Friday, 9 January 2015

ချစ်​ခြင်း​များစွာဖြင့်​၊ ပြုံယန်း မှတဆင့်​ (၂)

ခေါင်း​ဆောင်​ကြီး နှင့်​ ​ခေါင်း​ဆောင်​​လေး ကို ဂါရ၀ ပြုခြင်း

အိပ်​ရာ နိုးနိုးခြင်း ပထမဦးဆုံး လုပ်​တတ်​တဲ့ အကျင့်​သည်​ လက်​ကိုင်​ ဖုန်းကို ဖွင့်​ပြီး Facebook ကိုကြည့်​ခြင်း ဖြစ်​သည်​။ ဖုန်းလိုင်းလုံးဝ မမိသည်​ကို ​တွေ့လိုက်​ပြီးမှ ဘယ်​နိုင်​ငံကို ​ရောက်​​နေသည်​ ဆိုသည်​ကို သတိဝင်​မိသည်​။

မြောက်​ကိုရီယား တွင်​ နိုင်​ငံခြားသားများ ကို ဆက်​သွယ်​​ရေး ပစ္စည်းများ ကိုင်​​ဆောင်​ခွင့်​ မ​ပေး​ပေ။ ပထမဆုံး အကြိမ်​ ​ရောက်​တုန်းကဆိုလျှင်​ ရှိသမျှ ဖုန်း​တွေ အကုန်​ ​လေယာဉ်​ကွင်းတွင်​ အပ်​ထားခဲ့ ရသည်​။ Google Chairman Eric Schmidt ​မြောက်​ကိုရီယားသို့  ၂၀၁၃ တွင်​ သွား​ရောက်​ခဲ့ပြီး ​နောက်​ပိုင်း တဖြည်းဖြည်း အ​ခြေအ​နေ တိုးတက်​လာခဲ့သည်​။

ပထမ ဖုန်းများကို သယ်​သွားခွင့်​​ပေးသည်​။ လိုင်း​တော့ မမိ။ေ​နာက်​တော့ CDMA SIM Cards များကို Passport ဖြင့်​ ​လေယာဉ်​ကွင်းတွင်​ ၀ယ်​ယူနိုင်​သည်​။ ထိုဖုန်းများ သည်​ နိုင်​ငံခြားကို သာဆက်​သွယ်​နိုင်သည်​။ တစ်​မိနစ်​ကို ၅ ​ဒေါ်လာခန့်​ ​ပေးရသည်​။  ​မြောက်​ကိုရီယား ပြည်​တွင်း ဖုံးများကို ခေါ်ဆို၍ မရ။ ပြည်​တွင်းတွင်​ GSM စနစ်​ကို သုံးသည်​။ ပြည်​တွင်းဖုန်း များသည်​ နိုင်​ငံခြားသို့ ​ခေါ်ခွင့်​ပိတ်​ပင်​ ထားသည်​။ ဤနည်းဖြင့်​ တစ်​နိုင်​ငံလုံးကို စနစ်​တကျ နိုင်​ငံတကာနှင့်​ အဆက်​အသွယ်​ ဖြတ်​ထားလိုက်​နိုင်​သည်​။

မြောက်​ကိုရီယား တွင်​ သာမန်လူတန်းစား က ​​Internet သုံးခွင့်​ မရှိ။ ဒါ​ပေမည့်​ ပြည်​တွင်း သုံး Intranet ​တော့ရှိသည်​။ Email များကို ပြည်​ပ နှင့်​ ဆက်​သွယ်​ခွင့်​ ပိတ်​ပင်​ထားသည်​။ ပြည်​ပနှင့်​ အဆက်​အသွယ်​ရှိ​သော ဌာနများ ရှိ Email များကို​တော့ အထူးအခွင့်​ အ​ရေး အ​နေနှင့်​ နိုင်​ငံခြားသို့ ဆက်​သွယ်​ခွင့်​ ​ပေးထားသည်​။ ဒါ​ပေမယ့်​ Emails တိုင်းကို ပို့မရ။ ကိုယ်​ပို့ချင်​ သည့်​ Email လိပ်​စာ ကို အစိုးရထံသို့ ကြိုတင်​ရသည်​။ ပြီးလျှင်​ Email အ၀င်​အထွက်​ အားလုံးကို ​စောင့်​ကြည့်​​ရေး ဌာန မှ အကုန်​ ဖတ်​သည်​။ ပြီးမှ သက်​ဆိုင်​ရာ Email သို့ ပို့​ပေးသည်​။

