်ရာပင်။ ဒါပေမယ့် သေသေချာချာ စမ်းစစ်ကြည့်သောအခါ သူတို့သည်ပင် စနစ်ထဲမှ သားကောင်များပင် ဖြစ်ကြပြီး တရားခံအစစ်သည် ...
တရားခံဘယ်သူလဲ
အဓိက တရားခံမှာ လဘ်ပေးလဘ်ယူကို ရာဇ၀တ်မှုဟု မသတ်မှတ်ပဲ ရပိုင်ခွင့်အဖြစ် သတ်မှတ်ပေးခဲ့သော အစိုးရတစ်ဖွဲ့ လုံး၏ တာဝန်ဖြစ်သည်။ ၀န်ထမ်းလျှောက်ထားသူများ အားလုံးနီးပါးက ဘာတာဝန်ထမ်းဆောင်ပြီး တိုင်းပြည်ကို ဘယ်လို အကျိုးပြုရမည်ဆိုသည်ထက် ဘယ်လောက် ဂွင်ကောင်းသည် ဆိုသည်ကို အဓိကထားပြီး အလုပ်လျှောက်ကြသည်။
လေယာဉ်ကွင်းတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များသည် ၀န်ထမ်းများတွင် တာဝန်ရှိသကဲ့သို့ ခရီးသည်များတွင်လဲ တာဝန်ရှိသည်။ ခရီးသည်များတွင် ကြောက်၍ပေးသော အုပ်စုနှင့် လောဘဖြင့်ပေးသော အုပ်စုဆိုပြီး နှစ်မျိုးခွဲနိုင်သည်။
မြန်မာလူမျိုးများသည် မွေးကထဲက အကြောက်တရားဖြင့် ကြီးပြင်းလာရသဖြင့် ထိုအကြောက်တရားကို ပယ်ဖျောက်ပေးနိုင်သော ပညာရေးနှင့် ပတ်ဝန်းကျင်တစ်ခု မရှိသ၍ အာဏာပိုင်သူများ အနိုင်ကျင့်သမျှ  ခံနေရဦးမည် ဖြစ်သည်။
နောက်အဆိုးဆုံးအုပ်စုသည် တရားမ၀င်ပစ္စည်းများကို ၀န်ထမ်းများဖြင့်ညှိပြီး အကောက်ခွန် မပေးရအောင် သယ်ယူနေသော လောဘသားများဖြစ်ကြသည်။
အားလုံးပေါင်းစပ်မိသောအခါ
အမိမြန်မာမြေကို နိုင်ငံရပ်ခြားမှ ပြန်လာသူအားလုံးနီးပါး
ရင်ဝကို စီးကန်ခြင်း ခံခဲ့ရဖူးသည်။
Friday, 19 June 2015
တရားခံ ဘယ်​သူလဲ
အလုပ်​ကိစ္စ ဖြင့်​ မြန်​မာပြည်​ကို တစ်​လ အနည်းဆုံး တစ်​​ခေါက်​​တော့ ပြန်​​ရောက်​ဖြစ်​သည်​။ ပြန်​လာတိုင်း မြန်​မာ​မြေ​ပေါ် ​ခြေချလိုက်​ပြီး immigration ​ကောင်​တာ ကို စဖြတ်​ချိန်​မှ စတင်​ပြီး စိတ်​ မချမ်းသာစရာများ စ​တွေ့ ရ​တော့သည်​။ ​လေယာဉ်​ကွင်း အပြင်​​ရောက်​လျှင်​ စည်းကမ်းမဲ့စွာ ရပ်​ထား​သော ကားများ လမ်း​ပေါ်တွင်​ စည်းကမ်းမဲ့စွာ သွား​နေကြ​သော ကားများ ခရီသည်​တင်​ယာဉ်​များ လမ်းတစ်​​ရှောက်​ ​နေ့ခင်း​ကြောင်​​တောင်​တွင်​ပင်​ မက်​တက်​ရပ်​ပြီး ​ဖောက်​သည့်​ရှာ​နေကြ​သော အသက်​ပင်​ပြည့်​ဟန်​မတူသည့်​ ပြည့်​တန်​ဆာမ​လေးများ ရှုပ်​​ထွေး​နေ​သော ကားလမ်းများကို စိတ်​မသက်​သာဖွယ်​ရာ အမြဲ ​တွေ့ရှိ့ရ​တော့သည်​။ အ​ပေါ်ယံကကြည့်​လျှင်​​တော့ ဒီလူ​တွေအားလုံးကို ရှုံ​ချအပြစ်​တင်​ဖွယ်​ရာရှိ့​ပေမယ့်​ တကယ့်​ တရားခံအစစ်​ကို နှင့်​ ဘာ​ကြောင့်​ ၍သို့ ဖြစ်​လာရသည်​ကို နက်​နက်​နဲနဲ ​တွေးကြည့်​ရင်းဖြင့်​ "တရားခံ ဘယ်​သူလဲ" စာစုကို ​ရေးဖို့ စိတ်​ကူး ​ပေါ်လာသည်​။ မြန်​မာပြည်​တွင်​ ဖြစ်​ပွား​နေသည့်​ အ​ကြောင်းအရာ တစ်​ခုခြင်းဆီကို ဥာဏ်​မှီသ၍ ​လေ့လာကြည့်​ပြီး ဘာ​ကြောင့်​ ၍သို့ ဖြစ်​ဘာရသည်​ကို အချိန်​ရှိ့သ၍ ​ရေးသားတင်​ပြမည်​ ဖြစ်​​ကြောင်း။
