မြန်မာပြည်ရဲ့ နိုင်ငံရေး ကတော့ ဆရာတွေ ဟောဟောနေတဲ့ မျက်မမြင် နဲ့ အရူးတွေ ကန်တဲ့ ဘောလုံးပွဲလိုပဲ။
မျက်မမြင် ကတော့ NLD ပေါ့။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။
အရူးကတော့ ကြံ့ဖွတ်တွေပေါ့။
မျက်မမြင်က ဘောလုံး မကန်ရသေးခင် အရူးဆိုတော့ တွေ့ကရာလုပ်ရင်း ဂိုးပေါက်တွေ့တိုင်း သွင်းမိတာ ကိုယ့်ဂိုးကိုယ် သွင်းမိရော။
ဒီမှာ ထူးခြားတာက ဒိုင်။ အရူးတွေ ဘက်ကို ၂၅ ဂိုး အသာ ပေးပြီး စပြိုင်ခိုင်းတယ်။ ပြီးတော့ ဒီ အသာနဲ့ မနိုင်မှန်း သိတော့ ကန်သူအားလုံး ကို ဂိုး မသွင်းလဲ ကန်တာနဲ့ ဂိုး ပေးတယ်ဆို ဥပဒေ ထုတ်တယ်။ ဒါပေမယ့် အရူးဆိုတော့ ဂိုးပေါက်တွေ့တိုင်းကန် သွင်းရင်းနဲ့ ကိုယ့်ဂိုးကိုယ် သွင်းတာ အတော် အခြေအနေမကောင်း ဘူးဖြစ်လာရော။ ဒါနဲ့ ရပ်ကွက်ထဲ က လူမိုက် တချို့ကို ကတုံးတုံး သင်္ကန်း ၀တ်ခိုင်း တချို့ ကို အိုးမဲသုပ်ပြီး ကွင်း အပြင်မှာ ဆူပူခိုင်းတယ်။ ပြီးတော့ ပြောလိုက်တယ်။ အရူးတွေ မနိုင်ရင် ဆူပူမှုတွေ ဖြစ်လာနိုင် လို့ အချိန်မရွေး ကစားတာရပ် ပစ်မှာတဲ့။
ဒီ ၂၀၁၅ ကို ဘယ်လို ကျော်ဖြတ်ရပါ့မလဲ။
No comments:
Post a Comment