နိုင်​ငံရပ်​ခြားသို့ စာပို့ခွင့်​ကိုလဲ ပိတ်​ပင်​ထားသည်​။ သို့​သော်​ နိုင်​ငံခြားသားများ က​တော့ ပို့ခွင့်​ရှိသည် ​။ Post Cards များကို စင်​ကာပူသို့ ပို့ရာ ၁ လ အကြာတွင်​ ​ရောက်​လာသည်​။

နာရီ ကို ကြည့်​လိုက်​မိ​တော့ မနက်​ ၈ နာရီ ထိုး​တော့မည်​။ ကမန်းကတန်း ​ရေမိုးချိုးပြီး အ၀တ်​​ကောက်​လဲကာ ​ဟို​တယ်​ ​အောက်​ အ၀င်​ခန်းမ သို့ ဆင်းသွားလိုက်​သည်​။ ၈ နာရီတွင်​ ဟိုတယ်​မှ ကားများ ပြခန်းမဆီသို့ သွားကြမည်​ ဖြစ်​သည်​။
ဟိုတယ်​ အ၀င်​ ခန်းမထဲတွင်​ နိုင်​ငံ​ပေါင်းစုံမှ မှ ဧည့်​သည်​များ နှင့်​ သူတို့၏ သက်​ဆိုင်​ရာ Guide များ ဘာသာပြန်​များ ဖြင့်​ ပြည့်​နှက်​ ​နေသည်​။ နိုင်​ငံပေါင်းစုံ ဆိုရာတွင်​ လာ​နေကြ ​ဟောင်​​ကောင်​၊ ထိုင်​၀မ်​၊ ဂျာမနီ၊ အင်​ဒိုနီရှား နှင့်​ စင်​ကာပူ ကိုယ်​စားပြု သည့်​ ကျွန်​​တော်​။ ထူးခြားသည်​မှာ ပုံမှန်​လာ​နေကြ တရုတ်​ ​တွေ တစ်​​ယောက်​မှမ​တွေ့။

ကျွန်​​တော့်ကို မြင်​မြင်​ခြင်း ရင်​(မ်​) ကအနား​ရောက်​လာသည်​။ ကိုရီးယား ရိုးရာ ၀တ်​စုံက​လေးဖြင့်​ လှချင်​တိုင်းလှ​နေသည်​။ ဒီ​နေ့ သွားရမည့်​ အစီအစဉ်​များကို ​ပြောပြသည်​။ ပထမ မန်​ဆူ ​တောင်​ကုန်းမှာ (Mansudae) မှာ သူ့တို့၏ သွား​လေသူ ​ခေါင်း​ဆောင်​ ၂ ဦးကို ဂါရ၀ပြု ရမည်​ ဖြစ်​သည်​။ တစ်​ဦးမှာ "ကြီးမြတ်​​သော ​ခေါင်း​ဆောင်​" ("The Great Leader" Kim Il-sung) နှင့်​ သူ့ သား "ချစ်​လှစွာ​သော ​ခေါင်း​ဆောင်​" ("The Dear Leader" Kim Jong-il) ဖြစ်​သည်​။

မြောက်​ကိုရီယား သို့လာ​သော မည်​သူမဆို ပထမဆုံး လုပ်​ရသည့်​ အလုပ်​သည်​ သွား​လေသူ ​ခေါင်း​ဆောင်​ ၂ ဦး၏ ​အောက့်မေ့ဖွယ်​ရာ မန်​ဆူ​တောင်​ကုန်း တွင်​ ဂါရ၀ ပြုရသည်​။

မန်​ဆူ​တောင်​ကုန်း သည်​ ပြုံးယန်းမြို့လယ်​ တွင်​ရှိသည်​။ ​ကြေးနီ​ရောင်​ ​ခေါင်း​ဆောင်​ကြီး နှစ်​ဦး ၏ ရုပ်​ထုကြီး ၂ ခုကို ​ဝေး​ဝေးမှ လှမ်းမြင်​နိုင်​ သည်​။ ရင်​ပြင်​ အကျယ်​ကြီး အတွင်းမှာ ရုပ်​ထုကြီး ၂ ခုက ခန့်​ခန့်​ညားညား။

ရင်​(မ်​) က​ပြောပြသည်​။ ကိုရီးယား လူမျိုး​တွေ သူတို့၏ ​ခေါင်း​ဆောင်​ကို ဘယ်​​လောက်​ချစ်​​ကြောင်း၊ ထို့​ကြောင့်​ မန်​ဆူ​တောင်​ကုန်းရှိ့ ​အောက့်​​မေ့ဖွယ်​ရာ​နေရာကို လာလာပြီး ဂါရ၀ ပြုကြ​ကြောင်း။