Thursday, 11 June 2015
ကြက်တူရွေး ပညာရေး
ငယ်ငယ် ၁ တန်း၊ ၂တန်းလောက်က ထင်သည်။ အမှန်တရားတစ်ခုအတွက် ကြီးကြီးမားမား အပြစ်ပေးခံခဲ့ရဖူးသည်။ ထိုအချိန်က "ပတ်ဝန်းကျင်" ဆိုသော ဘာသာရပ်တစ်ခု ရှိသည်။ ပတ်ဝန်းကျင်နှင့် ပက်သတ်သော ဗဟုသုတရစေရန် ရည်ရွယ်၍ သင်ကြားပေးခြင်း ဖြစ်ဟန်တူသည်။ ပတ်ဝန်းကျင် ဘာသာရပ်တွင် မေးခွန်း တစ်ခု ပါသည်။ သင့်ပတ်ဝန်းကျင် ဆိုပြီး ပတ်ဝန်းကျင်ရှိ တိရိစ္ဆာန် ၅ မျိုးကို ဖြေပါဆိုသော မေးခွန်း။ ဖတ်စာအုပ်ထဲတွင် အဖြေပါ တခါထဲ ပေးထား သည်။ ဆရာမ၏ ကျေးဇူးကြောင့် ယခုတိုင် အဖြေကို မှတ်မိနေမိသည်။ ကြက်၊ ၀က်၊ ဘဲ၊ ဆိတ် နှင့် ငါး။ ထိုအရွယ် ကျောင်းနေစဉ်က တရုတ်တန်း ဟုခေါ်သော လသာလမ်း အနီးတွင် နေပြီး ကျောင်းမှာ မနီးမဝေးတွင် ရှိသည်။ ပတ်ဝန်းကျင်တွင် ထိုအကောင်များ ရှိဖို့နေနေသာသာ သားငါး ဈေးထဲတွင်ပင် အကောင်လိုက် မရှိ။ ဆရာမက အလွတ်ကျက်ခိုင်းပြီး နောက်တနေ့ စာမေးမည် ဟုပြောသည်။ ညဘက် ဘယ်လို စာကျက်ကျက် မရ။ အိမ်ဘေးနားတွင် တွေ့နေရသည်မှာ ပိုးဟတ်၊ ကြွက်၊ ယင်ကောင်၊ အိမ်မြှောင် နှင့် ခွေးလေခွေးလွင့်တွေသာရှိသည်။
နောက်နေ့ဆရာမ စာမေးသောအခါ ကိုယ်တွေ့ထားသည့် တိရိစ္ဆာန် ၅ မျိုးကို ရွတ်ပြလိုက်သည်။ ဆရာမ သူ့ကိုနောက်ပြောင်သည် ဆိုပြီး ခေါင်းကို ဒေါက်ကနဲ ခေါက်လိုက်သည်။ ခေါင်းခေါက်ရုံဖြင့် မပြီးသေးဘဲ တအားဒေါသထွက်နေပုံဖြင့် ခုံပေါ်တက်ပြီး ဘောင်းဘီချွတ်ပြီး မတ်တပ်ရပ်ခိုင်းသည်။ ကျောင်းမှာ မိန်းကလေးကော ယောက်ျားကလေးပါ ရောသင်သောကျောင်း ဖြစ်သဖြင့် အလွန်အရှက်ရမိတော့သည်။ 
ထိုနောက်ပိုင်း အတန်းကြီးလာသည် နှင့် အမျှ သင်ကြားရသော စာများနှင့် ဆရာဆရာမများ၏ သင်ကြားပုံများကို ပိုပို စိတ်ပျက်လာမိတော့သည်။ ဘာသာရပ်အားလုံးကို တွေးခေါ်မှုကို လုံးဝအားမပေးဘဲ နှုတ်တိုက် အလွတ်ကျက်ခိုင်းတော့သည်။ 
၈တန်းဖြေအပြီးတွင် ၀ိဇ္ဇာ နှင့် သိပ္ဗံဆိုပြီး လိုင်း ၂ ခုခွဲသည်။ အမှတ်ကောင်းလျှင် သိပ္ဗံလိုင်းဝင်သည်။ လူညံတွေ ၀ိဇ္ဇာလိုင်းသွားသည် ဟု ထိုအချိန်က သတ်မှတ်ကြသည်။ ၈တန်းစာမေးပွဲတွင် သင်္ချာ ဂုဏ်ထူးဖြင့်အောင်ပြီး သိပ္ဗံလိုင်း ၀င်သည်။ သို့သော် ဘာသာရပ်များကို စိတ်ဝင်စားမှု မရှိသဖြင့် မိဘများနှင့် အတော် အတိုက်အခံလုပ်ပြီး ၀ိဇ္ဇာလိုင်း ပြောင်းယူလိုက်သည်။ တစ်ချို့က အလွန်မိုက်မဲသည် ဟု ဝေဖန်သည်။ တစ်ချို့က စာမလိုက်နိုင်ဖြစ်ပြီး လူကညံ့၍ ပြောင်းသည်ဟု ယူဆကြသည်။ တကယ်တန်း အများအမြင်တွင် ဘ၀တက်လမ်းကြီး တစ်ခုလုံး ကျဆုံးသွား သလိုပင်။ လူအများ မျှော်လင့်သော ဆရာဝန်တို့ အင်ဂျင်နီယာတို့ ဖြစ်ခွင့် မရှိတော့ပေ။ 
