Monday, 9 October 2017

သီချင်းဆို၍ ငိုကြသည်

တချို့က မပြည့်စုံလို့ လာရတယ်။
တချို့က ပြည့်စုံလွန်းလို့ လာကြတယ်။
.
ဒီအရက်ခွက်တွေအောက်မှာ
ပျောက်သွားတဲ့ စာရိတ္တတွေ
ပျက်စီးသွားတဲ့ မိသားစုတွေ
မရေမတွက်နိုင်အောင်
များပြား
သင်္ခါရ တရား။
.
စီးကရက်ငွေ့တွေကြား
လောင်မြိုက်သွားတဲ့
နှလုံးသားတွေ
အရှက်တွေ
သိက္ခာတွေ
အနာဂတ်တွေ
မျှော်လင့်ချက်တွေ
ရက်လတွေများလာတော့
ဒါဟာ
သဘာဝတရားတစ်ခုပေါ့။
.
ဒီဘဝထဲက ရုန်းထွက်ဖို့
အတူတူအားတင်း
ပြည့်စုံခြင်း မပြည့်စုံခြင်း ဆိုတာ
တကယ်တော့
ဒင်္ဂါးတစ်ခုရဲ့
ခေါင်းနဲ့ပန်း
ဘဝရဲ့လောင်းကစားခန်းထဲမှာ
အရှုံးအနိုင်ဆိုတာ
ဘာနဲ့တိုင်းတာမလဲ
နောက်ဆုံးတော့လည်း
အရှုံးပေးနှုတ်ဆက် ခွဲခွာရင်း
သီချင်းတစ်ပုဒ်ဆို
အားလုံး အတူတူငိုကြတယ်။   ။
.
(၈.၁၁.၁၇)


Tuesday, 19 September 2017

နာမည်တစ်လုံး

တစ်ရက် စီးပွားရေးအသင်းတစ်ခုမှ ဖိတ်ကြားသဖြင့် ရန်ကုန်တွင် ညစာစားပွဲတစ်ခုသို့ ရောက်ဖြစ်သည်။ စားပွဲဝိုင်းတစ်ဝိုင်းတွင် စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးခန့် နှင့် အတူတူထိုင်ရပြီး ထုံးစံအတိုင်း လိပ်စာကတ်များ အလဲအလှယ် လုပ်ကြသည်။ ကျွန်တော့်ဘေးတွင် ထိုင်နေသော စီးပွားရေးလုပ် ငန်းရှင်တစ်ဦးမှ ကျွန်တော့်လိပ်စာကတ်ကိုကြည့်ရင်း ခင်ဗျားကုမ္ပဏီက စီအီးအိုလား၊ ကျွန်တော် ခင်ဗျားတို့ ကုမ္ပဏီနဲ့ အလုပ်လုပ်နေတာ လေးနှစ်လောက်ရှိပြီ။ ပိုင်ရှင်ဘယ်သူလဲဆိုတာ မသိခဲ့ဘူး။ တွေ့ရတာ ၀မ်းသာပါသည်ဟု နှုတ်ဆက်ရင်း ကျွန်တော့်ကုမ္ပဏီမှ ၀န်ထမ်းများသည် အရည်အချင်းပြည့်ဝကြောင်း၊ လိုအပ်သမျှကို အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်ကြောင်း ချီးမွမ်းပြောကြားလေ သည်။

ထိုလုပ်ငန်းရှင်နှင့် စကား ပြောအပြီးတွင် လုပ်ငန်းများလုပ်ကိုင်ရာတွင် လုပ်ငန်းရှင်နာမည် နှင့် လုပ်ငန်းနာမည်ကို ရှေ့တန်းတင်မှုပေါ်တွင် မူတည်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့မှုနှင့် ပတ်သက်ပြီး ဆက်စပ်စဉ်းစားကြည့်မိ သည်။

မြန်မာပြည်မှ စီးပွားရေးလုပ်ငန်းအများစုသည် နိုင်ငံတကာမှ လုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် လုပ်ငန်းရှင်၏ နာမည်ကို ပိုမိုရှေ့တန်းတင်ပြီး အလုပ်လုပ်ကိုင်ကြသည်ကို တွေ့ရသည်။ ဒါကတော့ ဘယ်သူပိုင်တဲ့ဘဏ်၊ ဘယ်သူပိုင်တဲ့ လေကြောင်းလိုင်း၊ ဘယ်သူပိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်း စသည်ဖြင့် လုပ်ငန်းနာမည်ထက် လုပ်ငန်းရှင်၏နာမည်ကို အဓိကထားကာ အလုပ်လုပ်ကိုင်ကြသည်။ နိုင်ငံတကာတွင် အောင် မြင်နေသော လုပ်ငန်းများကိုကြည့်လျှင် Citibank ပိုင်ရှင်၏ နာမည်ကို စဉ်းစား၍မရ၊ Microsoft ကို Bill Gates ထူထောင်ခဲ့သည် မှန် သော်လည်း လက်ရှိအုပ်ချုပ်နေသူမှာ နာမည်သိပ်မကြီးသည့် အိန္ဒိယမှ အမှုဆောင်အရာရှိချုပ်တစ်ဦး၊ နိုင်ငံတကာလေကြောင်းလိုင်းများသည် မည်သူပိုင်သည်ထက် ၀န်ဆောင်မှုနှင့် အန္တရာယ်ကင်းမှုကို မူတည်ပြီး သူ့ခရီးသည်နှင့်သူ ရှိကြသည်။ ထိုကုမ္ပဏီအများစုသည် ပိုင်ရှင်မည်သူဆိုသည်ထက် လုပ်ငန်းအမှတ်တံဆိပ်များကို ပိုမိုအလေးထားကြသည်။ လုပ်ငန်းအမှတ်တံဆိပ်ပေါ်မူတည်ပြီး ထိုလုပ်ငန်းများ၏ တန်ဖိုးကို သတ်မှတ်ထားသည်။ တစ်ကမ္ဘာလုံးတွင် တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်အဖြစ် ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ၁၄၆ ဘီလီယံခန့်ဖြင့် သတ်မှတ်ခံရသော Apple အမှတ်တံဆိပ်သည် သူ၏ CEO Steve Jobs ကွယ်လွန်သွားရုံဖြင့် တန်ဖိုးကျမသွားပေ။

မြန်မာပြည်တွင် လုပ်ငန်းရှင်တစ်ဦးဦး ကွယ်လွန်သွားလျှင်ဖြစ် ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် အမည်နာမချို့ယွင်းသွားလျှင်ဖြစ် ဖြစ် ထိုသူနှင့်ဆက်စပ်ပြီး သူ၏ လုပ်ငန်းများပါ ထိခိုက်သွားတတ် သည်။

ပုဂ္ဂိုလ်နာမည်၏ အန္တရာယ်
------------------------------

တကယ်တော့ လူပုဂ္ဂိုလ်နာမည်နှင့် လုပ်ငန်းနာမည်ကို တွဲဖက်ထားခြင်းသည် စီးပွားရေးလုပ်ငန်းများတွင် အလွန်အန္တရာယ်များသည်။ ကုမ္ပဏီတစ်ခုသည် နှစ်ပေါင်းများစွာ အခြေပြုပြီးမှ အောင်မြင်မှုများရနိုင်သည်။ ထိုအောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းပြီး ပိုမိုတိုးတက်အောင်မြင်ရန် နောက်ထပ်နှစ်ပေါင်းများစွာ ထပ်မံရပ်တည်ရဦးမည် ဖြစ်သည်။ သို့သော် လူ့သက်တမ်းသည် အကန့်အသတ်ရှိသည်။ လုပ်ငန်းရှင်တစ် ဦးအနေနှင့် သူ၏လုပ်ငန်းကို ထာဝရဦးဆောင်၍ မရပေ။ ထိုအချိန်တွင် သူ၏လုပ်ငန်းထက် သူ၏အမည်က ရှေ့တန်းရောက်နေပါက သူကိုယ်တိုင် ဦးဆောင်အုပ်ချုပ်မှု မလုပ်နိုင်သည့်အချိန်တွင် လုပ်ငန်းများပါ တိုးတက်မှု ရပ်တန့်သွားတတ်ပြီး တဖြည်းဖြည်းနှင့် လုပ်ငန်းရပ်စဲသွားသည့် အဖြစ်မျိုးကို တွေ့ကြုံကြရသည်။

ကြီးထွားလာသည့် မိသားစုလုပ်ငန်းများ
--------------------------------------------

မြန်မာပြည်ရှိ စီးပွားရေးလုပ်ငန်းများကို လေ့လာကြည့်လျှင် လုပ်ငန်းကြီးကြီးသေးသေး မိသားစုလုပ်ငန်းများသဖွယ် လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။ အဖေက အမှုဆောင်အရာရှိချုပ်ဖြစ်နေတတ်ပြီး အမေက ဘဏ္ဍာရေးကို အုပ်ချုပ်ကာ သားသမီးများက ဒါရိုက်တာနေရာများတွင် ၀င်ရောက်လုပ်ကိုင်နေကြပြီး နီးစပ်ရာ ဆွေမျိုးမိတ်သင်္ဂဟများကို အရေးပါသော ရာထူးနေရာများတွင် တာဝန်များ ပေးထားတတ်ကြသည်။ ဦးဆောင်သူတစ်ဦးဦး၏ အမြော် အမြင်နှင့် ကြိုးစားမှုကြောင့် လုပ်ငန်းများ ကြီးထွားတိုးတက်လာ သည့်တိုင်အောင် အဓိကနေရာများကို လူယုံများနှင့်သာ အုပ်ချုပ်တတ်ကြသည်။

နိုင်ငံတကာတွင်လည်း စီးပွားရေးလုပ်ငန်းများ အစပိုင်းတွင် မိသားစုလုပ်ငန်းများအဖြစ် စတင်လေ့ရှိကြပြီး တိုးတက်မှုအခြေအနေတစ်ခုအရောက်တွင် ကျွမ်းကျင်သူများကို ခန့်ထားကာ ပိုင်ဆိုင်မှု နှင့် စီမံခန့်ခွဲမှုကို သီးခြားခွဲခြားပြီး လုပ်ငန်းများကို တိုးတက်သည်ထက် တိုးတက်အောင်နှင့် ရေရှည်ရပ်တည်နိုင်အောင် လုပ်ဆောင် ကြသည်။ ထို့ကြောင့် လူပုဂ္ဂိုလ် နာမည်တစ်ခုခုကို ဦးတည်ထား၍မရဘဲ လုပ်ငန်း၏ အမည်နာမကိုသာ ရှေ့တန်းတင်ကြရသည်။

ပိုင်ဆိုင်မှုနှင့် စီမံအုပ်ချုပ်မှု
-----------------------------

လုပ်ငန်းစတင်ခဲ့သော လုပ်ငန်းပိုင်ရှင်အများစုသည် လုပ်ငန်းများကို အောင်မြင်တိုးတက်အောင် ရှေ့ဆောင်နိုင်ခဲ့ကြသော်လည်း လုပ်ငန်းအမှန်တကယ် ကြီးထွားလာသောအခါ တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ရန်နှင့် ပိုမို အောင်မြင်လာနိုင်ရန် စီမံအုပ်ချုပ်မှုအပိုင်းတွင် အားနည်းချင်နည်း နိုင်သည်ကို သတိပြုမိဖို့လိုသည်။ နိုင်ငံတကာတွင် ထိုအခြေအနေမျိုးရောက်လာလျှင် သက်ဆိုင်ရာ နေရာအလိုက် ပြင်ပမှ အတွေ့အကြုံရှိသည့် အမှုဆောင်အရာရှိများကိုရှာကာ အုပ်ချုပ်စေပြီး မူလလုပ်ငန်းပိုင်ရှင်များသည် ရှယ်ယာပိုင်ရှင်များအဖြစ် ရပ်တည်ပြီး လုပ်ငန်းပိုင်ဆိုင်မှုနှင့် လုပ်ငန်းစီမံအုပ်ချုပ်မှုကို ခွဲခြားကာ စီမံအုပ်ချုပ်မှုတွင် ၀င်ရောက်စွက်ဖက်ခြင်း မလုပ်ကြတော့ပေ။ ထိုသို့လုပ်ကိုင်ရန်အတွက် အတွေ့အကြုံရင့်ကျက်သော ကျွမ်းကျင်ပညာရှင်များကို နိုင်ငံတကာအလုပ်အကိုင် ဈေးကွက်မှ အလွယ်တကူရှာဖွေ ရရှိနိုင်ပြီး လစာနှင့်အခွင့်အရေးများ ကောင်းကောင်းပေးကာ ခန့် ထားနိုင်ကြသည်။ ရှယ်ယာပိုင်ရှင်များနှင့် စီမံအုပ်ချုပ်သူအဖွဲ့သည် အထူးအထွေကိစ္စရပ်များမရှိလျှင် တစ်နှစ်လျှင် တစ်ကြိမ်ခန့်သာ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် တွေ့ဆုံပြီး လုပ်ငန်း၏ တိုးတက်မှု အခြေအနေကို တင်ပြဆွေးနွေးတတ်ကြသည်။

အငှားယာဉ်တစ်စီးမှမပိုင်ဘဲ ကမ္ဘာ့အကြီးဆုံး အငှားကား ကုမ္ပဏီအဖြစ် UBER ကို တည်ထောင်ခဲ့သော Travis Kalanick သည်သူ၏နာမည် ထိခိုက်မည့်ကိစ္စများ ဖြစ်ပေါ်လာသောအခါ CEO အဖြစ်မှ ၂၀၁၇ ဇွန်လတွင် နုတ်ထွက်ပေးပြီး သူ့နေရာကိုဆက်ခံသူကို ရှာစေခဲ့ကာ ကုမ္ပဏီနာမည်ကို အထိအခိုက်မခံခဲ့ပေ။ ထိုကဲ့သို့ ပိုင်ဆိုင်မှုနှင့် စီမံအုပ်ချုပ်မှု ခွဲခြားထားခြင်းကြောင့်လုပ်ငန်းကို ဦးဆောင်သူတစ်စုံတစ်ခုကြောင့်  လုပ်ငန်းမှ အနားယူရသည့်တိုင်အောင် အောင်မြင်နေသောလုပ်ငန်းများ ထိခိုက်မှုမရှိပေ။

မြန်မာပြည်တွင် ကြုံတွေ့ရသော အဓိကအခက်အခဲသည် အတွေ့အကြုံရှိ စီမံခန့်ခွဲနိုင်သော အမှုဆောင်အရာရှိများ ပြည်တွင်းတွင် လွယ်ကူစွာရှာဖွေခန့်ထားနိုင် ခြင်း မရှိသည့်အပြင် လုပ်ငန်းပိုင်ရှင်များ၏ အပြင်လူအပေါ် ယုံကြည်စိတ်ချမှု အားနည်းခြင်းများကိုလည်း တွေ့ရသည်။ စာရင်းအင်းဆိုင်ရာ တိကျမှုမရှိသည့်အတွက် လုပ်ငန်းများကို အပြင်လူစီမံခန့်ခွဲခိုင်းရာတွင် နိုင်ငံတကာကဲ့သို့ စာရင်းစစ်၏ အစီရင်ခံစာပေါ်မူတည်၍ လုပ်ငန်းကို ထိန်းကျောင်းမှုလုပ်ကိုင်၍မရသည့်အချက်သည်လည်း အဓိကကျသည်။ ထို့ကြောင့် မြန်မာပြည်မှ လုပ်ငန်းအများစု(အားလုံးနီးပါး) သည် နိုင်ငံတကာကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ လုပ်ငန်းတည်ထောင်သူ ဦးဆောင်သူနောက်လိုက်ကာ ထိုသူမရှိလျှင် ရပ်ဆိုင်းသွားတတ်ကြသည်။

ပြောင်းလဲလာသော ခေတ်နှင့်သူငယ်နာမစင်သည့်လုပ်ငန်းကြီးများ
---------------------------------------------------------------------------

မြန်မာပြည်သည် နှစ်ပေါင်းဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတကာပိတ်ဆို့မှုများနှင့်အတူ စီးပွားရေးလုပ်ငန်းများအနေနှင့် နိုင်ငံတကာမှ လာရောက်ယှဉ်ပြိုင်မှုများ မရှိသလို ပြည်တွင်းမှ လုပ်ငန်းများလည်း နိုင်ငံတကာသို့ ထိုးဖောက်ဝင်ရောက်ဖို့ ခဲယဉ်းခဲ့သည်။ ခေတ်အဆက်ဆက်မှ အစိုးရများသည်လည်း ပြည်တွင်းလုပ်ငန်းရှင်များကို အကာအကွယ်ပေးကာ နိုင်ငံတကာမှ ၀င်ရောက်မယှဉ်ပြိုင်နိုင်အောင် ဥပဒေများဖြင့် စီမံပေးထားခဲ့ကြသည်။ နိုင်ငံတကာတွင် Infant Industries ခေါ် မွေးကင်းစ ပြည်တွင်းလုပ်ငန်းများ အားကောင်းမလာခင် ပြည်ပပြိုင်မှုများကို တားဆီးပေးထားတတ်ကြသည်။ သို့သော် အချိန်ကာလတစ်ခုထိသာဖြစ်ပြီး ထိုလုပ်ငန်း များအားကောင်းလာရန် အစိုးရမှအထောက်အပံ့ပေးကာ အရှိန်ရလာလျှင် ပြည်တွင်းတွင်လည်း ပြည်ပယှဉ်ပြိုင်ခြင်းကို ဖွင့်ပေးသလို ပြည်တွင်းလုပ်ငန်းများကိုလည်း ပြည်ပသို့ သွားရောက်ယှဉ် ပြိုင်စေခြင်းဖြင့် ကမ္ဘာ့အဆင့်မီ လုပ်ငန်းကြီး ထွက်ပေါ်လာကြသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ဆယ်စုနှစ်များစွာ အစိုးရမှ နည်းမျိုးစုံနှင့် အကာအကွယ်ပေးထားသော်လည်း လုပ်ငန်းများသည် မွေးကင်းစအချိန် ကျော်လွန်၍ ရင့်ကျက်လာရမည့်အချိန် ရောက်သည့်တိုင်အောင် မွေးကင်းစများကဲ့သို့ နုနယ်နေကြဆဲဖြစ်သည်။ ထိုလုပ်ငန်းများသည် ပြောင်းလဲလာသော အစိုးရခေတ်တွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံပြီး ယှဉ်ပြိုင်လာနိုင်သည့် လုပ်ငန်းများကို အရင်အစိုးရများနည်းတူ ပိတ်ဆို့တားဆီးကာ ပြည်တွင်း၌ ဆက်လက် လက်ဝါးကြီးအုပ်ကာ ဈေးကွက်ကို ဦးစီးထား လိုဟန်ရှိကြသည်။

တကယ်တိုင်းပြည်တိုးတက်ရေးအတွက် ပြည်တွင်း၌သာ စီးပွားရေးလုပ်ငန်းများ လည်ပတ်နေရုံမျှနှင့် မလုံလောက်ဘဲ ပြည်ပမှ အရင်းအနှီးများနှင့် တကယ့်စီးပွားရေးလုပ်ငန်းများကို ပြည်တွင်းသို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံစေရန် လို အပ်ပြီး ပြည်တွင်းမှ လုပ်ငန်းများသည်လည်း ပြည်ပသို့သွားရောက် ယှဉ်ပြိုင်နိုင်ဖို့ လိုသည်။ လက်ရှိအချိန်တွင် နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုများလည်း ရုပ်သိမ်းလိုက်ပြီဖြစ်သဖြင့် မြန်မာပြည်မှ စီးပွားရေးလုပ်ငန်းများသည် လက်ရှိ စီမံခန့်ခွဲမှုပုံများ အမြန်ပြောင်းလဲကာ တကယ့်ကျွမ်းကျင်သူများကို စီမံခန့်ခွဲအုပ်ချုပ်ရန် ခန့်ထားနိုင်ခြင်းမရှိပါက နိုင်ငံတကာပြိုင်ဆိုင်မှုကို မယှဉ်နိုင်ဘဲလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်ကြောင်း။        ။

(7 Day Daily, 9 Sep 2017)


အနာဂတ်တွင်

စင်ကာပူမှ သတင်းစာများကို ဖတ်ရင်း စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကို တွေ့မိသည်။ စင်ကာပူမှ Smart Nation Ini-tiative ကို တာဝန်ယူထားရသော ဝန်ကြီးတစ်ပါးဖြစ်သူ Vivian Ba-lakrishnan မှ စင်ကာပူတွင် ကျင်းပသော ခြောက်ကြိမ်မြောက် နိုင်ငံတကာသိပ္ပံနှင့် နည်းပညာ ပြိုင်ပွဲဖွင့်ပွဲတွင် ပြောလိုက်သော စကားတစ်ခွန်းဖြစ်သည်။ စတုတ္ထ စက်မှုနှင့် နည်းပညာတော်လှန် ရေး (Fourth Industrial Revolu-tion)၏ အရုဏ်ဦးနောက်ပိုင်းတွင် အပြောင်းအလဲများစွာ အလျင်အ မြန် ဖြစ်ထွန်းလာနိုင်ပြီး ယခုအချိန်တွင် မူလတန်းတက်ရောက်နေ သော ကလေးများသည် နောင်အ ရွယ်ရောက်လာပြီး အလုပ်ဝင် သောအခါ ယခုလက်ရှိတွင် ရှိမနေသော အလုပ်များ အနာ ဂတ်တွင် ပေါ်ပေါက်လာမည်ဖြစ် သဖြင့် ယခုကတည်းက ကြိုတင် ပြင်ဆင်ထားရန် ဖြစ်သည်။ ယခု လက်ရှိ အခြေအနေတွင် နည်း ပညာများ၏ တိုးတက်ပြောင်းလဲ လာမှုကြောင့် လက်ရှိအလုပ်အ ကိုင်အများအပြားသည် ဆယ်စု နှစ် သိပ်မကြာခင်တွင် ကွယ် ပျောက်သွားနိုင်ခြေရှိကြောင်းနှင့်ယခုလက်ရှိအချိန်တွင် ရှိမနေသည့် အလုပ်အကိုင်များ နောင်တစ်ချိန်တွင် ပေါ်ပေါက်လာမည်ဖြစ်သဖြင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ် ကြောင်း အသိပေးလိုက်ခြင်းဖြစ်သည်။
စတုတ္ထစက်မှုနှင့် နည်းပညာတော် လှန်ရေး (Fourth Industrial Revolution)
ပထမ စက်မှုတော်လှန်ရေး သည် ၁၈ ရာစုနှင့် ၁၉ ရာစုတွင် ဥရောပနှင့် အမေရိကတွင် ရေနွေးငွေ့အင်ဂျင်ကို စတင်တီထွင် နိုင်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးမှ စက်မှုလုပ်ငန်းများ ထွန်းကားခြင်း ဖြင့် စတင်ခဲ့သည်။ ဒုတိယ စက်မှု တော်လှန်ရေးသည် ၁၉ ရာစုအ ကုန် စတီး၊ ရေနံနှင့် လျှပ်စစ်နည်း ပညာများ စတင်တွေ့ရှိရာမှ အစု လိုက်၊ အပြုံလိုက် ထုတ်လုပ်ရေး (Mass Production) နှင့် အခြေခံ အဆောက်အအုံ တည်ဆောက် ရေးများ ထွန်းကားလာခဲ့ပြီး ကူး သန်းသွားလာရေးလုပ်ငန်းများကို အထောက်အကူပြုခဲ့သည်။ တယ်လီဖုန်းနည်းပညာကို စတင်တွေ့ ရှိခဲ့ပြီး ဆက်သွယ်ရေးကဏ္ဍတိုး တက်ရေးကို အထောက်အကူပြု နိုင်ခဲ့သည်။ တတိယစက်မှုတော် လှန်ရေးကို ဒစ်ဂျစ်တယ်နည်း ပညာတော်လှန်ရေးအဖြစ် ရည် ညွှန်းပြီး ၂၀ ရာစုနှစ်တွင် ကွန်ပျူ တာနည်းပညာ၊ အင်တာနက်တို့ ဖြင့် ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံ၊ ဒေသအလိုက် ခွဲခြားထားသည့် တံတိုင်းများကို ပယ်ဖျက်ပေးခဲ့ပြီး စက္ကန့်ပိုင်းအတွင်း သတင်းအချက်အလက်၊ နည်းပညာများ ပြန့်ပွား စေကာ ကမ္ဘာကြီးကို ရွာကြီးတစ် ရွာသဖွယ် ပေါင်းစည်းပေးနိုင်ခဲ့ သည်။
စတုတ္ထစက်မှုနှင့် နည်းပညာ တော်လှန်ရေးတွင် တိုးတက်လာ သော နည်းပညာများကို အခြေခံ ပြီး လူမှုဆက်ဆံရေးနှင့် ပဋိပက္ခ များ ဖြေရှင်းရေးအတွက် အရေး ပါသော အခွင့်အလမ်းများကို ဖြစ်ပေါ်စေသည်ဟု ထိုအကြောင်းကို စတင်ချပြခဲ့သော ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲ (World Economic Forum) ကို တည်ထောင်ခဲ့သူ ပရော်ဖက်ဆာ Klaus Schwab က သူ၏စာအုပ်တွင် ဖော်ပြခဲ့ သည်။ ထိုနည်းပညာများထဲတွင် စက်ရုပ်နည်းပညာ၊ ဉာဏ်ရည်အ တုများ၊ ဇီဝဗေဒ၊ နာနိုနည်းပညာ (Nanotechnology)၊ အင်တာ နက်၊ သုံးဖက်မြင် ပုံနှိပ်ထုတ်ဝေ ခြင်းနှင့် မောင်းသူမဲ့ယာဉ် နည်း ပညာများ ပေါင်းစပ်ပါဝင်သည်။ နည်းပညာ မြင့်မားလာမှုများ ကြောင့် လူနေမှု လုပ်ငန်းဆောင် တာများနှင့် အလုပ်အကိုင်အခြေ အနေများ တိုးတက်ပြောင်းလဲလာ ကာ လူများနှင့် လုပ်ကိုင်နေသော နေရာများတွင် ဉာဏ်ရည်အတု နည်းပညာများနှင့် အစားထိုးလုပ် ကိုင်လာရင်း ပိုမိုစွမ်းဆောင်ရည် မြင့်မားလာခြင်းနှင့် စရိတ်စက သက်သာလာခြင်းနှင့်အတူ တခြားဘေးထွက်ဆိုးကျိုးများအဖြစ် အ ခြေခံလူတန်းစားအများစု အလုပ် လက်မဲ့ဖြစ်လာနိုင်မည့် အခြေအ နေများနှင့်လည်း ကြုံတွေ့နေရ ပေသည်။

