မြန်မာပြည် ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပြန်ကြည့်မိတဲ့ အချိန်မှာ ဆရာအော်ပီကျယ် ပြောဖူးတဲ့ အကြောင်းအရာ ကလေးတစ်ခုကို ပြန်တွေးမိတယ်။ သူ့ဟောပြောပွဲ တစ်ခုခုမှာ နားထောင်ဘူးတာလား အရက်ဝိုင်း တစ်ခုခုမှာ ပြောခဲ့တာလားတော့ မမှတ်မိတော့။ တစ်ကယ့် အဖြစ်အပျက် တစ်ခုလို့တော့ ဆိုသည်။
၈၈ တုန်းက တစ်တိုင်းပြည်လုံး အုံကြွခဲ့ကြသည်။ စစ်တပ် နောက်အဆုတ်မှာ လူတိုင်းနီးပါး လမ်းမပေါ်ထွက် ပြီး "ဒီမိုကရေစီ ရရှိရေး ဒို့အရေး" အော်ကြတော့သည်။ လမ်းပေါ်ထွက် မအော်လျှင်ပင် သစ္စာဖောက် အဖြစ် သက်မှတ်ခံရမလိုလို။ အဲ့ဒီတော့ နေရာတိုင်း ရပ်ကွက်တိုင်း ရွာတိုင်းမှာ "ဒီမိုကရေစီ ရရှိရေး" တောင်းဆိုကြတော့သည်။
ရွာတစ်ရွာတွင် ရွာသူရွာသားများကလည်း အားကျမခံ ဒီမိုကရေစီ ရရှိရေး ဆန္ဒပြ ကြသည်။ ရပ်ကွက်လူကြီး အိမ်ရှေ့တွင် နေတိုင်း ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဆိုပြီး အော်ဟစ် ဆန္ဒပြ ကြသည်။ ရပ်ကွက်လူကြီး လင်မယား ကြောက်လန့်တကြား နှင့် အကြပ်ရိုက် သွားကြသည်။ ဒီမိုကရေစီ ဆိုတာ ဘာမှန်းမသိ။ ဘာမှန်းမသိတဲ့ အရာကို ဘယ်လိုပေးမည်နည်း။ ကြံရာမရ သည့်အဆုံး ခြင်းတောင်းကြီး တစ်လုံးကို စောင်ဖြင့်ပတ် ပြီး မင်းတို့လိုချင်တဲ့ ဒီမိုကရေစီ ဆိုပြီး ပေးလိုက်သည်။ ထိုအချိန်ကြမှ ရွာသားများ ကျေနပ်ပြီး ပြန်သွားကြသည်။
လက်ရှိ ဖြစ်နေသော မြန်မာပြည်၏ ဒီမိုကရေစီ အရေးသည်လဲ ထို့အတူပင်။ တောင်းသူကော ပေးရမည့်သူကပါ ဒီမိုကရေစီ ဆိုသည်ကို ဂဂဏဏ နားမလယ်။ ထို့ကြောင့် ပေးသူကလဲ စိတ်ထင်ရာ ပေးလိုက်သည်။ ရသွားသူကလဲ ဒီမိုကရေစီ ရပြီဆိုပြီး ကျေနပ်သွားသည်။
ခြင်းတောင်း ကို အုပ်ထားတဲ့ စောင်ကို ခွာချလိုက်ချိန် အထဲမှာ ဘာမှမရှိတာ သိကြတဲ့ အချိန်ဆို အတော်နှောင်း သွားလောက်ပြီ။
No comments:
Post a Comment