၁၀တန်းအောင်တော့ တက္ကသိုလ် ဆက်မတက်ဖို့ ဆုံးဖြတ်လိုက်သည်။ မိဘကအစ ဆွေမျိုး အပေါင်းအသင်းများက ၀ိုင်းဝေဖန်ကြသည်။ ဒါပေမယ့် ကိုယ်ရည်မှန်းချက်နှင့်ကိုယ်။ နိုင်ငံခြားတွင် ပညာသင်ဖို့ရာ အင်္ဂလိပ်စာနှင့် တခြားဘာသာရပ်များကို လေ့လာသည်။ အဖေကတော့ ပြောသည်။ မင်းကိုနိုင်ငံခြားမှာ ကျောင်းထားဖို့ ပိုက်ဆံမတတ်နိုင်။ မင်းကြိုးစားလဲ အလကားဘဲ ဟုပြောသည်။ စိတ်မကောင်းဖြစ်မိပေမယ့် စိတ်တော့ မပျက်ခဲ့။ နောက်ဆုံး မိဘ အထောက်အပံ များများစားစား မပါဘဲ စင်ကာပူတွင် ပညာသင်ခွင့် ရခဲ့သည်။ 
နောက်ပိုင်း စင်ကာပူတွင် ကျောင်းနေဖက်များ နှင့်ပြန်တွေ့သည်။ တချို့က ဆောက်လုပ်ရေးလုပ်ငန်းတွေတွင် အလုပ်သမား ၀င်လုပ်နေကြသည်။ တချို့က စားသောက်ဆိုင်တွင် ပန်းကန်ဆေး စားပွဲထိုး။ တချို့က သန့်ရှင်းရေး အမှိုက်ကျုံး လုပ် နေကြသည်။ သူတို့အားလုံး တူညီတာတစ်ခုကတော့ ဆရာမ စာမေးချိန်တွင် ပတ်ဝန်းကျင်တွင် မရှိသော တိရိစ္ဆာန်များကို ဆရာမ ကျေနပ်စေရန် လိမ်ညာ၍ ရှိသည်ဟု ဖြေဆိုဖူးကြသည်။
Friday, 5 June 2015
ချစ်​ခြင်းများစွာဖြင့်​ အ​မေရိကား မှတဆင့်​ (၃)
Jet Lag (သို့မဟုတ်) အချိန်ကာလများကို ဖြတ်ကျော်ခြင်း
စင်ကာပူ နှင့် အမေရိကန် Los Angeles (LA) မြို့၏ အချိန်ကွာခြားချက်သည် ၁၅ နာရီရှိသည်။ စင်ကာပူသည် LA ထက် ၁၅ နာရီ ပိုစောနေသည်။ လေယာဉ်ပေါ်တွင် နာရီ ၂၀ နီးပါး ကြာအောင် အချိန်ကုန်ခဲ့သော်လည်း အင်္ဂါနေ့ မနက် ၉နာရီ ခွဲတွင် စင်ကာပူ မှ ထွက်လာခဲ့သော လေယာဉ်သည် LA သို့ အင်္ဂါနေ့ နေ့လယ် ၁နာရီခွဲတွင် ဆိုက်ရောက်သည်။ အသက် ၁၅ နာရီမျှပိုငယ်သွားသလိုပင်။ ထိုအချိန်တွင် စင်ကာပူတွင် ဗုဒ္ဓဟူး နေ့ နံနက် ၄ နာရီ ခွဲ ရှိနေပြီဖြစ်သည်။ လေယာဉ်ကွင်း တွင် ဂျင်မီ ဆိုသော ထိုင်ဝမ်မှရောက်နေသော တရုတ်တစ်ယောက် လာကြိုသည်။ မင်္ဂလာပွဲ ရှိရာ (La Jolla) လာဟိုရာ မြို့သို့ တခါထဲ ပို့ပေးမည်ဖြစ်သည်။ သူ့ကို "လာဂျိုလာ" ဟုဘာလို့မခေါ်ပဲ "လာဟိုရာ" ဟုခေါ်သလဲ မေးကြည့်ရာ မသိဟု ပြန်ပြောသည်။ ဘာမေးမေး မသိဟုဖြေသဖြင့် အတော်ဗဟုသုတ နှင့်ပြည့်စုံတာပဲ ဟု နောက်ပြောသည်ကိုလည်း ကြောင်တောင်တောင် ဖြင့်ကြည့်နေသဖြင့် စကားဆက်မပြောဖြစ်။ LA နှင့် လာဟိုရာမြို့ သည် ၄နာရီခန့် မောင်းရသဖြင့် ဟိုတယ်ကို ရောက်သောအခါ ညနေ ၆နာရီခန့် ရှိနေပြီ။ 