အနာဂတ်၏ အဓိကအပြောင်းအလဲများ၏ ရိုတ်ခတ်မှု
-----------------------------------------------------------

မောင်းသူမဲ့ယာဉ်နှင့် နည်း ပညာများသည် ယာဉ်မောင်းအ လုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော ဝန်ထမ်းသန်းပေါင်း များစွာကို အလုပ်လက်မဲ့ဖြစ် သွားစေမည်ဖြစ်သည်။ မကြာ သေးမီက CNN သတင်းတစ်ပုဒ် တွင် မောင်းသူမဲ့လေယာဉ်များ ဖြင့် လေယာဉ်မှူးများကို အစား ထိုးခြင်းဖြင့် လေကြောင်းလိုင်း များအနေဖြင့် တစ်နှစ်ကို ဒေါ်လာ သန်းသုံးသောင်းငါးထောင်ခန့် စရိတ်သက်သာစေနိုင်ကြောင်း ဖတ်လိုက်ရသည်။ ထိုနည်းပညာ တိုးတက်မှုသည် သက္ကရာဇ် ၂၀၂၅ တွင် စတင်လာနိုင်ပြီး ၂၀၃၀ အရောက်တွင် ခရီးသည် တင် လေယာဉ်များအထိ အသုံး ပြုသွားနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်း ထားသည်။ ထိုအခြေအနေမျိုး တွင် ယခုလက်ရှိ၌ ဂုဏ်သရေ ရှိရှိ လစာမြောက်မြားစွာဖြင့် အ လုပ်လုပ်ကိုင်နေသော လေယာဉ် မှူးများနှင့် သူတို့နှင့်ဆက်စပ်၍ လေယာဉ်သင်တန်းကျောင်းများ ၏ အခန်းကဏ္ဍသည် မှေးမှိန်သွား မည်ဖြစ်ပြီး လက်ရှိလေယာဉ်မှူး များ၏ အလုပ်အကိုင်များ အလို အလျောက် ပျောက်ကွယ်သွား မည်ဖြစ်သည်။ လက်ရှိတွင် မောင်းသူမဲ့ကား နည်းပညာများ တိုးတက်ဖြစ်ထွန်းလာပြီး စမ်းသပ်မှုအဆင့် မှ လက်တွေ့အသုံးချနေသည့် ခေတ်သို့ ရောက်ရှိလာပြီဖြစ် သည်။ မဝေးတော့သည့် အနာ ဂတ်တွင် လက်ရှိ ယာဉ်မောင်းဖြင့် အသက်မွေးနေကြသော သန်း ပေါင်းများစွာသော ယာဉ်မောင်း အလုပ်အကိုင်များ များမကြာမီ တွင် ကွယ်ပျောက်သွားရန်ရှိသည်။
ဂျပန်နိုင်ငံတွင် ဝန်ထမ်းရှား ပါးမှုကြောင့် ဟိုတယ်များတွင် ဧည့်ကြိုများကို ၂၀၁၅ ခုနှစ်က စတင်ပြီး စက်ရုပ်များဖြင့် အစား ထိုးခန့်ထားလျက်ရှိသည်။ အောင် မြင်မှုကျယ်ကျယ်ပြန့်ပြန့်ရှိမလာ သေးသည့်တိုင် နည်းပညာတိုး တက်လာသည်နှင့်အမျှ နောက် ပိုင်းတွင် ဟိုတယ်ဧည့်ကြိုအလုပ် များနှင့် တခြားဝန်ဆောင်မှုလုပ် ငန်းများတွင်ပင် စက်ရုံများနှင့် အစားထိုးသွားရန်ရှိသည်။ စက်ရုပ် နှင့် ချက်ပြုတ်ကြော်လှော်ပေး သော မှတ်ဉာဏ်တုကို အသုံးပြု ထားသည့် စားသောက်ဆိုင်များ လည်း ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်နေကြပြီဖြစ်သည်။ ကာမစပ် ယှက်မှုတွင်ပါ အမျိုးသား၊ အမျိုး သမီးပုံတူရုပ်တုများ အသုံးပြုမှု များပြားလာသည့်အလျောက် လူ တစ်ယောက်ကဲ့သို့ သွားလာပြော ဆိုနိုင်သည့် စက်ရုပ်များ တိုးတက် လာသည်နှင့်အမျှ ထိုစက်ရုပ်များ အသုံးပြု၍ ကာမဆက်ဆံမှုသည် လူ့ကျင့်ဝတ်ကို ထိခိုက်နိုင်ကြောင်း စတင်အငြင်းပွားလျက်ရှိသည်။
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားမှ ဟတ် ကာများ ဝင်ရောက်နှောင့်ယှက်မှု ကြောင့် သမ္မတအဖြစ် ရေပန်းစား နေသော ဟီလာရီကလင်တန်ရှုံး နိမ့်ခဲ့ရသည်ဟု ယခုထက်တိုင် လက်ခံပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ထိုကဲ့သို့ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများသည် စီးပွားရေးလုပ် ငန်းများကိုသာမက နိုင်ငံရေး၊ လူ မှုရေးနှင့် အခြေခံလူတန်းစားများ ၏ အလုပ်အကိုင်များကိုပါ ခြိမ်း ခြောက်လျက်ရှိသည်။ ယခုခေတ် လူများသည် နည်းပညာများကို အားကိုးမှုလွန်ကဲကာ တစ်ချိန်ချိန် တွင် နည်းပညာများကြောင့် ဒုက္ခ ရောက်နိုင်သည် (သို့မဟုတ်) ယခု ထက် ပိုမိုတိုးတက်လာနိုင်သည် ဆိုသည်ကို နည်းပညာများ၏ ရှေ့ဆောင်နှစ်ဦးဖြစ်သော Facebook ကို တည်ထောင်သူ Mark Zuck-erberg နှင့် Tesla နှင့် SpaceX ကို တည်ထောင်သူ Elon Musk တို့ မကြာခင်အချိန်က လူသိရှင် ကြား အငြင်းပွားခဲ့ကြသည်။

ဉာဏ်ရည်တု၏ ကောင်းကျိုးနှင့် ဆိုးကျိုး
----------------------------------------------

ဉာဏ်ရည်တုနှင့်ပတ်သက် ပြီး တစ်ချိန်ချိန်တွင် လူများကို အ ကြီးအကျယ်ရိုက်ခတ်ကာ တစ်ချိန်က နာမည်ကြီးခဲ့သော Ter-minator ဇာတ်ကားထဲကကဲ့သို့ လူမျိုးနွယ်တစ်ခုလုံး မျိုးတုံးသွား သည်အထိ အန္တရာယ်ရှိနိုင် ကြောင်း Elon Musk က စတင် ပြောကြားခဲ့သည်။ ဉာဏ်ရည်တု များသည် အဆင့်အတန်းမြင့်မား လာသည်နှင့်အမျှ တစ်ချိန်ချိန် တွင် လူများ၏ ထိန်းချုပ်မှုအောက် မှ လွတ်မြောက်သွားကာ လူများ ကို ပြန်လည်၍ အန္တရာယ်ပြုနိုင် ကြောင်း ရှင်းပြခဲ့သည်။
Mark Zuckerberg က တော့ ထိုသို့ စိုးရိမ်မှုသည် အလွန် အကျွံတွေးတောရာရောက်ပြီး ဉာဏ်ရည်တုများသည် လူများ၏ ထိန်းချုပ်မှုအောက်မှ လွတ် မြောက်ဖို့ဆိုသည်မှာ မဖြစ်နိုင် ကြောင်း ပြန်လည်ပြောကြားရင်း လူသိရှင်ကြား အငြင်းပွားလျက်ရှိ ကြသည်။
မည်သို့ပင်ဆိုစေကာမူ Elon Musk ၏ Testa မောင်းသူမဲ့ လျှပ် စစ်ကားနှင့် Mark Zuckerberg ၏ Facebook တို့သည် ဉာဏ် ရည်တုနည်းပညာများဖြင့် အသုံး ချကာ သူတို့၏ လုပ်ငန်းများကို တိုးတက်သည်ထက် တိုးတက် အောင် လုပ်ဆောင်နေကြသည်။

မြန်မာနိုင်ငံအတွက်အနာဂတ်တွင်
--------------------------------------

နိုင်ငံတကာတွင် ဖြစ်ပေါ် ပြောင်းလဲလျက်ရှိသော နည်း ပညာတိုးတက်မှုများသည် မြန်မာ နိုင်ငံအနေနှင့်ကြည့်လျှင် အလှမ်း ကွာဝေးသည်ဟု ထင်ကောင်း ထင်နိုင်ခြေရှိသည်။ မြန်မာနိုင်ငံ တွင် မောင်းသူမဲ့ကားများအတွက် အခြေခံ အဆောက်အအုံဖြစ် သည့် လမ်းများကအစ နိုင်ငံ တကာအဆင့်မီဖြစ်ရန် နှစ်ပေါင်း ဆယ်စုနှစ်များစွာ တည်ဆောက်ဖို့ လိုအပ်နေပေသည်။ သို့ဖြစ်၍ မောင်းသူမဲ့ ကားများကြောင့် ယာဉ်မောင်းများ အလုပ်လက်မဲ့ ဖြစ်ရန် လက်ရှိအချိန်တွင် စိုးရိမ် ဖွယ်ရာမရှိသေးပေ။ သို့သော် လွန်ခဲ့သည့် စက်မှုတော်လှန်ရေး ကာလများအတွင်း ဥရောပနှင့် အမေရိကမှ နည်းပညာများ နိုင်ငံ တကာသို့ ပျံ့နှံ့ရန် နှစ်ပေါင်းများ စွာ ကြာခဲ့သော်လည်း လက်ရှိဖြစ် ပေါ်နေသည့် နည်းပညာတော် လှန်ရေးသည် တစ်ကမ္ဘာလုံးသို့ တစ်ပြိုင်တည်း ရိုတ်ခတ်လျက်ရှိ သည်။ ထို့အတွက် နိုင်ငံတကာမှ အစိုးရများ (အထူးသဖြင့် ဖွံ့ဖြိုး ပြီးနိုင်ငံများ) မှနေပြီး အစိုးရ၏ မဟာဗျူဟာတစ်ရပ်အနေနှင့် ကလေးငယ်များမှစ၍ ပညာရေး ကို အနာဂတ်အတွက် အသင့်ပြင် ဆင်နိုင်ရန် စီမံကိန်းများဖြင့် အ ကောင်အထည်ဖော်လျက်ရှိပေ သည်။ မြန်မာနိုင်ငံ အစိုးရအနေ နှင့် အနာဂတ်အတွက် ယခုမှ စတင်၍ မပြင်ဆင်ထားနိုင်ပါက နောင်ဆယ်စုနှစ်များစွာတွင် ပျောက်ကွယ်သွားမည့် အလုပ်အ ကိုင်များနှင့် အသစ်ပေါ်ပေါက် လာမည့် နည်းပညာများကို နောက်မှလိုက်ရင်း နိုင်ငံသားတစ် ဦးချင်းဖြစ်စေ၊ နိုင်ငံအလိုက်ဖြစ် စေ နောက်ကျကျန်ခဲ့နိုင်ပါကြောင်း။

(7 Day Daily, 14 Sep 2017)


Wednesday, 2 August 2017

အတ္တ

တခါတခါ အချစ်စစ်ကိုရှာဖို့
ခန္ဓာကိုယ်အပြင်ထွက် 
ကိုယ့်ကိုယ်ကိုရပ်ကြည့်မိတယ်။ 
.
အရင်က ဖြူစင်ခဲ့တဲ့ နှလုံးသား
ရမ္မ္မက်ခံစားချက်တွေနဲ့
နစ်မွန်းနေပါရော့လား။
.
အရင်က ရဲရဲတောက်သွေး
ရာထူးအခွင့်အရေး တံတွေးကြားမှာ
ရေစုန်မြောလို့။
.
မှန်ရာကိုအမြဲရပ်တည်မယ်ဆိုတဲ့စိတ်
တိတ်တဆိတ်ခွဲခွာ
အလယ်မှာ ခွထိုင်
ဘယ်ဘက်သာမလဲဆိုတာကို
စောင့်မျှော်လို့နေမိလေရဲ့။
.
အလှူအတန်းဆိုတာ
တကယ်စမ်းစစ်ကြည့်တော့
နောက်ဘဝအတွက် ကောင်းစားရေး
ကြိုတင်လက်မှတ်လေးတွေပေါ့။
.
ဒါနဲ့အတင်းဝင်ကပ်
ဒီခန္ဓာမပျက်သရွှေ့
ငါဆိုတာ မရပ်သရွှေ့
မခွဲမခွာ
အမြဲတည်ရှိနေမှာက . . . ငါ။ ။




Tuesday, 13 June 2017

ဒီမိုကရေစီ နိဒါန်း (၃)

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် အင်န်အယ်လ်ဒီ အစိုးရတက်လာခြင်းသည် မြန်မာ နိုင်ငံအတွက် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဦးဆုံးအကြိမ် ပြည်သူလိုလားသည့် အစိုးရတစ် ရပ်ကိုပြည်သူက တိုက်ရိုက်ရွေး ချယ်ခွင့် ရခဲ့ခြင်းဖြစ်သည်။ ပြည် သူတစ်ရပ်လုံး ဆန္ဒပြည့်ဝသွား ခြင်းနှင့်အတူ ပြည်သူ့အစိုးရသစ် ထံမှ ပြည်သူများ၏ မျှော်လင့်ချက် များ များပြားစွာရှိခဲ့သည်။ သိသာ ထင်ရှားစွာ ပြုပြင်ပြောင်းလဲလာခဲ့ သော ယခင် ဦးသိန်းစိန်အစိုးရနှင့် ချိန်ထိုးကာ ပြည်သူများ၏ မျှော် လင့်ချက်များ ပိုမိုမြင့်မားခဲ့သည်။
.
တကယ်တော့ ဦးသိန်းစိန် အစိုးရသည် ၁၉၈၈ တွင် အသစ် စတင်ခဲ့သော စစ်အာဏာရှင်စနစ် ၏ ၂၂ နှစ်တာကာလအတွင်း တိုး တက်လာသော အုပ်ချုပ်မှုတစ်ခု ဖြစ်ပြီး အင်န်အယ်လ်ဒီအစိုးရ၏ သက်တမ်းသည် ၂၀၁၅ ဧပြီမှ စတင်ခဲ့ကာ တစ်နှစ်ကျော်ကျော် သာရှိခဲ့သော အစိုးရအသစ်ဖြစ် သည်။
.
ပြည်သူ့အစိုးရ၏ အခက်အခဲများ
-------------------------------
အင်န်အယ်လ်ဒီ အစိုးရ တက်လာချိန်တွင် တိုင်းပြည်ကို စီမံခန့်ခွဲအုပ်ချုပ်ရာတွင် ရင်ဆိုင် ရသော အခက်အခဲများသည် ၁၉၈၈ ခုနှစ်က စစ်အစိုးရတက် လာချိန်က ရင်ဆိုင်ရသော အခက်အခဲများထက် များစွာပိုမိုလေသည်။ ၁၉၈၈ ခုနှစ်က စစ် အစိုးရရင်ဆိုင်ခဲ့ရသော အဓိက ပြဿနာသည် တစ်တိုင်းပြည်လုံး အတိုင်းအတာနှင့် အာဏာဖီဆန်မှု ဒီမိုကရေစီလိုလားသူများ၏ တော်လှန်ဆန့်ကျင်မှုများကို ဖြိုခွင်းရသော အခက်အခဲဖြစ်သည်။ ထို့ကြောင့် ထိုအချိန်က အစိုးရအဖွဲ့၏ နာမည်ကိုပါ ‘နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့’ဟု အမည်ပေးကာ အာဏာဖီဆန်မှုများကို ရသည့်နည်းဖြင့် ဖြိုခွဲခဲ့သည်။ ၁၉၈၈ အရေးအခင်းကာလတွင် အထွေထွေသပိတ်နှင့် ရင်ဆိုင်ရကာ အစိုးရဌာန အားလုံးနီးပါး သပိတ်မှောက်ရာတွင် ပါဝင်သွားသဖြင့် အစိုးရယန္တရားတစ်ခုလုံး ရပ်ဆိုင်းသွားသည်ကို သင်ခန်းစာယူပြီး ဝန်ကြီးဌာနများနှင့် အစိုးရဝန်ထမ်းများ အားလုံးကို ထိုအချိန်က နာမည်ကြီးခဲ့သည့် အချက် ၃၃ ချက်ကို ဖြေဆိုခိုင်းကာ စိစစ်စစ်ဆေးပြီး စစ်အစိုးရ၏ အုပ်ချုပ်ရေးအာဏာအား ဖီဆန်နိုင်သူများကို အလုပ်တာဝန်မှ ချက်ချင်းရပ်ဆိုင်းခြင်း၊ အစိုးရဌာနများ၏ အုပ်ချုပ်ရေးရာထူးများကို တပ် မတော်မှ အငြိမ်းစားအရာရှိများ ဖြင့် အစားထိုးခြင်း၊ ပုန်ကန်အုံကြွ သူများကို စီးပွားရေးအခွင့်အလမ်း များနှင့် အခြားပံ့ပိုးမှုများနှင့် လည်းကောင်း၊ ဖြားယောင်းသွေး ဆောင်ခြင်းနှင့်လည်းကောင်း ထောင်သွင်းအကျဉ်းချ ခြိမ်း ခြောက်ခြင်းဖြင့်တစ်ဖုံ တိုင်းပြည်ကိုအာဏာစက်ဖြင့် ဖိနှိပ်ကာနိုင်ငံကို ငြိမ်ဝပ်ပိပြားအောင် ထိန်းသိမ်းခဲ့သည်။
.
ဝန်ကြီးဌာနများသို့ ရောက်ရှိ လာသော တပ်မတော်မှ အရာရှိများသည်အုပ်ချုပ်ရေးအတွက် လေ့ကျင့် သင်ကြားပေးထားသူများပါသော်လည်း ဝန်ကြီးဌာနများ၏ လုပ်ငန်းပိုင်းဆိုင်ရာများကို နားလည်မှု အားနည်းကြသည်။ ထို့ကြောင့် အစိုးရ၏ လုပ်ငန်းဆောင်တာများ တိုးတက်မှုမရှိခဲ့ဘဲတိုင်း ပြည်တိုးတက်ရေးအတွက် အရေးကြီးသော အခြေခံအဆောက် အအုံများ၊ နည်းပညာနှင့် တရားဥပဒေစိုးမိုးမှု ချို့ယွင်းသွားခဲ့သည်။ တိုင်းပြည်တိုးတက်မှု အားနည်းသွားခြင်းကြောင့် အစိုးရဝန်ထမ်းများ၏ အခြေခံလစာနှင့် ခံစားခွင့်များသည် ဝန်ထမ်းတစ်ဦးစီနှင့် သူတို့၏ မိသားစုများ၏ အခြေခံလိုအပ်ချက်များကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိခဲ့တော့ပေ။ ထိုအချိန်တွင် ဝန်ထမ်းများ လာဘ်လာဘယူပြီး တခြားနည်းလမ်းဖြင့် ဝင်ငွေရှာကြသည်ကို အစိုးရက မသိကျိုးကျွန်ပြုကာ ဝန်ထမ်းများ အမိန့်နာခံစေရေးနှင့် အာဏာဖီဆန်မှု မရှိစေရေးကို ပိုမိုအဓိကထားကာ အာရုံစိုက်ခဲ့ကြသည်။ ထိုကဲ့သို့ မသိကျိုး ကျွန်ပြုမှုသည် ရေတိုတွင် အစိုးရ အတွက် ဝန်ထမ်းများ၏ရသည့် လစာဝင်ငွေ မလောက်ငမှုကို နည်းလမ်းတစ်ခုဖြင့် ဖြေရှင်းနိုင်ခဲ့ သော်လည်း နှစ်ပေါင်းဆယ်စုနှစ် များစွာ ကြာသွားသောအခါ တစ် နိုင်ငံလုံး လာဘ်ပေးလာဘ်ယူမှု ကို ရာဇဝတ်မှုဟု မမြင်ကြတော့ ဘဲ ဝန်ထမ်းများ၏ ရပိုင်ခွင့်တစ်ခု အဖြစ် ထင်မြင် သတ်မှတ်လာကြ တော့သည်။ ဦးသိန်းစိန်အစိုးရ လက်ထက်က အကြံပေးတစ်ဦး ကိုယ်တိုင် လာဘ်စားမှုကို လို အပ်၍ လာဘ်စားခြင်း (Need Based Corruption) နှင့် လောဘကြောင့် လာဘ်စားခြင်း (Greed Based Corruption) ဆိုပြီး လာဘ်စားမှုသည် လိုအပ်ပြီး ခွင့်ပြုသယောင်ယောင် ဆွေးနွေးခဲ့ဖူးသည်။
.
အင်န်အယ်လ်ဒီအစိုးရ တက်လာပြီး ဝန်ကြီးဌာနများကို တာဝန်ယူရချိန်တွင် ရင်ဆိုင်ဖြေ ရှင်းရသော ပြဿနာတစ်ခုသည် ဝန်ထမ်းများ၏ အကျင့်ပျက်ခြစား မှုများဖြစ်သည်။ သို့သော် နှစ် ပေါင်းများစွာ ချည့်နဲ့ခဲ့ရသည့်အစိုးရ ယန္တရားကြီးကို ချက်ချင်းလက် ငင်း တိုးတက်အောင် လုပ်ဆောင် ပြီး ဝန်ထမ်းများ၏ အခြေခံလိုအပ် ချက်များနှင့် အခြားလိုအပ်ချက် များကို လစာနှင့် ခံစားခွင့်များဖြင့် ပြည့်မီအောင် လုပ်ဆောင်ရန် လည်း ခက်ခဲနေပေသည်။
.
ခြစားမှုများ၏နောက်ကွယ်
-------------------------
အစိုးရဌာနများ၏ လာဘ် ပေးလာဘ်ယူမှု ပြုခြင်းကို ခြစား မှုများဟု တင်စားခေါ်ကြသည်။ ခြစားခြင်းသည် သစ်သားအ ဆောက်အအုံတစ်ခုကို လူမသိသူ မသိ အတွင်းမှ လှိုက်စားပြီး ချည့်နဲ့ပြိုကျအောင် စွမ်းဆောင်နိုင်သကဲ့သို့ လာဘ်ပေးလာဘ်ယူခြင်းကြောင့် အစိုးရယန္တရားတစ်ခုလုံး လှိုက်စားကာ ပျက်စီးယိုယွင်းသွားစေသည်။
.
လာဘ်ပေးလာဘ်ယူမှုများ ကြောင့် စီးပွားရေးဈေးကွက် အတွင်းတွင် မျှတသော ပြိုင်ဆိုင် ခြင်းဖြင့် (Level Playing Field) လုပ်ငန်းများ လုပ်ဆောင်မှု အကြီးအကျယ် ထိခိုက်စေသည်။ ဝိသမလောဘသားများနှင့်အကျင့် ပျက်ဝန်ထမ်းများ ပူးပေါင်းပြီး အခွန်ရှောင်ခြင်းကြောင့် တိုင်း ပြည်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ လျော့နည်း ကောက်ခံပြီး လာဘ်ယူသူများ ကြီးပွားချမ်းသာလာခြင်း၊ တိုင်း ပြည်အခြေခံ အဆောက်အအုံများ တည်ဆောက်ရာတွင် အရည် အချင်းပြည့်ဝသူထက် လာဘ် လာဘအများဆုံး ပေးသူကို ရွေး ချယ်မှုကြောင့် တည်ဆောက်မှု များ အရည်အသွေးမပြည့်ဝဘဲ လိုအပ်သည်ထက် များစွာပိုမို ကုန်ကျပြီး တိုင်းပြည်ဘဏ္ဍာများ ဆုံးရှုံးခြင်း၊ သမာသမတ်ကျသော စီးပွားရေးလုပ်ငန်းများ ဈေးကွက် အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ခက်ခဲသွားပြီး မသမာသူများ ခြယ်လှယ်သည့် ဈေးကွက်များ ဖြစ်ပေါ်လာခြင်း၊ သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိသည့် လုပ်ငန်းများကို မသိကျိုးကျွန်ပြုကာ တံစိုးလက်ဆောင်များယူ၍ ခွင့်ပြုခြင်းကြောင့် ပြန်လည်တည်ဆောက်ရန် ခက်ခဲသော သဘာဝပတ်ဝန်းကျင်ပျက်စီးကာ သဘာဝဘေးအန္တရာယ်များ ပိုမိုကြုံတွေ့လာရပြီး ပြည်သူပြည်သားများ အသက်အိုးအိမ်စည်းစိမ်များ မလိုလားအပ်ဘဲ ဆုံးရှုံးရခြင်း၊ တိုင်းပြည်တိုးတက်ရေးအတွက် အလွန်အရေးပါသော စွမ်းအင်ကို ပြည်တွင်းအတွက် အသုံးချရမည့်အစား ပြည်ပနိုင်ငံများသို့ ကိုယ်ကျိုးစီးပွားအတွက် နှစ်ရှည်ရောင်းချခြင်းဖြင့် အစိုးရ ဌာနတစ်ခုချင်းစီ၏ အဓိကဦး တည်ချက်ဖြစ်သည့် တိုင်းပြည် တိုးတက်ရေးဆိုင်ရာ ကိစ္စများကို အာရုံမပြုတော့ဘဲ ကိုယ်ကျိုးစီးပွားရှာမှုများဖြင့် တိုင်းပြည်ကို တစ်စ ထက်တစ်စ ယိုယွင်းလာစေသည်။
.
စနစ်အသစ်၊ ယန္တရားအဟောင်း
-------------------------------
အစိုးရအသစ်တစ်ရပ်သည် ယခင်အစိုးရ၏ ဆိုးမွေ၊ကောင်းမွေ ကို ရယူရသည့်နည်းတူ အင်န် အယ်လ်ဒီအစိုးရတက်လာချိန် တွင် ယခင်စစ်အစိုးရမှ မွေးဖွား ပေးခဲ့သည့် ဦးသိန်းစိန်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေများအားလုံးကို လက်ခံယူခဲ့ရသည်။ ထိုဆိုးမွေ များထဲမှ အဓိကဆိုးမွေသည် အစိုးရဝန်ထမ်းများ၏ အရိုးစွဲလာ သည့် လာဘ်ပေးလာဘ်ယူခြင်း ဖြစ်သည်။ အိမ်တစ်အိမ် ခြစား သည်ကို ဖြေရှင်းသလိုမျိုး ခြစား သည့်အပိုင်းကို ဖယ်ပြီး အိမ်ကို အသစ်ပြန်ဆောက်သလိုမျိုး လုပ် ဆောင်ရန်အတွက်လည်း အစိုးရ ဌာနအများစု၊ ဝန်ထမ်းအများစုကို ဖယ်ထုတ်ရှင်းလင်းရန်မှာလည်း ဖြစ်နိုင်ခြေမရှိပေ။ ထို့အတွက် ပြင်းထန်သော ဥပဒေများဖြင့် လာဘ်ပေးလာဘ်ယူမှုများကို တိုက်ဖျက်ရန်နှင့် တကယ်အရေး ယူရန် လိုအပ်နေပေသည်။ ဝန် ထမ်းများဘက်မှ ကြည့်လျှင် လည်း ထိုသို့လာဘ်ပေးလာဘ်ယူ မှုများ ကင်းစင်ရန် အစိုးရဘက်မှ ဝန်ထမ်းများနှင့် သူတို့၏ မိသားစု များအတွက် စားဝတ်နေရေး အတွက်သာမက လူတန်းစေ့နေ နိုင်ရေးနှင့် သားသမီးများ ပညာ ရေးနှင့် အခြား အခြေခံလိုအပ် ချက်များအတွက် အာမခံချက်များ ပေးရန် လိုအပ်သည်။
.
ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှု
----------------------------
အင်န်အယ်လ်ဒီအစိုးရမှ ခန့်အပ်လိုက်သည့် ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် အခြားအစိုးရထိပ်ပိုင်း အရာရှိများသည် မြန်မာပြည်ဒီမို ကရေစီခရီးတွင် နှစ်ပေါင်းဆယ်စု နှစ်များစွာ ခေါင်းဆောင်လှုပ်ရှားခဲ့ ၍ ထောင်သွင်းအကျဉ်းကျကာ ဖိ နှိပ်မှုများ ခံခဲ့ရသူများဖြစ်သည်။ အင်န်အယ်လ်ဒီ၏ ရင်ကြားစေ့မှု အရ လက်တုံ့ပြန်ခြင်းများမပြုဘဲ ဖိနှိပ်ခဲ့သူများအပေါ် သဘောထားကြီးကြီး ဆက်ဆံနိုင်ကြသည်။ သို့သော် အစိုးရအတွက် အဓိကစိန်ခေါ်နေသော အချက်သည် ဆယ်စုနှစ်နှင့်ချီ၍ အဖိနှိပ်ခံ၊ ချုပ်နှောင်ခံခဲ့ရပြီး ပညာသင်ကြားခွင့်များ ဆုံးရှုံးခဲ့ရသဖြင့်တိုင်းပြည်ကို နဖူးတွေ့၊ ဒူးတွေ့ အုပ်ချုပ်လာရသည့်အခါ စီမံခန့်ခွဲမှုအပိုင်းများ အားနည်းနေကြသည်ကို တွေ့ရသည်။ ထို့ကြောင့် အင်န်အယ်လ်ဒီအစိုးရတက်ပြီး တစ်နှစ်တာ ကာလအတွင်း သိသာထင်ရှားသော တိုးတက်မှုများကို မမြင်တွေ့ရ၍ ပြည်သူများ အားမလိုအားမရဖြစ်လာသည်ကို တွေ့မြင်ရသည်။
.
မွန်းမတည့်ခင် နေမဝင်ပါစေနှင့်
-------------------------------
၁၉၈၈ မှစတင်ခဲ့သော ဒီမို ကရေစီခရီးသည် ယခုမှအစသာ ရှိသေးသည်။ ကျောင်းသားများ၊ အလုပ်သမားများနှင့် ပြည်သူများ စွာ၏ သွေးနှင့်စတင်ရေးကာ ဒီမို ကရေစီအရေး လှုပ်ရှားသူများ၏ ဘဝအပျက်ခံ နှစ်ပေါင်းများစွာ အချုပ်အနှောင်ခံကာ စတေးခဲ့ရ သော ဤခရီးလမ်းသည် အခက် အခဲပေါင်းများစွာကြားမှ လမ်း ကြောင်းပေါ်သို့ စတင်ရောက်ရှိရုံ သာ ရှိသေးသည်။ ထိုအချိန်တွင် လတ်တလော အခက်အခဲနှင့် အဆင်မပြေမှုများဖြစ်သည့် မီး မလာခြင်း၊ သွားရေးလာရေး အခက်အခဲဖြစ်ခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းတို့ကြောင့် ပြည်သူ များ၊ အားမလိုအားမရဖြစ်ခြင်း၊ အစိုးရကို ကရုဏာဒေါသထွက် ခြင်းများ ရှိကြမည်ဖြစ်သော်လည်း ယုံကြည်ချက်ခိုင်မာပြီး စေတနာ မှန်သော ပြည်သူ့အစိုးရအပေါ် အချိန်ပေးရန်လိုပါသည်။ စီမံခန့်ခွဲမှုနားလည်တတ်ကျွမ်းသူ နည်း သည့်အပြင် ယခင်အစိုးရအဆက် ဆက်ထားခဲ့သော ဆိုးမွေများကို ကိုင်တွယ်ဖြေရှင်းနေရချိန်ဖြစ်၍ ပြည်သူများ စိတ်ရှည်ပေးရန်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွင် ပူးပေါင်းပါဝင်ကြရန် လို သည်။
.
အလားတူ အစိုးရကလည်း ပြည်သူများ၏ မျှော်လင့်ချက်နှင့် အခက်အခဲများကို သိရှိပြီး ဖြည့်ဆည်းပေးရန်မှာ လေးနှစ် ခန့်သာ အချိန်ရှိသည်ကို သတိရ ဆင်ခြင်၍ ပြည်သူအများစုနှင့် သက်ဆိုင်သော စီးပွားရေး၊ ငြိမ်း ချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ လူမှုရေးစသောကဏ္ဍတို့တွင် ရလဒ်ကောင်းများရအောင် အရှိန်မြှင့်ကြိုးစား ရန်လိုပါသည်။ ထို့အတွက် အစိုးရအဖွဲ့တွင် စီမံခန့်ခွဲမှုအားနည်းသူ၊လုပ်ငန်းမကျွမ်းကျင်သူများဖြင့် ခရီးဆက်လျှင် နှောင့်နှေးနိုင်သဖြင့် ပညာရှင်အဖွဲ့များဖွဲ့စည်း၍ အကြံဉာဏ်ကောင်းများရရန် စီမံရန်လိုသလို အချို့ကို သင့်တော်သူများနှင့် အစားထိုးရန်လည်း မဖြစ်မနေလိုအပ်ပါသည်။


