တော်တော်ငယ်ငယ် လူမှန်းသိတတ် ခါစ
အရွယ် ကတည်းက နည်းပေါင်းစုံဖြင့် အရိုက် ခံရဖူးသည်။ အဖေ၊ အမေ၊ အဖွား၊
အဖိုး၊ ဆရာ၊ ဆရာမ။ တခါတရံ ကြိမ်လုံး ဖြင့်၊ တခါ တရံ ၀ါယာကြိုး၊ တခါတရံ တွေ
့ကရာဖြင့် ကောက်တီးခံရဖူးသည်။ အရိုက်ခံရသော အကြောင်းအရာကလည်း
ပေါင်းစုံ။ စာမလုပ်လို့၊ တစ်ခုခု ပျက်စီးသွားလို့၊ စကားနားမထောင်လို့၊
တခါတရံ စိတ် မထင်လို့ အသက်လွတ် ရိုက်ခံရတာ လည်း အကြိမ်ကြိမ် ။
ရိုက်ပြီးတိုင်း တူညီသော အကြောင်းပြချက်
ပေးကြသည်။ အိုးကောင်းလိုချင်ရင် နာနာရိုက်ရသည် ဆို၍။ ထိုအကြောင်း ပြချက်မျိုး
ဖြင့် တနိုင်ငံလုံး လူကြီးများက ကလေးလူငယ်များကို စိတ်ရှိလက်ရှိ ရိုက်ကြတော့သည်။
ဒီအရိုက်ခံခဲ့ရသော လူငယ်တွေ အရွယ်ရောက်လာပြီး မိဘတွေ ဆရာတွေ ဖြစ်လာတော့
အရိုးစွဲလာသော သီအိုရီ ဖြင့် ကလေးလူငယ်တွေကို ရိုက်နှက်ဆုံးမတော့သည်။
ငယ်ငယ်ကထဲက အရိုးစွဲသွားသော အသိတစ်ခုက ငါဟာ
ရွှံစေးတစ်ခုလောက်သာ အဖိုးတန်ပြီး အဆုံးစွန်ဖြစ်လာနိုင်တာက
စဥ့်အိုးတစ်ခု ဆိုတာပါပဲ။ ဒီအနှစ် ၂၀ သိမ်ငယ်လာတဲ့ စိတ်ကို
နိုင်ငံရပ်ခြားရောက်တဲ့အခါမှာ ၁၀ နှစ်လောက် အချိန်ယူပြီး
ဖြေဖြောက်ခဲ့ရတယ်။ တကယ်တမ်း တိုင်းပြည်နိမ့်ကျနေတယ်ဆိုတာ အစိုးရမှာ
အတော်အသင့်တာဝန်ရှိပေမယ့်၊ ကိုယ့်သားသမီး၊ ကိုယ့်တပည့်တွေ အဆင့်အတန်း
မြင့်မြင့်နေနိုင်ဖို့က ပြုစုပျိုးထောင်ပေးတဲ့ မိဘနဲ့ ဆရာတွေ အပေါ်မှာ လုံးလုံးမူတည်ပါတယ်။
ကိုယ်ကိုတိုင်က စဥ့်အိုးလောက် သာဖြစ်မယ်ဆိုတဲ့ စိတ်နဲ့
အတင်းရိုက်နှက်နေရင် ဘယ်လိုအဆင့်အတန်းမြင့်တဲ့ ဘ၀တွေကို ရောက်နိုင်
ပါ့မလဲ။
နိုင်ငံရပ်ခြားမှာ ပညာသင်ကြားခွင့်
ရတဲ့အချိန်၊ နေထိုင်ခွင့်ရတဲ့ အချိန်မှာ သူတို့ရဲ့ ကလေးလူငယ်တွေပေါ်
ထားတဲ့ သဘာ ထားဟာ သူတို့နိုင်ငံတွေကို တိုးတက်ပြီး ရှေ့တန်းရောက်စေခဲ့တယ်
ဆိုတာသိလိုက်ရတယ်။
ဒီနိုင်ငံတွေမှာ ကလေးတွေကို
ကျောက်ရိုင်းတုန်းတွေ လို သဘောထားတယ်။ စိန်ရိုင်းတွေ၊ ပတ္တမြား အရိုင်းတုံးတွေလို
သဘောထားတယ်။ ဒီ ကျောက်တွေကို ရိုက်နှက်ပြီး ပုံ ဖော်လို့ မရဘူး။
သူတို့ရှိနေတဲ့ ပုံစံပေါ်မှာ မူတည်ပြီး သွေးယူရတယ်။ စာပေ၀ါသနာ ပါတဲ့သူကို
ဆရာဝန် အတင်း မလုပ်ခိုင်းဘူး။ အားကစား ၀ါသနာ ပါတဲ့သူကို အင်ဂျင်နီယာ
အလုပ်မခိုင်းဘူး။ အနုပညာ ၀ါသနာ ပါတဲ့သူကို စီးပွားရေး တက္ကသိုလ် အတင်း
မတတ်ခိုင်းဘူး။
မြန်မာပြည်မှာတော့ မိဘတွေ ဆရာတွေ
အကုန်လုံးနီးပါးက ကလေးလူငယ်တွေဆိုတာ ပုံသွင်းလို့ ရတဲ့ ရွှံစေးတွေလို
အတင်းကာရော ရိုက်နှက်ပြီး ပုံသွင်းနေကြတယ်။
ဒါကြောင့် ကြွေမွသွားတဲ့ အဖိုးတန်
ကျောက်ရိုင်းတုံး များစွာကို နှမြောတသရင်း။
ဒီစားသားလေကြိုက်တယ်.ကျေဇူတင်ပါတယ်
ReplyDeleteမှန်လိုက်တာအကိုရယ်
ReplyDelete