ဟိုတယ် အခန်းထဲ အရောက်တွင် သတို့သမီး အဖေ ရှေ့နေကို ရောက်ပြီဖြစ်ကြောင်း လှမ်းပြောလိုက်သည်။ သူက ညစာကို ပင်လယ်စာ စားသောက်ဆိုင် တစ်ခုတွင် စီစဉ် ထားပြီး ညနေ ၇ နာရီ ခွဲတွင် ဆုံကြမည် ဟုပြောသည်။ နည်းနည်းစောနေ သေးသဖြင့် ဟိုတယ် အနီးရှိကမ်းခြေဘက်ကို လမ်းလျှောက် ထွက်ခဲ့သည်။
လာဟိုရာ မြို့လေးသည် ကမ်းခြေမြို့ ကလေးတစ်ခုဖြစ်ပြီး ပစိဖိတ် သမုဒ္ဒရာ ဘေးတွင်ရှိသည်။ တခြား ကမ်းခြေများထက် ထူးခြားသည်မှာ ဒီမြို့သည် သမုဒ္ဒရာ ကမ်းခြေ ရှိနေခြင်းဖြစ်ပြီး ကျောက်ဆောင် ကျောက်တန်းများဖြင့် ပြည့်နှက် နေသည်။ ပင်လယ်ကမ်းခြေ လို သဲပြင်ပြန့်ပြန့်ဖြူးဖြူး သိပ်မရှိပေ။ 
ဟိုတယ်အပြင် ထွက်လိုက်တော့မှ စင်ကာပူမှ အရေးတကြီး  ယူလာရန် တစ်ခုကျန်သွားသည်ကို သိလိုက်ရသည်။ အနွေးထည် ကျန်ခဲ့သည်။LA တွင်နေသောသူငယ်ချင်းက ထိုနေရာတွင် အတော်ပူနေ၍ အနွေးထည် မလိုကြောင်းပြောသဖြင့် ယူမလာခဲ့မိ။ ဖုန်းမှ ရာသီဥတု ကိုကြည့်လိုက်ရာ အပူချိန် ၁၈ ဒီဂရီ စင်တီဂရိတ်။ ထိုဒေသတွင် နေထိုင်သူများအတွက် ဘာမှမဆိုသာသော်လည်း အပူပိုင်းဒေသမှ လာသော ကျွန်တော့်အတွက် အရိုးခိုက်အောင် စိမ့်သွားသည်။ ထို့ကြောင့် ကမ်းခြေတွင် ကြာကြာမဆက်နိုင်ပဲ ဟိုတယ်သို့ ပြန်ခဲ့ရသည်။
ပင်လယ်စာစားသောက်ဆိုင် သည် ဟိုတယ်နှင့် မနီးမဝေးတွင် ရှိသည်။ ၀င်သွားသည်နှင့် ဧည့်ကြို အမေရိကန်မချောချော ကလေးက အပြုံးကလေးဖြင့် စီးကြိုပြီး ထိုင်စရာနေရာကို ခေါ်သွားသည်။ သိပ်မကြာခင် စားပွဲထိုး အမေရိကန် တစ်ယောက် ရောက်လာပြီး သူ့နံမည်ကို မိတ်ဆက်ပေး ကာ အပြုံးကလေးဖြင့် ခါးကိုင်းပြီး ဘာသောက်မည်နည်း ဟုလာမေးသည်။ ကာလိဖိုးနီယား ထုပ် ၀ိုင်အနီတစ်လုံး မှာလိုက်ပြီး ချမ်းအေး မှုဒါဏ်ကို ကာကွယ်ရန် စသောက်ကြတော့သည်။ 
အံ့သြမှုကို မဖုံးနိုင်၍ ရှေ့နေကို မေးလိုက်မိသည်။ သူတို့ပေးသော ၀န်ဆောင်မှု ကို စင်ကာပူလို နိုင်ငံမျိုးတွင် လုံးဝမရနိုင်။ စင်ကာပူလူမျိုး အများစုသည် ဧည့်ကြိုလို စားပွဲထိုးလို အလုပ်မျိုးကို သူတို့နှင့်ထိုက်တန်သော အလုပ်ဟု မသတ်မှတ်။ ထို့ကြောင့် တရုတ် မလေး Phillipino နှင့် နိုင်ငံခြားသား အများစုကို ၀န်ဆောင်မှု လုပ်ငန်းများတွင် ခန့်ထား ကြသည်။ ထိုသူများကို လေ့ကျင့်ပညာပေးမှု အားနည်း၍လားမသိ စင်ကာပူတွင် စားသောက်ဆိုင် တစ်ဆိုင်ကို ၀င်မိလျှင် ဧည့် ကြိုထားလေ့သိပ်မရှိ။ စားသောက်ဖို့ရာ တန်းစီစောင့်ရတတ်ပြီး တရုတ်မစားပွဲထိုး တစ်ယောက်ယောက်က မျက်ထောင်နီဖြင့် စောင့်ကြီးအောင့်ကြီး လာခေါ်ပြီး ထိုင်ခုံနေရပြသည်ကို အကြိမ်ကြိမ်ကြုံဖူးလေသည်။ ရှေ့နေကရှင်းပြသည်။ အမေရိကားတွင် Service Charge ဟုခေါ်သော ၀န်ဆောင်မှုအတွက် သီးခြားကောက်ခံမှုမရှိ။ Tip ဟုခေါ်သော အပိုဆုကြေးငွေ ပေးသောအလေ့အထကိုသုံးသည်။ ၀န်ဆောင်မှုကောင်းလျှင် ဆုကြေး များများ ရကြပြီး ၀န်ဆောင်မှု ညံ့လျှင် ပေါ်တင်ပြောပြီး မပေးလို့ရသည်။ ထို့ကြောင့် နေရာတိုင်း တွင် ၀န်ဆောင်မှု အကောင်းဆုံးပေးပြီး အပိုဆုကြေး များများရအောင် အလုပ်ကြိုးစားလုပ်ကြသည် ဟုရှင်းပြသည်။
ညစာကို ပင်လယ်စာ ပေါင်းစုံအား ရေခဲထည့်ထားသော ဗန်းပေါ်တွင် ထည့်ပြီးလာချပေးသည်။ ခရု ကမာ ဂဏန်း ပင်လယ်ပုဇွန် ဖြင့် အတော်စုံသည်။ အဓိက စားစရာ (Main Course) မလာခင် ပေါင်မှန့်ပူပူ ကို ထောပတ်ဖြင့် အစာပြေစားရန်လာချပေးသည်။ 
စားသောက်ဆိုင်သည် ကမ်းခြေဘေးတွင်ရှိသဖြင့် ကျယ်ပြန့်သောပင်လယ်ပြင်နှင့် ခပ်လှမ်းလှမ်းမှ ကမ်းစပ်ဘေးရှိတောင်ကုန်းပေါ်မှ လုံးချင်းအိမ်ကလေးများ၏ မီးရောင်မှောင်ပျပျ ကိုလှမ်းတွေ့ရသည်။ ထိုတောင်ကုန်းပေါ်ရှိ အိမ်များသည် အမေရိကားတွင် ဈေးအကြီးဆုံးဖြစ်ကြောင်း ရှေ့နေ ကပြောပြသည်။ လောလောလတ်လတ် အမေရိကားတွင် Billionaire ဖြစ်သွားသော Allibaba ပိုင်ရှင် ဂျက်မ (Jack Ma) တောင် ထိုတောင်ကုန်းပေါ်မှာ အိမ်တစ်လုံးဝယ်ထားသည် ဆို၏။ "ငါ ဘီလျှံနာ ဖြစ်ရင် ဒီတောင်ကုန်းပေါ်မှာ အိမ်တစ်လုံးလောက် ၀ယ်ဦးမယ်။" ဟုရှေ့နေကို နောက်လိုက်သည်။ ဒါပေမယ့် သူကတော့ "မင်းဝယ်တဲ့ အချိန် ငါတို့တစ်ခေါက် ပြန်လာကြတာပေါ့။" ဟုအတည်ပြောသည်။ စိတ်ထဲကတော့ ကြိုတင် နမိတ်ဖတ်တာ ဖြစ်မှာပါဟုတွေးနေလိုက်မိသည်။ တောင်စောင်းဘေးနား မှ ပစိဖိတ်သမုဒ္ဒရာကို စီးမြင်နေရသော လုံးချင်း အိမ်တစ်လုံးတွင် နေချင်စိတ်တော့ဖြစ်မိသည်။
ရှေ့နေက မင်း Jet Lag နှစ်ရက် သုံးရက်လောက်ဖြစ်မည်ဟုပြောသည်။ Jet Lag ကို ပထမ Leg ဖြင့်စားလုံးပေါင်းသည် ထင်ပြီး ဂျက်လေယာဉ်ပေါ်တွင် ကျင်းကျင်းကျုပ်ကျုပ်ထိုင်ရသဖြင့် အညောင်းမိရောဂါဟု ထင်ခဲ့မိသည်။ မြန်မာပြည်မှ မဂ္ဂဇင်းတစ်စောင်တွင် ထိုသို့ ဘာသာပြန်ထားသည်ကို ဖတ်ဖူးသဖြင့် ငါမှအညောင်းမမိတာ။ ဘာမှမဖြစ်လောက်ဟု ထင်လိုက်မိသည်။ 
တကယ်တော့ Jet Lag ဆိုသည်မှာ Jet လေယာဉ်ပျံတွေ ပေါ်ပေါက်လာသော အချိန်တွင် စတင်ဖြစ်ပေါ်လာသည်။  အချိန်ကာလ အလွန်ကွာခြားသော ဒေသနှစ်ခုကို မြန်ဆန်သော ဂျက်လေယာဉ်များဖြင့် ဖြတ်သန်းသွားပြီး အချိန် နှင့် ရာသီဥတု ကွဲပြားခြင်းကြောင့် ဖြစ်ပေါ်လာသော ဝေဒနာ ကိုခေါ်ခြင်းဖြစ်သည်။ 