Tuesday, 25 April 2017

အမျိုးသားရေးနှင့် အမှန်တရား

မကြာသေးခင်ကစင်ကာပူတွင် ဖြစ်သွားခဲ့သော မြန်မာလူမျိုးနှင့်ပတ်သက်သည့် အဖြစ်အပျက်နှစ်ခုအကြောင်းကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တုံ့ပြန်ပုံမတူ ညီမှုကို ကြည့်မိပြီး အတွေးတစ်ခု ရခဲ့မိသည်။
ပထမအဖြစ်အပျက်သည် ရထားပေါ်တွင် မြန်မာလူမျိုးအင် ဂျင်နီယာတစ်ဦးက စင်ကာပူလူ မျိုး အမျိုးသမီးတစ်ဦး၏ ရင်သား ကို ဘေးချင်းယှဉ်လျက်ထိုင်ရင်း သူ၏ လက်ဖြင့်သွားသွားထိမိ သည့် သတင်းဖြစ်သည်။ သတင်း ထဲတွင် အမျိုးသမီးက ထိုအမျိုး သားအား ကြည့်သောအခါ ထိုသူ က ပြုံးပြပြီး ရထားပေါ်ကအဆင်း တွင် နောက်ကလိုက်လာသဖြင့် သူမ၏အစ်ကိုဖြစ်သူကို ဖုန်းဆက် ခေါ်ပြီး အဖြစ်အပျက်ကို ပြောပြ သည်။ ထိုအင်ဂျင်နီယာသည် အမျိုးသမီးသွားရာအလုပ်အထိ နောက်ကပါလာပြီးမှ ပြန်လှည့် သွားသည်။ နောက်တစ်နေ့တွင် ရဲကဖမ်းမိပြီး တရားရုံးတွင် စစ် ဆေးရာအပြစ်ရှိကြောင်းတွေ့ရှိ၍ ပြစ်ဒဏ်ထောင်ခုနစ်လချလိုက် ကြောင်း လူမှုကွန်ရက် ဖေ့စ် ဘွတ်ခ်ပေါ်တွင် ပါလာသည်။ ထို သတင်းတက်လာလာချင်း စင် ကာပူနှင့် နိုင်ငံတကာမှ မြန်မာ များက ထိုမြန်မာလူမျိုးအင်ဂျင်နီ ယာဘက်မှ လူမှုကွန်ရက်ပေါ်တွင် မှတ်ချက်များရေးပြီး အကာအ ကွယ်ပေးကြသည်။ မနက်ခင်းရုံး တက်ချိန်ဖြစ်သောကြောင့် အိပ် ငိုက်မိ၍ ထိမိခြင်းသာ ဖြစ် ကြောင်း၊  စင်ကာပူအမျိုးသမီးမှာ အကဲပိုလွန်းကြောင်း၊ စင်ကာပူ မှာဖြစ်၍ သူ့လူမျိုးကို ဘက် လိုက်ပြီးတရားစီရင်ကြောင်း ၀ိုင်းဝန်း၍ မှတ်ချက်များပေးကြသည်။
ကျွန်တော့်အနေနှင့်က ထို အင်ဂျင်နီယာကို ခင်မင်ရင်းနှီး ခြင်းမရှိသဖြင့် သူ၏စိတ်နေသ ဘောထားကို မသိနိုင်။ ထိုအဖြစ် အပျက်ဖြစ်ပွားချိန်တွင် ကိုယ်တိုင် မရှိခဲ့၍  တကယ်ကျူးလွန်ခဲ့တာ လား၊ မတော်တဆလားဆိုသည် ကို ဆုံးဖြတ်နိုင်စွမ်းမရှိ။ သို့သော် သေချာသည်မှာ စင်ကာပူနိုင်ငံ သည် ကမ္ဘာပေါ်တွင် တရားစီရင် ရေး၌ တရားမျှတမှုအရှိဆုံးနိုင်ငံ ထဲမှ တစ်နိုင်ငံဖြစ်သည်။ တရား စီရင်ရာတွင် ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေအထက် တွင် မည်သူမှ မရှိစေရဆိုသည့် တရားစီရင်ထုံးကို လက်ကိုင်ထား သောနိုင်ငံဖြစ်သည်။ သူ့နိုင်ငံ သားမို့ ပိုမိုဦးစားပေးမည်၊ နိုင်ငံ ခြားသားမို့ နှိပ်ကွပ်မည်ဟူ၍ မရှိ။ ထို့ကြောင့် ပြစ်ဒဏ်ကျခံရသော မြန်မာလူမျိုးအင်ဂျင်နီယာကို လူ မျိုးတူသည်ဟု ဆိုပြီး ထောက်ခံ အားပေးဖို့မလိုဟု သတ်မှတ်ခဲ့၍  မည်သည့်မှတ်ချက်မှ ထိုအချိန်က ၀င်မရေးမိခဲ့။
ထို့နောက်မြန်မာလူမျိုးနှင့် ပတ်သက်သော နောက်သတင်း တစ်ပုဒ် လူမှုကွန်ရက်တွင် ထပ် တက်လာသည်။ စင်ကာပူလူမျိုး သားအမိမှ မြန်မာအိမ်ဖော်ကောင် မလေးကို သတ်လိုက်သည့်သ တင်းဖြစ်သည်။ ထိုသတင်းတက် လာပြီးချင်း လူမှုကွန်ရက်မှ မှတ် ချက်များကို ဖတ်ကြည့်မိသည်။ စင်ကာပူလူမျိုးအများစုက အ သတ်ခံရသည့် အိမ်ဖော်မလေးကို  သနားမိကြောင်းနှင့် လူသတ်မှု ကျူးလွန်သော စင်ကာပူလူမျိုး သားအမိအား လူတစ်ယောက်အ သက်ကို လွယ်လွယ်ကူကူမသတ် သင့်ကြောင်း ၀ိုင်းဝန်းဝေဖန်ကြ တော့သည်။ ထိုမှတ်ချက်များတွင် မြန်မာလူမျိုးအိမ်ဖော်ကို ဝေဖန် ရှုတ်ချထားသော မှတ်ချက်များ တစ်ခုတလေမှပင် မတွေ့မိ။
ထိုသတင်းနှစ်ပုဒ်နှင့် တုံ့ပြန် သော လူမှုအသိုင်းအ၀ိုင်းနှစ်ခုကို သုံးသပ်ကြည့်သောအခါ သတင်း အောက်တွင် မှတ်ချက်ရေးသော မြန်မာများက အမျိုးသားရေးကို ရှေ့တန်းတင်ပြီး ကိုယ့်လူမျိုးဘာ အပြစ်လုပ်လုပ် ၀ိုင်းဝန်းကာကွယ် ကြသော်လည်း စင်ကာပူများက အမှန်တရားဘက်က ရပ်တည် ကာ သူ့လူမျိုး၏ မှားယွင်းမှုကို  ၀ိုင်းဝန်းဝေဖန်ကြသည်ကို တွေ့ ရသည်။
အမျိုးသားရေးနှင့် ဘာသာရေး
---------------------------------------
၂၀၁၀ ဦးသိန်းစိန်၏ ဘောင်းဘီဝတ်အစိုးရမှ ပုဆိုး ၀တ်အစိုးရသို့ ကူးပြောင်းပြီး နောက်ပိုင်း အမျိုးသားရေးနှင့် ဘာသာရေးလှုပ်ရှားမှုများ သိသိ သာသာ များပြားလာသည်ကို တွေ့ရသည်။ ၂၀၁၂ ရခိုင်ပြည် နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ မွတ်စလင်များနှင့် ရခိုင်ဗုဒ္ဓဘာ သာများ ပဋိပက္ခနောက်ပိုင်းတွင် ဦးဝီရသူဆိုသည့် ဘုန်းကြီးတစ်ပါး အမျိုးသားရေး၊ ဘာသာရေးလှုပ် ရှားမှုများဖြင့် ထင်ပေါ်လာခဲ့ သည်။ ၂၀၁၃ ဇူလိုင်ထုတ် TIME မဂ္ဂဇင်းတွင် ဦးဝီရသူဓာတ်ပုံဖြင့် ‘The Face Of Buddhist Terror’ ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော ဆောင်းပါးနောက်ပိုင်းတွင် ကမ္ဘာ ကျော်သည်အထိ ထင်ပေါ်လာခဲ့ သည်။ ထို့နောက် မွတ်စလင်ဘာ သာမုန်းတီးရေးဟောပြောပွဲများ၊ အမျိုး၊ ဘာသာ၊ သာသနာလှုပ် ရှားမှုများကို ဦးဆောင်ပြီး ဦးသိန်း စိန်အရပ်သားအစိုးရပထမသက် တမ်းမကုန်ခင်တွင် မျိုးစောင့်ဥပ ဒေဟုခေါ်သော အငြင်းပွားဖွယ် ရာ အမျိုးသားရေး၊ ဘာသာရေး ဦးစားပေးဥပဒေများကို လွှတ် တော်တွင်တင်သွင်းကာ ပြည်ခိုင် ဖြိုးလွှတ်တော်နှင့် ဦးသိန်းစိန်အစိုး ရက အတည်ပြု ပေးလိုက်သည်။ အမျိုးသားရေး အင်အားစုများက ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကို အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မည့် ပါတီအဖြစ် ပေါ်ပေါ်ထင်ထင် ထောက်ခံအား ပေးရင်း ယခင်က ကျူးလွန်ထားခဲ့ သော ရွှေဝါရောင်သံဃာ့အရေး အခင်းတွင် သံဃာတော်များကို အကြမ်းဖက်ဖြိုခွင်းခဲ့သော၊ လက် ပံတောင်းတောင်တွင်  သံဃာများ ကို မီးလောင်ဗုံးဖြင့် နှိမ်နင်းခဲ့ သော၊ ယခင်အစိုးရ ဟောင်းပါတီ ၏ အတိတ်က ပုံရိပ်ဆိုးတို့ကိုပင် မေ့ဖျောက်ပစ်လေသည်။
အမျိုးသားရေးနှင့် ဗုဒ္ဓဘာသာ
---------------------------------------
ဗုဒ္ဓဘုရားရှင်လက်ထက်က ဇာတ်နိမ့်၊ ဇာတ်မြင့်အလွန်ခွဲခြား သော (တစ်နည်းအားဖြင့် အမျိုး သားရေး အစွန်းရောက်သော) အိန္ဒိယနိုင်ငံရှိ အမြင့်ဆုံးမျိုးနွယ် ၀င်၏ ခေါင်းဆောင်ဖြစ်သည့် သောဏဒဏ္ဍပုဏ္ဏားသည် မြတ် စွာဘုရား၏ ဆုံးမသွန်သင်မှုဖြင့် အမျိုးအနွယ်ထက် အမှန်တရား ဘက်ကိုလိုက်ကာ ဗုဒ္ဓ၏နောက် လိုက်တစ်ဦးဖြစ်ခဲ့ဖူးသည်။ ထိုသို့ သွန်သင်ဆုံးမရန် ဗုဒ္ဓက သောဏ ဒဏ္ဍပုဏ္ဏားကို မည်သည့်အင်္ဂါတို့ နှင့် ပြည့်စုံသူကို ‘ပုဏ္ဏား’ဟု ခေါ် ထိုက်သနည်းဟု ဦးစွာမေးလိုက် ၏။ သောဏဒဏ္ဍက မြတ်စွာ ဘုရားအားအောက်ပါအချက်ငါး ပါးသောအင်္ဂါနှင့် ပြည့်စုံလျှင် ‘ပုဏ္ဏား’ ဟုခေါ်ထိုက်ကြောင်း ပြန်ကြားလေသည်။
၁- အမိဘက်၊ အဖဘက်မှ ကောင်းသော မျိုးရိုးရှိခြင်း။ ဘိုး ဘေးခုနစ်ဆက်တိုင်အောင် မျိုးရိုး သန့်ခြင်း။
၂- ဝေဒကျမ်းများကိုတတ် မြောက်ခြင်း။
၃- အဆင်းလှပခြင်း။
၎- အကျင့်သီလကောင်းမွန်ခြင်း။
၅- စဉ်းစားတွေးခေါ်နိုင်သည့် ဉာဏ်ပညာရှိခြင်း။
ထိုအခါ ဗုဒ္ဓက ‘ပုဏ္ဏား’တစ်ယောက်ဖြစ်ရန် လိုအပ်ချက်ကို မဖြစ်မနေ လျှော့ရမည်ဆိုလျှင် မည်သည့်အချက်ကို လျှော့မည် နည်းဟု သောဏဒဏ္ဍပုဏ္ဏားကို မေးမြန်းလေရာပုဏ္ဏားက ‘အဆင်းလှခြင်း’ ကိုအရင်ပယ်ပြီး အဆင်း မလှလည်း ပုဏ္ဏားဖြစ်ခွင့်ရှိသည် ဟု အရင်ဖြေကြားလေသည်။ နောက်ထပ် လျှော့ခိုင်းသောအခါ ‘ဝေဒကျမ်း များတတ်မြောက်ခြင်း’ မရှိလည်း ပုဏ္ဏားဖြစ်ထိုက်ပါ သည်ဟု ထပ်မံဖြေကြားသည်။ ဗုဒ္ဓက တစ်ဆင့်တက်ပြီး ထပ်မံ လျှော့ခိုင်းသောအခါ ‘အမိဘက်၊ အဖဘက်မှ ကောင်းသောမျိုးရိုး ရှိခြင်း၊ ဘိုးဘေးခုနစ်ဆက်တိုင် အောင် မျိုးရိုးသန့်ခြင်း’ ကို ဖယ်ပြီး ‘အကျင့်သီလ’ နှင့် ‘ဉာဏ် ပညာထက်မြက်’လျှင် ပုဏ္ဏားမျိုး နွယ်အဖြစ် အသိအမှတ်ပြုနိုင် ကြောင်း ပြန်လည်ဖြေကြားလေ သည်။
ထိုအချိန်တွင် တခြားပုဏ္ဏား များက မကျေမနပ်နှင့် သောဏ ဒဏ္ဍပုဏ္ဏားကို ဝေဖန်ကြသော အခါ သူ၏တူဖြစ်သူအင်္ဂါကကို ဥပမာပေး၍ သူ့တူဖြစ်သူသည် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်သန့် ပြန့်၏။
  ဝေဒကျမ်းများကို တစ် ဖက်ကမ်းခပ် တတ်မြောက်၏။ ရုပ်ဆင်းအင်္ဂါလှပ၏။ သို့သော် အင်္ဂါက လုလင်အနေနှင့် အကျင့် သီလကို ချိုးဖောက်ကာ ‘သူများ အသက်ကို သတ်လျှင်၊မပေးသည့် ပစ္စည်းကို ခိုးယူလျှင်၊ သူများသား မယားကို အလိုမတူဘဲဖျက်ဆီး လျှင်၊ သေရည်သေရက်တို့ကို သောက်လျှင်’ ပုဏ္ဏားဟုအသိအ မှတ်ပြုနိုင်မည်လားဟု မေးသော အခါ ပုဏ္ဏားအားလုံးက အသိအ မှတ်မပြုနိုင်ကြာင်း ဖြေကြားရင်း  သောဏဒဏ္ဍပုဏ္ဏား၏ ဘုရားရှင် သို့ ဖြေကြားချက်ကို စောဒကမ တက်နိုင်ကြတော့ချေ။ ထို့နောက် ဘုရားရှင်က ထပ်မံ၍ အချက်တစ် ချက်ကိုပယ်ဖျက်ခိုင်းသောအခါ သောဏဒဏ္ဍမှ ‘အကျင့်သီလ’ နှင့် ‘စဉ်းစားတွေးခေါ်နိုင်သည့် ဉာဏ်ပညာ’ သည်လက်နှစ်ဖက် နှင့်တူ၍ အညစ်အကြေးများကို ဆေးကြောရာတွင် လက်နှစ်ဖက် လိုသကဲ့သို့ ‘အကျင့်သီလ’ ကို ‘ဉာဏ်ပညာ’ ဖြင့်ဆေးကြောရ၍ ‘ဉာဏ်ပညာ’ကိုလည်း ‘အကျင့် သီလ’ နှင့်သာဆေးကြောမှ စင် ကြယ်နိုင်ပါသည်။ထိုအင်္ဂါနှစ်ခုမ ရှိပါက ပုဏ္ဏားဟု မခေါ်ထိုက်ပါဟု ဖြေကြားရင်း အမျိုးအနွယ်ထက် ပိုမိုအရေးကြီးသည်မှာ ‘အကျင့် သီလ’ နှင့် ‘ဉာဏ်ပညာ’ ဖြစ် ကြောင်း တရားသဘောကို နား လည် သွား ပြီး အစွန်းရောက်မှုများ ကွယ်ပျောက်ကာ အမှန်တရား များကို လက်ခံသည့် ဗုဒ္ဓဘာသာ စစ်စစ် တစ်ဦးဖြစ်သွားခဲ့ဖူးလေ သည်။
ထိုအင်္ဂါနှစ်ခုမ ရှိပါက ပုဏ္ဏားဟု မခေါ်ထိုက်ပါဟု ဖြေကြားရင်း အမျိုးအနွယ်ထက် ပိုမိုအရေးကြီးသည်မှာ ‘အကျင့် သီလ’ နှင့် ‘ဉာဏ်ပညာ’ ဖြစ် ကြောင်း တရားသဘောကိုနား လည် သွား ပြီး အစွန်းရောက်မှုများ ကွယ်ပျောက်ကာ အမှန်တရား များကို လက်ခံသည့် ဗုဒ္ဓဘာသာ စစ်စစ် တစ်ဦးဖြစ်သွားခဲ့ဖူးလေ သည်။
အမျိုးသားရေးအစွန်းရောက်မှု
----------------------------------------
အမျိုးသားရေး အစွန်း ရောက်မှုကို အခြေခံပြီး ကမ္ဘာကို ဒုက္ခပေးခဲ့သူများတွင် ဒုတိယ ကမ္ဘာစစ်ကို မီးမွှေးပေးခဲ့သော ဂျာမနီနိုင်ငံမှ ဟစ်တလာသည် ထင်ရှားသော သာဓကတစ်ခုဖြစ် သည်။ အမျိုးသားရေးကို ဦးစား ပေးရင်း လူမျိုးမတူသူဂျူးသန်း ပေါင်းများစွာကို ရက်ရက်စက် စက်သတ်ဖြတ်ခဲ့ပြီး နောက်ဆုံး ဂျာမနီနိုင်ငံကိုကမ္ဘာ့အလယ်တွင် အရှက်တကွဲဖြစ်ကာ ဒုက္ခရောက် စေခဲ့သည်။ သူမုန်းတီးခဲ့သည့် ဂျူး လူမျိုးများသည် ကမ္ဘာပေါ်မှ ပျောက်မသွားဘဲ ပိုမိုအင်အား ကောင်းလာကာ အစ္စရေးခေါ် ဂျူး နိုင်ငံတစ်ခုအထိ ထူထောင်နိုင်ခဲ့  သည်။
ဘာသာရေးအစွန်းရောက် များထဲတွင် အမေရိကန်ကို၂၀၀၁ စက်တင်ဘာ ၁၁ ရက်တွင်  ခရီးသည်တင်လေယာဉ်များကို ပြန်ပေးဆွဲအသေခံ တိုက်ခိုက်မှု ကို စီစဉ်ညွှန်ကြားခဲ့သော ဘင် ဘာဒင်သည် သာဓကတစ်ခုဖြစ်ခဲ့ သည်။
အမျိုးသားရေးနှင့် ဘာသာ ရေးအစွန်းရောက်များ၏ အဓိက ရည်ရွယ်ချက်သည် အမုန်းတရား နှင့် အကြောက်တရားများကို လူမှု ပတ်ဝန်းကျင်တွင် ဖန်တီးပြီး မငြိမ်မသက်မှုများကို အခြေခံကာ နိုင်ငံရေး အမြတ်ထုတ်ကြခြင်း ဖြစ်သည်။
ဗုဒ္ဓ၏အဆုံးအမများတွင် ‘ကိုယ်ကျင့်တရားသီလ’နှင့် ‘အ မှားအမှန်ဆုံးဖြတ်နိုင်သည့် ဉာဏ် ပညာ’ကိုသာ အဓိကထားရန် လမ်းညွှန်ခဲ့ပြီး မျိုးနွယ်အတွက် သီလကို ဖျက်ကာ လူသတ်ရန်နှင့် လူသတ်မှုကို အားပေးရန်မှာကြား ထားခဲ့ခြင်း မရှိပေ။ ထို့ထက်ပိုဆိုး သည်မှာ ဘာသာကိုစောင့်ရှောက် ရန် လူမျိုးခြားထက် တိရစ္ဆာန်နှင့် လက်ထပ်ယူဖို့ပင် စေခိုင်းချက် များသည် တကယ့် ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်နေတော့သည်။
ဘာသာပေါင်းစုံကိုးကွယ် သော စင်ကာပူလိုနိုင်ငံမျိုး မဆို ထားနှင့် ကမ္ဘာတွင် မွတ်စလင်အ များဆုံး နေထိုင်သော အင်ဒိုနီးရှား နှင့် အခြားမွတ်စလင်နိုင်ငံတစ်ခု ဖြစ်သော မလေးရှားနိုင်ငံတို့သည် ပင် ဘာသာရေးအစွန်းရောက် မှုများကို သူတို့အထူးပြုသည့် မွတ်စလင်ဘာသာဝင်ဖြစ်ပါစေ လုံးဝလက်သင့်မခံသော နိုင်ငံ များဖြစ်သည်။ ထို့ကြောင့် ဘာ သာရေးအစွန်းရောက် သမားများ ကို နိုင်ငံတွင်းအမြစ်မတွယ် နိုင်အောင် လျင်မြန်စွာ ကိုင်တွယ် ဖြေရှင်းကြသည်။ ထို့ကြောင့် လည်း ထိုနိုင်ငံများသည် အဘက် ဘက်မှ တိုးတက်နေပြီး သူ၏ နိုင် ငံသားများသည် နိုင်ငံတကာတွင်  ဂုဏ်သရေရှိစွာ ရပ်တည်နေနိုင် ကြခြင်းဖြစ်သည်။
မြန်မာပြည်တွင် ထိုသို့အမျိုးသားရေး၊ ဘာသာရေးအမည်ခံ အစွန်းရောက်မှုများကို လက်ရှိ အစိုးရအနေနှင့် ထိထိရောက် ရောက် မြန်မြန်ဆန်ဆန် အရေး ယူဆောင်ရွက်ရန် လိုပါသည်။
(7 Day Daily, 24 April 2017)

