အခန်း (၁)
အကို ရီရမ် ကို တမ်းတခြင်း
ရှေးဘုရင်ခေတ်ကပေါ့။ အကိုရီရမ်ဆိုတဲ့ ကျေးလက်က လယ်သမား တစ်ယောက်ရှိတယ်တဲ့။ စစ်ဖြစ်တော့ ဘုရင်ကတိုင်း ပြည်မှာရှိ့တဲ့ ယောင်္ကျားအားလုံးကို ရှေ့တန်းသွားစေတယ်။ လပေါင်းများစွာ ကြာသည့်တိုင်အောင် အကိုရီရမ် ပြန်မလာတော့ သူ့ရဲ့ ဇနီးသည် က တောင်တွေပေါ်တက်ပြီး သူ့ရဲ့ အကိုရီရမ်ကို အော်အော်ပြီး ခေါ်သတဲ့။ ကိုရီးယား မှာ တစ်ယောက်ယောက်ကို တမ်းတရင် "အာ" ဆိုပြီအော်ခေါ်ကြတယ်။ ဒါနဲ့ "အာရီရမ်" Arirang ဆိုတဲ့ အလွန်လူသိများတဲ့ ကျေးလက်တေးလေး ဖြစ်လာတာပေါ့။
အကို ရီရမ် ကို တမ်းတခြင်း
ရှေးဘုရင်ခေတ်ကပေါ့။ အကိုရီရမ်ဆိုတဲ့ ကျေးလက်က လယ်သမား တစ်ယောက်ရှိတယ်တဲ့။ စစ်ဖြစ်တော့ ဘုရင်ကတိုင်း ပြည်မှာရှိ့တဲ့ ယောင်္ကျားအားလုံးကို ရှေ့တန်းသွားစေတယ်။ လပေါင်းများစွာ ကြာသည့်တိုင်အောင် အကိုရီရမ် ပြန်မလာတော့ သူ့ရဲ့ ဇနီးသည် က တောင်တွေပေါ်တက်ပြီး သူ့ရဲ့ အကိုရီရမ်ကို အော်အော်ပြီး ခေါ်သတဲ့။ ကိုရီးယား မှာ တစ်ယောက်ယောက်ကို တမ်းတရင် "အာ" ဆိုပြီအော်ခေါ်ကြတယ်။ ဒါနဲ့ "အာရီရမ်" Arirang ဆိုတဲ့ အလွန်လူသိများတဲ့ ကျေးလက်တေးလေး ဖြစ်လာတာပေါ့။
ရင်(မ်) က ကျွန်တော့် အမေးကို အားတက်သရော
ရှင်းပြတယ်။ ရင်(မ်) ဆိုတာ အသက် ၂၀ ၀န်းကျင် မြောက်ကိုရီးယားမလေး
ဖြစ်တယ်။ ကိုရီးယား တက္ကသိုလ် မှာ အင်္ဂလိပ်စာ အဓိကဖြင့် ကျောင်းတက်နေဆဲ
အစိုးရ၏ တာဝန်ပေးမှုဖြင့် ကျွန်တော့် အတွက် ဘာသာပြန်လုပ်ပေး နေရသူဖြစ်တယ်။
သူကနိုင်ငံခြားသားနှင့် တခါမှ မတွေ့ဘူးဘူး။ ထို့ကြောင့် တက်ကြွစွာဖြင့်
ကျွန်တော်မေးသမျှ ဖြေပေးနေတယ်။ မကြာခဏ သူ့စကားမှားလျှင် တောင်းပန်ပါတယ်ဆိုပြီး
ပြောတတ်တယ်။ ရင်(မ်) ကို ပြန်ပြောလိုက်တယ်။ မင်းရဲ့ အင်္ဂလိပ်စာ က
အရမ်းကောင်းလို့ တကယ့် အင်္ဂလိပ်တွေ ပြောနေသလိုဘဲလို့။ သူ့မျက်နှာလေးက
အရမ်းပျော်သွားသည့်ပုံ ရတယ်။
ရင်(မ်) သည် တော်တော်ချောတယ်။ သူ့ပုံစံလေးက
သွက်လက်သည်။ ပွင့်လင်းသည်။ ရိုးသားသည်။ နိုင်ငံတကာ မှာ ဘာဖြစ်နေသည်ကို
မသိ။ သူ့အစိုးရ ပြောထားသလောက် သာသိသည်။ မြောက်ကိုရီယား တွင် တက္ကသိုလ်
တက်နိုင်သူဆိုတော့ လူကြီးတစ်ဦးဦး၏ သမီးဖြစ်နိုင်သည်။ သူ့တို့မိသားစု
အကြောင်းကို မေးပိုင်ခွင့်မရှိ့။ နိုင်ငံခြားသား နှင့် ဆက်ဆံရမည့်
သူ့တို့နိုင်ငံသားတိုင်းကို တိတိကျကျ ညွှန်ကြားချက်များရှိသည်။
မြောက်ကိုရီယား သို့လာသော
နိုင်ငံခြားသားများကို သူ့အုပ်စုနှင့်သူ Guide တစ်ယောက်စီ နှင့်