စကားပြောရင်း ၀ိုင်သောက်ရင်းဖြင့် ၀ိုင် ၂ လုံးခန့်ကုန်သွားသောအချိန်တွင် ည ၁၀ နာရီ ခွဲခန့်ရှိနေပြီ။ ဟော်တယ်အခန်းကို ပြန်ရောက်ချိန်တွင် ည ၁၁ နာရီခန့် ရောက်နေပြီ။ နောက်နေ့မနက်ပိုင်း သွားစရာများရှိသဖြင့် ကုတင်ပေါ်တက်ပြီး အိပ်လိုက်သည်။ တော်တော်နှင့် အိပ်မပျော်။ နာရီကြည့်မိတော့ ည၁၂နာရီခွဲ။ ကြိုးစားပြီးထပ်အိပ်သည်။ နိုးလာလို့ နာရီကြည့်တော့ မနက် ၁ နာရီ။ ထပ်ပြီး အိပ်ဖို့ကြိုးစားသည်။ မရ။ Jet Lag ဆိုတာ ဘာကို ဆိုလိုကြောင်း သဘောပေါက်လိုက်သည်။ စင်ကာပူ စံတော်ချိန်ကို ကြည့်လိုက်တော့ နေ့လယ် ၄ နာရီ။ အချိန်ကာလ ၁၅နာရီ ကွာခြားမှုကို ချက်ချင်း အသားမကျနိုင်။ ဒီ လာဟိုရာမြို့၏ ညအိပ်ချိန်သည် စင်ကာပူ နေ့ခင်းကြောင်တောင် ဖြစ်နေသည်။ 
အိပ်လိုက် နိုးလိုက်ဖြင့် မနက်မိုးလင်းသွားသည်။ မနက်ပိုင်း အပြင်သွားသောအချိန်တွင် Jet Lag ၏ ဝေဒနာက ပိုပြင်းထန်၏။ လာဟိုရာမြို့၏ မနက် ၉ နာရီ အချိန်သည် စင်ကာပူတွင် ညသန်းခေါင်ယံ ဖြစ်နေသည်။ အပြင်သွားရင်း ဧည့်သည်များနှင့် တွေ့စဉ် လူက ငိုက်ငိုက်ကျသွားသည်။ ဘာတွေပြောနေသည်ကို စိတ်မ၀င်စားမိ။ ခပ်တည်တည်ဖြင့် Jet Lag ဖြစ်နေသည်ပြောပြီး ဆက်ပြီး ငိုက်နေလိုက်မိသည်။
Monday, 1 June 2015
ချစ်ခြင်းများစွာဖြင့် အမေရိကား မှတဆင့် (၂)
လေထဲတွင် အိမ်ဆောက်ခြင်း
Los Angeles ကို ပျံသန်းမည့် စင်ကာပူလေကြောင်း Airbus A380 တွင် Class ၃ ခုခွဲထားသည်။ USD 14,000 လောက် ပေးရသည့် First Class Suite သည် ဈေးအကြီးဆုံး ဖြစ်သည်။ ကိုယ်ပိုင်အခန်း နှင့် အိပ်ယာ ပါအသုံးပြုနိုင်သည်။ Business Class သည် USD 5,000 ခန့် ကျသည်။ ကျွန်တော်ကတော့ ဈေးအပေါဆုံး Economy Class က စီးသည်။ USD 1,000 မျှသာကျသည်။
Airbus A380 လေယာဉ်သည် ကမ္ဘာတွင် ထုတ်လုပ်ခဲ့သမျှတွင် အကြီးဆုံး လေယာဉ်တစ်စီး ဖြစ်သည်။ ပိုက်ဆံ တတ်နိုင်လျှင် တတ်နိုင်သလို ကိုယ်ပိုင် အခန်း၊ အိပ်ယာဖြင့် ကိုယ်စားလိုရာ သောက်လိုရာများ မှာကြား စားသောက်ပြီး ဇိမ်ရှိရှိ ခရီးသွား၍ အဆင်ပြေစေရန် စီစဉ်ပေးထားလေသည်။ တကယ်တော့ လေထဲမှာ အိမ်သဖွယ် နေနိုင်သော လေယာဉ်တစ်စီး ဖြစ်သည်။ လေထဲတွင် အိမ်ဆောက်သည် ဆိုသည်မှာ တကယ်တော့ စိတ်ကူးယဉ် မဟုတ်တော့။ နည်းပညာထွန်းကားလာသောခေတ်တွင် လေထဲတောင် အိမ်ဆောက် နိုင်ကြပြီဖြစ်သည်။ 
ချစ်ခြင်းများစွာဖြင့် အမေရိကား မှတဆင့် (၁)
အိုဘားမားကို တပတ်ရိုက်ခြင်း
ကျွန်တော် မလုပ်ချင်ဆုံး အလုပ်သည် အိပ်စက်ခြင်း ဖြစ်ပြီး ကျွန်တော် အလုပ်ချင်ဆုံး အလုပ်သည် ခရီးသွားခြင်း ဖြစ်သည်။ ငယ်ငယ်ကထဲက ဂဏာမငြိမ်ဖြစ် ခဲ့သော အကျင့်သည် အသက်ကြီးမှ ပိုပိုစိုး၏။ တနေရာ ထဲတွင် ကြာကြာထိုင် ပြီး မနေနိုင်၊ အိပ်ရင်တောင် မှ တဆက်ထဲ ကြာကြာ မအိပ်တတ် သဖြင့် အတူတူ အိပ်ဖူးကြသော ကောင်မလေးများ အတော် စိတ်အနှောက်အယှက် ဖြစ်ကြသည် ဆို၏။ ဤသို့ဖြင့် ဂဏာမငြိမ်ရောဂါသည် ခရီးအလွန်ထွက်ရသော အလုပ်ကိုလုပ်မိ၍ အံကိုက်ဖြစ်သွားတော့သည်။