Tuesday, 11 April 2017

ကားပေါ်ခဏရောက်သွားတဲ့သူ

(9 April 2017, 7 Day Daily)
.
ငယ်ငယ်က ဖတ်ခဲ့ဖူးသော ‘သာဓုလူပါးဝတယ်’ စာအုပ်မှ ‘ကားပေါ်ရောက်သွားတဲ့သူ’ဆို သည့် စာတစ်ပုဒ်ကို သဘောကျ လွန်း၍ ယခုတိုင် မှတ်မိနေမိ သည်။ ကားစီးနိုင်သောသူတွေကို မကျေမနပ်နှင့် အမြဲဝေဖန်တတ် သူတစ်ယောက်အကြောင်းကို ရေးသားထားသည်။ ထိုသူသည် သာဓုနဲ့တွေ့တိုင်း မင်းတို့လို ကား စီးနိုင်တဲ့သူတွေဟာ လမ်းပေါ်က လမ်းလျှောက်သွားတဲ့သူတွေကို မတူသလို မတန်သလို အဆင့်အ တန်းခွဲခြားကြောင်း အမြဲဝေဖန် ပြောဆိုလေ့ရှိသည်။ ထိုအချိန်က ကွန်မြူနစ်၊ ဆိုရှယ်လစ်စနစ်တွေ ထွန်းကားနေချိန်ဖြစ်သောကြောင့် ကားစီးနိုင်သောသူတွေကို အရင်း ရှင် အကျင့်ပျက်များအဖြစ်နှင့် လည်းကောင်း လမ်းလျှောက်နေ ရသူများသည် ပစ္စည်းမဲ့အလုပ် သမားလူတန်းစား တော်လှန်သူ များအဖြစ် ခိုင်းနှိုင်းယှဉ်ပြခြင်း သဘောမျိုးဖြစ်သည်။ တစ်ရက် ထိုသူသည် သာဓုမောင်းသော ကားနှင့်ပါလာသည်။ ကုန်းတက် တစ်ခုတွင် ကုန်းပေါ်မှ ရေစည် လှည်းသည် လှည်းမောင်းသူ အရှိန်မထိန်းနိုင်သဖြင့် လိမ့်ကျလာပြီး သာဓုကားကို ဝင်တိုက်မိလေ သည်။ ထိုအချိန်တွင် ကားစီးနိုင်သူများကို အမြဲဝေဖန်လေ့ရှိသော သူသည် ကားပေါ်မှာ ဆင်းလာ ပြီး ရေစည်လှည်းသမားကို မင်း ကားတစ်စီးလုံးလာတာ မမြင်ဘူး လား၊ မင်းတို့ဆင်းရဲသားတွေ ဒီ လိုပဲ ဘာညာနှင့် ဆဲရေးတိုင်းထွာ တော့သည်။ သာဓုလည်း ကား ပေါ်မှ ဆင်းကြည့်ရာ ကားဘာမှ မဖြစ်သဖြင့် ဘာမှမပြောဘဲ ကား မောင်းထွက်လာလိုက်သည်။ ပြီး တော့ သူ့ဘေးမှ လိုက်လာသူကို ကြည့်ပြီး ဩော်.. ဒီလူလည်း ကားပေါ် ရောက်သွားပြီကိုးဟု မှတ် ချက်ချလိုက်လေသည်။
.
ကားပေါ်ကလူများ

၈၈ အရေးတော်ပုံတွင် အ ထက်တန်းကျောင်းသားဘဝနှင့် ၈ ရက် ၈ လ ၁၉၈၈ ခုနှစ် ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြရာ မှ စတင်ပါဝင်မိပြီးနောက်ပိုင်း ဆန္ဒပြရာများကို ထိုအချိန် အစိုးရက မာရှယ်လောခေတ္တရုပ်သိမ်းချိန် အထိ ရန်ကုန်မြို့အနှံ့ လိုက်ပါဖူးသည်။ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုဘဲ ရင်ထဲက ခံစားချက်ကို မူတည်ပြီး ကျောင်းသားတစ်ဦးအနေနှင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် စစ်တပ်က နောက်ဆုတ်ပေးပြီး ဒေါက်တာမောင်မောင် သမ္မတဖြစ်လာချိန်တွင် အရင်က ကျောင်းသားများ ဆန္ဒပြချိန် ကြောက်လန့်တကြား အိမ်တွင်းအောင်းနေသောသူများ လမ်းပေါ်ထွက် အလံနီများကိုင်ကာ သင်္ကြန်လှည့်သလို အော်ဟစ်အောင်ပွဲခံကြသည့် နောက်ပိုင်းတွင် ဆန္ဒပြပွဲများကို လိုက်ပါရမည်ကို ရှက်မိသဖြင့် လည်းကောင်း၊ စည်းလုံးမှုမရှိဘဲ ဖွဲ့စည်းကြသည့် အဖွဲ့ပေါင်း သောင်းခြောက်ထောင်ကို အယုံအကြည်မရှိ၍လည်းကောင်း နောက်ပိုင်းတွင် ဘာလှုပ်ရှားမှုမှ မလုပ်ဖြစ်တော့ပေ။ ထိုအောင်ပွဲခံမှုများသည် ကြာကြာမခံလိုက်ဘဲ စက်တင်ဘာလ ၁၈ ရက် ၁၉၈၈ ခုနှစ်တွင် ထိုအချိန်က ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်စောမောင်မှ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းကာ စစ်အာဏာရှင်စနစ်ကို မြန်မာပြည်တွင် ဒုတိယအကြိမ် ထပ်မံတည်ဆောက်ခဲ့သည်။
.
ဗိုလ်ချုပ်စောမောင် ဦးဆောင်သော (နဝတ) နိုင်ငံ တော် ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့သည် ဗိုလ်ချုပ် နေဝင်းလက်ထက်က ချုပ်ကိုင်ရန် အားနည်းခဲ့သော အစိုးရအုပ်ချုပ် မှုယန္တရားကြောင့် တစ်တိုင်းပြည် လုံး အာဏာစက်လက်မဲ့ဖြစ်ကာ မဆလ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) အစိုးရပြုတ်ကျသွားခဲ့ရ သည်ကို ကောင်းကောင်းသဘော ပေါက်ခဲ့သည်။ ထိုအချိန်က လမ်း စဉ်ပါတီဝင်ဖြစ်မှ အစိုးရဝန်ကြီး ဌာနများတွင် ရာထူးတက်နိုင်ရန် စီစဉ်ထားသည်။ ဝန်ကြီးနေရာ များတွင် စစ်တပ်မှ အငြိမ်းစားအ ရာရှိများကို ခန့်အပ်ထားသော် လည်း အောက်ခြေဝန်ထမ်းများ သည် လမ်းစဉ်ပါတီဝင် အရပ် သားများဖြစ်ကြသည်။ လမ်းစဉ် ပါတီကို ယုံကြည်၍ ဝင်ခြင်းထက် ရာထူးတက်လို၍ ဝင်ထားခြင်းဖြစ် သဖြင့် ၈၈ အရေးတော်ပုံတွင် ဝန် ထမ်းများအားလုံးနီးပါး အခွင့်သာ ခိုက် လမ်းစဉ်ပါတီကို ကျောခိုင်း ကာ အစိုးရကို အာခံခဲ့ကြသည်။ ထိုအချက်သည် နဝတစစ်အစိုးရ ၏ စစ်အာဏာတည်မြဲရေးအ တွက် အထူးဂရုစိုက်ကာကွယ်ရ မည့် အချက်ဆိုသည်ကို သဘော ပေါက်ခဲ့သည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဌာနဆိုင် ရာများ၌ ဝန်ကြီးအဆင့်သာမက ညွှန်မှူး၊ ညွှန်ချုပ်နှင့် အောက်ခြေ အဆင့်များအထိ စစ်တပ်မှ အရာ ရှိများကို ခန့်ထားတာဝန်ယူစေခဲ့ သည်။ ထိုသူများကို မိုးကျရွှေ ကိုယ်များဟု တင်စားခေါ်ဝေါ်ခဲ့ ကြသည်။
.
ထိုနောက်ပိုင်းတွင် ထူးထူး ခြားခြား သိသိသာသာ ပြောင်းလဲ လာမှုများသည် ထိုမိုးကျရွှေကိုယ် များ ရုံးတက်ရုံးဆင်းချိန်နှင့် အပြင်သို့ သွားလာသောအချိန်များဖြစ် သည်။ ပွိုင့်ကားဟုခေါ်သော လက်နက်ကိုင်သက်တော်စောင့် များပါသော ကားများဖြင့် ရှေ့ နောက်ခြံရံပြီး အလယ်တွင် အော် ဒီ၊ မာစီဒီး စသည့်ကားကောင်းကြီးများဖြင့် သွားလာလေ့ရှိသည်။ ထိုအချိန်၌ လမ်းတွင်မောင်းနေသည့် ကားများ ကမန်းကတန်း ဘေးသို့ ကပ်ပေးရခြင်း၊ မရပ်ပေးပါက သက်တော်စောင့်များမှ အော်ဟစ် ဆဲဆိုခြင်းနှင့် အခန့်မသင့်ပါက ကားကို ပိတ်ရပ်ပြီး ပါးနားအရိုက် ခံရခြင်းများ ခံရနိုင်သည်။
.
ထိုလုပ်ရပ်များကို သွားလာ တိုင်း မြင်တွေ့ကြားသိနေရသဖြင့် ထိုအချိန်က မကျေမနပ်ဖြစ်ခဲ့မိ သည်။ တစ်ခါတစ်ရံ စိတ်ထဲက ကျိတ်ဆဲမိသည်။ စစ်အာဏာရှင် တို့အပေါ် တော်လှန်သူ ကျောင်း သားလူငယ်စိတ်နှင့် ထိုကဲ့သို့ ကားပေါ်က အာဏာပြမှုများကို အလွန်ရွံမုန်းခဲ့မိသည်။
.
ကားပေါ်ခဏရောက်သွားခဲ့သူ

နှစ်ပေါင်းများစွာ ကြာသော အခါ နိုင်ငံရပ်ခြားတွင် ပညာသင် ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်များ ရရှိခဲ့ပြီး စင်ကာပူတွင် စီးပွားရေး အတိုင်ပင်ခံလုပ်ငန်းတစ်ခုကို စတင်တည်ထောင်ခဲ့သည်။ နောက်ပိုင်း မြန်မာပြည်တွင် လုပ်ငန်းတိုး ချဲ့ပြီး မြန်မာပြည်မှ လုပ်ငန်းရှင် များကို နိုင်ငံတကာ ထိုးဖောက် ဝင်ရောက်ဖို့အတွက် စီးပွားရေး အကြံပေးလုပ်ငန်းကို ၂၀၀၇ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့သည်။
.
တိုက်တိုက်ဆိုင်ဆိုင် ၂၀၀၇ ခုနှစ်တွင် သံဃာအရေးအခင်း တစ်ခု ဖြစ်ပွားခဲ့ပြီး အစိုးရ၏ အ ကြမ်းဖက်ဖြိုခွင်းမှုကြောင့် နဂိုက တည်းက တင်းကျပ်ထားသော နိုင်ငံတကာ ပိတ်ဆို့မှုများ ပိုမို တင်းကျပ်လာကာ နိုင်ငံတကာ တွင် ဖွင့်ထားသော အစိုးရနှင့် မြန်မာလုပ်ငန်းရှင်များ၏ ဘဏ် စာရင်းများ ထိန်းသိမ်းခံရခြင်း၊ အပိတ်ခံရခြင်းများ ဖြစ်ခဲ့သည်။ တစ်ရက် မြန်မာပြည်အရောက် ရင်းနှီးသော လုပ်ငန်းရှင်တစ်ဦးမှ သူ၏ ဆရာတစ်ဦး နိုင်ငံတကာ ဘဏ်လုပ်ငန်းများနှင့်ပတ်သက် သော အခြေအနေများကို မေး မြန်းလို၍ တွေ့ဆုံလိုသည်ဟု အ ကြောင်းကြားလာသည်။ ကား တစ်စီး အကြိုလွှတ်လိုက်သည်ဆို ၍ ရုံးခန်းတွင် စောင့်နေလိုက် သည်။
.
လာကြိုသည့် ကားရောက် လာသောအခါ အတော်ပင် အံ့ဩ သွားမိသည်။ စစ်စိမ်းရောင်ပရာဒို တစ်စီး။ ကားနံပါတ်တွင် ကြယ် တစ်လုံးတပ်ထားသည်။ ကားပေါ် တက်ခါနီး ယာဉ်မောင်းက ပျာပျာ သလဲ တံခါးလာဖွင့်ပေးသည်။ ပြီး တော့ လမ်းတစ်လျှောက် ကားမီး ကြီးဖွင့်ကာ အမြန်မောင်းတော့ သည်။ လမ်းတွင် မောင်းနေသော ကားများ အလျင်အမြန်ဘေးသို့ ကပ်မောင်းသွားကြသည်ကို ကား ပေါ်က လှမ်းတွေ့နေရသည်။ မီး ပွိုင့်များတွင်လည်း မီးစိမ်းကို စောင့်စရာမလို။ ယာဉ်ထိန်းရဲမှ ထွက်လာကာ ကားများကို တား ပေးသည်။
.
ကားနောက်ခန်း အဲကွန်း လေအေးအေးတွင် ဇိမ်ကျကျထိုင် ကာ အတွေးနယ်ချဲ့ရင်း လိုက်ပါ လာခဲ့မိသည်။ အခုတွေ့ရမည့် ပုဂ္ဂိုလ်သည် မည်သူဖြစ်မည်နည်း ဟု တွေးကြည့်မိသည်။ ခေါ်ခိုင်း သည့်ကား အဆင့်အတန်းနှင့်ဆို လျှင် အစိုးရအဖွဲ့တွင် တော်တော် ကြီးသော ရာထူးယူထားသူ တစ် ဦးဖြစ်နိုင်သည်။ ဒီကားက ပုဂ္ဂိုလ် ကြီး အမြဲစီးတဲ့ကားလား (ဒါမှ မဟုတ်) ခရီးဝေးထွက်မှ သုံးတာ လား၊ ဂေါက်ရိုက်ဖို့ သွားတဲ့အချိန် သုံးတာလား၊ ပုဂ္ဂိုလ်ကြီးဇနီး ဈေး ဝယ်ထွက်ရင် သုံးတဲ့ကား ဖြစ် မလား။ ဘာပဲပြောပြော ထိုသို့ အ ရေးပါသော ရာထူးကြီးကြီး ပုဂ္ဂိုလ်ကြီးတစ်ဦး စီးသည့်ကားတွင် ပုဂ္ဂိုလ်ကြီး ထိုင်သည့်နေရာတွင် ဇိမ်ကျကျ ထိုင်လိုက်ရသည်ကို ဂုဏ်ယူမိသည်။
.
လမ်းဘေးကပ်ရပ်ပေးကြ သော ကားများကို ကြည့်ရင်း၊ မီး ပွိုင့်တိုင်း မီးနီသော်လည်း အလေးပြုရင်း ကားတားပေးထားသော ယာဉ်ထိန်းရဲများကို ကြည့်ရင်း စိတ်ထဲတွင် ပီတိနှင့် ဂုဏ်ယူမှု များ ဝင်လာမိသည်။ အစိုးရအရာ ရှိတစ်ဦးကတောင် အရေးတယူ ခေါ်ပြီး ဆွေးနွေးခံရသည့် ပညာ ရှင်တစ်ဦးအတွက် အချိန်တိုင်း သည် တန်ဖိုးရှိသဖြင့် တခြားအ ရေးမပါသောသူတွေ စီးသောကားများ ဘေးဖယ်ပေးခြင်း၊ မီးပွိုင့်များတွင် ရပ်စောင့်ရခြင်းသည် လိုအပ်သည်ဆိုသည်ကို စတင်တွေးမိ သည်။
.
ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ နေပြီး ဇိမ်ကျကျ ထိုင်လိုက်လာ ရင်း မီးပွိုင့်တစ်ခုတွင် ကားဘရိတ် ဆောင့်အုပ်လိုက်သဖြင့် ဟန်ချက် ပျက်ကာ လူကရှေ့သို့ ထိုးကျ သွားပြီး ကားရှေ့ခုံကို ကမန်းက တန်း ဖမ်းဆုပ်ကိုင်လိုက်မိသည်။ မီးပွိုင့်တွင် ယာဉ်ထိန်းရဲတားသည် ကို မမြင်သည့် အငှားယာဉ်တစ်စီး မီးစိမ်းသည်ဆိုပြီး ထွက်လာ သဖြင့် ကျွန်တော်စီးသည့်ကားမှ ယာဉ်မောင်း အမြန်ဘရိတ်အုပ် လိုက်ခြင်းဖြစ်သည်။ တာဝန်ကျ ယာဉ်ထိန်းလည်း ပျာယာခတ် သွားပြီး မီးစိမ်း၍ ထွက်လာသော အငှားယာဉ်ကို လှမ်းတားလိုက် ပြီး ကျွန်တော်စီးလာသည့် ကား ဆီကို ပြေးလာသည်။
.
ကျွန်တော်လည်း ဒေါသ ထောင်းခနဲထွက်ကာ ဆဲဆိုလိုက် မိသည်။ ဒီလိုအရေးတကြီးလာတဲ့ လူတစ်ယောက်၊ အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးနဲ့တွေ့ပြီး တိုင်းပြည်အ တွက် အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ သွားလာနေတဲ့လူတစ် ယောက် စီးလာတဲ့ကားကို ဘာမှ အရေးမပါတဲ့ အငှားကားတစ်စီး က အနှောင့်အယှက်အန္တရာယ် ပေးစရာလား။ ဒီလိုလူတွေကို မှတ်လောက်သားလောက်အောင် ဆုံးမအပြစ်ပေးဖို့ လိုတယ်ဆိုပြီး ဒေါသဇောနှင့် ရေရွတ်နေမိသည်။
.
ထိုအချိန်တွင် ယာဉ်ထိန်းရဲ ရောက်လာပြီး အဘတောင်းပန် ပါတယ်။ ကျွန်တော် တက္ကစီသမားကို ဘယ်လိုအရေးယူလိုက်ရမလဲ ဆိုပြီး မောကြီးပန်းကြီးနဲ့ လာမေး သည်။ စိတ်ထဲမှာတော့ အပြင်း ထန်ဆုံး ဘာပြစ်မှုနဲ့ ဒဏ်ပေးရ မလဲဟု တွေးလိုက်မိသည်။
.
ထိုအချိန်တွင် ငယ်ငယ်က ဖတ်ထားမိသော သာဓု၏ ‘ကား ပေါ်ရောက်သွားသောသူ’ အ ကြောင်းကို ပြန်သတိရလိုက်မိ သည်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးလိုက်ရင်း တကယ်တော့ ငါကိုယ်တိုင်လည်း ကားပေါ် ရောက်သွားပြီဆိုသည့် အသိဖြင့် ရှက်စိတ်များနှင့် ထူပူသွားမိ သည်။ ယာဉ်ထိန်းရဲကိုလည်း အငှားယာဉ်မောင်းက မီးစိမ်းလို့ မောင်းတာဖြစ်လို့ ဘာမှမမှား ကြောင်း ပေးသွားလိုက်ပါဟု ပြောလိုက်တော့ ကြောင်တောင် တောင်မျက်နှာဖြင့် ထွက်သွား သည်။
.
ထိုကဲ့သို့သော ကားများပေါ် ထိုင်ရင်း အခွင့်အရေးယူကာ အာ ဏာရှင်ဆန်ဆန် ပြုမူသူများကို အလွန်မုန်းတီးတဲ့သူတစ်ဦး ထို ကားပေါ်တွင် ခဏထိုင်ခွင့်ရ၍ ဤကဲ့သို့ ပြောင်းလဲသွားလျှင် ဤ ကားမျိုးပေါ်၌ ကာလကြာမြင့်စွာ ထိုင်ခွင့်ကြုံခဲ့သူများအတွက် ကား ပေါ်က ဆင်းချင်ကြပါ့မလားဟု တွေးတောမိရင်း စိတ်မသက် မသာနှင့် ကားပေါ်တွင် ဆက် လိုက်မိတော့သည်။


