မြန်မာနိုင်ငံမှ (ရင်ဝကို စီးကန်ရန်) လှိုက်လှဲစွာ ကြိုဆိုပါ၏။
နိုင်ငံခြား ပထမဆုံး ခရီးအဖြစ် စင်ကာပူကို ၁၉၉၇ တွင် ရောက်ရှိခဲ့ပြီး ၂နှစ်အကြာတွင် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာပြည်ကို ၁၉၉၉ တွင် ပြန်ရောက်ဖြစ်သည်။ လေယာဉ်ပေါ်မှအဆင်း ပထမဦးဆုံး စတင်တွေ့မြင်လိုက်ရတာကတော့ "မြန်မာနိုင်ငံမှ လှိုက်လှဲစွာ ကြိုဆိုပါ၏" ဆိုသော ဆိုင်းပုဒ်တစ်ခုဖြစ်သည်။ နောက်မှ သိလိုက်ရသည်မှာ "လှိုက်လှဲစွာ" ဆိုသည့် တခြားအဓိပ္ပါယ်တစ်ခုမှာ "ရင်ဝကို စီးကန်ရန်" ဟု ဆိုလိုခြင်းဖြစ်ကြာင်း။
၁၉၉၉ တွင် ရန်ကုန် နိုင်ငံတကာလေဆိပ်သည် ဘုန်းကြီးကျောင်းပုံ ထိုးထိုးထောင်ထောင်တွေနှင့် ယခုလက်ရှိ ပြည်တွင်းလေဆိပ် အသုံးပြုရာနေရာတွင် ရှိသည်။ နိုင်ငံရပ်ခြားတွင် နေထိုင်သူများ မြန်မာပြည်ပြန်လျှင် သက်ဆိုင်ရာနိုင်ငံသံရုံးတွင် အခွန်ကင်းလွတ်ကြောင်း သို့မဟုတ် အလုပ်မလုပ်ကြောင်း ထောက်ခံစာ ယူလာခဲ့ဖို့လိုသည်။ ထိုအချိန်က နိင်ငံခြားမှအပြန် လေဆိပ်သို့ဝင်ခြင်းသည် တကယ့် စွန့်စာခန်းတစ်ခုဖြစ်သည်။ immigration မှ အစ custom မကျန် အထမ်းသမားကအဆုံး ၀ိုင်းရစ်ကြ ဖြဲခြောက်ကြ နှင့် နည်းမျိုးစုံ ဒုက္ခ ပေးကြသည်။ များများ ဒုက္ခပေးလေ များများခြောက်လေ နိုင်ငံခြားပြန်များဆီမှ မျိုးမျိုးမြတ်မြတ်ရလေဖြစ်သည်။
အဲ့ဒီအချိန်က ကျောင်းတက်နေဆဲ ဖြစ်သည့်အတွက် စင်ကာပူရှိ မြန်မာသံရုံးမှ အလုပ်မလုပ်ကြောင်း ထောက်ခံစာတစ်စောင် ယူလာခဲ့သည်။ စင်ကာပူလေယာဉ်ကွင်းမှ အဖေ စီးကရက်သောက်တတ်သဖြင့် ငါးသုံးလုံး စီးကရက်နှစ်တောင့် နှင့် Chivas အရက်တစ်လုံး ၀ယ်လာခဲ့သည်။
လေယာဉ်တစ်စီးလုံးအတွက် immigration ကောင်တာ ၂ ခုခန့်သာရှိပြီး တော်တော် တန်းစီစောင့် လိုက်ရသည်။ ကောင်တာရောက်သောအခါ နိုင်ငံကူးလက်မှတ် နှင့် သံရုံးမှ အလုပ်မလုပ်ကြောင်း ထောက်ခံချက် ထုတ်ပေးလိုက်သည်။ ကောင်တာမှာ ထိုင်သော လ၀က၀န်ထမ်းကနေပြီး ခွင့်ပြန်လာလျင် ဖြည့်သည့် စာရွက်ပေးရန်တောင်းသည်။ ဘာစာရွက်လဲ မေးသောအခါ သူ့စားပွဲအောက်တွင် ၀ှက်ထားသော အညိုရောင် စာရွက်တစ်စောင်ပေးပြီး ညီလေး ဟိုဘက်မှာ သွားဖြည့် စီးကရက် ပါတယ် မဟုတ်လား ပေးခဲ့ဆိုပြီး ခပ်တင်းတင်း