Thursday, 8 January 2015

ကြွေမွသွား​သော ​ကျောက်​ရိုင်းတုန်းများ

တော်​​တော်​ငယ်​ငယ်​ လူမှန်းသိတတ်​ ခါစ အရွယ်​ ကတည်းက နည်း​ပေါင်းစုံဖြင့်​ အရိုက်​ ခံရဖူးသည်​။ အ​ဖေ၊ အ​မေ၊ အဖွား၊ အဖိုး၊ ဆရာ၊ ဆရာမ။ တခါတရံ ကြိမ်​လုံး ဖြင့်​၊ တခါ တရံ ၀ါယာကြိုး၊ တခါတရံ ​တွေ့ ကရာဖြင့်​ ​ကောက်​တီးခံရဖူးသည်​။ အရိုက်​ခံရ​သော အ​ကြောင်းအရာကလည်း ​ပေါင်းစုံ။ စာမလုပ်​လို့၊ တစ်ခုခု ပျက်​စီးသွားလို့၊ စကားနားမ​ထောင်​လို့၊ တခါတရံ စိတ်​ မထင်​လို့ အသက်​လွတ်​ ရိုက်​ခံရတာ လည်း အကြိမ်​ကြိမ်​ ။

ရိုက်​ပြီးတိုင်း တူညီ​သော အ​ကြောင်းပြချက်​ ​ပေးကြသည်​။ အိုး​ကောင်းလိုချင်​ရင်​ နာနာရိုက်​ရသည်​ ဆို၍။ ထိုအ​ကြောင်း ပြချက်​မျိုး ဖြင့်​ တနိုင်​ငံလုံး လူကြီးများက က​လေးလူငယ်​များကို စိတ်​ရှိလက်​ရှိ ရိုက်​ကြ​တော့သည်​။ ဒီအရိုက်​ခံခဲ့ရ​သော လူငယ်​​တွေ အရွယ်​​ရောက်​လာပြီး မိဘ​တွေ ဆရာ​တွေ ဖြစ်​လာ​တော့ အရိုးစွဲလာ​သော သီအိုရီ ဖြင့်​ က​လေးလူငယ်​​တွေကို ရိုက်​နှက်​ဆုံးမ​တော့သည်​။

ငယ်​ငယ်​ကထဲက အရိုးစွဲသွား​သော အသိတစ်​ခုက ငါဟာ ရွှံ​စေးတစ်​ခု​လောက်​သာ အဖိုးတန်​ပြီး ​အဆုံးစွန်​ဖြစ်​လာနိုင်​တာက စဉ့်​အိုးတစ်​ခု ဆိုတာပါပဲ။ ဒီအနှစ်​ ၂၀ သိမ်​ငယ်​လာတဲ့ စိတ်​ကို နိုင်​ငံရပ်​ခြား​ရောက်​တဲ့အခါမှာ ၁၀ နှစ်​​လောက်​ အချိန်​ယူပြီး ​ဖြေ​ဖြောက်​ခဲ့ရတယ်​။ တကယ်​တမ်း တိုင်းပြည်​နိမ့်​ကျ​နေတယ်​ဆိုတာ အစိုးရမှာ အ​တော်​အသင့်​တာဝန်​ရှိပေမယ့်​၊ ကိုယ့်​သားသမီး၊ ကိုယ့်​တပည့်​​တွေ အဆင့်​အတန်း မြင့်​မြင့်​​နေနိုင်​ဖို့က ပြုစုပျိုး​ထောင်​​ပေးတဲ့ မိဘနဲ့ ဆရာ​တွေ အ​ပေါ်မှာ လုံးလုံးမူတည်​ပါတယ်​။ ကိုယ်​ကို​တိုင်​က စဉ့်​အိုး​လောက်​ သာဖြစ်​မယ်​ဆိုတဲ့ စိတ်​နဲ့ အတင်းရိုက်​နှက်​​နေရင်​ ဘယ်​လိုအဆင့်​အတန်းမြင့်​တဲ့ ဘ၀​တွေကို ​ရောက်​နိုင်​ ပါ့မလဲ။

နိုင်​ငံရပ်​ခြားမှာ ပညာသင်​ကြားခွင့်​ ရတဲ့အချိန်​၊ ​နေထိုင်​ခွင့်​ရတဲ့ အချိန်​မှာ သူတို့ရဲ့ က​လေးလူငယ်​​တွေ​ပေါ် ထားတဲ့ သဘာ ထားဟာ သူတို့နိုင်​ငံ​တွေကို တိုးတက်​ပြီး ​ရှေ့တန်း​ရောက်​​စေခဲ့တယ်​ ဆိုတာသိလိုက်​ရတယ်​။

ဒီနိုင်​ငံ​တွေမှာ က​လေး​တွေကို ​ကျောက်​ရိုင်းတုန်း​တွေ လို သ​ဘောထားတယ်​။ စိန်​ရိုင်း​တွေ၊ ပတ္တမြား အရိုင်းတုံး​တွေလို သ​ဘောထားတယ်​။ ဒီ ​ကျောက်​​တွေကို ရိုက်​နှက်​ပြီး ပုံ ​ဖော်​လို့ မရဘူး။ သူတို့ရှိ​နေတဲ့ ပုံစံ​ပေါ်မှာ မူတည်​ပြီး ​သွေးယူရတယ်​။ စာ​ပေ၀ါသနာ ပါတဲ့သူကို ဆရာဝန်​ အတင်း မလုပ်​ခိုင်းဘူး။ အားကစား ၀ါသနာ ပါတဲ့သူကို အင်ဂျင်​နီယာ အလုပ်​မခိုင်းဘူး။ အနုပညာ ၀ါသနာ ပါတဲ့သူကို စီးပွား​ရေး တက္ကသိုလ်​ အတင်း မတတ်​ခိုင်းဘူး။

မြန်​မာပြည်​မှာ​တော့ မိဘ​တွေ ဆရာ​တွေ အကုန်​လုံးနီးပါးက က​လေးလူငယ်​​တွေဆိုတာ ပုံသွင်းလို့ ရတဲ့ ရွှံ​စေး​တွေလို အတင်းကာ​ရော ရိုက်​နှက်​ပြီး ပုံသွင်း​နေကြတယ်​။

ဒါ​ကြောင့်​ ​ကြွေမွသွားတဲ့ အဖိုးတန်​ ​ကျောက်​ရိုင်းတုံး များစွာကို နှ​မြောတသရင်း။

၂.၁၀.၂၀၁၄ 



2 comments:

  1. ဒီစားသားလေကြိုက်တယ်.ကျေဇူတင်ပါတယ်

    ReplyDelete
  2. မှန်လိုက်တာအကိုရယ်

    ReplyDelete