ဒီမိုကရေစီ နိဒါန်း (၂)


(7 Day Daily, 19 March 2017)
.
၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် တွင် အရေးပါသော အလှည့်အ ပြောင်းဖြစ်ခဲ့သည်။ ၂၀၁၀ ရွေး ကောက်ပွဲနောက်ပိုင်းတွင် ပြုပြင် ပြောင်းလဲမှုများစွာဖြင့် စတင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အပြတ်အသတ်အနိုင်ရရှိခဲ့ကာ ပြည်သူရွေးကောက်တင်မြှောက် သည့် ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သော အရပ်သားအစိုးရက တိုင်းပြည်အာဏာကို လွှတ်တော် တွင် ၇၅ ရာခိုင်နှုန်း၊ ပြည်ထောင်စု အစိုးရတွင် ၈၆ ရာခိုင်နှုန်း(ဝန်ကြီး ဌာန ၂၁ ခုထဲမှ ၁၈ ခုကို အုပ်ချုပ် ခွင့်)ရရှိခဲ့သည်။ တကယ်တမ်း ပြောရလျှင် စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်သော အစိုးရတစ်ရပ် သည် နှစ်ပေါင်း ၅၀ နီးပါး တိုင်း ပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ် နိုင်ခဲ့ပြီး အတိုက်အခံအင်အားမှာ လည်း အာဏာရှင်များကို အန္တ ရာယ်ပြုနိုင်လောက်အောင် ကြီး ကြီးမားမားမရှိခဲ့တော့ပေ။ နိုင်ငံ တကာပိတ်ဆို့မှုများရှိသော်လည်း ခရိုနီစီးပွားရေးနှင့် သယံဇာတ များကို တရုတ်နိုင်ငံမှတစ်ဆင့် ရောင်းချနေနိုင်သဖြင့် အုပ်ချုပ်သူ လူတန်းစားအနေနှင့် ထူးထူးခြား ခြားထိခိုက်နစ်နာမှုများ မရှိခဲ့ချေ။ ဒါဆိုလျှင် စစ်အစိုးရအနေနှင့် ဘာကြောင့် မလိုအပ်ဘဲ ဒီမိုကရေစီကို ပေးခဲ့သည်ကို လေ့လာကြည့် လျှင်...
.
စစ်အာဏာရှင်များ၏နိဂုံး

မြန်မာနိုင်ငံသမိုင်းကြောင်း တစ်လျှောက် ပြန်ကြည့်လျှင် ဦးနေဝင်းမှ စတင်ခဲ့သည့် စစ်အာဏာ ရှင်များသည် တစ်ဦးမှ နိဂုံးမလှခဲ့ ပေ။ ဦးနေဝင်းကိုယ်တိုင် တည် ထောင်ခဲ့သော အာဏာရှင်စနစ် ဖြင့် ကိုယ်ကိုယ်တိုင်သာမက မိ သားစုတစ်စုလုံး နောက်ဆုံးဒုက္ခ ရောက်ရသည်အထိ ဇာတ်သိမ်း မကောင်းခဲ့ပေ။ နောက်ပိုင်းပေါ် ထွက်လာသော အာဏာရှင်များ သည်လည်း တစ်ဦးပြီးတစ်ဦး ဒုက္ခရောက်ပြီး ဇာတ်သိမ်းခဲ့ရသည်။ ထိုအချက်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် နောက်စစ်အာ ဏာရှင်တစ်ဦးဦးကို အာဏာလွှဲ ပေးရန် လက်ရွံ့ခဲ့ပေမည်။ တပ်မ တော်တွင် အရည်အချင်းရှိသော ဗိုလ်ချုပ်များ အများအပြားရှိသော် လည်း နောက်တက်လာမည့် အာ ဏာရှင်တစ်ဦးသည် မိမိကိုယ်တိုင်နှင့် မိသားစုအပေါ် အန္တရာယ်အ ကြီးအကျယ်ရှိနိုင်သည်။ ထို့ ကြောင့် အန္တရာယ်အကင်းဆုံး သည် တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တင်ပေး လိုက်ပြီး စစ်အာဏာရှင်စနစ်ကို အပြီးအပိုင်ရပ်ဆိုင်းလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် ဒီမိုကရေစီအ ပြည့်အဝပေး၍ အရပ်သားအစိုးရ အာဏာအပြည့်အဝရရှိသွားလျှင် လည်း နောက်ကြောင်းပြန်အရေး ယူမှုများနှင့် ရသင့်သည်ထက် အဆပေါင်းများစွာ ပိုမိုရရှိထား သော စည်းစိမ်ဥစ္စာများကို ပြန် လည်သိမ်းယူမှုများဖြစ်ပွားမည် ကိုလည်း စိုးရိမ်မကင်းခဲ့ပေ။ ထို့ ကြောင့် အကောင်းဆုံးနည်းလမ်း သည် တပ်မတော်လည်း အာဏာ အပြည့်အဝမယူနိုင်အောင် အရပ် သားအစိုးရလည်း အာဏာအ ပြည့်အဝမရနိုင်သည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့် အာဏာ ကို ထိန်းညှိရင်း ကိုယ့်ကိုယ်ကိုယ် အကာအကွယ်ပေးခဲ့ခြင်းဖြင့် မြန် မာနိုင်ငံသည် ဒီမိုကရေစီလမ်း ကြောင်းပေါ်သို့ ရောက်ရှိလာရန် အခွင့်အရေးတစ်ရပ်ရရှိခဲ့သည်။
.
ဒေါ်အောင်ဆန်းစုကြည်၏အမြော်အမြင်

အထက်ပါအချက်ကို လူအ များစုက သဘောမပေါက်ခဲ့သော် လည်း ဒေါ်အောင်ဆန်းစုကြည်အ နေနှင့် စစ်အာဏာရှင်များ၏သ ဘောထားနှင့် စိုးရွံ့မှုများကို ကောင်းကောင်းသဘောပေါက်ခဲ့ ပုံရသည်။ ထို့ကြောင့် ရရှိလာသည့် အခွင့်အလမ်းများကို အကောင်း ဆုံး အသုံးချကာ ပြည်သူရွေး ကောက်တင်မြှောက်သော အစိုးရတစ်ရပ်ဖြစ်ပေါ်လာရေးအတွက် အစီအစဉ်များကို အကျယ်ချုပ်မှ လွတ်မြောက်လာပြီးချိန်မှ စတင် ပြီး စနစ်တကျ ရေးဆွဲခဲ့တော့ သည်။ ဒေါ်အောင်ဆန်းစုကြည်အ နေနှင့် အကျယ်ချုပ်မှ လွတ် မြောက်လာပြီး လွှတ်တော်ထဲအ ရောက်တွင် အမျိုးသားရင်ကြား စေ့ရေးကို ဦးတည်ပြီး စစ်အာဏာ ရှင်များကို လုံခြုံမှုအာမခံချက် ပေးကာ ပိုင်ဆိုင်မှုများကို ဆက်လက်ပိုင်ဆိုင်ခွင့်နှင့် နိုင်ငံတကာ နာမည်ပျက်စာရင်းသွင်းထားခြင်း ကို ပယ်ဖျက်ဖို့အတွက် အာမခံ ချက်နှင့် ယုံကြည်ချက်များကို ပေး နိုင်ခဲ့သည်။
.
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအ နေနှင့် အငြိမ်းစားမယူခင် သမ္မတ နှင့် စစ်ဦးစီးချုပ်အဖြစ် ရွေးချယ် သောအခါ ရည်ရွယ်ချက်ကြီးမား သော စစ်ဗိုလ်ချုပ်ကြီးများကို ဘေးဖယ်ပြီး သဘောထားပျော့ ပျောင်းသော ဦးသိန်းစိန်နှင့် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရွေးချယ်ခဲ့သည်။ ထို့ကြောင့် တပ် မတော်ထိပ်ပိုင်းနှင့် ထိုအချိန်က အာဏာရပါတီဖြစ်သော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအုပ်ချုပ်မှုပိုင်းတွင် မကျေမ နပ်မှုများ၊ ပဋိပက္ခများကို သိသိ သာသာ မြင်တွေ့လာရသည်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အချိန်က ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ဥက္ကဋ္ဌ နှင့် လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူ ထားသော အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းက သမ္မတအဖြစ်တာဝန်ယူမည်ဟု ကြေညာခဲ့သည့် နောက်ပိုင်းတွင် ပါတီတွင်း အာ ဏာသိမ်းမှုဖြစ်ပွားခဲ့ကာ သူရဦး ရွှေမန်းနှင့် အပေါင်းအပါများပါ တီတွင်းမှ ဖယ်ထုတ်ခြင်းခံခဲ့ရ သည်။ ထိုအချိန်က ဒေါ်အောင် ဆန်းစုကြည်သည် သူရဦးရွှေမန်း ဘက်မှ ရပ်တည်ပေးခဲ့ပြီး ဦးသိန်း စိန်ကို ယုံကြည်မှုမရှိဟု အတည် အလင်းပြောဆိုခဲ့သည်။ ထိုကဲ့သို့ အကွဲအပြဲများသည် အာဏာရ ပြည်ခိုင်ဖြိုးပါတီကို အင်အား ယုတ်လျော့စေခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်အနေနှင့် တပ်မတော် တွင်းမှ စစ်ဗိုလ်ချုပ်တချို့ကို မဟာမိတ်အဖြစ် ပူးပေါင်းနိုင်ခဲ့သည်။
.
နိုင်ငံအုပ်ချုပ်ရေးနှင့်တပ်မတော်ကဏ္ဍ

၂၀၁၀ ရွေးကောက်ပွဲအပြီး တွင် တပ်မတော်၏အခန်းကဏ္ဍ သည် နိုင်ငံအုပ်ချုပ်ရေးထက် ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ် ဒေသလုံခြုံရေးတို့ကို ကွဲကွဲပြား ပြားကိုင်တွယ်ခွင့်ရခဲ့သည်။ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် တပ်မတော်မှ အငြိမ်း စားအရာရှိများဖြင့် နိုင်ငံတော် အုပ်ချုပ်ရေးအတွက် တာဝန်ယူ ရန် ဖွဲ့စည်းတည်ထောင်ခဲ့သော် လည်း ၂၀၁၀ နောက်ပိုင်း ငါးနှစ် တာသက်တမ်းတစ်လျှောက်တွင် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီ သည် သီးခြားစွာ ရပ်တည်သွားမိ ကြသည်။ ထိုအချက်သည် တပ်မ တော်အနေဖြင့် ပြည်ခိုင်ဖြိုးပါတီ နှင့် မဟာမိတ်ဖြစ်ရေးထက် မည် သည့်ပါတီ အာဏာရလာ ရလာ အသိအမှတ်ပြုကာ လက်တွဲအ လုပ်လုပ်သွားနိုင်သည့် အလေ့အ ထတစ်ခု ပေါ်ထွက်လာခဲ့ခြင်းဖြစ် သည်။
.
ထောင်ချောက်များကို ရှောင်နိုင် ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတကာဖိအားနှင့်လူ့အ ခွင့်အရေးကို ဦးစားပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ပြိုင် ဘက်များက တထစ်ချယုံကြည် ထားပုံရသည်။ ထိုယုံကြည်ချက် များကြောင့် ဘာသာရေးနှင့်လူမျိုး ရေးပဋိပက္ခများကို ရွေးကောက်ပွဲ မတိုင်ခင်နှင့် ရွေးကောက်ပွဲအပြီး NLD အပြတ်အသတ်အနိုင်ရရှိ လာသောအခါ အရှိန်အဟုန်ပြင်း ပြင်းဖြင့် လှုံ့ဆော်လာခဲ့ကြသည် ကို တွေ့ရသည်။ အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်း များအတိုင်း လူနည်းစုဘာသာ ခြားဘက်မှ ရပ်တည်ပေးလျှင် ဗုဒ္ဓ ဘာသာအများစုရှိသော မြန်မာနိုင်ငံအတွင်း ထောက်ခံမှုများ သိသိ သာသာလျော့နည်းသွားမည်။ အ ကယ်၍ ဘာသာခြားလူနည်းစုများ ဘက်မှ ကာကွယ်မှုမပေးနိုင်လျှင် နိုင်ငံတကာ ဖိအားများကြောင့် အစိုးရသစ်အနေနှင့် အကျပ်အ တည်းများပေါ်ပေါက်လာရန် ရည်ရွယ်ခဲ့ကြသည်။
.
အင်တာနက်နှင့် လူမှုကွန် ရက်များမှတစ်ဆင့် လော်ဘီများ စွာကို မွေးထုတ်ပြီး သတင်းနှင့် အချက်အလက်အမှားများဖြင့် ဒေါ်အောင်ဆန်းစုကြည်၏အာ ဏာရ NLD ပါတီနှင့် အစိုးရသစ် ကို ဘာသာရေး၊ အမျိုးသားရေး အကြောင်းပြချက်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကြသည်။
.
သို့သော် နိုင်ငံတကာ ထောက်ခံမှုများကို ဦးစွာရယူထား နိုင်ခဲ့သော ဒေါ်အောင်ဆန်းစု ကြည်သည် ရခိုင်အရေးအတွက် အကြံပေးကော်မရှင်ဥက္ကဋ္ဌနေရာ တွင် နိုင်ငံတကာ၌ သြဇာဂုဏ် သတင်းကြီးမားသော ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီအာ နန်ကို တာဝန်ပေးအပ်ခဲ့ပြီး နိုင်ငံ တကာဖိအားများကို လျှော့ချပေး ခဲ့သည်။ နိုင်ငံတကာသတင်းဌာန များမှ မေးမြန်းချက်များကိုလည်း နှစ်ဖက်မျှပြီး မျှမျှတတဖြေကြား နိုင်ခဲ့ကာ ပြည်တွင်းမှ ထောက်ခံမှုများကိုလည်း ဆက်လက်ထိန်း သိမ်းထားနိုင်ခဲ့သည်။
.
သမိုင်းဝင်သော နေ့တစ်နေ့

၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အပြတ်အသတ်အနိုင်ရပြီး နောက်ပိုင်း အာဏာလွှဲပြောင်း ပေးမှုကို ပြည်သူများနှင့် နိုင်ငံတ ကာမှ ရင်တမမစောင့်ကြည့်ခဲ့ရ သည်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး တွင် ထိုအချိန်က စစ်အစိုးရသည် ရွေးကောက်ပွဲရလဒ်များကို လျစ် လျူရှုပြီး နှစ်ပေါင်း ၂၀ ခန့် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော သာ ဓကများကြောင့် ပြည်သူများ ပိုမို စိုးရိမ် ကြောင့်ကြခဲ့ကြသည်။
.
ထိုအချိန်တွင် မထင်မှတ် ထားသော ကိစ္စတစ်ခု လူမှုကွန် ရက်မှတစ်ဆင့် ဟိုးလေးတကျော် ကျော် ဖြစ်ပွားခဲ့သည်။ အငြိမ်း စား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင်မှ သူ၏ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ‘သမိုင်း ဝင်သော နေ့တစ်နေ့’ ဆိုပြီး ရေး တင်လိုက်သည်။ ထိုအချိန်တွင် နိုင်ငံရေးသုံးသပ်သူများ၊ နှစ်ဖက် လော်ဘီများကြားတွင် ဂယက် တစ်ခုထသွားခဲ့သည်။ ဆဲသံဆိုသံ များ၊ သုံးသပ်ချက်အမျိုးမျိုးဖြင့် နောက်ဆုံး နေရွှေသွေးအောင်၏ လူမှုကွန်ရက်မှ ၅,၀၀၀ ကျပ်တန် ပေါ်တွင် အငြိမ်းစားဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၊ ထိုအချိန်က သမ္မတ ကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ လက်မှတ်ရေးထိုး ထားသော ဓာတ်ပုံတစ်ပုံတင် လိုက်ပြီး အားလုံး၏မျှော်လင့်ချက် ကို အတည်ပြုပေးလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အာ ဏာလွှဲပေးမှုအတွက် အရေးအပါ ဆုံးပုဂ္ဂိုလ်ဖြစ်သည့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆွေး နွေးပြီး အပေးအယူ လုပ်နိုင်ခဲ့ သည်ဆိုသည်ကို အာမခံနိုင်ခဲ့ သည်။
.
မည်သို့ပင်ဆိုပါစေ ထိုတစ် နေ့သည် သမိုင်းဝင်သော နေ့တစ် နေ့ဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်အနေနှင့် အာဏာရှင် လက်ဟောင်းများ၏လုံခြုံရေးနှင့် သူတို့၏စည်းစိမ်ဥစ္စာကာကွယ် ရေးကို အာမခံချက်ပေးပြီး နိုင်ငံ တကာမှ ချမှတ်ထားသော စီးပွား ရေးပိတ်ဆို့မှုများနှင့် နာမည်ပျက် စာရင်းများ ပယ်ဖျက်မှုကို ဆောင် ရွက်ပေးရေးကို အချုပ်အခြာအာ ဏာကို ပြည်သူ့လက်ဝယ် ပြန် လည်ပေးအပ်ရေးတို့ဖြင့် အပေး အယူလုပ်ပြီး အောင်မြင်စွာညှိနှိုင်း နိုင်ခဲ့သည်။
.
သို့ဖြင့် ဒီမိုကရေစီနိဒါန်းကို အောင်မြင်စွာ စတင်နိုင်ခဲ့သော် လည်း ဒီမိုကရေစီခရီးသည် လမ်း ကြမ်းထဲတွင် ပျက်စီးယိုယွင်းနေ သော ကားတစ်စီးကို မကျွမ်းကျင် သော ယာဉ်မောင်းများဖြင့် ခရီးနှင်နေရသလို ဖြစ်နေဆဲဖြစ်သည်။
.
( နောက်ဆောင်းပါးများတွင် ဒီမိုကရေစီခရီးထဲမှ ကျော်လွှား ရမည့် ပြဿနာများ၊ သုံးသပ်ချက် များကို ထပ်မံ ဖော်ပြပေးပါဦး မည်။)