ဟို​ရောက်​​တော့ အလုပ်​သမား အဖွဲ့ တစ်​ဖွဲ့ နှင့်​ ​ကျောင်းသား အဖွဲ့ တစ်​ဖွဲ့ ဂါရ၀ ပြုဖို့ တန်းစီ ​စောင့်​​နေတာကို ​တွေ့လိုက်​ရသည်​။ မင်္ဂလာ သတို့ သား နှင့်​ သတို့ သမီး နှစ်​​ယောက်​ ပန်းစည်း တစ်​ခု ကို ကိုင်​ပြီး ၂ဖက်​ မိဘ​ဆွေမျိုးများနှင့်​ ဂါရ၀ လာပြု​နေသည်​ကိုလဲ ​တွေ့ရသည်​။

နိုင်​ငံခြား ကိုယ်​စားလှယ်​ အဖွဲ့များ ကိုယ့်​အုပ်​စုလိုက်​ ဂါရ၀ ပြုရာသို့ လမ်း​လျှောက်​သွားကြသည်​။ TV သတင်း အဖွဲ့က အဆင်​သင့်​ ဖြစ်​​နေပြီ။ Guide ပက်​(ခ်​) က မင်း​ရှေ့က​နေ ပန်းစီး ကိုင်​ပြီး ဂါရ၀ ပြု​ပေးနိုင်​မလား လာ​မေးသည်​။ ​ရှေ့က သွားလျှင်​ ည TV သတင်းထဲတွင်​ ပါလာမည်​။ ​မြောက်​ကိုရီယား TV တွင်​ ကိုယ့်​မျက်​နှာ ပါပါလာခြင်း သည်​ အလွန်​ကောင်း​ သော ကိစ္စ တစ်​ခုမဟုတ်​။ ဒါနှင့်​ ယဉ်​ယဉ်​​ကျေး​ကျေး ငြင်းလိုက်​သည်​။ ပြီး​တော့ ​နောက်​ဆုံးဘက်​ ကင်​မရာ ကွယ်​ရာမှာ ရပ်​ပြီး ဂါရ၀ ပြုလိုက်​သည်​။

ဂါရ၀ ပြုခြင်းပြီး​တော့ နိုင်​ငံတကာ ကုန်​စည်​ပြပွဲ ကျင်းပမည့်​ ​နေရာသို့ ဆက်ပြီး ထွက်လာကြသည်​။

လမ်းတွင်​ ရင်​(မ်​) ကို ​မေးကြည့်​ လိုက်​သည်​။ ဘာလို့ ​ကျောင်းသား တစ်​ဖွဲ့ အလုပ်​သမားတစ်​ဖွဲ့ ဘယ်​အချိန်​ ဖြစ်​ဖြစ်​ရှိ​နေကြပြီး ဂါရ၀ ပြု​နေကြ သနည်းဟု။ တစ်​ကယ်​​တော့ မ​မေးသင့်​သည့်​ ​မေးခွန်း တစ်​ခု ဖြစ်​သည်​။ ​ခေါင်း​ဆောင်​ တစ်​​ယောက်​ကို ရို​သေ ဂါရ၀ ပြု ရာတွင်​ပင်​ စနစ်​ဖြင့်​ အလှည့်​ကျ စီစဉ်​ပြီး မလာမ​နေရ အမိန့်ထုတ်​ထားတာ ဖြစ်​နိုင်​သည်​။ ဒါ​ပေမယ့်​ ရင်​(မ်​) ၏ အ​ဖြေက​လေးကို​တော့ သ​ဘောကျမိသည်​။

တစ်​နိုင်​ငံလုံး က ​ခေါင်း​ဆောင်​ ၂ ဦးကို တအားချစ်​ကြတယ်​။ ဒါ့​ကြောင့်​ ဖြစ်​နိုင်​လျှင်​ လူတိုင်း မန်​ဆူကို လာပြီး အချိန်​ပြည့်​ ​ခေါင်း​ဆောင်​ ၂ ဦးကို ဂါရ၀ ပြုခြင်​ကြသည်​။ ဒါ​ကြောင့်​ အစိုးရ က အချိန်​ကန့်​သက်​ပြီး အလှည့်​ကျ ပြုခွင့်​​ပေးထားခြင်း ဖြစ်​သည်​တဲ့။

စိတ်​ထဲက​တော့ ​ပြောလိုက်​သည်​။  မင်းသာငါ့နားမှာ အမြဲရှိနေခွင့်​ပေးရင်​ ငါလည်း မင်းတို့ ​ခေါင်း​ဆောင်​ ၂ ဦးကို အမြဲ ဂါရ၀ ပြု​နေမိမှာလို့။





No comments:

Post a Comment