တစ်နေ့ အကျိုးတူပေါင်းစပ်လုပ်ကိုင်နေသော ရှေ့နေတစ်ယောက် ကလှမ်းဆက်သွယ်သည်။ သူ့သမီး အမေရိကားတွင် မင်္ဂလာဆောင်မည်ဖြစ်၍ လှမ်းဖိတ်ခြင်း ဖြစ်သည်။ ရှေ့နေက စင်ကာပူနိုင်ငံသား ကုလားလူမျိုး။ ကျွန်တော့၏ အမှုပေါင်း များစွာကို လိုက်ပေးဖူးသည်။ သူက အမေရိကားတွင် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှူပ်နှံ လိုသူများနှင့် မိတ်ဆက်ပေး မည်ဟု မက်လုံးပေးသည်။ ကျွန်တော် ကိုယ်တိုင်လဲ အမေရိကားကို တစ်ခေါက်မှ မရောက်ဖူး။ ထို့ကြောင့် လိုက်မည်ဟု ပြောလိုက်မိသည်။
တကယ်လိုက်ဖို့ စီစဉ်သည့်အခါတွင် ပြဿနာ စတက်တော့သည်။ ကျွန်တော့် နိုင်ငံကူးလက်မှတ်တွင် မြောက်ကိုရီယား သို့ အကြိမ်ကြိမ် ၀င်ထားသော အထောက်အထားများ ရှိနေသည်။ အရင်တစ်ခေါက် တောင်ကိုရီယား ကုန်သွယ်ရေး အစည်းအရုံး  (KOTRA) မှ ဖိတ်ကြားမှု သည်လည်း မြောက်ကိုရီယား Visa များကြောင့် ပျက်ပြယ် ဖူးသည်။ နောက်ဆုံးတော့ ဗမာ့နည်း ဗမာ့ဟန် ကြံစည်ရတော့သည်။ နိုင်ငံကူးလက်မှတ် အသစ်ရပြီး Visa လျှောက်ဖို့စီစဉ်ရသည်။
မြန်မာပြည်ကို ပြန်ပြီး နိုင်ငံကူးလက်မှတ် အသစ်လဲ ရန် စီစဉ်လိုက်ရသည်။ နိုင်ငံကူး လက်မှတ် ထုပ်ပေးရာ ရုံးတွင် မနက်သွား ဓာတ်ပုံ ရိုက် အပြီး ညနေတွင် အိမ်တိုင်ရာရောက် နိုင်ငံကူးလက်မှတ် ကို လာပို့ပေးသည်။ တိုးတက်လာသော အစိုးရ၏ ၀န်ဆောင်မှုဟုထင်လိုက်မိသည်။ နောက်မှ ရုံးမှနေပြီး ဒုရဲအုပ်တစ်ယောက်ကိုပိုက်ဆံပေးပြီး ခိုင်းလိုက်မှန်း သိလိုက်ရသည်။ နိုင်ငံကူးလက်မှတ် အသစ်ရပြီး Visa ကိစ္စကို ဆက်လုပ်ရသည်။
အမေရိကန် visa  ကို online  မှတဆင့် တင်ရသည်။ အရင် နာမည် နှင့် နိုင်ငံကူးလက်မှတ် နံပါတ်ဖြင့် account တစ်ခု ဖွင့်ရသည်။ Standard Chartered Bank တွင် ပိုက်ဆံသွင်း ပြီး online မှ အချက်အလက်များ ကို ဖြည့်ပြီး အမေရိကန် သံရုံးတွင် လူတွေ့ဖြေဆိုရန် ရက်ချိန်းယူ ရသည်။ 
Visa အတွက် စိတ်ပူမိ သဖြင့် သူငယ်ချင်း ရှေ့နေ ကိုလှမ်းပြီး သူ့သမီးနှင့် သားမက်လောင်း ထံမှ ဖိတ်ခေါ်စာ ပေးရန် လှမ်း တောင်း မိသည်။ ခဏကြာတော့ သူက ဖုန်း ပြန်ဆက်သည်။ သူ့သားမက်လောင်း က အမေရိကန် အစိုးရ နူကလီးယား သုတေသန ဌာန တွင် အလုပ် လုပ်နေ သဖြင့် ဖြစ်နိုင်လျှင် သူတို့ နာမည် သုံး၍ visa မလျှောက် စေလိုကြောင်း ပြောလာသည်။ မြောက်ကိုရီးယား  သို့ မကြာခဏ သွားသော မြန်မာ လူမျိုးတစ်ယောက်ကို အမေရိကန် နူကလီးယား သိပ္ဗံပညာရှင် တစ်ဦးမှ ဖိတ်ခေါ်ခြင်းသည် အလွန်တရာ မဖြစ်သင့်သော ကိစ္စတစ်ခု ဖြစ်ကြောင်း တွေးလိုက် မိ၍ ဖိတ်ခေါ်စာကို တခြား အသိတယောက် ထံမှ လှမ်း တောင်းလိုက် သည်။