တောင်းသည်။ သူ့ပုံစံက မပေးရင် မြန်မာပြည်ထဲ ပေးဝင်မည့်ပုံ မပေါ်သဖြင့် ပါလာသည့် စီးကရက်တစ်တောင့် ထုတ်ပေးခဲ့ရသည်။ နောက်တွင် ကပ်ပါလာသော မိသားစုတွင် နို့စို့ အရွယ် ကလေးတစ်ယောက်ပါသည်။ ကလေးအဖေသည် စင်ကာပူတွင် အလုပ်လုပ်ပုံ ရသည်။ မိန်းမအတွက် စင်ကာပူရှိ မြန်မာသံရုံးမှ အလုပ် မလုပ်ကြောင်း ထောက်ခံချက် ပါလာပြီး ၁ နှစ်အရွယ်ကလေးအတွက် အလုပ်မလုပ်ကြောင်း ထောက်ခံချက် ပါမလာလို့ဆိုပြီး ရစ်သည်။ ထိုလူက ဒေါသထွက်ထွက်ဖြင့် ဒီမွေးကာစကလေးက အလုပ်လုပ်မလား ဟုပြန်ပြောသည်။ လ၀က၀န်ထမ်းက တာဝန်အရ စာရွက်စာတမ်း ပြည့်စုံမှ ပေးဝင်နိုင်မည်ဆိုပြီး ဆက်ရစ်သည်။ နောက်ဆုံး စီးကရက်တစ်တောင့်ဖြင့် ဈေးတည့်သွားသည်။
Immigration မှအထွက် စားပွဲပေါင်းများစွာဖြင့် စောင့်နေသော အကောက်ခွန်ဌာနကို ဆက်ပြီး ဖြတ်သန်းရသည်။ ကောင်တာအ၀င်တွင် စီးကရက် စတောင်းသည်။ မတတ်သာသည့်အဆုံး စီးကရက် တစ်တောင့် ပေးလိုက်ရသည်။ အဖေကိုတော့ ၀ီစကီ တစ်လုံးနှင့် တောင်းပန်တော့မည် ဟုတွေးလိုက်မိသည်။ အကောက်ခွန် အရာရှိက ဘာမှ ရှာမတွေ့ တဲ့ အဆုံး လွယ်လာသော laptop ကို ပြသနာရှာတော့သည်။ ညီလေး မင်းကွန်ပျူတာ သယ်လာတာ အခွန်ဆောင်ရမည် ဟုပြောသည်။ ကျောင်းပိတ်ရက် စာလုပ်ရန် ယူလာသော ကွန်ပျူတာ ကို မြန်မာပြည်တွင်းသို့ ဒီလောက် ခက်ခက်ခဲခဲ သယ်ရမှန်း မသိခဲ့။ နောက်ဆုံး အဖေ့ကို လက်ဆောင်ပေးဖို့ ယူလာသော ၀ီစကီ ပုလင်းပါပေးလိုက်ရသည်။
အကောက်ခွန်က အထွက်တွင် တခြားလေဆိပ်များလို တွန်းလှည်းများ မရှိပေ။ ပါလာသော အိတ်၂ လုံးကို အသင့်စောင့်နေသော အထမ်းသမားများက အတင်းဝင်ဆွဲတော့သည်။ လေယာဉ်ကွင်းအပြင်အရောက်တွင် အိတ်များကိုချပြီး ဓားပြတိုက်သလို ပိုက်ဆံအတင်းတောင်းသည်။ အမေက တစ်ထောင်တန် တစ်ရွက်ထင်သည် ပေးလိုက်သည် မရ။ လူနှစ်ယောက် သယ်လာခြင်းဖြစ်၍ နှစ်ယောက်စာ ပေးရမည် ဆိုပြီး အတင်းတောင်း သွားသည်။
လေယာဉ်ကွင်းမှ အထွက် ပြည်လမ်းထောင့်တွင် "မြန်မာနိုင်ငံမှ လှိုက်လှဲစွာ ကြိုဆိုပါ၏။" ဆိုသည့် ဆိုင်းပုဒ်တစ်ခုကို ထပ်ပြီး တွေ့လိုက်ရသည်။ စိတ်ထဲမှာတော့ ရင်ဝကို စီးကြို ပြီး အကန်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ထိုအချိန်က ဤကဲ့သို့ ပြု မူခဲ့သော လေဆိပ်ဝန်ထမ်းများကို အင်မတန်မုန်းတီးမိသည်။ သင်္ဘောသားမဟုတ် နိုင်ငံခြားတွင် အလုပ်လုပ်နေသူမဟုတ်ဘဲ ၀င်ငွေလုံးဝမရှိသော ကျောင်းသားတစ်ယောက်ဆီမှ မိဘ အတွက် ရှိစုမဲ့စုထဲမှ ၀ယ်လာသောပစ္စည်းများကို ယူရက်လေခြင်းဟု။
