အလုပ်ကိစ္စ ဖြင့် မြန်မာပြည်ကို တစ်လ အနည်းဆုံး တစ်ခေါက်တော့ ပြန်ရောက်ဖြစ်သည်။ ပြန်လာတိုင်း မြန်မာမြေပေါ် ခြေချလိုက်ပြီး immigration ကောင်တာ ကို စဖြတ်ချိန်မှ စတင်ပြီး စိတ် မချမ်းသာစရာများ စတွေ့ ရတော့သည်။ လေယာဉ်ကွင်း အပြင်ရောက်လျှင် စည်းကမ်းမဲ့စွာ ရပ်ထားသော ကားများ လမ်းပေါ်တွင် စည်းကမ်းမဲ့စွာ သွားနေကြသော ကားများ ခရီသည်တင်ယာဉ်များ လမ်းတစ်ရှောက် နေ့ခင်းကြောင်တောင်တွင်ပင် မက်တက်ရပ်ပြီး ဖောက်သည့်ရှာနေကြသော အသက်ပင်ပြည့်ဟန်မတူသည့် ပြည့်တန်ဆာမလေးများ ရှုပ်ထွေးနေသော ကားလမ်းများကို စိတ်မသက်သာဖွယ်ရာ အမြဲ တွေ့ရှိ့ရတော့သည်။ အပေါ်ယံကကြည့်လျှင်တော့ ဒီလူတွေအားလုံးကို ရှုံချအပြစ်တင်ဖွယ်ရာရှိ့ပေမယ့် တကယ့် တရားခံအစစ်ကို နှင့် ဘာကြောင့် ၍သို့ ဖြစ်လာရသည်ကို နက်နက်နဲနဲ တွေးကြည့်ရင်းဖြင့် "တရားခံ ဘယ်သူလဲ" စာစုကို ရေးဖို့ စိတ်ကူး ပေါ်လာသည်။ မြန်မာပြည်တွင် ဖြစ်ပွားနေသည့် အကြောင်းအရာ တစ်ခုခြင်းဆီကို ဥာဏ်မှီသ၍ လေ့လာကြည့်ပြီး ဘာကြောင့် ၍သို့ ဖြစ်ဘာရသည်ကို အချိန်ရှိ့သ၍ ရေးသားတင်ပြမည် ဖြစ်ကြောင်း။
No comments:
Post a Comment