Thursday, 8 January 2015

သမီးချော့တေး

မငိုပါနဲ့ က​လေး
ကမ္ဘာ့တစ်​ဖက်​ခြားမှာ
က​လေး​တွေဟာ
ကျည်​ဆံ​တွေ​အောက်
ပေါက်​ကွဲသံ​တွေ​ကြောင့်
ချောက်ချောက်​ခြားခြား
ကြောက်​လန့်​တကြားနဲ့
မငိုရဲကြဘူးတဲ့။

စားပါက​လေး
ကမ္ဘာ့တစ်​ဖက်​ခြားမှာ
က​လေး​တွေဟာ
မိတစ်​ကွဲဖတစ်​ကွဲနဲ့
ငတ်​မွတ်​​နေကြဆဲတဲ့။

အိပ်ပါက​လေး
ကမ္ဘာ့တစ်​ဖက်​ခြားမှာ
က​လေး​တွေဟာ
ကုန်​ပစ္စည်းသဖွယ်
ရောင်းဝယ်​ခံ​နေရလို့
တစ်​ချို့က ခွက်ဆွဲ​တောင်းရမ်း​နေကြတယ်။
တစ်​ချို့က လူမဆန်​စွာ နှိပ်​စက်​ခံ​နေကြရတယ်။
သူတို့​တွေရဲ့အိပ်​ပျက်​ည​တွေ
ကမ္ဘာကြီးသိမှသိပါ​လေစ။

ကျေးဇူးတင်​ပါက​လေး
အေးချမ်းစွာ​နေနိုင်​တဲ့
အခိုက်​အတန့်အခါ
ကမ္ဘာ့တစ်​ဖက်​ခြားက
ကိုယ့်​​လောက်​ဘ၀မလှသူ​တွေအတွက်
တစ်​​နေ့ကြရင်
အ​ဖေတို့ သမီးတို့
ကူညီ​ပေးဆပ်
တက်​နိုင်​သမျှ​ပေါ့။



Syrian က​လေးငယ်​တစ်​ဦး ကင်​မရာ ကို ​သေနတ်​ မှတ်​၍ လက်​​မြှောက်​ အဖမ်းခံစဉ်​။ (Lebanon, 4th April 2015)

No comments:

Post a Comment