နောက်ပိုင်း မြန်မာပြည်ကို မကြာခဏ ပြန်ရောက်ဖြစ်ရာ တဖြည်းဖြည်း အခြေအနေ တိုးတက်လာသော်လည်း ရစ်လို့ရမည့်သူဆို ရစ်မြဲညစ်မြဲ ဖြစ်သည်။ အထူးသဖြင့် သဘောင်္သားများကို ပိုမိုရစ်သည်ကို တွေ့ရသည်။ ထို့အတွက်လားမသိ သဘောင်္သားများကို immigration တွင် သီးသန့် တန်းဆီခိုင်းသည်။
အပေါ်ယံကြည့်လျှင်တော့ ဒီလိုမတရား အနိုင်ကျင့်သော ၀န်ထမ်းများသည် လွန်စွာမှ စက်ဆုပ်ရွံရှာဖွယ်ရာပင်။ ဒါပေမယ့် သေသေချာချာ စမ်းစစ်ကြည့်သောအခါ သူတို့သည်ပင် စနစ်ထဲမှ သားကောင်များပင် ဖြစ်ကြပြီး တရားခံအစစ်သည် ...
တရားခံဘယ်သူလဲ
လ၀က၏ အဓိက ရည်ရွယ်ချက်သည် နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်လာသူများ တိုင်းပြည် အန္တရာယ်ပြု မည့်သူများကို စိစစ်ကာကွယ်ရန် ဖြစ်သည်။ အကောက်ခွန်အရာရှိများ၏ တာဝန်သည် တရားမ၀င် သယ်ဆောင်လာသော ကုန်စည်များ တိုင်းပြည်နှင့်လူမျိုး အန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများကို စီစစ်ရန် ဖြစ်သည်။ တကယ်တမ်း လ၀က နှင့် အကောက်ခွန် အရာရှိများသည် လေယာဉ်ကွင်းတွင် တာဝန်ကျရန် ကျပ်သိန်းပေါင်းများစွာ တာဝန်ရှိသူ အထက်အရာရှိကို ပုံမှန်ပေးရသည် ဆို၏။ ထိုကြောင့် ထိုဝန်ထမ်းများ၏ အဓိက ရည်ရွယ်ချက်သည် တာဝန်ကျေပွန်စွာ ထမ်းဆောင်ဖို့ ထက် ရသည့်နည်းဖြင့် ပိုက်ဆံရှာဖွေရန် ကြိုးပမ်းတော့သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂါလီဦးရေ ၁သန်းခွဲ ကို မတားစီးနိုင်ပဲ ဘာသာရေး ပြသနာများ နိုင်ငံတကာနှင့် ပြသနာများ ဖြေရှင်းနေရ ခြင်းဖြစ်သည်။ အကောက်ခွန်မဲ့ ပစ္စည်းများသည်လဲ အကောက်ခွန်ဌာနရှေ့ မှ အမြဲဖြတ်သန်း သွားနေသည်။
အဓိက တရားခံမှာ လဘ်ပေးလဘ်ယူကို ရာဇ၀တ်မှုဟု မသတ်မှတ်ပဲ ရပိုင်ခွင့်အဖြစ် သတ်မှတ်ပေးခဲ့သော အစိုးရတစ်ဖွဲ့ လုံး၏ တာဝန်ဖြစ်သည်။ ၀န်ထမ်းလျှောက်ထားသူများ အားလုံးနီးပါးက ဘာတာဝန်ထမ်းဆောင်ပြီး တိုင်းပြည်ကို ဘယ်လို အကျိုးပြုရမည်ဆိုသည်ထက် ဘယ်လောက် ဂွင်ကောင်းသည် ဆိုသည်ကို အဓိကထားပြီး အလုပ်လျှောက်ကြသည်။