Wednesday, 15 March 2017

အဓိကပြိုင်ဘက်

စင်ကာပူတွင် စာရင်းအင်းပညာဖြင့် ဘွဲ့ရအပြီး ငါးနှစ်ခန့်စာရင်းစစ်အဖြစ်လည်းကောင်း၊ နည်းပညာကုမ္ပဏီတစ်ခုတွင် Chief Financial Officer အဖြစ်လည်းကောင်း အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ကိုယ်ပိုင်စီးပွားရေးအကြံ ပေးလုပ်ငန်းတစ်ခုကို ၂၀၀၅ တွင် စတင်တည်ထောင်ဖြစ်ခဲ့သည်။ စစချင်းအခန်းကျဉ်းကလေးတစ်ခုတွင် ၀န်ထမ်းတစ်ယောက်ခန့်ပြီး စားပွဲနှစ်လုံးနှင့် အလုပ်စခဲ့သည်။ သူများဆီမှာလခစားလုပ်နေရင်း ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်လိုက်ခြင်းသည် အလွန်ပင် မရေရာသောကိစ္စတစ်ခုဖြစ်လေသည်။ အထူးသဖြင့် စာရင်းစစ်နှင့် စာရင်းကိုင်အလုပ်မှ လုပ်ငန်းရှင်ဘ၀သို့ ကူးပြောင်းရခြင်းသည် အလွန်ပင် မလွယ်ကူသော ကိစ္စတစ်ခုဖြစ်သည်။ အထူးသဖြင့် မြန်မာလူမျိုးတစ်ဦးအနေနှင့် စင်ကာပူလိုနိုင်ငံမျိုးတွင် လုပ်ငန်းတစ်ခုထူထောင်ခြင်းသည် ပိုမိုခက်ခဲလေသည်။
.
စာရင်းကိုင်နှင့် လုပ်ငန်းရှင်
စာရင်းကိုင်ဘ၀နှင့် လုပ်ငန်း ရှင်ဘ၀၏ အဓိကကွာခြားချက် တစ်ခုသည် တွေးခေါ်တီထွင်ဆန်း သစ်မှု ဖြစ်သည်။ စာရင်းကိုင်တစ် ယောက်သည် ပုံမှန်သတ်မှတ်ထား သော ဥပဒေလုပ်ထုံးလုပ်နည်းများ ကို အတိအကျလိုက်နာဖို့ လိုအပ် သည်။ သို့သော် လုပ်ငန်းရှင်တစ် ယောက်သည် တွေးခေါ်တီထွင် ဆန်းသစ်မှုနှင့် ဖြတ်ထိုးဉာဏ်အ လွန်ကောင်းရန် လိုအပ်သည်။ သမားရိုးကျ လမ်းဟောင်းကို ဖောက်ထွက်ရန် အစဉ်အမြဲကြိုး စားနေရပြီး စည်းမျဉ်းစည်းကမ်း များကို အတိအကျလိုက်နာဖို့ မလိုပေ။ စာရင်းကိုင်များဖြတ်ထိုးဉာဏ်  ကောင်းလွန်း၍ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီများ၊ ဘဏ်များနှင့် စာရင်း စစ်အဖွဲ့များ ပျောက်ကွယ်သွားခဲ့ ဖူးသည်။
.
  အင်္ဂလန်အခြေစိုက်နှစ် ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ သော Barings ဘဏ်သည် စင် ကာပူနိုင်ငံတွင် တာဝန်ရှိသူတစ်ဦး မှ အရှုံးများကိုမပေါ်အောင် ဆန်း သစ်သောစာရင်းများ (Creative Accounting) ဖြင့် ဖုံးဖိရင်း ၁၉၉၅ တွင် ဘဏ်တစ်ခုလုံးပိတ် လိုက်ရသည်အထိ အရှုံးပေါ်ခဲ့ သည်။ အလားတူအမေရိကန်နိုင်ငံ ၏ အကြီးဆုံးစွမ်းအင်ကုမ္ပဏီတစ် ခုဖြစ်သော Enron ကုမ္ပဏီသည် စာရင်းများလိမ်လည်ပြသမှု ကြောင့် ၂၀၀၁ တွင် ဒေ၀ါလီခံ လိုက်ရသည့်အပြင် ကမ္ဘာတွင်ထို အချိန်က အကြီးဆုံးစာရင်းစစ်အ ဖွဲ့ငါးခုမှ  တစ်ခုဖြစ်သော Arthu -r Andersen သည်လည်း စာရင်း စစ်အဖြစ် ထိုစာရင်းလိမ်ပြသည့် ကိစ္စကို စစ်ဆေးမတွေ့ရှိသည့်အ တွက် အမေရိကန်အစိုးရ၏ အရေးယူခြင်း ခံခဲ့ရပြီးနောက်ဆုံး ပိတ် ပစ်ခဲ့ရသည်။
.
စာရင်းအင်းလုပ်ကိုင်ရင်း အခြေကျလာသောအခါ အားလုံးကိုတိတိကျကျ မှန်မှန်ကန်ကန် ဘောင်ထဲက သွားခဲ့မိသည်။ ထိုအချိန် တွင် လုပ်ငန်းရှင်အဖြစ် ပြောင်းလဲ ရသောအခါ တိကျမှန်ကန်ဖို့ထက် လုပ်ငန်းအောင်မြင်ရေးနှင့် အမြတ်အစွန်းရရေးကို ပိုမိုအာရုံစိုက်လာ ရသည်။ ဘောင်တွေကို ဖြတ် ကျော်သင့်လျှင် ဖြတ်ကျော်ရသည်။
.
လုပ်ငန်းရှင်တစ်ဦးဖြစ်လာ သောအခါ စားသုံးသူသည် အမြဲ မှန်ကန်သည်ဟု နှလုံးသွင်းထားရ သည်။ ကိုယ့်ဖောက်သည်များ စိတ်တိုင်းကျ အဆင်ပြေစေရန် ကြိုးပမ်းဆောင်ရွက်ပေးရသည်။ စာရင်းစစ်နှင့် စာရင်းကိုင်အလုပ် သည် ထိုအချက်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ စားသုံးသူဖောက်သည် စိတ်တိုင်းကျလိုက်လုပ်၍ မရ။ စာ ရင်းအင်းမှန်ကန်မှုက ပိုပြီးအဓိက ကျသည်။ စာရင်းစစ်နေရင်း မမှန် မကန်လုပ်ခိုင်းသောသူများရှိလျှင် ချက်ချင်းအလုပ်ကို ရပ်ပြီး အစိုးရ ထိတိုင်တန်းဖို့၊ သတင်းပိုဖို့တာဝန် ရှိသည်။ လုပ်ငန်းရှင်အနေနှင့် ထို ကဲ့သို့ ပြုမူပါက မည်သည့်အလုပ် မှရတော့မည်မဟုတ်ဘဲ လုပ်ငန်း ပိတ်ရဖို့သာ ရှိသည်။
.
လုပ်ငန်းရှင်နှင့် စာရင်းကိုင် တို့၏ တခြားကွာခြားချက်သည် လုပ်ငန်းတစ်ခုအပေါ် တန်ဖိုးသတ် မှတ်မှု ဖြစ်သည်။ စာရင်းကိုင်သည် လုပ်ငန်းတစ်ခုကို တန်ဖိုးသတ် မှတ်ရာတွင် လက်ရှိတန်ဖိုးနှင့် ယ ခင်တန်ဖိုးများပေါ်တွင် မူတည်ပြီး တန်ဖိုးသတ်မှတ်သည်။ လက်ရှိ ပိုင်ဆိုင်မှုနှင့် ပေးရန်ရှိသော တန် ဖိုးများကို တွက်ချက်ပြီးမှ လက် ကျန်ဖြင့်တန်ဖိုးသတ်မှတ်သည်။ လုပ်ငန်းရှင်အနေနှင့် လုပ်ငန်းတစ် ခု၏တန်ဖိုးကို အနာဂတ်တွင် ရလာနိုင်သည့် ၀င်ငွေအခွင့်အလမ်းများ ဖြင့် သတ်မှတ်ရသည်။ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်သည် Whatsapp ဟု ခေါ်သော အင်တာနက်ဖြင့် ဆက်သွယ်စာပို့သည့် ကုမ္ပဏီကို ၂၀၀၄ တွင် ဒေါ်လာသန်းပေါင်း တစ်သောင်းကိုးထောင်ပေး၍ ၀ယ် ယူခဲ့သည်။ ထိုသို့ ၀ယ်ယူခဲ့ချိန်တွင် Whatsapp သည် ဒေါ်လာ ၁၃၈ သန်းအရှုံးပေါ်နေခဲ့သည်။ ဖေ့စ် ဘွတ်ခ်သည် အရှုံးပေါ်နေသော လုပ်ငန်းတစ်ခုကို တန်ဖိုးများစွာ ပေးဝယ်ခဲ့သည့် အဓိကအကြောင်း မှာ အင်တာနက်ဖြင့် စာပို့ဆက် သွယ်သောစနစ်သည် သူ၏စနစ် ကို ခြိမ်းခြောက်လာပုံမှာ အသုံးပြု သူသန်းလေးရာခန့် ရှိလာ၍ ဖြစ် သည်။ နောက်ဆုံး ထို Whatsapp အသုံးပြုသူများကို ဖေ့စ်ဘွတ်ခ်သို့ အလိုအလျောက် ချိတ်ဆက်ရန် လုပ်ဆောင်နေပြီ ဖြစ်သည်။ စာ ရင်းဇယားနှင့်တွက်ချက်လျှင် ဒေါ် လာသန်းပေါင်းရာချီအရှုံးပေါ်နေ သော Whatsapp သည်မည်သည့် တန်ဖိုးမှမရှိပေ။ သို့သော် လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ဖေ့စ်ဘွတ်ခ် ကို တည်ထောင်သူ Mark Zucker -berg အတွက်မူ ရှေ့အလားအ လာတန်ဖိုးများကို တွက်ချက်ပြီး ဒေါ်လာသန်းသောင်းပေါင်းများ စွာပေး၍ ၀ယ်ယူခဲ့သည်။
.
ထိုအတူ စာရင်းအင်းပညာ အတွက် သင်ရိုးညွှန်းတမ်း၊ သင် တန်းကျောင်း၊ တက္ကသိုလ်နှင့် သတ်မှတ်ထားသော ဘွဲ့အသီးသီး ရှိသော်လည်း လုပ်ငန်းရှင်တစ်ဦးဖြစ်ရန် သင်တန်းကျောင်းဟူ၍ မရှိ ပေ။ တချို့စီးပွားရေးလုပ်ကိုင်နည်း သင်တန်းကျောင်းများ ရှိသော် လည်း ထိုကျောင်းများမှ ထွက်လာ တိုင်းအောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်လာရန် မည်သည့်အာမခံချက်မှ ပေးမထားပေ။
.
ထိုသို့မတူညီသည့် အခြေအ နေနှစ်ခုကို ကျော်ဖြတ်ရင်း လုပ် ငန်းတစ်ခုကို လမ်းကြောင်းမှန်ပေါ်  သို့ရောက်အောင် ကြိုးပမ်းခဲ့ရ သည်။ တစ်နှစ်ကျော်ကျော်ခန့် ကြာသောအခါ စင်ကာပူတွင် မြန်မာရွာလေးတစ်ခုအဖြစ် တင်စားခေါ် ဝေါ်သည့် မြန်မာဆိုင်များနှင့် လုပ်ငန်းအများစုရှိရာ မြို့တော်ခန်းမနားမှ ပင်နီဆူလာပလာဇာသို့ ရုံးခန်းပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် စင်ကာပူရှိ မြန်မာလုပ်ငန်းများသာမက မြန်မာပြည်မှ စင်ကာပူသို့ လုပ်ငန်းတိုးချဲ့လာသော မြန်မာလုပ်ငန်းရှင်များ အများအပြားအလုပ်လာအပ်ကြ တော့သည်။ စင်ကာပူ၏ စာရင်းအင်းနှင့် ဥပဒေများကို ရှင်းပြနိုင်ရုံမက မြန်မာလိုပါ ဆက်သွယ်ပြောဆိုနိုင်သည့်အတွက် တစ်နှစ်အတွင်းလုပ်ငန်းများ တိုးတက်လာ သည်။ ၂၀၀၇ တွင် ရန်ကုန်မြို့တွင် ရုံးခွဲတစ်ခုထပ်မံဖွင့်လှစ်ကာ မြန်မာပြည်မှ လုပ်ငန်းရှင်များကို စင်ကာပူနှင့်ပတ်သက်သည့် ကုမ္ပဏီ ကိစ္စများ၊ စာရင်းအင်းနှင့် အခွန်ကိစ္စများအပါအ၀င် ဘဏ်လုပ် ငန်းများနှင့်ပါ ချိတ်ဆက်ပေးနိုင်ခဲ့ သည်။
.
အပြိုင်အဆိုင်
လုပ်ငန်းစတင်ချိန်တွင် မည် သူမှ ဂရုမထားကြသော်လည်း အ လုပ်များစတင်လုပ်ကိုင်စပြုလာ နိုင်သော အချိန်တွင် အပြိုင်အဆိုင် များ စတင်ပေါ်ပေါက်လာတော့ သည်။ အခြားတွင် အလုပ်လုပ် ကိုင်နေသော မြန်မာများအချိန်ပိုင်း လုပ်ငန်းလေးများ ထူထောင်လာ ကာ မြန်မာကုမ္ပဏီများကို ၀န် ဆောင်မှုပေးသော လုပ်ငန်းများ အလျှိုအလျှိုပေါ်လာတော့သည်။ ထိုသူတို့သည် ၀န်ဆောင်ခများကို အဆမတန်ဈေးလျှော့ယူပြီးဈေး ကွက်ကို ထိုးဖောက်တော့သည်။ ထိုအချိန်တွင် အလုပ်အပ်ထား သော လုပ်ငန်းရှင်အချို့ ရောက်လာကြပြီး ဘယ်သူကတော့ ဘယ် လောက်နဲ့ လုပ်ပေးနေတယ်။ ဈေး မလျှော့ပေးရင် တခြားမှာ အလုပ် သွားအပ်မည်ဆိုပြီး လာ၍ဈေးဆစ်ကြတော့သည်။
.
ထိုဈေးနှုန်းများသည် ၀န် ထမ်းစရိတ်၊ အခန်းငှားခနှင့် တ ခြားစရိတ်စကများနှင့် ချိန်ထိုး ကြည့်လျှင် လုံးဝတွက်ခြေမကိုက် နိုင်။ အချိန်ပိုင်းလုပ်သူအနေနှင့် တခြားတွင် လုပ်သောအချိန်ပြည့် အလုပ်တွင် လစာဝင်ငွေရပြီး ဖြစ်  သဖြင့် ရသလောက်ဝန်ဆောင်ခ သည် သူ့အတွက် အပိုဝင်ငွေဖြစ် သောကြောင့် ရပ်တည်နိုင်သော် လည်း လုပ်ငန်းတစ်ခုအနေနှင့် စရိတ်စကများရှိသဖြင့် ထိုဝန် ဆောင်ခနှင့် မည်သို့မှ ၀န်ဆောင် မှုမပေးနိုင်။ သို့သော် အလုပ်အပ် ထားသူများ ဆုံးရှုံးမည်ကိုလည်း တစ်ဖက်မှ စိုးရွံ့မိသည်။
.
ထိုအကြောင်းကို အစ်ကိုတစ်ယောက်လို ခင်မင်သော ရန်ကုန် မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့်တိုင်ပင်ဖြစ်သည်။ သူကအခြေ အနေကို သေသေချာချာ နား ထောင်ပြီး အကြံပေးသည်။ ‘‘ဒီမှာ ညီလေး ... အစ်ကိုတို့ မင်းဆီမှာ အလုပ်အပ်ထားတာ ဈေးပေါလို့ မဟုတ်ဘူး။ မင်းကိုငါတို့လုပ်ငန်း တွေအတွက် ၀န်ဆောင်မှုပြည့် ပြည့်၀၀ ပေးနိုင်မယ်ဆိုတာ ယုံ ကြည်လို့ အလုပ်အပ်ထားတာ။ တခြားလူတွေ ဈေးပေါပေါနဲ့ အ လုပ်လုပ်ပေးနိုင်တယ်ဆိုလည်း ငါတို့ ကတော့ ပြောင်းပြီး အလုပ်အပ်ဖို့ မရှိဘူး။ ဘယ်အချိန်မှာ အလုပ် ပြောင်းအပ်မလဲဆိုရင် မင်းကငါ တို့ရဲ့ အလုပ်တွေကို သေသေချာ ချာဝန်ဆောင်မှု မပေးနိုင်တဲ့ တစ် နေ့ရောက်ရင်တော့ ဘယ်လောက် ခင်ခင် တခြားသေသေချာချာ လုပ် ပေးနိုင်တဲ့ဆီကို ပြောင်းရမှာပဲ။ အဲ ဒီအတွက် မင်းရဲ့ဝန်ဆောင်ခတွေ ဟာ ဈေးပေါဖို့ မလိုဘူး။ ထိုက် သင့်တဲ့ အမြတ်ရမှ မင်းလုပ်ငန်း လည်း ရေရှည်ရပ်တည်နိုင်မယ်။ ငါတို့ကလည်း စိတ်ချလက်ချမင်း ကို အလုပ်အပ်ထားနိုင်မယ်’’ဆို ပြီး အကြံပေးသည်။ သူ၏အကြံ ပေးချက်ဖြင့် လက်ရှိလည်ပတ်နေ သောလုပ်ငန်းကို ပြန်၍သုံးသပ် ကြည့်မိသည်။
.
အရည်အသွေးနှင့် ဈေးနှုန်း
လုပ်ငန်း၊ ၀န်ဆောင်မှုနှင့် ကုန်ပစ္စည်းများတန်ဖိုး သတ်မှတ် ရာတွင် ၀န်ဆောင်မှု၊ ပစ္စည်းအ ရည်အသွေးကို ဈေးနှုန်းများဖြင့် တိုင်းတာ၍ရသည်။ အခြေခံအား ဖြင့် တန်ဖိုးကိုလေးမျိုး လေးစားခွဲ ခြားထားနိုင်သည်။ ၀န်ဆောင်မှု ကောင်းကောင်းနှင့် ပစ္စည်းကောင်း ကောင်းကို ဈေးနှုန်းကြီးကြီးဖြင့် တန်ဖိုးသတ်မှတ်လျှင် အဖိုးတန်မှု တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ဥပမာ Apple မှထုတ်လုပ်သော ပစ္စည်းများသည် အရည်အသွေး ကောင်းကောင်းကို ဈေးနှုန်းမြင့် မားစွာဖြင့် ရောင်းချသည်။ အထူး သဖြင့် ဈေးကွက်တွင်ဦးဆောင်နေ သော ကုန်စည်အမှတ်တံဆိပ်များ ထိုနည်းလမ်းဖြင့် ဈေးနှုန်းသတ် မှတ်ပြီး အမြတ်များများရအောင် စွမ်းဆောင်ကြသည်။ ၀န်ဆောင် မှု၊ ပစ္စည်းကောင်းကောင်းကို ဈေး နှုန်းသက်သာစွာဖြင့် ရောင်းချခြင်း ကို ဈေးကွက်ထိုးဖောက်ခြင်းဟု ခေါ်နိုင်သည်။ အထူးသဖြင့် ၀န် ဆောင်မှုနှင့် ပစ္စည်းအရည်အသွေး ကောင်းသော်လည်း ဈေးကွက် တွင် နာမည်မရသေးသဖြင့် အ ရည်အသွေး  ကောင်းကောင်း ပစ္စည်းများကို ဈေးလျှော့ပြီး ဈေး ကွက်ကိုထိုးဖောက်ရသည်။
.
တရုတ်ပြည်ထုတ်လက်ကိုင် ဖုန်းများဖြစ်ကြသော Xiaomi, Oppo နှင့် Huawei တို့သည် ဈေး ကွက်ထိုးဖောက်ရေးနည်းဗျူဟာ ကို အသုံးပြုပြီး ဆမ်ဆောင်းနှင့် iPhone တို့၏ဈေးကွက်ကိုရယူဖို့ ကြိုးစားကြသည်။ ၀န်ဆောင်မှုနှင့် အရည်အသွေး သိပ်မကောင်း သော ပစ္စည်းများကို ဈေးကြီးကြီး ဖြင့် ရောင်းချခြင်းသည် အမြတ် ကြီးစားတန်ဖိုး သတ်မှတ်ခြင်းဖြစ် သည်။ အထူးသဖြင့် ပြိုင်ဘက်များ လုံးဝမရှိဘဲဈေးကွက်ကို ကိုယ်တစ်ဦးတည်း ချုပ်ကိုင်ထားချိန်တွင် အရည်အသွေးမကောင်းသော ပစ္စည်းများကို ဈေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချ၍ရသည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်စုခန့်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လက်ကိုင်ဖုန်းများကို ထိုနည်း ဖြင့် ရောင်းချခဲ့ဖူးသည်။ နိုင်ငံတကာတွင် ဒေါ်လာရာဂဏန်းခန့်သာပေးရသော လက်ကိုင်ဖုန်းများ ကို မြန်မာကျပ်ငွေ ၁၅ သိန်းဖြင့် ရောင်းချသည်။ အပြင်တွင် ပြန်ရောင်းဈေးသိန်း ၃၀ ခန့်အထိရှိခဲ့ ဖူးသည်။ ထိုခေတ်က ဒေါ်လာဈေးဖြင့် ပြန်တွက်လျှင် လက်ကိုင်ဖုန်း တစ်လုံးကို ဒေါ်လာတစ်သောင်းနီး ပါးခန့် ပေးဝယ်ရသည်။ ထိုသို့အမြတ်ကြီးစားခဲ့သော်လည်း ဈေးကွက်တွင် သူတစ်ဦးတည်းဖြစ် သဖြင့် အတော်ညံ့သော ဖုန်းနှင့်ဝန်ဆောင်မှုကို ဈေးမတန်တဆ ပေးဝယ်ခဲ့ရသည်။ နောက်ဈေးကွက်တစ်ခုသည် အရည်အသွေး နည်းသော ၀န်ဆောင်မှုနှင့် ပစ္စည်းများကို ဈေးပေါပေါဖြင့် ရောင်းချခြင်းဖြစ်သည်။ ထိုဈေးကွက်သည် ပေါချောင်ကောင်း ဈေးကွက်ဖြစ် သည်။ လက်ရှိမြန်မာပြည်တွင် နာမည်ပေါင်းစုံတပ်ထားသော ဒေါ်လာ ၁၀၀ အောက် လက်ကိုင်ဖုန်းများသည် ထိုဈေးကွက်၏ ၀ယ်လိုအားကို မူတည်သည်။ ထိုသို့အရည်အသွေးနှင့် ဈေးနှုန်းပေါ် မူတည်ပြီး ကိုယ့်လုပ်ငန်းကို ကိုယ်တိုင်ပြန်သုံးသပ်ကြည့်မိသည်။ လုပ်ငန်း၏နာမည်သည် မြန်မာစီးပွားရေးလုပ်ငန်းရှင်များကြားတွင် အတော်အသင့် နာမည်ရနေပြီးဖြစ် သဖြင့် ဈေးကွက်ထိုးဖောက်ရေး နည်းဗျူဟာကိုသုံးဖို့ မလိုအပ်။ ပေါချောင်ကောင်းဈေးကွက်ကိုလည်း တကယ့်စီးပွားရေးလုပ်ငန်းရှင် များက အားပေးမည်မဟုတ်။ အချိန်ပိုင်းဝန်ဆောင်မှုပေးသူများနှင့်ဈေးနှုန်းအနည်းငယ်သာ ပေးလိုသူများနှင့် သူ့ဘာသာသူဈေးကွက် တစ်ခုဖြစ်သွားမည်။ ထို့ကြောင့်အဖိုးတန်သော ၀န်ဆောင်မှုနှင့် ထိုက်တန်သော ၀န်ဆောင်မှုပေးဖို့ ကိုသာ ရွေးချယ်ခဲ့သည်။
.
အဓိကပြိုင်ဘက်
နောက်ပိုင်းတွင် အချိန်ပိုင်း ၀န်ဆောင်မှုပေးသော သူများ၏ ဈေးနှုန်းများကို နှိုင်းယှဉ်ပြီးလာ ရောက်ဈေးဆစ်ကြသော လုပ်ငန်း ရှင်များကို အကျိုးအကြောင်းရှင်း ပြရသည်။ ဈေးနှုန်းသက်သာသည့် အတွက် ပြောင်းသွားသောသူများ တချို့ရှိခဲ့သော်လည်း အများစုက ၀န်ဆောင်မှုကောင်းကောင်းကို ရွေးချယ်ခဲ့ကြသည်။ လက်ရှိပေးနေ သော ၀န်ဆောင်မှုများသာမက လုပ်ငန်းရှင်များကို နိုင်ငံတကာ ဘဏ်များနှင့် ချိတ်ဆက်ပြီးအ ထောက်အပံ့များရရှိအောင် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတကာမှ ရင်း နှီးမြှုပ်နှံမည့် ကုမ္ပဏီများနှင့် ချိတ် ဆက်ပေးခြင်းများကိုပါ ဆောင် ရွက်ပေးနိုင်ခဲ့သည်။
.
ပြိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အိုလံပစ်ရွှေတံဆိပ်ဆုရှင်များနှင့်အမေးအဖြေတစ်ခုကို သွား၍ သတိရမိသည်။ ရွှေတံဆိပ်ဆုရှင် အားကစားသမားများသည် သူတို့ လေ့ကျင့်ရာတွင် တခြားပြိုင်ဘက် များ၏ စံချိန်များကို လုံးဝထည့် သွင်းစဉ်းစားလေ့မရှိ။ ကိုယ့်စံချိန် ကို ကိုယ်ကိုယ်တိုင်တစ်နေ့ထက် တစ်နေ့ ပိုမိုသာလွန်ချိုးဖောက်ဖို့ သာ ကြိုးစားကြသည်ဟု မှတ်သား  မိဖူးသည်။
.
ထို့အတူ လုပ်ငန်းများလုပ် ကိုင်ရာတွင် အဓိကပြိုင်ဘက်သည် ကိုယ်ကိုယ်တိုင်ဖြစ်သည်။ တခြားလုပ်ငန်းတူ ပြိုင်ဘက်များအကြောင်းကို သိရှိအောင်လုပ်ဖို့လိုသော်လည်း  ကိုယ်ပေးလိုက်သည့် ၀န်ဆောင်မှုနှင့် ပစ္စည်းအရည်အသွေး တစ်နေ့ထက်တစ်နေ့ ပိုကောင်းမွန်လာအောင် အမြဲကြိုးပမ်းနေဖို့ လိုအပ်သည်။ ဈေးကွက်တွင် ကိုယ်ကရှေ့ရောက်နေပြီဟု အထင်ရောက်ကာ ကြိုးပမ်းမှုများ ရပ်တန့်လိုက်သည့်နေ့သည် လုပ်ငန်းတစ်ခုလုံး ဆုံးရှုံးဖို့စတင်လိုက်သော နေ့တစ်နေ့ဖြစ်လာပေမည်။ ထို့ကြောင့် အဓိကပြိုင်ဘက်ဖြစ်သော ကိုယ့်ကိုယ် ကိုယ် အမြဲတမ်းအနိုင်ရအောင် ကြိုးပမ်းယှဉ်ပြိုင်နေသင့်ကြောင်း  ....။

(7 Day Daily, 14 March 2017)


