ကြာတော့ကြာပါပြီ မြန်မာပြည်မှာ ကြုံခဲ့တဲ့ အဖြစ်အပျက်
ကလေးတွေ ပါ။
Asean Leadership Forum ရန်ကုန်မှာ လုပ်တဲ့
အချိန်မှာ စင်ကာပူက Young Entrepreneur တစ်ယောက် အနေနဲ့ တက်ရောက်ခွင့်
ရခဲ့တုန်းက ကိုယ့်ကိုကိုယ် တော်တော် ဂုဏ်ယူမိတယ်။ သမ္မတကြီး ဦးသိန်စိန်
နဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်၊ ပြီးတော့ Asean ကစီးပွားရေး နဲ့
နိုင်ငံရေး လူငယ် ခေါင်းဆောင်တွေ ပါတက်ရောက်ကြမယ်ဆိုတော့ ပိုပြီး
ဝမ်း သာမိတယ်။
အခမ်းအနား က Sedona ဟိုတယ်မှာ လုပ်မှာဆိုတော့
Delegates တွေကို အဲဒီ့ဟိုတယ်မှာဘဲ
ထားတယ်။ ဟိုတယ်ရောက်တော့ Delegate တွေကို check in လုပ်ဖို့ club floor
သီးသန့်  စီစဉ်ပေးထားတယ်။ Lobby မှာ လုပ်စရာ မလို။ ဒါနဲ့ အပေါ်ထပ်ကို check
in လုပ်ဖို့တက်သွားတယ်။ စင်ကာပူက လာပေမယ့် မြန်မာလူမျိုး
ဖြစ်နေတာမို့လို့ နိုင်ငံသားမှတ်ပုံတင် ပေးလိုက်တယ်။ ပြီးတော့ တခြား
Asean ကလာတဲ့ Delegate တွေနဲ့ စကားလက်စုံ ကျနေမိသည်။ ပြီးတော့ ဟိုတယ်
ဧည့်ကြို မိန်းကလေးတွေ က ကျန်တဲ့သူတွေကို လာပြီး အခန်းသော့တွေ
ပေးသွားတယ်။ ကိုယ့်အလှည့်ရောက်မလား ရောက်မလား စောင့်ရင်းနဲ့
တစ်နာရီလောက်ကြာတော့ ဒေါပွလာတယ်။ ဒါနဲ့ သွားမေးကြည့်တော့
ဟိုတယ်ဝန်ထမ်းတွေက ကြောင်တောင်တောင်နဲ့ ကြည့်နေတယ်။ ဗမာလို
ပြောနေတာကို နားမလည်တဲ့ ပုံတွေနဲ့။ ပြီးတော့မှ စားပွဲဘေးနားက ကျွန်တော့် နိုင်ငံသား
ကဒ်လေးထွက်လာတယ်။ ပြီးတော့ သူတို့ အချင်းချင်းပြော လိုက်သေးတယ်။ ဒီလူက
ဒီမှာ တည်းမှာလားတဲ့။ မန်နေဂျာ ဆိုတဲ့လူထွက်လာပြီး ကွန်ပျုတာ ထဲ
မှာကြည့်ပြီး နာမည်တွေ့တော့မှ အခန်းသော့ ထုပ်ပေးတယ်။ ဒါနဲ့ သူတို့ကို
ပြောလိုက်တယ်။ ငါရောက်ကတည်းက မင်းတို့ကို ဗမာလို ပြောပြီး ဒီမှာ
တည်းမယ်လို့ပြောတယ် ။ ပြီးတော့ မှတ်ပုံတင် ပေးတယ်။ မင်းတို့က
မြန်မာလိုတောင် နားမလည်တော့ဘူးလားလို့။ ဒီလိုပြောနေတာတွေတောင်
နားမလည်တဲ့ ပုံနဲ့ ပြန်ကြည့်နေလိုက်သေးတယ်။
နောက်တခါ FMI Center ဘေး Grand မီးရထား
ရှေ့မှာ ဖွင့်ထားတဲ့ ဇော်ဂျီ ဆိုတဲ့ဆိုင်။ နိုင်ငံခြားသား