လေယာဉ်ကွင်းတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များသည် ၀န်ထမ်းများတွင် တာဝန်ရှိသကဲ့သို့ ခရီးသည်များတွင်လဲ တာဝန်ရှိသည်။ ခရီးသည်များတွင် ကြောက်၍ပေးသော အုပ်စုနှင့် လောဘဖြင့်ပေးသော အုပ်စုဆိုပြီး နှစ်မျိုးခွဲနိုင်သည်။
မြန်မာလူမျိုးများသည် မွေးကထဲက အကြောက်တရားဖြင့် ကြီးပြင်းလာရသဖြင့် ထိုအကြောက်တရားကို ပယ်ဖျောက်ပေးနိုင်သော ပညာရေးနှင့် ပတ်ဝန်းကျင်တစ်ခု မရှိသ၍ အာဏာပိုင်သူများ အနိုင်ကျင့်သမျှ ခံနေရဦးမည် ဖြစ်သည်။
နောက်အဆိုးဆုံးအုပ်စုသည် တရားမ၀င်ပစ္စည်းများကို ၀န်ထမ်းများဖြင့်ညှိပြီး အကောက်ခွန် မပေးရအောင် သယ်ယူနေသော လောဘသားများဖြစ်ကြသည်။
အားလုံးပေါင်းစပ်မိသောအခါ
အမိမြန်မာမြေကို နိုင်ငံရပ်ခြားမှ ပြန်လာသူအားလုံးနီးပါး
ရင်ဝကို စီးကန်ခြင်း ခံခဲ့ရဖူးသည်။
အဓိက တရားခံမှာ လဘ်ပေးလဘ်ယူကို ရာဇ၀တ်မှုဟု မသတ်မှတ်ပဲ ရပိုင်ခွင့်အဖြစ် သတ်မှတ်ပေးခဲ့သော အစိုးရတစ်ဖွဲ့ လုံး၏ တာဝန်ဖြစ်သည်။ ၀န်ထမ်းလျှောက်ထားသူများ အားလုံးနီးပါးက ဘာတာဝန်ထမ်းဆောင်ပြီး တိုင်းပြည်ကို ဘယ်လို အကျိုးပြုရမည်ဆိုသည်ထက် ဘယ်လောက် ဂွင်ကောင်းသည် ဆိုသည်ကို အဓိကထားပြီး အလုပ်လျှောက်ကြသည်။
လေယာဉ်ကွင်းတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များသည် ၀န်ထမ်းများတွင် တာဝန်ရှိသကဲ့သို့ ခရီးသည်များတွင်လဲ တာဝန်ရှိသည်။ ခရီးသည်များတွင် ကြောက်၍ပေးသော အုပ်စုနှင့် လောဘဖြင့်ပေးသော အုပ်စုဆိုပြီး နှစ်မျိုးခွဲနိုင်သည်။
မြန်မာလူမျိုးများသည် မွေးကထဲက အကြောက်တရားဖြင့် ကြီးပြင်းလာရသဖြင့် ထိုအကြောက်တရားကို ပယ်ဖျောက်ပေးနိုင်သော ပညာရေးနှင့် ပတ်ဝန်းကျင်တစ်ခု မရှိသ၍ အာဏာပိုင်သူများ အနိုင်ကျင့်သမျှ ခံနေရဦးမည် ဖြစ်သည်။
နောက်အဆိုးဆုံးအုပ်စုသည် တရားမ၀င်ပစ္စည်းများကို ၀န်ထမ်းများဖြင့်ညှိပြီး အကောက်ခွန် မပေးရအောင် သယ်ယူနေသော လောဘသားများဖြစ်ကြသည်။
အားလုံးပေါင်းစပ်မိသောအခါ
အမိမြန်မာမြေကို နိုင်ငံရပ်ခြားမှ ပြန်လာသူအားလုံးနီးပါး
ရင်ဝကို စီးကန်ခြင်း ခံခဲ့ရဖူးသည်။
No comments:
Post a Comment