Friday, 10 February 2017

နိုင်ငံခြားသားများသာ

ဒီတစ်ခေါက် စင်ကာပူမှ ပြန်အလာတွင် လေယာဉ်ကွင်းမှနေ ပြီး မိသားစုလိုက် ဘုရားဖူးရန် ရွှေတိဂုံဘုရားသို့ လာခဲ့မိသည်။ ဘုရားရောက်မှ ကျွန်တော့်အမျိုး သမီး ဘောင်းဘီတိုဝတ်ထားမှန်း သတိထားလိုက်မိ၍ ခရီးဆောင် အိတ်ထဲမှ ထဘီတစ်ထည်ယူကာ ဘုရားပေါ် မတက်မီ အမျိုးသမီး အိမ်သာထဲဝင်၍ လဲရန် တောင် ဘက်မုခ်ထဲသို့ ဝင်လိုက်သည်။ အိမ်သာထဲသို့ဝင်ရန် အလုပ်တွင် ဘုရားမှ ဝန်ထမ်းအမျိုးသမီးတစ် ဦးရောက်လာပြီး အိမ်သာသုံးလို့ မရကြောင်း လာပြောသည်။ ကျွန် တော့်အမျိုးသမီးကလည်း အိမ် သာသွားရန် မဟုတ်ဘဲ ထဘီလဲရုံ ပဲဖြစ်ကြောင်း ပြန်ပြောသည်။ ဝန်ထမ်းအမျိုးသမီးက မရဘူး။ ထဘီလဲချင်လျှင် အပြင်တွင်သွား လဲဆိုပြီး အော်ဟစ်ပြောတော့ သည်။ ပြီးတော့ နိုင်ငံခြားသူနှစ် ဦးကို အိမ်သာထဲခေါ်သွားကာ သူ ကိုယ်တိုင် ပတ်ထဘီများ ဝတ်ပေးနေတော့သည်။
.
ထိုအချိန်တွင် ဒေါသထောင်း ခနဲထွက်သွားသော်လည်း ဒေါသ ကိုထိန်းလိုက်ပြီး နိုင်ငံခြားသူတွေ တော့ အိမ်သာထဲ ထဘီဝတ်ခွင့် ပေးပြီး ဘာလို့ ဗမာလူမျိုးအမျိုး သမီးတစ်ယောက်ကို ကာယိနြေ္ဒ ပျက်ပြားအောင်၊ အဂါရဝ အပြု အမူဖြစ်အောင် အပြင်တွင် ထဘီလဲခိုင်းတာလဲ မေးလိုက်တော့ ဝန်ထမ်းအမျိုးသမီးက ဒေါသနဲ့ ပြန်ဟောက်တော့သည်။ ဒါ နိုင်ငံခြားသားတွေအတွက် မြန် မာတွေဝင်လို့မရဘူး။ ကျွန်တော့် တစ်ကိုယ်လုံး ဒေါသဖြင့် တုန် သွားသည်။ စကားပြန်ပြောသည့် အချိန်တွင်လည်း အသံများ တောင် တုန်ရီနေသည်။ ခင်ဗျား တို့ဗျာ တစ်ကမ္ဘာလုံးမှာ ဘယ် နေရာဖြစ်ဖြစ် ကိုယ့်နိုင်ငံသားတွေ ကို ပထမဦးစားပေးကြပါလျက် ကျွန်တော်တို့ မြန်မာပြည်တွင်မှ ဗုဒ္ဓဘာသာတွေရဲ့ အထွတ် အမြတ်ထားရာနေရာဖြစ်သော ရွှေတိဂုံစေတီလို နေရာမျိုးမှာ တောင် ကိုယ့်လူမျိုး ကိုယ့်ဘာ သာကို ဦးစားမပေးဘဲ နိုင်ငံခြား သားကိုမှ ဦးစားပေးရတယ်လို့။ ကျွန်တော့်အမျိုးသမီးကလည်း လူတွေအများကြီးထဲ ထဘီလဲရန် ဘယ်လိုမှ အဆင်မပြေသဖြင့် အတင်းဝင်ပြီး ထဘီလဲလိုက် သည်။ ပြန်အထွက်တွင် ဝန်ထမ်း အမျိုးသမီးက အိမ်သာတံခါးကို ဆောင့်ပိတ်လိုက်ပြီး သော့ပါခတ် လိုက်တော့သည်။ ဘုရားတက် အဖူးတွင် ဂေါပကကို ဝင်ပြောရန် ကြံစည်သော်လည်း ဒေါသအလွန်ဖြစ်နေသည့်အတွက် ရန်ဖြစ်သလိုဖြစ်နေမည်စိုး၍ တစ်ကြောင်း၊ ပြောဆိုရာတွင်အမှားပါသွားနိုင် သည်က တစ်ကြောင်းမို့ မပြော ဖြစ်တော့။ သည်လိုမျိုးအတွေ့ အကြုံများသည် တစ်ကြိမ်မက တော့ပေ။
.
၂၀၁၂ လောက်က မြန်မာ ပြည်တွင် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် ဆွေးနွေးပွဲ ကို ကျင်းပသည့်အချိန်တွင် စင် ကာပူမှ လူငယ်စီးပွားရေးလုပ်ငန်း ရှင်အဖြစ် ဖိတ်ကြားခြင်းခံရသည်။ မြန်မာလူမျိုးဖြစ်သော်လည်း စင် ကာပူတွင် အခြေစိုက်ကာ စီးပွား ရေးအတိုင်ပင်ခံအဖြစ် အလုပ် လုပ်နေသောကြောင့် စင်ကာပူမှ နေပြီး  ဖိတ်ကြားခံရခြင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် အဲဒီအချိန်က သမ္မတကြီး ဦးသိန်းစိန်ပါ တက်မည်ဟုဆို သောကြောင့် ဖိတ်ကြားမှုကို ဂုဏ်ယူမိသည်။ ဆွေးနွေးပွဲကျင်း ပမည့် ကြယ်ငါးပွင့်အဆင့်ဟို တယ်တွင် နိုင်ငံတကာမှလာသော တက်ရောက်သူများကို အခန်း များ စီစဉ်ပေးထားသည်။ ကျွန်တော့်ကိုလည်း စင်ကာပူမှ ဖိတ်ကြား ထားသည့်အတွက် ဟိုတယ် အခန်းတစ်ခု စီစဉ်ပေးထားသည်။ ဟိုတယ်တွင် ဆွေးနွေးပွဲ တက် ရောက်လာသူများအတွက် အခန်းသော့များ ဝေပေးရန် သီးခြားနေ ရာ လုပ်ပေးထားသည်။
.
ဟိုတယ်ဝန်ထမ်းကို ဆွေး နွေးပွဲ လာတက်သူဖြစ်ကြောင်း ပြောပြီး မြန်မာမှတ်ပုံတင်ကို ထုတ်ပေးလိုက်သည်။ နိုင်ငံခြားသား များကတော့ သူတို့၏ နိုင်ငံကူး လက်မှတ်ဖြင့် အခန်းသော့ကို ထုတ်ယူကြသည်။ လူများသည့် အတွက် ထိုင်စရာနေရာများ လုပ် ပေးထားပြီး ဟိုတယ်ဝန်ထမ်းများ က ကော်ဖီနှင့်မုန့်များဖြင့် လိုက် လံဧည့်ခံသည်။ ကျွန်တော်လည်း တခြားနိုင်ငံမှ လာရောက်ပြီး ဆွေးနွေးပွဲတက်ရောက်သူများနှင့် စကားပြောရင်း ထိုင်စောင့်နေ လိုက်သည်။ ခဏကြာတော့ ဟို တယ်ဝန်ထမ်းများလာပြီး အခန်း သော့များကို လိုက်ပေးသည်။ တစ်ယောက်ပြီး တစ်ယောက် အခန်းသော့များယူပြီး ထွက်သွား ကြသည်။ တစ်နာရီလောက်ကြာ သည့်တိုင် ကျွန်တော့်အတွက် အခန်းသော့မရသေးပေ။ လူတွေ များလွန်းသဖြင့် အလုပ်များကာ ကြာနေတာနေမှာပါဟု တွေးပြီး ဆက်  စောင့်နေလိုက်သည်။ တဖြည်းဖြည်း လူတွေကုန်သ လောက်နီးပါး ဖြစ်သွားသောအခါ အခန်းများ စီစဉ်ပေးနေသော နေ ရာသို့သွားပြီး မြန်မာလိုပင် သွား ၍ မေးကြည့်မိသည်။
.
ဟိုတယ်ဝန်ထမ်းများက နိုင်ငံခြားသားများကို ချိုသာစွာ ရှင်းပြ  အကူအညီပေးနေသော် လည်း ကျွန်တော်က မြန်မာလို မေးသည်ကို ကြောင်အမ်းအမ်းနှင့် နားမလည်သလို စိုက်ကြည့်နေကြ သည်။ အတော်ရှင်းပြတော့မှ ထောင့်မှာကပ်နေသော မှတ်ပုံ တင်ကိုယူကြည့်ပြီး သြော်ဒီမှာနေ မလို့လားဟုပြောပြီး နာမည်စာ ရင်းထဲကို ကြည့်ကာ အခန်းသော့ ထုတ်ပေးသည်။ ကျွန်တော်လည်း အခန်းသော့ကိုယူရင်း မင်းတို့တွေ ဟိုတယ်မှာ အလုပ်လုပ်တာနဲ့ မြန်မာလိုတောင် စကားမတတ် တော့ဘူးလားဟု ပြောခဲ့မိသည်။
.
နှစ်အတော်ကြာကြာ တစ် ရက်က FMI Center ဘေး မီး ရထားဟိုတယ်ရှေ့တွင် ဖွင့်ထား သော စားသောက်ဆိုင်တစ်ခုတွင် လည်း ထိုကဲ့သို့သော အဖြစ် အပျက်တစ်ခုနှင့် ကြုံဖူးသည်။ စားသောက်ဆိုင်တွင်း ဝင်သွား သောအခါ စားပွဲထိုးများစုပြီး ထောင့်တစ်ထောင့်တွင် စကား ပြောနေကြသည်ကို တွေ့ရသည်။ လွတ်တဲ့ခုံတစ်လုံးတွင် ဝင်ထိုင် ရင်း စားပွဲထိုးကို လှမ်းခေါ်သည်။ မည်သူမှမလာကြ။ ဒါနဲ့ ခဏ စောင့်ပြီး ထပ်ခေါ်သည်။ မလာ။ ထိုအချိန်တွင် အနောက်တိုင်းမှ နိုင်ငံခြားသားနှစ်ဦး ဆိုင်အတွင်း ဝင်လာသည်။ စုပြီး စကားပြော နေကြသော စားပွဲထိုးများအားလုံး ပြေးထွက်ကာ ခရီးဦးကြိုကြတော့ သည်။ ကျွန်တော်လည်း ဒေါသ ဖြစ်သဖြင့် ထိုင်နေရာမှ ထထွက် လာပြီး စားပွဲထိုးတွေကို မင်းတို့ တွေ နောက်တစ်ခါ မြန်မာလူမျိုး မဝင်ရဆိုပြီး ဆိုင်းဘုတ်ချိတ်ထား လိုက်ကွာဟု လှမ်းပြောခဲ့လိုက် သည်။
.
ပထမတော့ ထိုကဲ့သို့သော အဖြစ်အပျက်များကို တော်တော် ဒေါသထွက်မိသည်။ သေသေ ချာချာ စဉ်းစားကြည့်မိတော့ ထို ကဲ့သို့သော ဆက်ဆံမှုများသည် နှစ်ပေါင်းများစွာ လူ့အခွင့်အရေး ဆုံးရှုံးမှုမှတစ်ဆင့် ကိုယ့်ကိုယ် ကိုယ် တန်ဖိုးထားမှု လျော့ပါးလာ ကာ ကိုယ့်အမျိုးအနွယ်တစ်ခုလုံး ထက် နိုင်ငံခြားသားများနှင့် နိုင်ငံ ခြားတိုင်းပြည်များကို ပိုမိုအထင် ကြီးစိတ် ဝင်လာကြခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်မိသည်။
.

လူသားအခွင့်အရေး ဆုံးရှုံးမှု

မြန်မာနိုင်ငံမှ ပြည်သူများ သည် နှစ်ပေါင်းဆယ်စုနှစ်များစွာ လူသားအခွင့်အရေးများ ဆုံးရှုံးခဲ့ ရသည်။ အာဏာရှင်များသည် ကိုယ့်အုပ်ချုပ်မှု အာဏာ တည် မြဲရေးအတွက် ပြည်သူများကို အ ကြောက်တရားများ ရိုက်သွင်းအုပ် ချုပ်ခဲ့ကြသည်။ မွေးဖွားမလာ မီအချိန် ကိုယ်ဝန်စဖြစ်တည်က တည်းက ဆရာဝန်များကို ကျေးဇူးရှင်သဖွယ် စတင် ကြောက်လန့် ခဲ့ရသည်။ တိုးတက်သောနိုင်ငံ များတွင် ဆရာဝန်များက လူနာ ကို ထမင်းရှင်အဖြစ် တလေး တစား ဆက်ဆံသည်။ လူနာသိချင်သမျှ ရှင်းပြသည်။ ကုထုံးများကို တိုင်ပင်သည်။ လူနာသဘော မတူလျှင် ဘာမှလုပ်မရ။ မြန်မာပြည်တွင် မွေးဖွားလာသောအခါ ဆေးရုံစောင့်မှစပြီး သူနာပြု ဆရာမအဆုံး အကုန်ကြောက်ရ သည်။ တစ်ရက် ဆေးရုံကြီးတွင် အသိလူနာတစ်ယောက်ကို သွားကြည့်ရာ ဆရာဝန်ကြီး Round လှည့်ချိန်နှင့်တိုးသဖြင့် အော်ဟစ်မောင်းထုတ်ခြင်း ခံရဖူးသည်။ ကျောင်းစာသင်ချိန်တွင်လည်း ဆရာ၊ ဆရာမများကို တုန်နေ အောင် ကြောက်ခဲ့ရသည်။ အလုပ်ဝင်တော့ အထက်အရာရှိများကို ကြောက်ရသည်။ ထိုအကြောက် တရားများ တစိမ့်စိမ့်ဝင်နေခဲ့ရ သော မျိုးဆက်တစ်ခုသည် Dignity ဟုခေါ်သော ကိုယ့်ကိုယ် ကိုယ် တန်ဖိုးထားစိတ်များ လျော့ပါးကုန်ကြသည်။ မျိုးဆက် တစ်ခုလုံးနီးပါး တန်ဖိုးထားမှု လျော့ ပါးသွားသောအခါ ကိုယ့်လူမျိုး ကို ကိုယ်ကိုယ်တိုင် အထင်ကြီး လေးစားမှု ပျောက်ကွယ်ကုန်ကြ သည်။ လူသားဆိုင်ရာ အခွင့် အရေးများကို တောင်းဆိုဖို့နေနေ သာသာ ကိုယ်နှင့်ထိုက်တန်မှုမရှိ ဟု ယူဆလာကြသည်။ ထို အ ချက်သည် အာဏာနှင့် အုပ်ချုပ် သူလူတန်းစားအတွက် အုပ်ချုပ် ဖို့ လွယ်ကူပေမယ့် တိုင်းပြည်ကတော့ စိတ်ဓာတ်ကစပြီး အစစ အရာရာ ယိုယွင်းသွားတော့သည်။
.

ပြောင်းလဲချိန်တန်ပြီ

အင်န်အယ်လ်ဒီအစိုးရ လက်ထက်တွင် ပြုပြင်ပြောင်းလဲ မှုများ အရှိန်အဟုန်ဖြင့် စတင် လုပ်ဆောင်လာသည်ကို တွေ့ရ သည်။ သို့သော် ရုပ်ဝတ္ထုပြုပြင် ပြောင်းလဲမှုသာမက တစ်တိုင်း ပြည်လုံး စိတ်ဓာတ်များ ပြုပြင် ပြောင်းလဲဖို့အတွက် အထူးဂရုပြု အာရုံစိုက်သင့်သည်။ လူတိုင်းလူ တိုင်း လူ့အခွင့်အရေးဆိုသည်ကို နားလည်သိရှိဖို့နှင့်လူ့အခွင့်အရေး အပြည့်အဝ မရရှိပါက တောင်း ဆိုတတ်ဖို့နှင့် ရအောင်ကြိုးပမ်း ကြဖို့ လိုအပ်ပါသည်။ ထိုသို့ အခြေခံလူသား အခွင့်အရေးများ အပြည့်အဝ ရလာကြလျှင် ကိုယ့် ကိုယ်ကိုယ် တန်ဖိုးထားမှု မြင့် တက်လာပြီး ကိုယ့်လူမျိုးကို ကိုယ်လေးစားချစ်ခင်သော စိတ်များ ဝင်လာကြမည်မှာ မလွဲဧကန်ဖြစ် တော့သည်။
.
ထို့ကြောင့် မဝေးတော့သည့် အနာဂတ်တွင် ‘နိုင်ငံခြားသားများ သာ’ဆိုသည့် နေရာများ ပျောက် ကွယ်သွားပြီး မြန်မာအချင်းချင်း ရိုင်းပင်းချစ်ခင်မှုများ တိုးပွားလာ ကြမည်ဟု ယုံကြည်မျှော်လင့်ရင်း . . . ။
(7 Day Daily, 10 Feb 2017)


Tuesday, 7 February 2017

ရောမရောက်လျှင်

တစ်ရက်နိုင်ငံအတော်များများတွင် ရုံးခွဲများဖွင့်လှစ်ထားသော ဥရောပအခြေစိုက်ကုမ္ပဏီတစ်ခုမှ အမှုဆောင်အရာရှိချုပ် တစ်ယောက်နှင့် စင်ကာပူတွင် ညစာစားဖြစ်လေသည်။ ညစာစားရင်း မြန်မာပြည်သည် နောင်တွင်သူတို့ ကုမ္ပဏီအတွက် အရေးပါသော ဈေးကွက်ဖြစ်လာမည်ဖြစ်သောကြောင့် စိတ်ဝင်စားကြောင်း ပြောကြားသည်။ မကြာခင် သူမြန်မာပြည်သို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ ၀န်ကြီးအဆင့်အစိုးရအရာရှိများနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပြောပြီး ကျွန်တော့်အား စီစဉ်ခိုင်းသည်။ ထိုအချိန်က သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်။ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရန် စီစဉ်ဖို့ အခက်အခဲမရှိသော်လည်း အစိုးရအရာရှိများဖြင့် တွေ့ဆုံရာတွင်မူ စရိတ်စကများရှိသည်။ သမ္မတကိုယ်တိုင် ကျပ်ငွေသုံးသိန်းအောက် လက်ဆောင်များကို တရားဝင်လက်ခံခွင့်ပေးထားသည့်အချိန် ဖြစ်သည်။ အမှုဆောင်အရာရှိချုပ်အား ထိုကိစ္စကို ရှင်းပြရာ သူတို့ကုမ္ပဏီသည် ဥရောပတွင် လာဘ်ပေးလာဘ်ယူကင်းစင်ရေးအတွက် ရှေ့ဆောင်ပါဝင်ထားသော ကုမ္ပဏီဖြစ်သဖြင့် အစိုးရဌာနများသို့ လက်ဆောင်များပေး၍ မရကြောင်းပြောသည်။ သို့သော် နိုင်ငံတစ်နိုင်ငံချင်းစီ၏ အလေ့အထများကို သူတို့ကုမ္ပဏီက အလေးထားကြောင်းလည်း ပြောသည်။ သို့ဖြင့် သူ့အား ကျွန်တော့်ကို ပေးရမည့် အတိုင်ပင်ခံအကြံပေးခကို ထပ်တိုးဖို့တော့ လိုလိမ့်မည်ဖြစ်ကြောင်း ပြောလိုက်ရာ သူက ဘာမှထပ်မပြောဘဲ သဘောတူကြောင်း ပြောသည်။ ရောမရောက်လျှင် ရောမလိုကျင့်ရတာပေါ့ဟု ပြောလိုက်ပြီး ရယ်ရင်းမောရင်းဖြင့် ညစာစားပွဲကို အဆုံးသတ်လိုက်ကြသည်။ ထို့နောက် လိုအပ်သော အစီအစဉ်များကို စီစဉ်ပေးလိုက်သည်။ ထိုကုမ္ပဏီအနေဖြင့်လည်း စီးပွားရေးအကြံပေး အခကြေးငွေအဖြစ် စာရင်းသွင်းကာ ပြေလည်သွားသည်။

နဂါးကြီး၏ ခြေဆန့်မှု

ဥရောပနှင့် အမေရိကရှိ နိုင်ငံများမှ ကုမ္ပဏီများသည် စီးပွား ရေးလုပ်ရာတွင် လူ့အခွင့်အရေး၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်း ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူးအလေး ထားကာ ဂရုစိုက်ကြသည်။ သူတို့ နိုင်ငံများမှ အစိုးရများသည်လည်း ထိုအချက်အလက်များကို ချိုး ဖောက်သော ကုမ္ပဏီများကို ပြင်း ပြင်းထန်ထန်အရေးယူဆောင် ရွက်လေ့ရှိသည်။ ထိုအချိန်တွင် နဂါးကြီးဟု တင်စားထားသော တရုတ်ပြည်၏ စီးပွားရေးတစ်မု ဟုတ်ချင်းတိုးတက်လာသည်။ စီး ပွားရေးတိုးတက်လာသည်နှင့်အ မျှ တရုတ်ကုမ္ပဏီများသည် သူတို့ ၏ စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာသို့ ချဲ့ထွင်လာကြသည်။ ဥရောပနှင့် အမေရိကရှိ ကုမ္ပဏီ များနှင့် ကွာခြားသည်မှာ တရုတ် ကုမ္ပဏီများသည် အကျိုးအမြတ် တစ်ခုတည်းကိုသာ ကြည့်ရှုသည်။လူ့အခွင့်အရေး၊ လာဘ်ပေး လာဘ်ယူမှုနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးကို လုံးဝဂရု စိုက်ခြင်းမရှိပေ။ တရုတ်ပြည် အစိုးရအနေဖြင့် သူ့ပြည်တွင်းမှာ သာ လာဘ်ပေးလာဘ်ယူကိစ္စများ ကို ပြင်းပြင်းထန်ထန်အရေးယူ သော်လည်း ပြည်ပတွင် မည်သို့ မည်ပုံလုပ်ကိုင်နေသည်ကိုမူ လျစ်လျူရှုထားသည်။ ထို့ကြောင့် တရုတ်ကုမ္ပဏီများသည် သူတို့၏ စီးပွားရေးအင်ပါယာကို လျင်မြန် စွာချဲ့ထွင်လာနိုင်ပြီး ဥရောပနှင့် အမေရိကရှိ ကုမ္ပဏီများ၏ ဈေး ကွက်ကို အချိန်တိုအတွင်း ခြိမ်း ခြောက်လုယူလာနိုင်ခဲ့သည်။

မြန်မာနိုင်ငံသည်သိသာ ထင်ရှားသော သာဓကဖြစ်သည်။ နိုင်ငံတကာမှ စီးပွားရေးနှင့် ဘဏ္ဍာရေးပိတ်ဆို့မှုများကို အခွင့်ကောင်းယူကာ တရုတ်ကုမ္ပဏီများ အလုံး အရင်းဖြင့် ၀င်ရောက်လာကာ သယံဇာတတူးဖော်ရေး၊ တရား မ၀င်သစ်ခုတ်ခြင်း၊ သဘာဝပတ် ၀န်းကျင်ထိခိုက်စေမည့် ရေကာ တာဆောက်လုပ်ခြင်းနှင့် အခြား အကျိုးအမြတ်ရှိမည့် လုပ်ငန်းများကို အာဏာပိုင်အဆင့်ဆင့်သို့ လာဘ်ထိုးကာ လုပ်ပိုင်ခွင့်များရ ယူခဲ့ကြသည်။ ထိုအချိန်တွင် ဥရောပနှင့် အမေရိကရှိ ကုမ္ပဏီ များသည် မြန်မာနိုင်ငံနှင့် အလုပ် လုပ်ကိုင်ရန် ရှောင်ရှားခဲ့ကြသည်။ ၈၈ အရေးအခင်းနောက်ပိုင်း မြန် မာနိုင်ငံသို့ အစောဆုံးဝင်ရောက် ခဲ့သည့် Pepsi ၊ Heineken နှင့် Carlsberg ကုမ္ပဏီများသည် နိုင်ငံရေးဖိအားများကြောင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ ကြသည်။

ဦးသိန်းစိန်အစိုးရတက်ပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲမှုများ ကို တွေ့မြင်လာသောအခါ ဥရောပနှင့် အမေရိကမှ ကုမ္ပဏီများ မြန်မာပြည်ကို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြန်လည်စိတ်ဝင်စား လာကြသည်။ သို့သော် ထိုအချိန် က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းထားချိန် မဟုတ်သောကြောင့် ထိုကုမ္ပဏီ များ သတိကြီးစွာထားကြရသည်။

နိုင်ငံဒေသတစ်ခုချင်း၏ အလေ့ အထများ

နိုင်ငံတကာကုမ္ပဏီများ သည် နိုင်ငံတစ်ခုတွင် ရင်းနှီးမြှုပ် နှံမှုပြုလုပ်ရာတွင် နိုင်ငံဒေသတစ် ခုချင်း၏ အလေ့အထများကို အထူးဂရုပြုအာရုံစိုက်ကြသည်။ ကုမ္ပဏီများ၏ အဓိကရည်ရွယ်ချက်သည် သူတို့၏ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများကို နိုင်ငံတကာသို့ ဖြန့်ချိရေး ဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် အ မြတ်ငွေအများဆုံးရရှိရေး (Profit Maximization) နှင့် နိုင်ငံတကာ သို့ ပျံ့နှံ့ရောက်ရှိစေရေး (Inter-nationalization) မှစပြီး နောက် ဆုံးအစုရှယ်ယာရှင်များ၏ တန်ဖိုး တိုးမြှင့်ရေးကို အဓိကဦးတည်ကြ  သည်။ ထို့ကြောင့် အကျိုးအမြတ် ရနိုင်သည့် နိုင်ငံတိုင်းတွင် ရင်းနှီး မြှုပ်နှံမှုများပြုလုပ်လိုကြသည်။ အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းပါးသေး သော မြန်မာနိုင်ငံလို နိုင်ငံများကို အပျိုစင်နိုင်ငံများအဖြစ် ပိုမိုစိတ် ၀င်စားကြသည်။ သို့သော် ထိုသို့ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ထိုကုမ္ပဏီ များ၏ ပင်မလုပ်ငန်းများနှင့် သူ့ နိုင်ငံအစိုးရများ၏ ဒဏ်ခတ်မှုများ ကိုလည်း အထူးဂရုပြုကြရလေ သည်။

၂၀၁၂ ခုနှစ်တွင် ဗြိတိသျှ အခြေစိုက် HSBC Bank သည် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှ ဒဏ်ခတ်ထားသော အခြားနိုင် ငံများကို ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုများပေးခြင်းကြောင့် အမေရိကန်အစိုးရမှ ဒေါ်လာသန်းတစ်ထောင့်ကိုးရာကျော်ဒဏ်ခတ် ခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် ဥရောပနှင့် အမေရိကတိုက်မှ ကုမ္ပဏီများသည် နိုင် ငံတကာကို ထိုးဖောက်ဝင်ရောက်ရန်အတွက် နိုင်ငံတကာဥပဒေ များကို နားလည်ရုံမျှမက ဒေသ ဆိုင်ရာ  လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ၊ အလေ့အထများနား လည်သူများကို အကြံပေးအဖြစ် ခန့်အပ်ကာ ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ကြသည်။

ကျွန်တော်သည် စင်ကာပူ တွင် ၁၀ နှစ်တာမျှ ပညာသင် အလုပ်လုပ်ပြီးနောက် ကိုယ်ပိုင် စီးပွားရေးအကြံပေးလုပ်ငန်းတစ် ခုတည်ထောင်ကာ ၂၀၀၇ တွင် မြန်မာပြည်ပြန်လာပြီး လုပ်ငန်းခွဲတစ် ခုတည်ထောင်ခဲ့သည်။ စင်ကာပူ တွင် ဆယ်စုနှစ်တစ်ခုနေခဲ့ပြီး မြန် မာပြည်ပြန်ကာ လုပ်ငန်းတည် ထောင်ရာတွင် ပြဿနာပေါင်းစုံ ဖြင့် စတင်ကြုံတွေ့ရတော့သည်။ မီးမမှန်သဖြင့် မီးစက်များဝယ်ယူ ရခြင်း၊ အကြိမ်ကြိမ်လာရောက် အလှူခံသော ရပ်ကွက်မှ အဖွဲ့ အစည်းပေါင်းစုံနှင့် ဖုန်းလိုင်းများ ပြတ်တောက်ခြင်းမရှိဘဲ ပုံမှန်လိုင်းကောင်းနေစေရန် စက်ဘီးတစ်စီး နှင့် လှေကားကိုင်ထားသော သူများကို လစဉ်ကြေးများပေးရခြင်းမှစ ပြီး စိတ်ထင်တိုင်းပြောင်းနေသော ဥပဒေများကို ရင်ဆိုင်ရတော့ သည်။ စင်ကာပူတွင် နေခဲ့ရစဉ်က ထိုအဖြစ်အပျက်များ မကြုံတွေ့ခဲ့ ရသဖြင့် စစချင်းတွင် သူ့အရပ်နှင့်သူ့ဇာတ်အတိုင်း မလုပ်ဘဲ တင်းခံခဲ့သည်။ သို့သော် အလုပ်ထိခိုက် လောက်အောင် အခက်အခဲများ ပေါ်လာသောအခါမှ ဒေသအခြေ အနေအပေါ်မူတည်ပြီး အလေ့အ ထများအတိုင်းလုပ်မှသာ အောင် မြင်နိုင်မည်ဆိုသည်ကို သဘော ပေါက်မိသည်။