တော်တော်များများ လာစားကြတယ်။ တစ်ရက် ဗိုက်စာလို့ နီးနီးနားနား
တွေ့တဲ့ဆိုင်ဆိုပြီး အဲ့ဒီ ဇော်ဂျီ ဆိုင်ထဲဝင်သွား မိတယ်။ တွေ့တဲ့ လွတ်တဲ့ဝိုင်းမှာ ၀င်ထိုင်ပြီး
စားပွဲထိုး ကို လှမ်းခေါ်တယ်။ မလာဘူး။ ဒါနဲ့ သူတို့တွေ အလုပ်များနေမှာဘဲ
ဆိုပြီး စောင့်နေလိုက်တယ်။ မကြာပါဘူး အနောက်တိုင်းက နိုင်ငံခြားသား
၂ယောက် ၀င်လာတယ်။ ဒီအချိန်မှာတော့ ဆိုင်ထဲ ရှိသမျှ စားပွဲထိုးတွေ
အကုန်ပြေးထွက်လာပြီး ဧည့်ကြို ပြု၊ menu ပေးနဲ့ ပြာယာခက်နေကြတော့သည်။
ဒါနဲ့ စာပွဲထိုးတွေကို ထပ်ခေါ်သည်။ မလာ။ ဒေါပွလာပြီး ထအထွက်မှာ ပြောပစ်ခဲ့သည်။
မင်းတိုဆိုင်ရှေ့မှာ ဗမာ မ၀င်ရလို့ ရေးထားရောပေါ့လို။
ထို့နောက် မကြာပါ။ Journals တွေ မှာ
နိုင်ငံခြားသားတွေကိုသာ ၀န်ဆောင်မှုပေးပြီး မြန်မာ ဆိုလျှင် နှိမ်ချသည့်
ဟိုတယ်နှင့် စားသောက်ဆိုင်များ အကြောင်း ရေးလာကြသည်။
အဲဒီ့တုန်းက ကိုယ်တိုင် ဒေါသထွက်ခဲ့ရသည်။
အခုတော့ သူတို့တွေ ဘာကြောင့် ဒီလို ဖြစ်ကြရတယ်ဆိုတာကို ပြန်
စမ်းစစ်မိသည်။
ဤသို့ ဖြစ်နေသော အဓိက ကြောာင်းအရင်းသည်
မြန်မာ အစိုးရမှ အဆက်ဆက်မှ အုပ်ချုပ်ရ လွယ်ကူရန် လူမျိုးတစ်မျိုးလုံး၏
အညွန့်ကို ချိုးပစ်ခဲ့ခြင်း ဖြစ်သည်။
မွေးကထဲက ဆေးရုံစောင့်ကိုတောင်
ကြောက်နေရသော လူတစ်ယောက်ထံမှ သင်ဘာမှ မျှော်လင့်၍မရပေ။ အရွယ် ရောက်လာသောအခါ ဆရာဆရာမတွေကို
ကြောက်ရပြန်သည်။ နည်းနည်း ကြီးလာတော့ ရပ်ကွက်လူကြီး၊
မှတ်ပုံတင်လုပ်တော့ လ၀က၊ လိုင်းကားစီးတော့ စပါယ်ယာ၊ အလုပ်ဝင်တော့
အထက်လူကြီး၊ ပြီးတော့ ယူနီဖောင်း ဆိုလျင် ရိုသေရမည်ဆိုတဲ့ အသိ။ ဒီစားပွဲထိုးတွေ၊ ဧည့်ကြိုတွေ မဆိုထားနှင့်
ပိုင်ရှင်တွေ၊ မန်နေဂျာ တွေ တောင် လူညွန့် တုန်းနေကြသော လူတန်းစား
တစ်ရပ်ဖြစ်နေကြ သည်ကို စိတ်မကောင်းဖွယ်ရာ တွေ့ရသည်။ ဒီတော့ မဆန်းပါ။
လူမျိုး အချင်းချင်း အထင်မကြီးနိုင်ဘဲ ဘယ်နိုင်ငံခြားသားလာလာ အထင်ကြီးကြတော့သည်။
အတွေးအခေါ်ကောင်းလို့ လေးစားပါတယ်။
ReplyDeleteဖတ်သွားတယ် အကိုရေ
ReplyDeleteThis comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
Delete