ဘာသာပြန်တစ်ယောက် စီစဉ်ပေးထားသည်။ Guide သည် အသက်ကြီးကြီး
အတွေ့အကြုံရှိသော သူများဖြစ်ကြပြီး ဘာသာပြန်များမှာ အသက်ငယ်ငယ်
ကျောင်းသူကျောင်းသားများ ဖြစ်ကြသည်။ အတွေ့  အကြုံ ရရန် သင်တန်းပေးသည့်
သဘောဖြစ်သည်။ ဘာသာပြန်များက ဧည့်သည် ကို စောင့်ကြည့်ရသည်။
ဘာသာပြန်များကို Guide က စောင့်ကြည့်သည်။ သူ့တို့မပါဘဲ ဘယ်နေရာမှ သွားမရ။
မိုးလင်းမှ ဟိုတယ်ပြန်တဲ့အထိ နောက်က တစ်ကောက်ကောက် လိုက်ကြသည်။
ကိုရီးယား နိုင်ငံတကာ ကုန်စည်ပြပွဲ (Korea
International Exhibition Center) တာဝန်ခံ ကင်(မ်) က ပြုံးယန်း နိုင်ငံ တကာလေဆိပ်တွင်
လာကြိုနေပြီး ရင်(မ်) နှင့် ပက်(ခ်) ဆိုသော Guide နှင့်
မိတ်ဆက်ပေးသည်။ ပက်(ခ်) က ဖော်ဖော်ရွေရွေ လူလတ်ပိုင်း အရွယ်။
ပြီးတော့ ကင်(မ်) က နား နားကိုကပ်ပြီး ပြောလိုက်တယ်။ မင်းအတွက်
ကောင်မလေး ချောချောလေး ဘာသာပြန်အဖြစ် ရှာပေးထားတယ် ဆိုပြီး။ ကင်(မ်) က
ကျွန်တော်နှင့် သက်တူရွယ်တူ။ ပျော်ပျော်နေတတ် ပြီး
ခင်ဖို့ကောင်းသော သူတစ်ယောက်။ ညကြ အရက်သောက်ကြမယ်၊ မင်းဖို့ Black
Label ၀ယ်ခဲ့တယ် ဆိုပြီး သူ့ကိုပြန်ပြောလိုက်တယ်။
လေယာဉ်ကွင်း ကနေ ဟိုတယ် အထိ နာရီဝက်ခန့်
မောင်းရသည်။ တစ်လမ်းလုံး ရင်(မ်) က သူ့နိုင်ငံ ကောင်းကြောင်း တွေကို
ရှင်းပြလာသည်။ သူတို့သင်ထားပုံမှာ တစ်ပုံစံထဲ ဖြစ်သဖြင့် လာတိုင်း
ဒီအကြောင်းအရာတွေကို နားထောင်ရသည်မှာ အပ်ကြောင်း ထပ်နေပြီဖြစ်သည်။
ဒီတစ်ခေါက်မှ ထူးထူးခြားခြား ရင်(မ်) ရဲ့ သွက်သွက်လက်လက်
ပြောပုံကလေးကို စိတ်ဝင်တစား နားထောင်နေမိသည်။ လမ်းတွင် Arirang
သီချင်း ကားထဲမှာ ဖွင့်ထားတာနှင့်ကြုံကြိုက် သွားပြီး သီချင်း ဖြစ်ပေါ်လာပုံ
ကို ရှင်းပြ ဖြစ်သွားသည်။ Arirang သည် ရင်(မ်) ၏ ရင်တွင်းမှ စပြီး
ထွက်ပေါ်လာသော စကားများ ဖြစ်ကြပြီး နောက်ပိုင်း ကျွန်တော်တို့ ၂
ယောက်ကို ရင်းနှီးသွားစေခဲ့သည်။
ဟိုတယ်ရောက်ခါနီးမှာ ရင်(မ်) ကို မေးလိုက်
သည်။ အကို တကယ်လို့ ညီမတို့ နိုင်ငံကို ပြန်မလာဖြစ်တော့ရင် ညီမ က အကို့နာမည်ကို
တောင်တွေပေါ်တက်ပြီး ခေါ်ပြီး မျှော်နေမလား ဆိုပြီး။ သူဘာမှ မပြောဘဲ
မျက်နှာရဲ သွားပြီး မျက်လွှာချသွားတယ်။ ပက်(ခ်) ဆိုတဲ့ Guide ရဲ့
စောင့်ကြည့်နေတဲ့ စူးရှတဲ့ မျက်လုံးတွေ ကို တွေ့လိုက်ရပြီး ဟော်တယ်
ရောက်တော့ ကားပေါ်က ဆင်းလိုက်တယ်။ ပြီးတော့ မြောက်ကိုရီယားမလေးကို
စိတ်ထဲကပြောဖြစ် သည်။
No comments:
Post a Comment