တခါတခါ ခရီးထွက်ဖြစ်တဲ့ အချိန်တွေမှာ
ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ လေးတွေကို ရေးပြီး မှတ်တမ်း တင်လိုစိတ်
ဖြစ်မိတယ်။ အကြောင်းအရာကလေးတွေက ထူးခြားချင်မှထူးခြားမယ်။ တစ်ချိန်ချိန် အရွယ်ရောက်လာ တဲ့အချိန်မှာ
ကိုယ်ရောက်ခဲ့တဲ့ နေရာတွေအကြောင်း ပြန်ပြောင်းအောက်မေ့ဖွယ်
အဖြစ်မှတ်တမ်းလေးတွေ ကျန်ခဲ့မှာပေါ့။
တခါတလေ ထွက်ဖြစ်တဲ့ ခရီးတွေက လူအရောက်အပေါက်နည်းတဲ့
မြောက်ကိုရီးယားလို နိုင်ငံမျိုးတွေ အထိရောက်ဖြစ်ခဲ့တာ ရှိတယ်။
ဘယ်ကိုဘဲရောက်ရောက် ပထမဆုံး သွားကြည့်ဖြစ်တဲ့ နေရာတွေက ဒေသခံတွေ
သွားတဲ့နေရာတွေ၊ သူတို့ဘာတွေလုပ်တယ်၊ ဘာစားကြတယ်၊ ဘယ်လိုသွားကြတယ်ဆိုတာ
သိအောင်လုပ်တယ်။ ဒေသခံတွေနဲ့ စကားပြောတယ်။ Public Transport
ကိုသုံးပြီးသွားတယ်။ Tourists တွေအတွက် စီစဉ်ထားတဲ့ Tourist Attractions တွေကိုရှောင်တယ်။
သူတို့တွေရဲ့ ယဉ်ကျေးမှုတွေကို လေ့လာတယ်။
ဒီလိုတွေ့ခဲ့တဲ့ အတွေ့အကြုံ တွေက
အသိအမြင်တွေကို ပြောင်းလဲစေတယ်။ ကိစ္စတစ်ခုခုကို အမြင်အမျိုးမျိုးနဲ့
တွေးတတ်စေလာတယ်။ လူမျိုးမတူ၊ ဘာသာမတူ တဲ့ သူတွေကို စာနာတတ်လာတယ်။
အဓိကအရေးကြီးတာက သိမ်ငယ်စိတ်တွေ၊ ကြောက်စိတ်တွေ၊ အားငယ်စိတ်တွေ
လျော့ပါးလာတယ်။ လူ့တန်ဖိုးတွေကို အလေးထားလာတယ်။
ဘယ်သူရေးခဲ့တာလည်းတော့ မမှတ်မိတော့ဘူး။
"ခရီးသွားချင်းက ပညာရှိတွေကို ပိုပြီး အသိဥာဏ်တွေပေးပြီး ပညာမဲ့တွေကို
ပိုမိုမိုက်မဲစေတယ်" တဲ့။
လူတိုင်းကတော့ ကိုယ့်ကိုယ်ကို ပညာမဲ့လို့ ဘယ်သူမှ
မထင်ကြပါဘူး။ ကိုယ်ကိုတိုင်လည်း လူထဲကလူတတစ်ယောက်ပါဘဲ။
ဘာဘဲပြောပြော ကိုယ်တွေ့ကြုံခဲ့တဲ့ အကြောင်းအရာလေးတွေကို
မှတ်တမ်းအနေနဲ့ ရေးထားပါ့မယ်။ ဘယ်သူ့အတွက်မှတော့ မဟုတ်ပါ။
ကိုယ့်အတွက်ကိုယ် ရေထားခြင်းဖြစ်ပါ သည်။
အချိန်ရတိုင်း သွားခဲ့ဖူးသော နေရာများအကြောင်း ခရီးသွား
မှတ်တမ်း နေဖြင့် ရေးတော့မည်ဖြစ်ကြောင်း။ ပရိတ်သက် အပေါင်း
မျက်စိနောက်အံ့။
No comments:
Post a Comment