မြန်မာနိုင်ငံတွင် အကြီးအ ကျယ် ရင်းနှီးမြှုပ်နှံမှုလုပ်နေသည့် စင်ကာပူဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ မြန်မာနိုင်ငံ၏ အထွေထွေမန်နေဂျာတစ်ယောက်နှင့် ဆွေး နွေးပွဲတစ်ခုတွင် ကြုံကြိုက်ခဲ့ရာမှ သူ့အတွေ့အကြုံကို ပြန်လည် ပြောပြခဲ့သည်။ အချိန်နဲ့အမျှ ချက်ချင်းပြောင်းလဲသွားတတ်သော၊ ခု တစ်မျိုးတော်ကြာတစ်မျိုးဖြစ်သွားတတ်သော မြန်မာပြည်ရှိ ဥပဒေ များနှင့် ပတ်သက်ပြီး ပထမပိုင်း တွင် စင်ကာပူမှ အုပ်ချုပ်ရေးအဖွဲ့ က သူ့ကို ဘာကြောင့် ဒီလိုဖြစ်ရ သည်ကို အမြဲဖြေရှင်းချက်တောင်း ကြောင်း၊ နောင်ကြာလာသောအ ခါ သြော်..ဒီလိုတော့ဖြစ်တတ်တာပဲ ဆိုပြီး ပြောင်းလဲတတ်သော ဥပဒေများကို မြန်မာပြည်တွင်း ရင်းနှီး မြှုပ်နှံမှုအတွက် ဖြစ်လာနိုင်သော ဆုံးရှုံးနိုင်မှုများအဖြစ် သတ်မှတ် ကာ အထူးတလည်အံ့သြမှုမပြကြ တော့ကြောင်း ရှင်းပြသည်။

နိုင်ငံခြားပြန်ရောဂါ

မြန်မာပြည်၏ တိုးတက် ပြောင်းလဲလာသော အခြေအနေ များကြောင့် နိုင်ငံရပ်ခြားတွင် နှစ် ပေါင်းများစွာ အလုပ်လုပ်၊ စီးပွား ရေးလုပ်နေကြသော မြန်မာများ မြန်မာပြည်ကို ပြန်လာကြပြီး လုပ်ငန်းများထူထောင်လာကြသည် ကို ပိုမိုတွေ့လာရသည်။ ထိုသို့ ပြန်လာကြသူများတွင် နိုင်ငံတကာ တွင်ရယူခဲ့သော အတွေ့အကြုံ များကို မြန်မာပြည်အခြေအနေ များဖြင့် ပေါင်းစပ်ပြီးလုပ်ငန်းများ ကို အောင်မြင်စွာလုပ်ကိုင်နိုင်သူ များရှိသကဲ့သို့ မြန်မာပြည်အခြေ အနေများကို ကောင်းကောင်းမ သုံးသပ်မိဘဲ နေထိုင်ခဲ့သည့် နိုင်ငံ ရပ်ခြားမှ အခြေအနေများအတိုင်း လုပ်ငန်းများလုပ်ကိုင်ကြည့်ရင်း အဆင်မပြေဖြစ်နေသူများကိုလည်း တွေ့ရသည်။ ထိုသူများသည် မြန်မာပြည်တွင် ဖြစ်ပေါ်နေသည့် အ ကြောင်းအရာအားလုံးကို သူတို့ ကျင်လည်ခဲ့သည့် နိုင်ငံခြားတိုင်း ပြည်များနှင့် စံထိုးကာ ပြစ်တင်ဝေ ဖန်နေကြသည်ကို တွေ့ရသည်။

အတွင်းနှင့် အပြင်

စီးပွားရေးလုပ်ငန်းများလုပ် ဆောင်ရာတွင် အဓိကအလေး ထားရမည့် အတွင်း နှစ်ချက်နှင့် အပြင် နှစ်ချက်ရှိသည်။ အတွင်း နှစ်ချက်ဆိုသည်မှာ ကိုယ့်လုပ်ငန်း၏ အားသာချက်များနှင့် အားနည်းချက်များ ဖြစ်သည်။ ကိုယ်ရောင်း ချမည့် ပစ္စည်းနှင့် ၀န်ဆောင်မှု များက ပြိုင်ဘက်များထက် ဈေး သက်သာခြင်း၊ အရည်အသွေး ကောင်းခြင်း၊ ၀န်ထမ်းများအရည် အချင်းပြည့်ဝခြင်းစသည့်အချက် များသည် အားသာချက်များ ဖြစ် သည်။ လုံလောက်သည့် အရင်း အနှီးမရှိခြင်း၊ ကိုယ့်လုပ်ငန်းကို လူသိနည်းခြင်းစသည့် အချက်များသည် အားနည်းချက်များ ဖြစ်သည်။လုပ်ငန်းအောင်မြင်စေရန် အား နည်းချက်များကို ပြုပြင်၍ အား သာချက်များကို ပိုမိုကောင်းမွန် လာအောင် ကြိုးစားရသည်။

ထို့အတူ အပြင်နှစ်ချက်ဖြစ် သော အခွင့်အလမ်းများနှင့် အ ခက်အခဲများသည်လည်း လုပ်ငန်းများအောင်မြင်မှုအတွက် အရေး ပါသည်။ မြန်မာပြည်၏ တိုးတက် ပြောင်းလဲလာသော အခြေအနေ များ၊ လူဦးရေ ၅၅ သန်းရှိသော ဈေးကွက်ယှဉ်ပြိုင်စရာ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများ များများစား စားမရှိသေးခြင်း စသည့်အချက် များသည် အခွင့်အလမ်းများဖြစ် ကြပြီး အသားမသေသေးသော အစိုးရသစ်၊ မတည်ငြိမ်သော မူဝါဒများနှင့် အခြေခံအဆောက် အအုံမပြည့်စုံမှုတို့သည် ကြုံတွေ့ ရနိုင်သည့် အခက်အခဲများဖြစ်ကြ သည်။

အတွင်း နှစ်ချက်သည် ကိုယ့်လုပ်ငန်းနှင့် သက်ဆိုင်ပြီး ကိုယ် တိုင်ပြုပြင်ပြောင်းလဲမှုဖြင့် ပိုမို ကောင်းမွန်လာအောင် စွမ်းဆောင်နိုင်သော်လည်း အပြင် နှစ်ချက် သည် ထိန်းချုပ်၍မဖြစ်နိုင်ပေ။ လေ့လာဆန်းစစ်ပြီး အခွင့်အလမ်း များကို အသုံးချကာ အခက်အခဲ များကို ကျော်လွှားနိုင်ရန် စီမံချက် များရေးဆွဲရသည်။ ထိုအချက်များ ကို မှန်မှန်ကန်ကန်မသုံးသပ်နိုင် လျှင် မည်မျှကောင်းမွန်နေသည့် လုပ်ငန်း၊ ၀န်ဆောင်မှုနှင့် ကုန် ပစ္စည်းဖြစ်ပါစေ ဈေးကွက်အ တွင်းမှ ကျရှုံးပျောက်ကွယ်သွား မည် ဖြစ်သည်။


ရောမရောက်လျှင်

ယခုခေတ်သည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုများဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူး ဆက်ဆံလျက်ရှိသည်။ ရောမ ရောက်လျှင် ရောမလိုကျင့်ရမည် ဆိုသည့်စကားသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံဓလေ့ထုံးတမ်းယဉ်ကျေးမှုများကို အလေးထားခြင်း ဖြစ် သည်။ ထိုဓလေ့ထုံးတမ်းယဉ် ကျေးမှုများနှင့် ပတ်သက်ပြီး ခရီး သွားလမ်းညွှန်မှစ၍ စီးပွားရေး ဆိုင်ရာ လမ်းညွှန်စာအုပ်များကို နိုင်ငံအလိုက်ထုတ်ပြန်ထားခြင်း များရှိသည်။ အထူးသဖြင့် စီးပွား ရေးလုပ်ငန်းများအနေဖြင့် နိုင်ငံ တစ်နိုင်ငံသို့ လုပ်ငန်းချဲ့ထွင်ရာ တွင် ထိုနိုင်ငံ၏ ဓလေ့ထုံးစံနှင့် အလေ့အထများကို အထူးဂရုပြု ဖို့ လိုအပ်သည်။ နိုင်ငံတကာတွင် နှစ်ပေါင်းများစွာ နေထိုင်လုပ်ကိုင် ခဲ့ကြသည့် မြန်မာလူမျိုးများ ပြည် တော်ပြန်ရာတွင် ထိုအချက်ကို အထူးဂရုပြုမိဖို့ လိုပါသည်။ နိုင်ငံ တကာတွင် နေထိုင်ခဲ့ကြသည့်သူ များဖြစ်သည့်အားလျော်စွာ ကိုယ့် မြေကိုယ့်ရေပြန်လာရာတွင် နိုင်ငံ တကာစံများနှင့် တိုင်းတာအလုပ် လုပ်ကိုင်မိ၍ ရောမရောက်ပြီး ရောမလိုမကျင့်မိသဖြင့် အရင်းအ နှီးများပြုတ်ကာ ကိုယ်ကျင်လည် ခဲ့ရာ နိုင်ငံများသို့ ပြန်ပြီး အလုပ် ခွင်ဝင်နေကြရသော ပြည်တော် ပြန်များကိုလည်း အများအပြား တွေ့မြင်နေရပေတော့သည်။

(7 Day Daily, 6 Feb 2017)


Friday, 20 January 2017

ခေတ်နှင့်အမီ

စင်ကာပူ Shopping Malls တွေ ရောက်ဖြစ်တိုင်း ထူးထူးခြား ခြား ပြောင်းလဲသွားသောဆိုင်များ ကို သတိထားမိသည်။ ယခင်က ဆိုင်ကြီးကနားဖြင့် ဖွင့်ထားသော DVDs, VCDs နှင့် CDs အရောင်း ဆိုင်များ တဖြည်းဖြည်းပိတ်သွား ကြရပြီး အခြားသောဆိုင်များက နေရာဝင်ယူလာခြင်းဖြစ်သည်။ ကိုယ်ကိုယ်တိုင်လည်း DVDs, VCDs နှင့် Music CDs များ ဘယ် တုန်းက နောက်ဆုံးဝယ်မိမှန်း မမှတ်မိတော့။ ဝယ်ထားခဲ့သော ရုပ်ရှင်နှင့် သီချင်းခွေများကိုလည်း ဖွင့်မကြည့်၊ နားမထောင်မိခဲ့သည် မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ် သည်။
တကယ်တော့ DVDs, VCDs နှင့် CDs အရောင်းဆိုင်များ သည် ပြောင်းလဲလာသော ခေတ် နှင့် သုံးစွဲသူလူတန်းစား၏ သုံးစွဲမှု ပုံစံ ပြောင်းလဲလာမှုကို အမီ မလိုက်နိုင်ခဲ့ခြင်းကြောင့် တဖြည်း ဖြည်း ပျောက်ကွယ်သွားရခြင်းဖြစ် သည်။ ယခုခေတ်တွင် နားထောင် ချင်သော သီချင်းကို လက်ကိုင် ဖုန်းမှတစ်ဆင့် အလွယ်တကူဝယ် ယူရရှိနိုင်သည်။ ကြည့်ချင်သည့် ရုပ်ရှင်ကို အင်တာနက်မှတစ်ဆင့် ကြည့်ချင်သည့်အချိန်တွင် ပိုက် ဆံပေး၍ဖြစ်စေ၊ အလကားဖြစ် စေ အလွယ်တကူ ကြည့်ရှုလာနိုင် သည်။ ထိုတိုးတက်ပြောင်းလဲလာ မှုသည် သုံးစွဲသူများကို တကူး တက DVDs, VCDs နှင့် CDs အရောင်းဆိုင်များသို့ သွားရောက် ဝယ်ယူမှုကို ဟန့်တားခဲ့ပြီးနောက် ဆုံး မရောင်းရသည့်အတွက် တစ် ဆိုင်ပြီးတစ်ဆိုင် အရှုံးပေါ်ကာ ပိတ်သွားကြခြင်းဖြစ်သည်။
ရပ်တည်မှု
----------
ထိုဆိုင်များ ပျောက်ကွယ် သွားရခြင်း၏ အဓိကအကြောင်း ရင်းသည် သူတို့၏ ရပ်တည်မှုများ ကြောင့်ဖြစ်သည်။ ထိုဆိုင်များ၏ ရပ်တည်မှုသည် ဆိုင်ရောင်းအား ကောင်းရေးဖြစ်သည်။ ထိုသို့ ရောင်းအားကောင်းရေးအတွက် လျှော့ဈေးများ၊ လက်ဆောင် ပစ္စည်းများဖြင့် ဝယ်သူကို ဆွဲ ဆောင်ခဲ့ကြသည်။ တကယ်တမ်း သူတို့ သတိမမူလိုက်မိသော အဓိ ကအရေးပါမှုသည် သုံးစွဲသူများ ၏ စိတ်ဆန္ဒဖြစ်သည်။ ရုပ်ရှင်၊ ဇာတ်လမ်းကြည့်သူနှင့် သီချင်း နားထောင်သူများသည် ကိုယ် ကြည့်လို၊ နားထောင်လိုသည့် ဇာတ်လမ်းနှင့် သီချင်းများကို ကရိကထနည်းနည်းဖြင့် လွယ် လင့်တကူ ကြည့်ရှုနားဆင်လိုကြ သည်။ ရုပ်ရှင်ဇာတ်လမ်းနှင့် သီချင်း CDs များ အများအပြား ဝယ်ယူထားသူ တစ်ယောက်သည် သူကြည့်ရှုလိုသော၊ နားထောင်လိုသော ရုပ်ရှင်ဇာတ်လမ်း (သို့မ ဟုတ်) သီချင်းတို့အား DVDs, နှင့် CDs ပေါင်းများစွာတွင် ရှာဖွေ ရမည်။ မရှိလျှင် အရောင်းဆိုင်သို့ တကူးတက သွားဝယ်ဖို့လိုသည်။ ထိုအချက်ကို တွေ့ရှိသွားသော Apple Computer ၏ တည် ထောင်သူ Steve Jobs က iTune ဟုခေါ်သော Software ပေါ်တွင် သီချင်းနှင့် ရုပ်ရှင်များ ဝယ်ယူရ နိုင်အောင် တီထွင်ဖန်တီးခဲ့ပြီး လက်ကိုင်ဖုန်း၊ Tablets နှင့် တီဗီ ဖန်သားပြင်ပေါ်မှတစ်ဆင့် ကိုယ်ကြည့်ချင်သည့်  ရုပ်ရှင်၊ နားထောင်လိုသည့်  သီချင်းများ ကို အချိန်မရွေး အလွယ်တကူ ငှားရမ်းနားဆင်နိုင်အောင် ဖန်တီး ပေးခဲ့သည်။ ထိုအပြောင်းအလဲ တစ်ရပ်သည် ရုပ်ရှင်နှင့် ဂီတလုပ် ငန်းတစ်ခုလုံး၏ ခေတ်ပြောင်း တော်လှန်ရေးအသွင်တစ်ခုအဖြစ် သတ်မှတ်လိုက်ရသည်အထိ အရေးပါခဲ့သည်။ Steve Jobs ၏ရည်ရွယ်ချက်နှင့် သူ့ကုမ္ပဏီ၏ ရပ်တည်ချက်မှာ သူတို့ ထုတ်လုပ်သည့် ပစ္စည်းများအများအပြား ရောင်းချရရေးသည် အဓိကမကျပေ။ Apple ၏ အဓိကရည်ရွယ်ချက်သည် ဝယ်ယူသုံးစွဲမည့်သူများ မကြုံဖူးသေးသည့် အရင်ထက်ကောင်းမွန်သော  အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်မည့် ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အစဉ်ပေးရန်ဖြစ်သည်။ ထိုနောက်ပိုင်း DVDs, VCDs နှင့် CDs အရောင်းဆိုင်များ ရောင်းအား သိသိသာသာ ကျဆင်းပြီး နောက်ဆုံးပိတ်ကုန်ရသည်အထိ အခြေအနေကို ရောက်သွားကြသည်။ ထိုဆိုင်များသာ သူတို့၏ ရည်ရွယ်ချက်ကို သူတို့ ကုန်ပစ္စည်းအများအပြား ရောင်းချဖို့ထက် ဝယ်ယူသုံးစွဲသူများ အဆင်ပြေပြေဖြင့် စိတ် အပန်းဖြေနိုင်အောင် ဖျော်ဖြေမှု ပေးနိုင်ရမည်ဟူသော ရည်ရွယ် ချက်ဖြင့် နည်းလမ်းကောင်းများ ရှာနိုင်ခဲ့လျှင် မဆီမဆိုင် IT ကုမ္ပဏီများ၏ နည်းပညာဖြင့် ဝင်ရောက်နေရာယူမှုကို တားဆီးနိုင်မည် ဖြစ်သည်။
ပြောင်းလဲလာသောခေတ်
-----------------------------
ရန်ကုန်ပြန်အရောက် အဆို တော်ကိုခင်မောင်ထူးနှင့် တစ် ရက်တွေ့မိသည်။ သူ၏ နောက် ဆုံးထွက်ထားသော သီချင်းခွေကို လက်ဆောင်ပေးရင်း မြန်မာပြည် ၏ အနုပညာဈေးကွက်အကြောင်း ကို ပြောပြသည်။ သူ့အခွေထွက် ထွက်ချင်း ခိုးကူးခွေများထွက်လာ ပြီး လမ်းဆုံမီးပွိုင့်များတွင် လက် ပွေ့ရောင်းသောသူများထံ ရောက်သွားကြောင်း၊ မကြာမီ Youtube ပေါ်ရောက်သွားပြီး မည်သူမဆို အလကား နားထောင်နိုင်သဖြင့် အခွေများ မရောင်းရကြောင်း၊ သူထုတ်သော အခွေသည်လည်း အမှတ်တရအတွက်သာ ထုတ်ထားပြီး အမြတ်အစွန်းအတွက် ရည်ရွယ်ထားခြင်း မဟုတ် ကြောင်း ရှင်းပြသည်။ ထိုပြဿနာမျိုးကို မြန်မာပြည်တွင်သာမက တစ်ကမ္ဘာလုံးရှိ အနုပညာသည် များ ခံစားနေကြရသည်။ သို့သော်အချို့ အနုပညာရှင်များသည် ထိုပြဿနာများကိုအခွင့်အလမ်း အဖြစ် ပြောင်းလဲအသုံးချလာကြ သည်။ ထိုအနုပညာရှင်များထဲ မှ အထင်ရှားဆုံးမှာ ကိုရီးယား အဆိုတော် ‘ဆိုင်’ (PSY)ဆို သူဖြစ်သည်။ အင်တာနက်သီချင်း များကို တရားမဝင် ဖြန့်ချိမှုများ ကြောင့် သူ၏ OppaGanna Style သီချင်းကို သီချင်းခွေအဖြစ် ထုတ်ဝေမည့်အစား Youtube တွင် အလကား ကြည့်ခွင့်ပေးခဲ့ သည်။ သူ့သီချင်း မလာမီ ကြော်ငြာတစ်ခုကို Youtube မှ အရင်ပြသည်။ ဇူလိုင်လ ၂၀၁၂ မှစတင်ပြီး Youtube တွင် ပြသခဲ့သော OppaGanna Style သီချင်းသည် အခုအချိန်အထိ ကြည့်ရှုသူနှင့် ကြည့်ရှုနှုန်း သန်း ၂,၇၀၀ ကျော် ရှိနေပြီဖြစ်သည်။ ၂၀၁၃ တွင် ‘ဆိုင်’၏ OppaGanna Style သီချင်းမှ ဒေါ်လာ ရှစ်သန်း ကြော်ငြာခရခဲ့သည်ဟု သိရ သည်။ ယခုအချိန်တွင် ထို့ထက် အဆပေါင်းများစွာ ပိုမိုရရှိနေမည် ဖြစ်သည်။
မြန်မာပြည်မှ ဂီတနှင့်ရုပ်ရှင် အနုပညာရှင်များလည်း ရေရှည် တည်တံ့အောင်မြင်ရန် သမားရိုး ကျ လုပ်ကိုင်မှုများမှ သွေဖည်၍ ပြောင်းလဲလာသော ခေတ်ကို မူ တည်ပြီး အနုပညာဗဟာဗျူဟာ များ ချမှတ်ရန်လိုအပ်လာပြီဖြစ် သည်။ ကိုယ်ထုတ်လုပ်လိုက် သော အနုပညာဖန်တီးမှုအတွက် အခွေများ ရောင်းချရမှုကို မူ မတည်တော့ဘဲ ပရိသတ်ထံသို့ စရိတ်သက်သက်သာသာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောက်သွား မှုကို ဦးတည်သင့်သည်။ ထိုရည် ရွယ်ချက်နှင့် ဖြန့်ချိလျှင် တရား မဝင် ခိုးကူးသူများသည် ကိုယ့် အတွက် ဝန်ထမ်းခပေးရန်မလို သည့် ဖြန့်ချိရေးကွန်ရက်ဖြစ်လာ ပေမည်။ Youtube နှင့် လူမှုကွန် ရက်များတွင် လူပေါင်းများစွာမှ ပြန်လည်ဖြန့်ချိမှုကို ဦးစားပေး သင့်သည်။ ထိုအနုပညာဖန်တီးမှု များအတွက် ဝင်ငွေသည် ကုန် ပစ္စည်းကြော်ငြာများတွင် အဓိက ထားနိုင်သည်။ နိုင်ငံတကာတွင် ထိုအနုပညာရှင်များနှင့် ကုန် ပစ္စည်း ဖြန့်ချိသူများအတွက် မဟာဗျူဟာများ ရေးဆွဲချိတ် ဆက်ပေးသော အကျိုးဆောင် လုပ်ငန်းများ အများအပြားရှိ သော်လည်း မြန်မာပြည်တွင် မတွေ့မိသေးပေ။ နောင်တွင် ဈေးကွက်လိုအပ်ချက်အရ ပေါ် ပေါက်လာမည်ဖြစ်သည်။
ခေတ်နှင့်အမီ
----------------
နိုင်ငံတကာတွင် အင်တာ နက်နှင့် နည်းပညာကို ရှေ့ဆောင် ခဲ့သော ကုမ္ပဏီအတော်များများ ခေတ်နှင့်အမီ မလိုက်နိုင်၍ နောက်ဆုံး ဈေးကွက်အတွင်း ပျောက်ကွယ်သွားကြသည်ကို သတိထားမိသည်။ နောက်ဆုံး ပျက်သုဉ်းသွားသော အင်တာနက် ၏ ရှေ့ဆောင်ကုမ္ပဏီတစ်ခုသည် Yahoo! ဖြစ်သည်။ ၁၉၉၄ ကစတင် တည်ထောင်ခဲ့သော Yahoo! ကုမ္ပဏီသည် တစ်ချိန်က ဒေါ်လာသန်း တစ်သိန်းကျော် တန်ဖိုး သတ်မှတ်ခြင်းခံရသော် လည်း နောက်ဆုံး ဒေါ်လာသန်း ငါးထောင်ဖြင့် အင်တာနက်နှင့် တယ်လီဖုန်းကုမ္ပဏီ Verizon မှ ဝယ်ယူပြီး Altaba အဖြစ် နာမည် ပြောင်းလဲကာ Yahoo! နာမည်ကို အဆုံးသတ်စေခဲ့သည်။ Yahoo! သည် အင်တာနက်ခေတ်အစ တွင် နည်းပညာသာလွန်မှုနှင့် ဈေးကွက်တွင် အောင်မြင်မှုရရှိခဲ့ သော်လည်း သူ့နောက်မှ တည် ထောင်ခဲ့သော Google ကိုယှဉ် ပြိုင်နိုင်စွမ်း မရှိခဲ့ဘဲ ဈေးကွက်မှ ပျောက်ကွယ်သွားရခြင်းဖြစ်သည်။ လက်ကိုင်ဖုန်း နည်းပညာကို ရှေ့ ဆောင်ခဲ့သော Nokia, Ericsson နှင့် Motorola တို့သည်လည်း နောက်မှပေါ်လာသော Apple နှင့် Samsung တို့ကို မယှဉ်နိုင်ဘဲ လက်ကိုင်ဖုန်းဈေးကွက်မှ လုံးဝ ပျောက်ကွယ်သွားခဲ့ကြသည်။
အမေရိကန် အာကာသ ယာဉ်မှူး Jim Lovell က ပြောခဲ့ ဖူးသည့် ထင်ရှားသော အဆို အမိန့်တစ်ခုရှိသည်။ ‘တချို့လူ တွေဟာ အဖြစ်အပျက်တွေကို ဖန်တီးနေကြတယ်။  တချို့က တော့ ဘာတွေဖြစ်တယ်ဆိုတာကို စောင့်ကြည့်နေကြပြီး တချို့က တော့ ဘာတွေဖြစ်နေမှန်းမသိ ကြသူတွေဖြစ်တယ်’ဟု  ဆိုခဲ့ သည်။
ယခုခေတ်သည် လျင်မြန်စွာ ပြောင်းလဲနေသောခေတ်တစ်ခု ဖြစ်သည်။ နည်းပညာများ နေ့စဉ် နှင့်အမျှ ပြောင်းလဲနေပြီး ကိုယ် ကိုယ်တိုင် နည်းပညာဖန်တီးမယူ နိုင်သည့်တိုင်အောင် ခေတ်နှင့် အညီ ပြောင်းလဲလာမှုများကို မျက်ခြည်မပြတ်သင့်ပေ။ နည်းပညာ တိုးတက်မှုသည် စီးပွားရေးနှင့် အနုပညာလုပ်ငန်းများသာမက နေ့စဉ်လူနေမှုများကိုပါ ရိုက်ခတ်လျက်ရှိသည်။
အရာရာကို ခေတ်နှင့်အမီ မလိုက်နိုင်ပါက ဒိုင်နိုဆောများ ကမ္ဘာမြေမှ ပျောက်ကွယ်သွား သကဲ့သို့ စီးပွားရေးလုပ်ငန်းများ သည်လည်း ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း ...။
(7 Day Daily, 19 Jan 2017)