Tuesday, 13 January 2015

နွံ

ရွှံ့ရေတွေ
ညစ်ညမ်းတယ်ဆိုပေမယ့်
ပန်းကောင်းတစ်ပွင့်
မြေမှာပွင့်ဖို့
သူ ကြိုးစားခဲ့မယ်။

ဖြူစင်မှုတစ်ခုအတွက်
မြင့်မြတ်မှုတွေနဲ့သာ
တည်ဆောက်ကြမယ်ဆိုရင်
ပန်းတစ်ပွင့်ဆိုတာ
ပွင့်လာမှာမဟုတ်။
(လွန်ခဲ့တဲ့ ၉ နှစ်လောက်က စာရေးဆရာမ ငယ်ငယ်လေး တစ်ယောက်ကို ပိုးတုန်းက သူ့မွေးနေ့အတွက် ရေးပေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ဒီကဗျာ လေးနဲ့ဘဲ နီးစပ်မှု ရခဲ့ပါတယ်။ အခုတော့ သူက စာတွေမရေးတော့ဘဲ ယောက်ျား ရသွားပါပြီ။ ကျွန်တော်ကတော့ စိတ်ကူးပေါက်ရင် ကဗျာတွေ ရေးဖြစ်နေတုန်းပါ။)

No comments:

Post a Comment