အမေရိကန် သံရုံး အ၀င်တွင် ဖုန်း iPad နှင့် အခြား လျက်စစ်ပစ္စုည်းများ ကို အ၀င်ဝ တွင် အပ်ထားခဲ့ ရသည်။ Qနံပါတ် ယူပြီး လက်ဗွေနှိပ် အပြီး မြန်မာ နိုင်ငံကူး လက်မှတ်ကို မြင်ပြီး စာရွက်တစ်ခု ထပ်ပေးသည်။ စာရွက်ကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာ ဖြင့် ရေးထားသည်။ မိမိကိုယ်တိုင် နှင့် အိမ်ထောင်ဖက် ၏ မိဘဆွေမျိုး များအကြောင်း နှင့် ထိုသူများ မြန်မာ စစ်တပ် သို့မဟုတ် ကြံဖွံ့ နှင့် ပတ်သက်မှု ရှိ မရှိမေးမြန်း ထားသည့် စာရွက် ဖြစ်သည်။ မြောက်ကိုရီးယား နှင့် ပတ်သက်၍ မမေးမြန်း သည်ကို ကျေးဇူး တင်လျက် မေးထား သည်များ အားလုံးကို ပတ်သက်မှု မရှိကြောင်း ဖြေပေးလိုက်သည်။ Visa ကြေးအပြင် မြန်မာ ဖြစ်သည့် အတွက် အထောက်အထား ရှာဖွေခ ဒေါ်လာ ၃၀ ထပ်ပေး ရ၏။ 
လူတွေ့မေးမြန်း သူထဲမှ တစ်ဦးမှာ ABC (American Born Chinese) အမေရိကန် ဖွား တရုတ်မ တစ်ဦးဖြစ်သည်။ မျက်နှာ ခပ်တင်းတင်း ဖြင့် လာလျှောက် သူများကို သေသေချာချာ စစ်ဆေးပြီး အများစုကို Visa ထုပ်မပေးသည်ကို တွေ့ရသည်။ စင်ကာပူနိုင်ငံ သည် အမေရိကန်  သို့ Visa ကင်းလွတ်ခွင့် ရသဖြင့် Visa လာရောက် လျောက် ထားသူများ မှာ နိုင်ငံခြားသားများ ဖြစ်ကြသည်။ Filipinos, Malaysians, နှင့် Indianians အများစု ကိုတွေ့ရသည်။ Visa မရကြသူ အများစုမှာ အမေရိကားတွင် ဆွေမျိုးမရှိသူများ၊ ငွေကြေးအထောက်အထား မပြနိုင် သူများ နှင့် အကြောင်းပြချက် မခိုင်လုံသူများ ဖြစ်ကြသည်။ လူတွေ့မေးမြန်းသူ ထံတွင် ဆုံးဖြတ်ပိုင်ခွင့် အပြည့်ပေးထားသည် ကိုတွေ့ရသည်။ ကျွန်တော့ အလှည့်တွင် ထိုတရုတ်မ နှင့်ကျသည်။ မြန်မာမှန်း သိသော အခါ တခြားနိုင်ငံခြားသားများနှင့် မတူ၊ လေးလေးစားစားမေးသည်။ အမေရိကားကို ဘာကိစ္စဖြင့် သွားမည် ဆိုသည်ကို စမေးသည်။ အလည်သွားဖို့ ဟုဖြေလိုက်သည်။ စင်ကာပူတွင် ဘာအလုပ် လုပ်သလဲဟု မေးရာ စီးပွားရေး အကြံပေးလုပ် သည်ဟု ဖြေလိုက်သည်။ ၀န်ထမ်းအင်အား ကိုမေးရာ အယောက် ၄၀ ဟုဖြေလိုက်သည်။ ထိုနောက် ဘာမှထပ် မမေး တော့ပဲ Visa ကို ၃ ရက်နေလျှင် Tour Agent တစ်ခုမှ သွားယူရန် ပြောသည်။ ဖိတ်ခေါ်စာတို့ဘဏ်စာရင်းတို့ ဘာမှတောင်း မကြည့်။ ဤသို့ဖြင့် အမေရိကား ခရီးစဉ်ကို စတင် လိုက် သည်။
xxxxx